Getting Job
အလုပ်ရှာကြရာဝယ် အလုပ်ရှာကြရာဝယ်
အလုပ်ရှာကြရာဝယ်
၎) မျှော်မှန်းလစာ နှင့် အလုပ်ခေါ်စာတွင် ပါသော လစာ ကိုက်ညီမှုရှိပါစေ။
Thida(BCN)
#BCN
***
အလုပ်ရှာကြရာဝယ်
အလုပ်ရှာနေကြတဲ့ မောင်ငယ်၊ညီမငယ်တွေ အနေနဲ့ သတိထားရမည့် အချက်အလက်ကလေးတွေ
၁) ပထမဆုံး အနေနဲ့ CV ကို ကွန်ပျူတာနဲ့ သေချာပြင်ဆင်ပါ။ သေသေသပ်သပ် ဖြစ်အောင်ပြင်ဆင်ပါ။ လိုအပ်ပါက စာစီစာရိုက် ဆိုင်တွင် အပ်ပါ။
၂) အလုပ်ခေါ်စာများကို သေချာဖတ်ပါ။ အလုပ်နေရာ နဲ့ လစာ၊ လိုအပ်ချက်များနဲ့ မိမိ ကိုက်ညီမှုရှိ၊မရှိ သေချာ လေ့လာပါ။
၃) မိမိ အလုပ်မလျှောက်ထားမီ လုပ်ငန်းအမျိုးအစား နဲ့ လုပ်ငန်း အနေအထားများကို လေ့လာပါ။ မိမိ လျှောက်ထားလိုတဲ့ အလုပ်နဲ့ ပါတ်သတ်ပြီး ထမ်းဆောင်ရမည့် တာဝန်များကိုလဲ လေ့လာပါ။
၄) မျှော်မှန်းလစာ နှင့် အလုပ်ခေါ်စာတွင် ပါသော လစာ ကိုက်ညီမှုရှိပါစေ။
၅) လက်ရှိ အလုပ်လုပ်နေသူ ဖြစ်ပါက မည်သည့် အချိန်တွင် စတင် တာဝန်ထမ်းဆောင်နိုင်မည့် အကြောင်းကို ထည့်သွင်းဖော်ပြရန်လိုအပ်ပါသည်။
၆) မိမိတက်ခဲ့သည့် သင်တန်းများကို ထည့်သွင်းဖော်ြပပါ။(သင်တက်ခဲ့သော သင်တန်းများ အလွန်များပြားပါက လက်ရှိ အလုပ်နှင့် သက်ဆိုင်မည့် သင်တန်းများ၊ နိုင်ငံတကာ အသိအမှတ်ပြုသင်တန်းများကို ဦးစားပေးထည့်သွင်းပါ။)
၇) အခုခေတ်လူငယ်များ အနေနဲ့ ကွန်ပျူတာနဲ့English ဘာသာရပ်များက မရှိမဖြစ်လိုအပ်ပါတယ်။ ကွန်ပျူတာ အနေနဲ့ Word, Excel, Powerpoint နဲ့ internet and email ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့လိုပါတယ်။
အလုပ်တွေရှားတယ်လို့ အလုပ်ရှာနေသူတွေက ညည်းနေကြသလို၊ အလုပ်ရှင်တွေကလဲ ဝန်ထမ်းရှာရခက်လိုက်တာလို့ ညည်းနေကြပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အရည်အချင်းရှိပြီး၊ အချိန်အတိုင်းအတာ တစ်ခု အထိလုပ်နိုင်မည့် ဝန်ထမ်းမျိုး၊ ကွန်ပျူတာနဲ့English ကျွမ်းကျင်တဲ့သူတွေ ကိုလိုချင်တာပါ။ မိမိမှ လုပ်ငန်းရှင်က လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်ဝနေမယ်ဆိုရင် မိမိအတွက် အလုပ်မရှားပါဘူး။ ဒါကြောင့်လူငယ်တွေအနေနဲ့ အချိန်ရှိခိုက်၊လုံ့လစိုက်ပြီး ကြိုတင်ပြင်ဆင်ထားကြပါ။
Thida(BCN)
#BCN
Leave a Reply