Education, Policy
Education Policy Changes
အစိုးရကျောင်းတွေ ဒီပုံအတိုင်း လှေကြီးထိုး ရိုးရိုးနည်းနဲ့ ဆက်လက် ချီတက်နေမယ်ဆိုရင်တော့ ပုဂ္ဂလိက ကျောင်းတွေက နိုင်ငံပညာရေး တိုးတက်ဖို့အတွက် ဦးဆောင်သွားမယ် ထင်မိပါရဲ့…
Written by Zaw Lwin
***
ပညာရေးလောကအတွက် ဗြောင်းဆန်သွားစေမယ့် policy တစ်ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ အစိုးရဆောင်ရွက်ခဲ့တာ ပြည်တွင်းက အချို့ သတိမထားမိလိုက်ကြဘူး ထင်ပါတယ်။…
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကနေပြီး ပြည်ပနိုင်ငံများက ကျောင်းတွေ၊ တက္ကသိုလ်တွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြုပ်နှံခွင့် ပြုလိုက်ခြင်းပါပဲ။
100 % Investment လုပ်မယ်ဆိုရင်လည်း ခွင့်ပြုလိုက်ပါတယ်။…
ဒါဟာ မြန်မာပြည် ပညာရေး လောကအတွက် အရမ်းအရေးကြီးတဲ့ အပြောင်းအလဲ တစ်ရပ်ပဲ ဖြစ်ပါတယ်။…
အစိုးရကျောင်းတွေအပြင် ကမ္ဘာကျော် ပုဂ္ဂလိက ကျောင်းတွေပါ မြန်မာနိုင်ငံထဲ လာရောက်ဖွင့်လှစ်ဖို့ အရင်က ဥပဒေ ညွန်ကြားချက် မရှိလို့ စောင့်နေခဲ့ရတာက အခုဆိုရင် တရားဝင် ဖြစ်သွားပြီမို့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာကြပါတော့မယ်။..
ကမ္ဘာ့အဆင့်မီ ပညာရေးတွေ ပြည်တွင်းမှာတင် သင်လို့ရကြတော့မယ်။..
အခုလက်ရှိ ပြည်တွင်းက International ကျောင်းတွေလည်း တရားဝင် ကျောင်းတွေဖြစ်သွားပြီမို့ နိုင်ငံ့ ပညာရေးအတွက် အရမ်းကောင်းမွန်တဲ့ အလားအလာ တစ်ခုဖြစ်ပါတယ်။..
အစိုးရကျောင်းတွေ အနေနဲ့ သင်ရိုးညွန်းတမ်း ပြင်ဖို့ သင်ကြားပုံ နည်းစနစ်ပြောင်းဖို့ လုပ်နေတုန်းမှာပဲ အခုလို political making process ပိုင်းကနေ အလွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခုချလိုက်တာဟာ ကျောင်းသားတွေနဲ့ မိဘတွေတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။..
ထူးခွန်တဲ့ ကျောင်းဆရာ ဆရာမတွေ အနေနဲ့လည်း အခွင့်အလမ်းကောင်းပဲ ဖြစ်ပါတယ်။..
အစိုးရကျောင်းတွေ ဒီပုံအတိုင်း လှေကြီးထိုး ရိုးရိုးူနည်းနဲ့ ဆက်လက် ချီတက်နေမယ်ဆိုရင်တော့ ပုဂ္ဂလိက ကျောင်းတွေက နိုင်ငံပညာရေး တိုးတက်ဖို့အတွက် ဦးဆောင်သွားမယ် ထင်မိပါရဲ့…
Written by Zaw Lwin
Leave a Reply