Getting Job, Investment, Success

ေဖာင္စီးရင္းေရငတ္ ဖောင်စီးရင်းရေငတ်

ေတြးမိေတြးရာလို႔ပဲ ေျပာရမလား
အခုရက္မွာ အလုပ္ေခၚစာေတြတင္ေပးတဲ့ အခါမွာ ေတြ႕ရတာေလးေတြကို လူငယ္ေတြ အတြက္သတိထားေစခ်င္တာေလးေတြကို မွ်ေဝခ်င္လို႔ပါ။
ပထမဆုံးကေတာ့ CV ေတြက ၿပီးစလြယ္ ဆိုင္ကဝယ္ၿပီးရင္ လက္ေရးနဲ႔ ျဖည့္ ဓါတ္ပုံ႐ိုက္ၿပီးတင္ၾကတာေတြေတြ႕ရတယ္။ CV အတြက္ Microsoft Word မွာ Template (ပုံစံ)ေတြအမ်ားႀကီးရွိပါတယ္။ Microsoft Word မွာျပည့္ျပည့္စုံစုံ၊ သပ္သပ္ရပ္ရပ္ေလးေရးၿပီး CV ကို PDF ေျပာင္းထားလိုက္ပါ။ တစ္ခ်ိဳ႕ကလဲ ဘြဲ႕လက္မွတ္ေတြ၊ သင္တန္းဆင္းလက္မွတ္ေလးေတြပါ ထည့္ခ်င္ရင္လဲ ထည့္ၿပီး PDF ေလးေျပာင္းထားလိုက္ပါ။
ဒုတိယအေနနဲ႔ေတာ့ အလုပ္လိုအပ္ခ်က္ေတြကို ေသခ်ာဖတ္ပါ။ မကိုက္ညီတာေတြ ေလွ်ာက္မိရင္ အခ်ိန္ကုန္၊လူပန္းနဲ႔ ေနာက္ဆုံးစိတ္ဓါတ္က်တဲ့ အထိျဖစ္ၾကတယ္။
တတိယအေရးႀကီးတာကေတာ့ ေမွ်ာ္မွန္းလစာပါ။ ေမွ်ာ္မွန္းလစာ ထည့္ပါဆိုရင္ အလုပ္နဲ႔သင့္တင့္တဲ့ လစာကို ထည့္ဖို႔ အေရးႀကီးပါတယ္။ အလုပ္ေခၚစာမွာ ေျပာထားတဲ့ လစာနဲ႔ မိမိ ေမွ်ာ္မွန္းလစာ ကိုက္ညီမႈ ရွိ၊မရွိကိုလဲ ေသခ်ာဆန္းစစ္ပါ။
ေနာက္ၿပီး အလုပ္အေၾကာင္း၊ အလုပ္ေနရာ၊ အလုပ္ခ်ိန္ေတြကိုလဲ ေလ့လာပါ။ လူေတြ႕ခ်ိန္းမွ ဘယ္မွာ အလုပ္ဆင္းရမလဲ၊ ဘာအလုပ္လဲ ေမးၿပီး လူေတြ႕ကို အေၾကာင္းမၾကားဘဲ မလာတာမ်ိဳးေတြမလုပ္သင့္ပါဘူး။ မိမိ နဲ႔ ကိုက္ညီတဲ့ ေနာက္ထပ္အလုပ္ရွိရင္ေတာင္ မိမိက ပ်က္ကြက္တယ္၊ တစ္ဖက္သားကို မေလးစားတတ္သူဆိုၿပီး တစ္ျခားအလုပ္ေတြအတြက္ ထပ္မံမိတ္ဆက္ေပးခံရႏိုင္ေျခနည္းသြားႏိုင္ပါတယ္။
လုပ္ငန္းလိုအပ္ခ်က္အရ မျဖစ္မေန သိသင့္တဲ့ အေၾကာင္းမ်ားကို ဘြဲ႕ေတြ၊ဒီပလိုမာေတြ၊သင္တန္းဆင္းလက္မွတ္ေတြရွိၿပီး လူေတြ႕ေျဖဆိုတဲ့အခါ လက္ေတြ႕မွာ ဘာမွ မသိဘူးဆိုတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။
မိမိလုပ္ခ်င္တဲ့ အလုပ္နဲ႔ ကိုက္ညီမည့္ ဘာသာရပ္အျပင္ Language Skills and Computer Skills ေတြကလဲ မရွိမျဖစ္လိုအပ္ပါတယ္။ Language Skills မွာ မျဖစ္မေန English ကိုေလ့လာပါ။ အခ်ိန္ပိုေပးႏိုင္ရင္ေတာ့ Japanese, Chinese, Korea တစ္ခုခု ထပ္ေလ့လာထားမယ္ဆိုရင္ေတာ့ ပိုေကာင္းပါတယ္။
