Uncategorized

Minimum Wages

အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီ၏ စတုတၳအႀကိမ္ ညႇိႏွိုင္းအစည္းအေဝး က်င္းပ
ေနျပည္ေတာ္ ဒီဇင္ဘာလ ၂၉ ရက္
အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီ၏ စတုတၳအႀကိမ္ညႇိႏွိုင္းအစည္းအေဝးကို ဒီဇင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၁၀၀၀ နာရီတြင္ ေနျပည္ေတာ္ရွိ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ရာ အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရး ဆိုင္ရာ အမ်ိဳးသားေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ၊ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီး၊ ျပည္နယ္ေကာ္မတီမ်ားမွ သက္ဆိုင္ရာဝန္ႀကီးမ်ား၊ အျမဲတမ္း အတြင္းဝန္မ်ား၊ ညႊန္ၾကားေရးမွူးခ်ဳပ္မ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ကၽြမ္းက်င္ပညာရွင္မ်ား၊အလုပ္ရွင္ကိုယ္စားလွယ္မ်ား၊ အလုပ္သမားကိုယ္စားလွယ္မ်ားႏွင့္ အျခားဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့သည္။
ညႇိႏွိုင္းအစည္းအေဝးတြင္ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက အနည္းဆုံးအခေၾကးေငြ ျပင္ဆင္သတ္မွတ္နိုင္ေရးႏွင့္စပ္လ်ဥ္းၿပီး အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီတတိယအႀကိမ္အစည္းအေဝးကို ၂-၁၀-၂၀၁၇ ရက္ေန႔တြင္ က်င္းပခဲ့ေၾကာင္း၊ နိုဝင္ဘာလ ၄ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ လည္းေကာင္း၊ နိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕၌ လည္းေကာင္း အလုပ္ရွင္၊ အလုပ္သမား ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံခဲ့ေၾကာင္း၊ ၂၃-၁၂-၂၀၁၇ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးအစိုးရကိုယ္စားလွယ္၊ ကၽြမ္းက်င္ပညာရွင္မ်ား၊ အလုပ္ရွင္၊ အလုပ္သမားအဖြဲ႕အစည္းကိုယ္စားလွယ္မ်ား၊ ILO ႏွင့္ အနည္းဆုံးအခေၾကးေငြႏွင့္ အလုပ္သမားအခြင့္အေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီဝင္ အပါအဝင္ ၁၉၅ ဦးႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပခဲ့ေၾကာင္း၊ အလုပ္႐ုံေဆြးေႏြးပြဲတြင္ အလုပ္သမားကိုယ္စားလွယ္မ်ားမွ ၅၆၀၀ က်ပ္ႏွင့္ ၆၆၀၀ က်ပ္ရရွိေရး ေတာင္းဆိုခဲ့ၿပီး အလုပ္ရွင္ကိုယ္စားလွယ္မ်ားမွ အနည္းဆုံး ၄၀၀၀ က်ပ္ႏွုန္းကိုသာ လက္ရွိစီးပြားေရးအေျခအေနကို ၾကည့္ၿပီး စဥ္းစားဆုံးျဖတ္ေပးရန္ တင္ျပခဲ့ေၾကာင္း၊ နိုဝင္ဘာလအတြင္း ျပည္ေထာင္စုနယ္ေျမ၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ေကာ္မတီတို႔မွ အဆိုျပဳႏွုန္းထားမ်ားႏွင့္ လုပ္ငန္းအလိုက္ သတ္မွတ္နိုင္ရန္ အမ်ိဳးသားေကာ္မတီသို႔ တင္ျပခဲ့ေၾကာင္း၊ အလုပ္ရွင္၊ အလုပ္သမား ႏွစ္ဘက္ ကိုယ္စားလွယ္မ်ား၏ တင္ျပခ်က္မ်ားအနက္ အလုပ္သမားအဖြဲ႕အစည္းမ်ားက တင္ျပခဲ့သည့္ အလုပ္သမား(၅)ဦးႏွင့္အထက္အပါအဝင္ အလုပ္သမားမ်ား ေတာင္းဆိုသည့္ အနည္းဆုံးအခေၾကးေငြႏွုန္းထား ၅၆၀၀ က်ပ္ သတ္မွတ္ပါက မိသားစုတစ္နိုင္တစ္ပိုင္လုပ္ငန္းငယ္မ်ား၊ အိမ္တြင္းမွု လုပ္ငန္းမ်ား၊ အေသးစားလုပ္ငန္းမ်ား အခက္အခဲရွိနိုင္သလို