Uncategorized

Employment Contract အလုပ္ခန္႔ထားျခင္း သေဘာတူညီခ်က္ အလုပ်ခန့်ထားခြင်း သဘောတူညီချက်

အလုပ္ခန္႔ထားျခင္း သေဘာတူညီခ်က္
ရင္းႏွီးျမႇဳပ္ႏွံသူသည္ အမႈထမ္းမ်ား၊ အလုပ္သမားမ်ားအားခန႔္အပ္သည့္ ရက္မွစ၍ရက္ေပါင္း ၃၀ အတြင္း အလုပ္ခန႔္ထားျခင္း သေဘာတူညီခ်က္စာခ်ဳပ္အား အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလုံေရးဝန္ႀကီးဌာန ၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ခ်ဳပ္ဆိုရမည္။
သို႔ေသာ္ အလုပ္မခန္႔အပ္မီသင္တန္းကာလ သို႔မဟုတ္ အစမ္းခန္႔ကာလတြင္ ခန္႔အပ္ရန္လ်ာထားသည့္ အလုပ္သမားမ်ားအား ယင္းသို႔ စာခ်ဳပ္လက္မွတ္ထိုးရန္ သတ္မွတ္ခ်က္မွ ကင္းလြတ္ခြင့္ျပဳထားသည္။
[သေဘာတူညီခ်က္သည္ အလုပ္ခန္႔ထားျခင္းႏွင့္စပ္လ်ဥ္းသည့္ကိစၥရပ္မ်ားကို ျပည့္စုံေအာင္ အေသးစိတ္ေရးဆြဲထားၿပီး ေအာက္ပါတို႔ကို ရွင္းလင္းစြာ ေဖာ္ျပထားရမည္။
အလုပ္အကိုင္အမ်ိဳးအစားႏွင့္ အလုပ္ခြင္သို႔ ႀကိဳပို႔ယာဥ္စီစဥ္ေပးျခင္း၊ ေနရာထိုင္ခင္းႏွင့္ အစားအေသာက္ အစီအစဥ္မ်ားကဲ့သို႔ေသာ အလုပ္ေနရာႏွင့္စပ္လ်ဥ္းသည့္အခ်က္မ်ား၊
လုပ္ခႏႈန္းထားႏွင့္ လစာ၊ အလုပ္ခ်ိန္၊ အခ်ိန္ပိုႏွင့္စပ္လ်ဥ္းသည့္ မူဝါဒ၊ အလုပ္ပိတ္ရက္ႏွင့္ခြင့္တို႔အပါအဝင္ လုပ္ခလစာေပးသည့္ သတ္မွတ္ခ်က္မ်ား၊
အာမခံႏွင့္ ခရီးစရိတ္၊ အစားအေသာက္အတြက္လက္မွတ္မ်ားႏွင့္ အလုပ္ရွင္က ခြင့္ျပဳထားေသာ အက်ိဳးခံစားခြင့္မ်ား၊
အလုပ္ခြင္ သတ္မွတ္ခ်က္မ်ားႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ား
သင္တန္း သို႔မဟုတ္ အစမ္းခန႔္ကာလႏွင့္ အလုပ္မွႏႈတ္ထြက္ျခင္း သို႔မဟုတ္ အလုပ္မွရပ္စဲျခင္းဆိုင္ရာ စည္းကမ္းခ်က္မ်ား၊]
***
အလုပ်ခန့်ထားခြင်း သဘောတူညီချက်
ရင်းနှီးမြှုပ်နှံသူသည် အမှုထမ်းများ၊ အလုပ်သမားများအားခန့်အပ်သည့် ရက်မှစ၍ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားခြင်း သဘောတူညီချက်စာချုပ်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၏ သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုရမည်။
သို့သော် အလုပ်မခန့်အပ်မီသင်တန်းကာလ သို့မဟုတ် အစမ်းခန့်ကာလတွင် ခန့်အပ်ရန်လျာထားသည့် အလုပ်သမားများအား ယင်းသို့ စာချုပ်လက်မှတ်ထိုးရန် သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားသည်။
[သဘောတူညီချက်သည် အလုပ်ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ပြည့်စုံအောင် အသေးစိတ်ရေးဆွဲထားပြီး အောက်ပါတို့ကို ရှင်းလင်းစွာ ဖော်ပြထားရမည်။
အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ခွင်သို့ ကြိုပို့ယာဉ်စီစဉ်ပေးခြင်း၊ နေရာထိုင်ခင်းနှင့် အစားအသောက် အစီအစဉ်များကဲ့သို့သော အလုပ်နေရာနှင့်စပ်လျဉ်းသည့်အချက်များ၊
လုပ်ခနှုန်းထားနှင့် လစာ၊ အလုပ်ချိန်၊ အချိန်ပိုနှင့်စပ်လျဉ်းသည့် မူဝါဒ၊ အလုပ်ပိတ်ရက်နှင့်ခွင့်တို့အပါအဝင် လုပ်ခလစာပေးသည့် သတ်မှတ်ချက်များ၊
အာမခံနှင့် ခရီးစရိတ်၊ အစားအသောက်အတွက်လက်မှတ်များနှင့် အလုပ်ရှင်က ခွင့်ပြုထားသော အကျိုးခံစားခွင့်များ၊
အလုပ်ခွင် သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ
သင်တန်း သို့မဟုတ် အစမ်းခန့်ကာလနှင့် အလုပ်မှနှုတ်ထွက်ခြင်း သို့မဟုတ် အလုပ်မှရပ်စဲခြင်းဆိုင်ရာ စည်းကမ်းချက်များ၊]
San Thida(BCN)
##BCN
##Employment##Contract

Leave a Reply