Business, Business Plan

KBANK BIZ PLAN CHALLENGE 2018

မန္မာ SME လုပ္ငန္းရွင္မ်ားႏွင့္ လုပ္ငန္းရွင္ျဖစ္ခ်င္သူမ်ားအတြက္ ဒီဂ်စ္တယ္လုပ္ငန္းစီမံကိန္း ျပိဳင္ပြဲ
********

ျမန္မာႏိုင္ငံမွာ ဒီဂ်စ္တယ္နည္းပညာနဲ႔ မိုဘိုင္းနည္းပညာ တစ္ဟုန္ထိုးတိုးတက္လာတဲ့အခါ ဒီဂ်စ္တယ္နည္းပညာသံုး ေစ်းကြက္ခ်ဲ႕ထြင္ျခင္း (Digital Marketing) ပညာရပ္ဟာ Digital Marketing ဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းမ်ားအတြက္သာမက၊ အျခား စီးပြားေရးလုပ္ငန္းမ်ားအတြက္ပါ အေရးတၾကီးလိုအပ္တဲ့ ပညာရပ္ျဖစ္လာပါျပီ။

Digital Marketing ဟာ လူငယ္နဲ႔ပဲဆိုင္တယ္၊ Start-up လုပ္ငန္းေတြနဲ႔ပဲဆိုင္တယ္လို႔ မစဥ္းစားေစခ်င္ဘူးလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ SME နဲ႔ SMI ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒ ေဒါက္တာေအာင္သိန္းကေျပာပါတယ္။ ျမန္မာစီးပြားေရးလုပ္ငန္းေတြအေနနဲ႔ ေျပာင္းလဲလာတဲ့ နည္းပညာလႈိင္းေနာက္ကို အမွီမလိုက္ႏိုင္ရင္ ယွဥ္ျပိဳင္မႈေနာက္မွာ က်န္ခဲ့ႏိုင္တယ္လို႔ သူက ေျပာပါတယ္။

ျမန္မာလုပ္ငန္းရွင္မ်ား၊ အထူးသျဖင့္ အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ား၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား နဲ႔ လုပ္ငန္းရွင္ျဖစ္လိုသူေတြအတြက္ Digital Marketing ဆိုင္ရာ အတတ္ပညာမ်ား ဖြံ႕ျဖိဳးလာေစဖို႔ ရည္ရြယ္ျပီး၊

? “KBank Biz Plan Challenge 2018: The Digital Marketing for Digital Entrepreneur” ? ကို

ထိုင္းႏို္င္ငံ Kasikorn Bank (KBank)၊ စက္မႈဝန္ၾကီးဌာန အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား ဖြံ႕ျဖိဳးတိုးတက္ေရး ဗဟိုဌာန၊ ကုန္သည္စက္မႈအသင္းခ်ဳပ္၊ Renaissance Institute ႏွင့္ University of Thai Chamber of Commerce (UTCC) တို႔ ပူးေပါင္းမႈနဲ႔ လာမယ့္ ၾသဂုတ္လ (၂၀) ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

ျပိဳင္ပြဲမတိုင္မီ Digital Marketing နဲ႔ Business Plan ေရးဆြဲျခင္းဆိုင္ရာ သင္တန္္းကို ဇြန္လ (၂၉) ရက္ေန႔မွာ က်င္းပမွာျဖစ္ျပီး၊ သင္တန္းမွာ

? What is Digital Marketing in the Digital Era
? Ideation, Design Thinking Steps and Step Zero
? Hitting Success with the Business Model Canvas
? Making a perfect pitch
? Seeking Fund to Run Business
? Fast-Track Entrepreneur: Experience Sharing by Thai & Myanmar SMEs

စတဲ့ အေၾကာင္းအရာေတြကို ႏိုင္ငံတကာ ပညာရွင္မ်ား နဲ႔ လက္ေတြ႕ေအာင္ျမင္ေနတဲ့ ဒီဂ်စ္တယ္စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ ေလ့လာသင္ၾကားခြင့္ရမွာပါ။

