Entrepreneurship

Entrepreneur

##Entrepreneurရဲမြင့် (စွန့်ဦးတီထွင်) ‘မရေးရင်မဖြစ်တော့ဘူး’ လို့ ယုံကြည်မိတဲ့အတွက် ဒီခေါင်းစဉ်နဲ့ ဒီဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်ဆိုတာ ဦးစွာဆိုပါရစေ။ ‘ဆရာဝန်ဆေးထိုးမှားရင် တစ်ယောက်ပဲသေမှာ၊ ကျွန်တော်တို့ စာရေး ဆရာတွေ အရေးမှား၊ အတွေးမှားသွားရင် ဖတ်ပြီး လိုက်လုပ်ကြတဲ့သူတွေ အားလုံး ဒုက္ခရောက်မှာ’ လို့ စာရေးဆရာတစ်ဦး ပြောခဲ့ဖူးပါတယ်ခင်ဗျာ။ ဒါကြောင့်လည်း စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့အခါမှာ လွန်စွာပဲ သတိထားရေးရပါတယ်။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ ‘စွန့်ဦးတီထွင်လုပ်ငန်းရှင်’ ဆိုတဲ့ စကားလုံးဟာ အတော်ကို ခေတ်စား ခေတ်ထ အသုံးများနေကြပါတယ်။ လူကြီးစွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့၊ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း စသဖြင့် ကြီးငယ်ရွယ်လတ် အနုအရင့်မှန်သမျှ ဟိုနေရာ သည်နေရာ၊ ဟိုမြို့ သည်မြို့တွေမှာ ဖွဲ့နေကြတာ သတင်းစာ၊ ဂျာနယ်တွေမှာ… Continue reading Entrepreneur