အလုပ္အကိုင္အခြင့္အလမ္းဖန္တီး ေပးနိုင္မွုမွာလည္း အခက္အခဲမ်ားစြာ ၾကဳံနိုင္ေၾကာင္း၊ အစိုးရဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ားရွိ ေန႔စားအလုပ္သမားမ်ား၏လုပ္ခကို ဘ႑ာေရးဝန္ႀကီးဌာနက ၁၀-၁၂-၂၀၁၅ ရက္စြဲပါ အမိန္႔ ေၾကာ္ျငာစာျဖင့္ တစ္ေန႔ (၈)နာရီအတြက္ ၃၆၀ဝိ/- ႏွုန္းကို ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလမွ ခံစားခြင့္ ျပဳခဲ့ၿပီးျဖစ္ေၾကာင္း၊ နိုင္ငံ့ဝန္ထမ္းမ်ားအနက္ ႐ုံးအကူဝန္ထမ္း၏ အေျခခံလစာမွာ ၁၂၀၀၀၀ က်ပ္ သတ္မွတ္ထား၍ ေန႔တြက္လုပ္ခမွာ ပ်မ္းမၽွ ၄၀၀၀ က်ပ္ျဖစ္ေၾကာင္း၊ ေဒသတြင္းနိုင္ငံမ်ား၏ လက္ရွိအနည္းဆုံး အခေၾကးေငြႏွုန္းထားမ်ားကို ထည့္သြင္း စဥ္းစားရန္လိုေၾကာင္း၊ အနည္းဆုံးအခ ေၾကးေငြကို တစ္နာရီလၽွင္ ၆၀၀ က်ပ္ႏွုန္းျဖင့္ ၈ နာရီအတြက္ ၄၈၀၀ က်ပ္ႏွုန္းသတ္မွတ္ပါက လက္ရွိနိုင္ငံ့ဝန္ထမ္း၊ ႐ုံးအကူ၏ လစာႏွုန္းျဖစ္သည့္ တစ္နာရီလၽွင္ ၅၀၀ က်ပ္ႏွုန္းျဖင္‌့ ၈ နာရီ အတြက္ ၄၀၀၀ က်ပ္ႏွုန္းရွိသည့္ တစ္လစာ ၁၂၀၀၀၀ က်ပ္ထက္ တိုးျမႇင့္သတ္မွတ္ရန္ စဥ္းစားရမည္ျဖစ္ေၾကာင္း၊ အလုပ္ရွင္မ်ားမွေပးနိုင္မည့္ ႏွုန္းထားျဖစ္ရန္လိုသကဲ့သို႔ အလုပ္သမားမ်ားက လက္ခံနိုင္မယ့္ သင့္ေလ်ာ္မၽွတသည့္ ႏွုန္းထားျဖစ္ရန္ လိုေၾကာင္း၊ အနည္းဆုံးအခေၾကးေငြကို ျမင့္မားစြာသတ္မွတ္ျခင္းအားျဖင့္ ကုန္ေဈးႏွုန္းမ်ား ျမင့္မားလာနိုင္ျခင္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ ကုန္ထုတ္လုပ္မွု စရိတ္မ်ားတိုးျမင့္လာ၍ ဝန္ထမ္းမ်ားေလၽွာ့ခ်လာနိုင္ၿပီး စက္စြမ္းအားကိုပိုမို အသုံးျပဳလာနိုင္ျခင္း၊ စက္႐ုံမ်ားပိတ္သိမ္းသြားနိုင္ျခင္းတို႔ေၾကာင့္ အလုပ္လက္မဲ့မ်ား တိုးပြားလာနိုင္သလို နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမွုမ်ားကို အဟန္႔အတားျဖစ္ေစနိုင္ေၾကာင္း၊ နည္းပါးစြာသတ္မွတ္ျခင္းျဖင့္ အလုပ္သမားမ်ား၏ စားဝတ္ေနေရး အခက္အခဲျဖစ္ေပၚေစနိုင္ၿပီး အလုပ္သမားႏွင့္ အလုပ္ရွင္အၾကားအျငင္းပြားမွုပိုမိုျဖစ္ပြားနိုင္ျခင္း၊ကုန္ထုတ္စြမ္းအားက်ဆင္းေစနိုင္ျခင္း၊ လုပ္ငန္းခြင္ ေအးခ်မ္း သာယာျခင္းကို ထိခိုက္ေစနိုင္ျခင္းတို႔ ျဖစ္ေစနိုင္ေၾကာင္း၊ အလုပ္သမားမ်ားႏွင့္ အလုပ္ရွင္မ်ားအေနျဖင့္ မိမိတို႔၏ရပိုင္ခြင့္ Rights ႏွင့္ တာဝန္ရွိမွု Responsibilities တို႔ဆက္စပ္ေနမွုကို ဂ႐ုျပဳရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ေဈးကြက္စီးပြားေရးအေျခအေနႏွင့္ လုပ္ငန္းခြင္တည္ၿငိမ္ေအးခ်မ္းေရးကို အေလးထားစဥ္းစားၿပီး ျမန္မာနိုင္ငံ၏ လက္ရွိအေျခအေနႏွင့္ သင့္ေလ်ာ္မည့္ႏွုန္းထားတစ္ခုအတည္ျပဳနိုင္ရန္ ႂကြေရာက္လာၾကသည့္ အမ်ိဳးသားေကာ္မတီဝင္မ်ားႏွင့္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေကာ္မတီဥကၠ႒မ်ားက ျပင္ဆင္သတ္မွတ္မည့္ အနည္းဆုံးအခေၾကးေငြႏွုန္းထားကို အေလးထားသုံးသပ္အဆိုျပဳ ေပးေစလိုေၾကာင္း ေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ညႇိႏွိုင္းအစည္းအေဝးသို႔ တက္ေရာက္လာၾကသူမ်ားမွ အဆိုျပဳအနည္းဆုံး အခေၾကးေငြသတ္မွတ္နိုင္ေရးအတြက္ ပြင့္လင္းျမင္သာစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္းႏွင့္ ေဆြးေႏြးပြဲအၿပီးတြင္ အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီမွ အဆိုျပဳ အနည္းဆုံးအခေၾကးေငြႏွုန္းထားအား တစ္ရက္လၽွင္ ၄၈၀ဝ က်ပ္သတ္မွတ္ခဲ့ၿပီး အလုပ္သမား ၁၀ ဦးႏွင့္အထက္ အက်ဳံးဝင္သတ္မွတ္ေပးနိုင္ေရး ဆုံးျဖတ္ခဲ့ၾကသည္။ အဆိုပါဆုံးျဖတ္ခ်က္အား ကန္႔ကြက္ရန္ရွိပါက ရက္ေပါင္း ၆၀ အတြင္းအနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီသို႔ ကန္႔ကြက္လႊာေပးပို႔နိုင္ေၾကာင္း ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကၿပီး ၁၆၃၀ အခ်ိန္တြင္ အစည္းအေဝးကို႐ုပ္သိမ္းခဲ့ေၾကာင္းသတင္းရရွိပါသည္။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၂၉ ရက်
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများမှ သက်ဆိုင်ရာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ၊အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်းပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီတတိယအကြိမ်အစည်းအဝေးကို ၂-၁၀-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့၌ လည်းကောင်း အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ ၂၃-၁၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရကိုယ်စားလှယ်၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ILO နှင့် အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင် အပါအဝင် ၁၉၅ ဦးနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားကိုယ်စားလှယ်များမှ ၅၆၀၀ ကျပ်နှင့် ၆၆၀၀ ကျပ်ရရှိရေး တောင်းဆိုခဲ့ပြီး အလုပ်ရှင်ကိုယ်စားလှယ်များမှ အနည်းဆုံး ၄၀၀၀ ကျပ်နှုန်းကိုသာ လက်ရှိစီးပွားရေးအခြေအနေကို ကြည့်ပြီး စဉ်းစားဆုံးဖြတ်ပေးရန် တင်ပြခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီတို့မှ အဆိုပြုနှုန်းထားများနှင့် လုပ်ငန်းအလိုက် သတ်မှတ်နိုင်ရန် အမျိုးသားကော်မတီသို့ တင်ပြခဲ့ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက် ကိုယ်စားလှယ်များ၏ တင်ပြချက်များအနက် အလုပ်သမားအဖွဲ့အစည်းများက တင်ပြခဲ့သည့် အလုပ်သမား(၅)ဦးနှင့်အထက်အပါအဝင် အလုပ်သမားများ တောင်းဆိုသည့် အနည်းဆုံးအခကြေးငွေနှုန်းထား ၅၆၀၀ ကျပ် သတ်မှတ်ပါက မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များ၊ အိမ်တွင်းမှု လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများ အခက်အခဲရှိနိုင်သလို အလုပ်အကိုင်အခွင့်အလမ်းဖန်တီး ပေးနိုင်မှုမှာလည်း အခက်အခဲများစွာ ကြုံနိုင်ကြောင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏လုပ်ခကို ဘဏ္ဍာရေးဝန်ကြီးဌာနက ၁၀-၁၂-၂၀၁၅ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် တစ်နေ့ (၈)နာရီအတွက် ၃၆၀ဝိ/- နှုန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ ခံစားခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနက် ရုံးအကူဝန်ထမ်း၏ အခြေခံလစာမှာ ၁၂၀၀၀၀ ကျပ် သတ်မှတ်ထား၍ နေ့တွက်လုပ်ခမှာ ပျမ်းမျှ ၄၀၀၀ ကျပ်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ လက်ရှိအနည်းဆုံး အခကြေးငွေနှုန်းထားများကို ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ အနည်းဆုံးအခ ကြေးငွေကို တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် ၈ နာရီအတွက် ၄၈၀၀ ကျပ်နှုန်းသတ်မှတ်ပါက လက်ရှိနိုင်ငံ့ဝန်ထမ်း၊ ရုံးအကူ၏ လစာနှုန်းဖြစ်သည့် တစ်နာရီလျှင် ၅၀၀ ကျပ်နှုန်းဖြင်‌့ ၈ နာရီ အတွက် ၄၀၀၀ ကျပ်နှုန်းရှိသည့် တစ်လစာ ၁၂၀၀၀၀ ကျပ်ထက် တိုးမြှင့်သတ်မှတ်ရန် စဉ်းစားရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များမှပေးနိုင်မည့် နှုန်းထားဖြစ်ရန်လိုသကဲ့သို့ အလုပ်သမားများက လက်ခံနိုင်မယ့် သင့်လျော်မျှတသည့် နှုန်းထားဖြစ်ရန် လိုကြောင်း၊ အနည်းဆုံးအခကြေးငွေကို မြင့်မားစွာသတ်မှတ်ခြင်းအားဖြင့် ကုန်ဈေးနှုန်းများ မြင့်မားလာနိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်လုပ်မှု စရိတ်များတိုးမြင့်လာ၍ ဝန်ထမ်းများလျှော့ချလာနိုင်ပြီး စက်စွမ်းအားကိုပိုမို အသုံးပြုလာနိုင်ခြင်း၊ စက်ရုံများပိတ်သိမ်းသွားနိုင်ခြင်းတို့ကြောင့် အလုပ်လက်မဲ့များ တိုးပွားလာနိုင်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ နည်းပါးစွာသတ်မှတ်ခြင်းဖြင့် အလုပ်သမားများ၏ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်စေနိုင်ပြီး အလုပ်သမားနှင့် အလုပ်ရှင်အကြားအငြင်းပွားမှုပိုမိုဖြစ်ပွားနိုင်ခြင်း၊ကုန်ထုတ်စွမ်းအားကျဆင်းစေနိုင်ခြင်း၊ လုပ်ငန်းခွင် အေးချမ်း သာယာခြင်းကို ထိခိုက်စေနိုင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များအနေဖြင့် မိမိတို့၏ရပိုင်ခွင့် Rights နှင့် တာဝန်ရှိမှု Responsibilities တို့ဆက်စပ်နေမှုကို ဂရုပြုရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်စီးပွားရေးအခြေအနေနှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးကို အလေးထားစဉ်းစားပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် သင့်လျော်မည့်နှုန်းထားတစ်ခုအတည်ပြုနိုင်ရန် ကြွရောက်လာကြသည့် အမျိုးသားကော်မတီဝင်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဥက္ကဋ္ဌများက ပြင်ဆင်သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အလေးထားသုံးသပ်အဆိုပြု ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အဆိုပြုအနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲအပြီးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားအား တစ်ရက်လျှင် ၄၈၀ဝ ကျပ်သတ်မှတ်ခဲ့ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် အကျုံးဝင်သတ်မှတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါဆုံးဖြတ်ချက်အား ကန့်ကွက်ရန်ရှိပါက ရက်ပေါင်း ၆၀ အတွင်းအနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ ကန့်ကွက်လွှာပေးပို့နိုင်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ၁၆၃၀ အချိန်တွင် အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

 

Leave a Reply