Leave

Leave

မတ္လထုတ္HR Journal မွာေဖာ္ျပထားေသာ အလုပ္သမားဥပေဒနဲ႕ ပတ္သက္တာသိလုိရာေမးကဏၰ တြင္ ဆရာမေဒၚစန္းစန္ေျဖၾကား ထားသည္မ်ားကုိစာဖတ္ပရိတ္သတ္အတြက္ေဖာ္ျပလုိက္ပါတယ္။။
အလုပ္သမားဥပေဒနဲ့ပတ္သက္တာ သိလိုရာေမးက႑
———————————————-
ဆရာမဒၚစန္းစန္း
ေမး။ ။ Private Company တစ္ခုရဲ႕ Assistant Manager တစ္ဦး က ဆရာမခင္ဗ်ာ ကၽြန္ေတာ္တို႔ကုမၸဏီကလစာျဖတ္ပါတယ္။ စေနေန႔ တဝက္ေနမေကာင္းလို႔မလာျဖစ္ပါဘူး။ တနဂၤေႏြကပိတ္ပါတယ္။ တနလၤာ ေန႔ဖ်ားတဲ့အတြက္ေၾကာင့္ ၁၀ နာရီခြဲမွ ေရာက္သြားပါတယ္။ အဲဒါလစာထဲက ႏွစ္ခါခြဲျဖတ္မယ္ေျပာပါတယ္။ အဲ့လိုျဖတ္ခြင့္ရွိပါသလား။ ႐ုံးကို ၁၅မိနစ္ ေနာက္က်ရင္လည္း ေန႔ဝက္ချဖတ္ပါတယ္တဲ့။
ေျဖ။ ။ ပထမေမးခြန္းစေနေန႔ ေန႔ဝက္ေနမေကာင္းလို႔ ကုမၸဏီမလာ ျဖစ္ရင္ပုဂၢလိကက႑မွာ ၁၉၅၁ခုႏွစ္၊ ခြင့္ရက္ႏွင့္အလုပ္ပိတ္ရက္အက္ဥပေဒ၊ ပုဒ္မ ၅(၁) ေရွာင္တခင္ခြင့္ကို “အလုပ္သမားသည္ သက္ဆိုင္ရာ အခေၾကးေငြႏွင့္ျဖစ္ေစ၊ လစာေငြႏွင့္ျဖစ္ေစ တစ္ႏွစ္လၽွင္ ေရွာင္တခင္ခြင့္ (၆) ရက္ရႏိုင္ခြင့္ရွိေစရမည္” လို႔ သတ္မွတ္ျပ႒ာန္းထားရာ အလုပ္သမားမွာ ေရွာင္တခင္ခြင့္ရွိေနေသးရင္ ေရွာင္တခင္ခြင့္ေန႔ဝက္ အျဖစ္သတ္မွတ္ေပးလို႔ ရပါေၾကာင္း ေရွာင္တခင္ခြင့္မရွိေတာ့ရင္ျဖင့္ ေအာက္မွာတစ္ဆက္တစ္စပ္ တည္းေျဖၾကားပါသည္။
ေနာက္တစ္ခုထပ္ေမးထားတာက တနလၤာေန႔ဖ်ားတဲ့အတြက္ေၾကာင့္ ၁၀ နာရီခြဲမွ ေရာက္သြားပါတယ္တဲ့ အဲဒါလစာထဲကႏွစ္ခါခြဲျဖတ္မယ္ေျပာပါတယ္တဲ့ျဖတ္ခြင့္ရွိ၊မရွိတဲ့။
အလုပ္သမားကေနမေကာင္းရင္ေဆးခြင့္ (MEDICAL LEAVE) ကို ၁၉၅၁ ခုႏွစ္၊ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္ဥပေဒ၊(ပုဒ္မ-၆)အရ “လုပ္သက္ (၆)လျပည့္ေသာဝန္ထမ္းမ်ား၊ အလုပ္သမားမ်ားစတင္ခံစားႏိုင္သည္။ ေဆး ေပးခန္းမွ သတ္မွတ္ဆရာဝန္၏ ေထာက္ခံခ်က္ႏွင့္ မိမိ၏မန္ေနဂ်ာေထာက္ ခံခ်က္ကိုတင္ျပမွသာလစာျပည့္ေဆးခြင့္အျဖစ္ခံစားႏိုင္သည္။” လို႔ျပ႒ာန္း ထားေလေတာ့ လစာထဲကေငြ အျဖတ္မခံရတဲ့ဥပေဒျပ႒ာန္းခ်က္ပါလို႔ ေျဖ ၾကားပါတယ္။ ထပ္ၿပီးကိုးကားရရင္ ၂၀၁၆ခုႏွစ္၊ အခေၾကးေငြေပးေခ်ေရး ဥပေဒ၊ ပုဒ္မ ၇(၂) အရလစာေငြမွ ခြင့္ရက္မရွိပါက ပုဒ္မ ၇(၂) အရ အလုပ္ဆင္းရန္ပ်က္ကြက္မႈအျဖစ္ ျဖတ္ေတာက္ႏိုင္တယ္လို႔ အတိအလင္း ျပ႒ာန္းထားၿပီး၊ ခြင့္ရက္ရွိပါက။ ခြင့္ရက္ရွိေနလၽွင္အလုပ္မဆင္းဟု အ ေၾကာင္းျပခ်က္အျဖစ္ ျဖတ္ေတာက္၍မရလို႔ ဥပေဒျပ႒ာန္းခ်က္ရွိပါေၾကာင္း၊