ျပိဳင္ပြဲမွာ ပထမဆုအတြက္ KBank မွ US$ 10,000 ခ်ီးျမွင့္မွာျဖစ္ျပီး၊ ပထမဆု၊ ဒုတိယဆုနဲ႔ တတိယဆုရရွိသူမ်ားဟာ ထိုင္းႏိုင္ငံသုိ႔ Business Matching ခရီးစဥ္လိုက္ပါခြင့္ ရရွိၾကမွာပါ။

ျပိဳင္ပြဲကို ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္ (သို႔မဟုတ္) လုပ္ငန္းရွင္ျဖစ္လိုသူ မည္သူမဆို ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ပါတယ္။

ေလွ်ာက္ထားဖို႔အတြက္ အမည္၊ ကုမၸဏီအမည္ (သို႔) အဖြဲ႕အစည္းအမည္ (သို႔) တကၠသိုလ္အမည္ ႏွင့္ ဆက္သြယ္ႏိုင္မည့္ အခ်က္အလက္မ်ား ေဖာ္ျပျပီး၊

? University of Thai Chamber of Commerce
Tel. (95) 09 730 97447
Email: [email protected]

? KBank Yangon Representative Office
Tel. (95) 1 524 285, 1 500 727
Email: [email protected]

သို႔ ? ဇြန္လ ၂၉ ရက္မွ ဇူလိုင္လ ၂၀ ရက္အတြင္း ? ဆက္သြယ္ေပးပို႔ရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားသူမ်ားမွ စုစုေပါင္း (၂၁၀) ဦး ကို ေရြးခ်ယ္လက္ခံ သင္တန္းေပးသြားမွာျဖစ္ျပီး၊ သင္တန္းတက္ေရာက္ျပီးသူမ်ားအေနနဲ႔ ျပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္မွာျဖစ္ပါတယ္။

အစီအစဥ္
****
(၁) ဒီဂ်စ္တယ္လုပ္ငန္း စီမံကိန္းေရးဆြဲနည္း သင္တန္း ( ဇြန္လ ၂၉ ရက္ နံနက္ ၈း၃၀ မွ ညေန ၅း၀၀ နာရီထိ)

(၂) ဒီဂ်စ္တယ္လုပ္ငန္းစီမံကိန္း ျပိဳင္ပြဲ ( ၾသဂုတ္လ ၂၀ရက္ )

(၃) ထိုင္းႏိုင္ငံရွိ Digital Entrepreneur မ်ားႏွင့္ သြားေရာက္ေတြ႕ဆံုျခင္း ( ႀသဂုတ္လ ၃၀-၃၁ ရက္)

သင္တန္းႏွင့္ ျပိဳင္ပြဲအေၾကာင္း အေသးစိတ္သိရွိလုိပါက အထက္ေဖာ္ျပပါ UTCC ႏွင့္ KBank ဆက္သြယ္ရန္ လိပ္စာမ်ားအတိုင္း ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္မ်ား၊ ညီေနာင္အသင္းမ်ား၏ အသင္းဝင္မ်ားနဲ႔ ျမန္မာလုပ္ငန္းရွင္မ်ား ဝင္ေရာက္ယွဥ္ျပိဳင္ၾကဖို႔
အထူးအေလးထား ဖိတ္ေခၚလိုက္ရပါတယ္။

သင္တန္းနဲ႔ ျပိဳင္ပြဲက်င္းပေနပံုမ်ားကို မတက္ေရာက္ႏိုင္သူမ်ား ေလ့လာႏိုင္ဖို႔ https://www.facebook.com/KBankKSME/ မွာ Live လႊင့္ျပသသြားမွာျဖစ္တယ္လို႔ KBank တာဝန္ရွိသူမ်ားထံမွ သိရွိရပါတယ္။

ကုန္သည္စက္မႈအသင္းခ်ဳပ္
***
မန်မာ SME လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်ဖြစ်ချင်သူများအတွက် ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ
********

မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာနဲ့ မိုဘိုင်းနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာတဲ့အခါ ဒီဂျစ်တယ်နည်းပညာသုံး ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ပညာရပ်ဟာ Digital Marketing ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများအတွက်သာမက၊ အခြား စီးပွားရေးလုပ်ငန်းများအတွက်ပါ အရေးတကြီးလိုအပ်တဲ့ ပညာရပ်ဖြစ်လာပါပြီ။