Computer Skills အေနနဲ႔ အေျခခံ Computer အသုံးျပဳပုံ၊ Internet, e-mail, MS Office(Word, Excel, PowerPoint) တို႔ကိုမျဖစ္မေန တတ္ကြၽမ္းရမည့္ အျပင္ Typing Skills အေနနဲ႔ English and Myanmar လက္ကြက္ကို ကြၽမ္းက်င္စြာ ႐ိုက္တတ္ဖို႔ ႀကိဳတင္ေလ့က်င့္ထားေစခ်င္ပါတယ္။
အရင္တုန္းကလို ဘြဲ႕ရၿပီးမွ တစ္ျခားဘာသာရပ္ေတြေလ့လာမယ္ဆိုရင္ သူမ်ားေတြက ေက်ာင္းတက္ရင္း ေလ့လာထားေတာ့ လုပ္ငန္းခြင္ဝင္ဖို႔ အဆင္သင့္ ျဖစ္ေနခ်ိန္မွာ မိမိက အခုမွ ေလ့လာမယ္ဆိုရင္ ေတာ္ေတာ္ေနာက္က်ေနပါၿပီ ဆိုတာေလးလဲ သတိျပဳမိေစခ်င္ပါတယ္။
အခုေခတ္လူငယ္ေတြမွာ အခြင့္အလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဘြဲ႕မရခင္ လုပ္ငန္းခြင္အႀကိဳေလ့လာမႈ အတြက္ Internship Program ေတြ၊ Management Development Program ေတြကို လုပ္ငန္းမ်ားမွ သက္ဆိုင္ရာေက်ာင္းေတြႏွင့္ ခ်ိတ္ဆက္ၿပီး ေခၚေနၾကပါၿပီ။အခြင့္အေရးရရင္ လုပ္ငန္းခြင္အႀကိဳေလ့လာမႈ ေတြျပဳလုပ္ထားတဲ့ အတြက္ လုပ္ငန္းခြင္ ဝင္တဲ့အခါ အဆင့္သင့္ျဖစ္ေနမွာျဖစ္ပါတယ္။
အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြကို လိုခ်င္ၾကတဲ့လူငယ္ေတြ အေနနဲ႔ အမ်ားႀကီး ႀကိဳတင္ျပင္ဆင္ ႀကိဳးစားေလ့လာ ထားၾကဖို႔လိုပါတယ္။
အလုပ္အကိုင္အခြင့္အလမ္းေတြက မေရတြက္ႏိုင္ေအာင္မ်ာလြန္းလွပါတယ္။ လစာေတြလဲ ေကာင္းၾကပါတယ္။ မ်ားမၾကာမီမွာလဲ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြ ထပ္မံဝင္ေရာက္လာတဲ့ အခါ အလုပ္အကိုင္ အခြင့္အလမ္းေတြေပါမ်ားေပမဲ့ ကိုယ့္အတြက္ ေနရာမရွိဘူးမျဖစ္ေစဖို႔ အစြမ္းကုန္ ႀကိဳးစားျပင္ဆင္ၾကပါ။ အခ်ိန္ရွိခိုက္လုံ႔လစိုက္ၾကဖို႔လိုပါတယ္။
ျပည္တြင္းမွာ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ အလုပ္သမားမရွိတဲ့အခါ ျပည္ပက အလုပ္သမားေတြေခၚယူလာတာမ်ိဳးေတြ ျဖစ္လာတဲ့အခါမွာ ေဖာင္စီးရင္းေရငတ္ဆိုတာမ်ိဳးေတြျဖစ္လာႏိုင္တာမို႔ သတိမမူ ဂူမျမင္ မျဖစ္ၾကေစဖို႔ လူငယ္ေတြကို မွ်ေဝေပးလိုက္ပါတယ္။
San Thida (BCN)
#BCN
#SIYB
www.businesscentricnetwork.com
***
တွေးမိတွေးရာလို့ပဲ ပြောရမလား
အခုရက်မှာ အလုပ်ခေါ်စာတွေတင်ပေးတဲ့ အခါမှာ တွေ့ရတာလေးတွေကို လူငယ်တွေ အတွက်သတိထားစေချင်တာလေးတွေကို မျှဝေချင်လို့ပါ။
ပထမဆုံးကတော့ CV တွေက ပြီးစလွယ် ဆိုင်ကဝယ်ပြီးရင် လက်ရေးနဲ့ ဖြည့် ဓါတ်ပုံရိုက်ပြီးတင်ကြတာတွေတွေ့ရတယ်။ CV အတွက် Microsoft Word မှာ Template (ပုံစံ)တွေအများကြီးရှိပါတယ်။ Microsoft Word မှာပြည့်ပြည့်စုံစုံ၊ သပ်သပ်ရပ်ရပ်လေးရေးပြီး CV ကို PDF ပြောင်းထားလိုက်ပါ။ တစ်ချို့ကလဲ ဘွဲ့လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်လေးတွေပါ ထည့်ချင်ရင်လဲ ထည့်ပြီး PDF လေးပြောင်းထားလိုက်ပါ။
ဒုတိယအနေနဲ့တော့ အလုပ်လိုအပ်ချက်တွေကို သေချာဖတ်ပါ။ မကိုက်ညီတာတွေ လျှောက်မိရင် အချိန်ကုန်၊လူပန်းနဲ့ နောက်ဆုံးစိတ်ဓါတ်ကျတဲ့ အထိဖြစ်ကြတယ်။
တတိယအရေးကြီးတာကတော့ မျှော်မှန်းလစာပါ။ မျှော်မှန်းလစာ ထည့်ပါဆိုရင် အလုပ်နဲ့သင့်တင့်တဲ့ လစာကို ထည့်ဖို့ အရေးကြီးပါတယ်။ အလုပ်ခေါ်စာမှာ ပြောထားတဲ့ လစာနဲ့ မိမိ မျှော်မှန်းလစာ ကိုက်ညီမှု ရှိ၊မရှိကိုလဲ သေချာဆန်းစစ်ပါ။
နောက်ပြီး အလုပ်အကြောင်း၊ အလုပ်နေရာ၊ အလုပ်ချိန်တွေကိုလဲ လေ့လာပါ။ လူတွေ့ချိန်းမှ ဘယ်မှာ အလုပ်ဆင်းရမလဲ၊ ဘာအလုပ်လဲ မေးပြီး လူတွေ့ကို အကြောင်းမကြားဘဲ မလာတာမျိုးတွေမလုပ်သင့်ပါဘူး။ မိမိ နဲ့ ကိုက်ညီတဲ့ နောက်ထပ်အလုပ်ရှိရင်တောင် မိမိက ပျက်ကွက်တယ်၊ တစ်ဖက်သားကို မလေးစားတတ်သူဆိုပြီး တစ်ခြားအလုပ်တွေအတွက် ထပ်မံမိတ်ဆက်ပေးခံရနိုင်ခြေနည်းသွားနိုင်ပါတယ်။
လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ သိသင့်တဲ့ အကြောင်းများကို ဘွဲ့တွေ၊ဒီပလိုမာတွေ၊သင်တန်းဆင်းလက်မှတ်တွေရှိပြီး လူတွေ့ဖြေဆိုတဲ့အခါ လက်တွေ့မှာ ဘာမှ မသိဘူးဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။
မိမိလုပ်ချင်တဲ့ အလုပ်နဲ့ ကိုက်ညီမည့် ဘာသာရပ်အပြင် Language Skills and Computer Skills တွေကလဲ မရှိမဖြစ်လိုအပ်ပါတယ်။ Language Skills မှာ မဖြစ်မနေ English ကိုလေ့လာပါ။ အချိန်ပိုပေးနိုင်ရင်တော့ Japanese, Chinese, Korea တစ်ခုခု ထပ်လေ့လာထားမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