၂၀၁၂ခုႏွစ္ လူမႈဖူလုံေရးဥပေဒအရ အက်ဳံးဝင္ရင္ျဖင့္ေဆးခြင့္ (MEDICAL LEAVE)ကို ၂၀၁၂ ခုႏွစ္ လူမႈဖူလုံေရးဥပေဒအရ အက်ိဳး ခံစားခြင့္ရွိပါေၾကာင္း၊ ေဆးခြင့္ကိုဥပေဒအရ သတ္မွတ္ဆရာဝန္၏ေထာက္ ခံခ်က္ျဖင့္ သတ္မွတ္ေဆး႐ုံ၊ ေဆးေပးခန္း၊ ဆရာဝန္ဆိုသည္မွာ လမဖနည္း အပုဒ္ ၆၈၊ ၆၉ ၇၀ မွာျပ႒ာန္းထားပါတယ္။
ဥပေဒမွာအဲ့လိုျဖတ္ခြင့္ေပးထားပါသလား။ ေက်းဇူးျပဳၿပီးေျဖၾကားေပးပါ ဆိုတဲ့ေမးခြန္းအတြက္
ဒီေနရာမွာအလုပ္သမားေတြသိထားရမယ့္အခ်က္ေတြရွိပါတယ္။ အဲဒါ ကျဖင့္ စည္းကမ္းပဲျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္၊ အလုပ္အကိုင္ႏွင့္ ကၽြမ္းက်င္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒ၊ ပုဒ္မ၅(က)(၁)(ခ)တို႔အရ ခ်ဳပ္ဆိုရမည့္ဝန္ႀကီး ဌာန၏ အလုပ္ခန္႔ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္ေရးဆြဲခ်ဳပ္ဆိုၾကရန္ အသိေပးေၾကျငာခ်က္အရ “လုပ္ငန္းခြင္ သေဘာသဘာ၀ႏွင့္ အညီလိုက္နာ ရမည့္စည္းမ်ဥ္းစည္းကမ္းမ်ား၊ သာမန္ျပစ္မႈမ်ား၊ ႀကီးေလးေသာျပစ္မႈမ်ား ကို အလုပ္သမားမ်ား သိရွိလိုက္နာႏိုင္ရန္ ဤအလုပ္ခန္႔ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္တြင္ ေနာက္ဆက္တြဲျဖင့္ ထည့္သြင္းေဖာ္ျပရမည္” လို႔ စည္းကမ္းခ်က္မ်ား နမူနာမ်ားရွိရာ၊ အဆိုပါ စာခ်ဳပ္ႏွင့္အတူ ႏွစ္ဖက္သေဘာ တူညီထားေသာ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားမွ၊ အလုပ္သမားမ်ား လိုက္နာရမည့္စည္းကမ္းခ်က္မ်ား(နမူနာ)မွာပါတဲ့စည္းကမ္းအရ အလုပ္ရွင္ ႏွင့္ အလုပ္သမားတို႔က လိုက္နာရမွာျဖစ္လို႔ ႐ုံးေနာက္က်ရင္ဘယ္ပုံဘယ္ နည္းအေရးယူမည္ဆိုေသာအခ်က္သည္ အလုပ္ရွင္ရဲကစည္းကမ္းမ်ားျဖစ္ လို႔ ႐ုံးေနာက္မက်ေစရန္ရယ္၊ အလယ္မွာSUNDAY ခံၿပီး ေသာၾကာေန႔နဲ႔ တနလၤာေန႔ေရွ႕ပိတ္ေနာက္ပိတ္ဆိုပါလၽွင္ အစိုးရဌာနပင္ခြင့္မျပဳဘဲ တစ္ဖက္ ပြင့္သာ ခြင့္ယူရတဲ့လုပ္ထုံးရွိေပတာမို႔ အလုပ္ရွင္ရဲ႕စည္းကမ္းသတ္မွတ္ခ်က္ သည္ ၂၀၁၃ခုႏွစ္ ကၽြမ္းက်င္မႈဖြံ႕ၿဖိဳးတိုးတက္မႈဥပေဒပုဒ္မ၅(စ)အရ “အလုပ္ရွင္ႏွင့္ အလုပ္သမား သို႔မဟုတ္ အလုပ္သမားမ်ားသည္ ႏွစ္ဖက္ သေဘာတူညီမႈျဖင့္ အလုပ္ခန္႔ထားမႈဆိုင္ရာသေဘာတူစာခ်ဳပ္ပါ စည္းကမ္း ႏွင့္ အက်ိဳးခံစားခြင့္မ်ားကို တည္ဆဲဥပေဒႏွင့္အညီ လိုအပ္သလိုျပင္ဆင္ႏိုင္ သည္၊” ဟု လည္းျပ႒ာန္းထားရာ တည္ဆဲဥပေဒႏွင့္အညီ အလုပ္ရွင္ရဲ႕ အလုပ္ခြင္ ေနာက္က်သူကိုထိန္းသိမ္းတဲ့နည္းလမ္းျဖစ္တဲ့ စည္းကမ္းကျဖင့္ ႏွစ္ဖက္ၫွိရမွာျဖစ္ပါတယ္။ ဒီလိုသာအလုပ္သမားတစ္ဦးခ်င္းကအလုပ္ခြင္ေနာက္က်တာခြင့္ျပဳရရင္ သို႔မဟုတ္ အလုပ္ရွင္ကေလ်ာ့ရဲရဲလုပ္ထားရင္ အလုပ္ခ်ိန္ေန႔တိုင္းအလုပ္သမားေတြေနာက္က်မွာကိုခြင့္နဲ႔ ကာကြယ္မယ္၊တျခားသေဘာတူညီထားတဲ့စည္းကမ္းနဲ႔ ကာကြယ္ပါလိမ့္မယ္၊ ဒါသည္ သူ႕ လုပ္ပိုင္ခြင့္၊ အလုပ္ရွင္နဲ႔ အလုပ္သမားတို႔ရဲ႕စည္းကမ္းသတ္မွတ္ခ်က္မည္ ပါ၍ မည္သူကမၽွဝင္ေရာက္ေျပာဆိုမည္မဟုတ္ပါေၾကာင္းေျဖၾကားပါတယ္။
Private Company မွ Assistant Manager တစ္ဦး၏ေမးခြန္း မ်ားအား ေျဖၾကားလိုက္ပါသည္။
စန္းစန္း၊ B Sc (Geology), DIL, DL
ၫႊန္ၾကားေရးမႉး(ၿငိမ္း)၊ အလုပ္သမားဝန္ႀကီးဌာန၊
(၁၉၇၇ မွ ၂၀၁၀)၊ ဝန္ထမ္းသက္(၃၃)ႏွစ္
အထက္တန္းေရွ႕ေန၊ စဥ္ ၃၇၆၃၀။၂၀၁၆
(December/၂၀၁၇)
***
မတ်လထုတ်HR Journal မှာဖော်ပြထားသော အလုပ်သမားဥပဒေနဲ့ ပတ်သက်တာသိလိုရာမေးကဏ္ဏ တွင် ဆရာမဒေါ်စန်းစန်ဖြေကြား ထားသည်များကိုစာဖတ်ပရိတ်သတ်အတွက်ဖော်ပြလိုက်ပါတယ်။။
အလုပ်သမားဥပဒေနဲ့ပတ်သက်တာ သိလိုရာမေးကဏ္ဍ
———————————————-
ဆရာမဒါ်စန်းစန်း
မေး။ ။ Private Company တစ်ခုရဲ့ Assistant Manager တစ်ဦး က ဆရာမခင်ဗျာ ကျွန်တော်တို့ကုမ္ပဏီကလစာဖြတ်ပါတယ်။ စနေနေ့ တဝက်နေမကောင်းလို့မလာဖြစ်ပါဘူး။ တနင်္ဂနွေကပိတ်ပါတယ်။ တနင်္လာ နေ့ဖျားတဲ့အတွက်ကြောင့် ၁၀ နာရီခွဲမှ ရောက်သွားပါတယ်။ အဲဒါလစာထဲက နှစ်ခါခွဲဖြတ်မယ်ပြောပါတယ်။ အဲ့လိုဖြတ်ခွင့်ရှိပါသလား။ ရုံးကို ၁၅မိနစ် နောက်ကျရင်လည်း နေ့ဝက်ခဖြတ်ပါတယ်တဲ့။
ဖြေ။ ။ ပထမမေးခွန်းစနေနေ့ နေ့ဝက်နေမကောင်းလို့ ကုမ္ပဏီမလာ ဖြစ်ရင်ပုဂ္ဂလိကကဏ္ဍမှာ ၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ ၅(၁) ရှောင်တခင်ခွင့်ကို “အလုပ်သမားသည် သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ တစ်နှစ်လျှင် ရှောင်တခင်ခွင့် (၆) ရက်ရနိုင်ခွင့်ရှိစေရမည်” လို့ သတ်မှတ်ပြဋ္ဌာန်းထားရာ အလုပ်သမားမှာ ရှောင်တခင်ခွင့်ရှိနေသေးရင် ရှောင်တခင်ခွင့်နေ့ဝက် အဖြစ်သတ်မှတ်ပေးလို့ ရပါကြောင်း ရှောင်တခင်ခွင့်မရှိတော့ရင်ဖြင့် အောက်မှာတစ်ဆက်တစ်စပ် တည်းဖြေကြားပါသည်။