Computer Skills အနေနဲ့ အခြေခံ Computer အသုံးပြုပုံ၊ Internet, e-mail, MS Office(Word, Excel, PowerPoint) တို့ကိုမဖြစ်မနေ တတ်ကျွမ်းရမည့် အပြင် Typing Skills အနေနဲ့ English and Myanmar လက်ကွက်ကို ကျွမ်းကျင်စွာ ရိုက်တတ်ဖို့ ကြိုတင်လေ့ကျင့်ထားစေချင်ပါတယ်။
အရင်တုန်းကလို ဘွဲ့ရပြီးမှ တစ်ခြားဘာသာရပ်တွေလေ့လာမယ်ဆိုရင် သူများတွေက ကျောင်းတက်ရင်း လေ့လာထားတော့ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့် ဖြစ်နေချိန်မှာ မိမိက အခုမှ လေ့လာမယ်ဆိုရင် တော်တော်နောက်ကျနေပါပြီ ဆိုတာလေးလဲ သတိပြုမိစေချင်ပါတယ်။
အခုခေတ်လူငယ်တွေမှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဘွဲ့မရခင် လုပ်ငန်းခွင်အကြိုလေ့လာမှု အတွက် Internship Program တွေ၊ Management Development Program တွေကို လုပ်ငန်းများမှ သက်ဆိုင်ရာကျောင်းတွေနှင့် ချိတ်ဆက်ပြီး ခေါ်နေကြပါပြီ။အခွင့်အရေးရရင် လုပ်ငန်းခွင်အကြိုလေ့လာမှု တွေပြုလုပ်ထားတဲ့ အတွက် လုပ်ငန်းခွင် ဝင်တဲ့အခါ အဆင့်သင့်ဖြစ်နေမှာဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို လိုချင်ကြတဲ့လူငယ်တွေ အနေနဲ့ အများကြီး ကြိုတင်ပြင်ဆင် ကြိုးစားလေ့လာ ထားကြဖို့လိုပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေက မရေတွက်နိုင်အောင်မျာလွန်းလှပါတယ်။ လစာတွေလဲ ကောင်းကြပါတယ်။ များမကြာမီမှာလဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ထပ်မံဝင်ရောက်လာတဲ့ အခါ အလုပ်အကိုင် အခွင့်အလမ်းတွေပေါများပေမဲ့ ကိုယ့်အတွက် နေရာမရှိဘူးမဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားပြင်ဆင်ကြပါ။ အချိန်ရှိခိုက်လုံ့လစိုက်ကြဖို့လိုပါတယ်။
ပြည်တွင်းမှာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အလုပ်သမားမရှိတဲ့အခါ ပြည်ပက အလုပ်သမားတွေခေါ်ယူလာတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ ဖောင်စီးရင်းရေငတ်ဆိုတာမျိုးတွေဖြစ်လာနိုင်တာမို့ သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ လူငယ်တွေကို မျှဝေပေးလိုက်ပါတယ်။
San Thida (BCN)
#BCN
#SIYB
www.businesscentricnetwork.com

Leave a Reply