နောက်တစ်ခုထပ်မေးထားတာက တနင်္လာနေ့ဖျားတဲ့အတွက်ကြောင့် ၁၀ နာရီခွဲမှ ရောက်သွားပါတယ်တဲ့ အဲဒါလစာထဲကနှစ်ခါခွဲဖြတ်မယ်ပြောပါတယ်တဲ့ဖြတ်ခွင့်ရှိ၊မရှိတဲ့။
အလုပ်သမားကနေမကောင်းရင်ဆေးခွင့် (MEDICAL LEAVE) ကို ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ၊(ပုဒ်မ-၆)အရ “လုပ်သက် (၆)လပြည့်သောဝန်ထမ်းများ၊ အလုပ်သမားများစတင်ခံစားနိုင်သည်။ ဆေး ပေးခန်းမှ သတ်မှတ်ဆရာဝန်၏ ထောက်ခံချက်နှင့် မိမိ၏မန်နေဂျာထောက် ခံချက်ကိုတင်ပြမှသာလစာပြည့်ဆေးခွင့်အဖြစ်ခံစားနိုင်သည်။” လို့ပြဋ္ဌာန်း ထားလေတော့ လစာထဲကငွေ အဖြတ်မခံရတဲ့ဥပဒေပြဋ္ဌာန်းချက်ပါလို့ ဖြေ ကြားပါတယ်။ ထပ်ပြီးကိုးကားရရင် ၂၀၁၆ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေ၊ ပုဒ်မ ၇(၂) အရလစာငွေမှ ခွင့်ရက်မရှိပါက ပုဒ်မ ၇(၂) အရ အလုပ်ဆင်းရန်ပျက်ကွက်မှုအဖြစ် ဖြတ်တောက်နိုင်တယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီး၊ ခွင့်ရက်ရှိပါက။ ခွင့်ရက်ရှိနေလျှင်အလုပ်မဆင်းဟု အ ကြောင်းပြချက်အဖြစ် ဖြတ်တောက်၍မရလို့ ဥပဒေပြဋ္ဌာန်းချက်ရှိပါကြောင်း၊
၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်ရင်ဖြင့်ဆေးခွင့် (MEDICAL LEAVE)ကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အကျိုး ခံစားခွင့်ရှိပါကြောင်း၊ ဆေးခွင့်ကိုဥပဒေအရ သတ်မှတ်ဆရာဝန်၏ထောက် ခံချက်ဖြင့် သတ်မှတ်ဆေးရုံ၊ ဆေးပေးခန်း၊ ဆရာဝန်ဆိုသည်မှာ လမဖနည်း အပုဒ် ၆၈၊ ၆၉ ၇၀ မှာပြဋ္ဌာန်းထားပါတယ်။
ဥပဒေမှာအဲ့လိုဖြတ်ခွင့်ပေးထားပါသလား။ ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆိုတဲ့မေးခွန်းအတွက်
ဒီနေရာမှာအလုပ်သမားတွေသိထားရမယ့်အချက်တွေရှိပါတယ်။ အဲဒါ ကဖြင့် စည်းကမ်းပဲဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ပုဒ်မ၅(က)(၁)(ခ)တို့အရ ချုပ်ဆိုရမည့်ဝန်ကြီး ဌာန၏ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ရေးဆွဲချုပ်ဆိုကြရန် အသိပေးကြေငြာချက်အရ “လုပ်ငန်းခွင် သဘောသဘာဝနှင့် အညီလိုက်နာ ရမည့်စည်းမျဉ်းစည်းကမ်းများ၊ သာမန်ပြစ်မှုများ၊ ကြီးလေးသောပြစ်မှုများ ကို အလုပ်သမားများ သိရှိလိုက်နာနိုင်ရန် ဤအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် နောက်ဆက်တွဲဖြင့် ထည့်သွင်းဖော်ပြရမည်” လို့ စည်းကမ်းချက်များ နမူနာများရှိရာ၊ အဆိုပါ စာချုပ်နှင့်အတူ နှစ်ဖက်သဘော တူညီထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ၊ အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းချက်များ(နမူနာ)မှာပါတဲ့စည်းကမ်းအရ အလုပ်ရှင် နှင့် အလုပ်သမားတို့က လိုက်နာရမှာဖြစ်လို့ ရုံးနောက်ကျရင်ဘယ်ပုံဘယ် နည်းအရေးယူမည်ဆိုသောအချက်သည် အလုပ်ရှင်ရဲကစည်းကမ်းများဖြစ် လို့ ရုံးနောက်မကျစေရန်ရယ်၊ အလယ်မှာSUNDAY ခံပြီး သောကြာနေ့နဲ့ တနင်္လာနေ့ရှေ့ပိတ်နောက်ပိတ်ဆိုပါလျှင် အစိုးရဌာနပင်ခွင့်မပြုဘဲ တစ်ဖက် ပွင့်သာ ခွင့်ယူရတဲ့လုပ်ထုံးရှိပေတာမို့ အလုပ်ရှင်ရဲ့စည်းကမ်းသတ်မှတ်ချက် သည် ၂၀၁၃ခုနှစ် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုဥပဒေပုဒ်မ၅(စ)အရ “အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများသည် နှစ်ဖက် သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ပါ စည်းကမ်း နှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလိုပြင်ဆင်နိုင် သည်၊” ဟု လည်းပြဋ္ဌာန်းထားရာ တည်ဆဲဥပဒေနှင့်အညီ အလုပ်ရှင်ရဲ့ အလုပ်ခွင် နောက်ကျသူကိုထိန်းသိမ်းတဲ့နည်းလမ်းဖြစ်တဲ့ စည်းကမ်းကဖြင့် နှစ်ဖက်ညှိရမှာဖြစ်ပါတယ်။ ဒီလိုသာအလုပ်သမားတစ်ဦးချင်းကအလုပ်ခွင်နောက်ကျတာခွင့်ပြုရရင် သို့မဟုတ် အလုပ်ရှင်ကလျော့ရဲရဲလုပ်ထားရင် အလုပ်ချိန်နေ့တိုင်းအလုပ်သမားတွေနောက်ကျမှာကိုခွင့်နဲ့ ကာကွယ်မယ်၊တခြားသဘောတူညီထားတဲ့စည်းကမ်းနဲ့ ကာကွယ်ပါလိမ့်မယ်၊ ဒါသည် သူ့ လုပ်ပိုင်ခွင့်၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့စည်းကမ်းသတ်မှတ်ချက်မည် ပါ၍ မည်သူကမျှဝင်ရောက်ပြောဆိုမည်မဟုတ်ပါကြောင်းဖြေကြားပါတယ်။
Private Company မှ Assistant Manager တစ်ဦး၏မေးခွန်း များအား ဖြေကြားလိုက်ပါသည်။
စန်းစန်း၊ B Sc (Geology), DIL, DL
ညွှန်ကြားရေးမှူး(ငြိမ်း)၊ အလုပ်သမားဝန်ကြီးဌာန၊
(၁၉၇၇ မှ ၂၀၁၀)၊ ဝန်ထမ်းသက်(၃၃)နှစ်
အထက်တန်းရှေ့နေ၊ စဉ် ၃၇၆၃၀။၂၀၁၆
(December/၂၀၁၇)

Leave a Reply