Digital Marketing ဟာ လူငယ်နဲ့ပဲဆိုင်တယ်၊ Start-up လုပ်ငန်းတွေနဲ့ပဲဆိုင်တယ်လို့ မစဉ်းစားစေချင်ဘူးလို့ ကုန်သည်စက်မှုအသင်းချုပ် SME နဲ့ SMI ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကပြောပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ နည်းပညာလှိုင်းနောက်ကို အမှီမလိုက်နိုင်ရင် ယှဉ်ပြိုင်မှုနောက်မှာ ကျန်ခဲ့နိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာလုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ နဲ့ လုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာများ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး၊

? “KBank Biz Plan Challenge 2018: The Digital Marketing for Digital Entrepreneur” ? ကို

ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှုအသင်းချုပ်၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းမှုနဲ့ လာမယ့် သြဂုတ်လ (၂၀) ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမတိုင်မီ Digital Marketing နဲ့ Business Plan ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို ဇွန်လ (၂၉) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ သင်တန်းမှာ

? What is Digital Marketing in the Digital Era
? Ideation, Design Thinking Steps and Step Zero
? Hitting Success with the Business Model Canvas
? Making a perfect pitch
? Seeking Fund to Run Business
? Fast-Track Entrepreneur: Experience Sharing by Thai & Myanmar SMEs

စတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ ပညာရှင်များ နဲ့ လက်တွေ့အောင်မြင်နေတဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များထံမှ လေ့လာသင်ကြားခွင့်ရမှာပါ။

ပြိုင်ပွဲမှာ ပထမဆုအတွက် KBank မှ US$ 10,000 ချီးမြှင့်မှာဖြစ်ပြီး၊ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုရရှိသူများဟာ ထိုင်းနိုင်ငံသို့ Business Matching ခရီးစဉ်လိုက်ပါခွင့် ရရှိကြမှာပါ။

ပြိုင်ပွဲကို မြန်မာနိုင်ငံသား လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

လျှောက်ထားဖို့အတွက် အမည်၊ ကုမ္ပဏီအမည် (သို့) အဖွဲ့အစည်းအမည် (သို့) တက္ကသိုလ်အမည် နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ ဖော်ပြပြီး၊

? University of Thai Chamber of Commerce
Tel. (95) 09 730 97447
Email: [email protected]

? KBank Yangon Representative Office
Tel. (95) 1 524 285, 1 500 727
Email: [email protected]

သို့ ? ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၂၀ ရက်အတွင်း ? ဆက်သွယ်ပေးပို့ရမှာဖြစ်ပါတယ်။

လျှောက်ထားသူများမှ စုစုပေါင်း (၂၁၀) ဦး ကို ရွေးချယ်လက်ခံ သင်တန်းပေးသွားမှာဖြစ်ပြီး၊ သင်တန်းတက်ရောက်ပြီးသူများအနေနဲ့ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

အစီအစဉ်
****
(၁) ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းရေးဆွဲနည်း သင်တန်း ( ဇွန်လ ၂၉ ရက် နံနက် ၈း၃၀ မှ ညနေ ၅း၀၀ နာရီထိ)

(၂) ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ ( သြဂုတ်လ ၂၀ရက် )

(၃) ထိုင်းနိုင်ငံရှိ Digital Entrepreneur များနှင့် သွားရောက်တွေ့ဆုံခြင်း ( သြဂုတ်လ ၃၀-၃၁ ရက်)

သင်တန်းနှင့် ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ UTCC နှင့် KBank ဆက်သွယ်ရန် လိပ်စာများအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များ၊ ညီနောင်အသင်းများ၏ အသင်းဝင်များနဲ့ မြန်မာလုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့
အထူးအလေးထား ဖိတ်ခေါ်လိုက်ရပါတယ်။

သင်တန်းနဲ့ ပြိုင်ပွဲကျင်းပနေပုံများကို မတက်ရောက်နိုင်သူများ လေ့လာနိုင်ဖို့ https://www.facebook.com/KBankKSME/ မှာ Live လွှင့်ပြသသွားမှာဖြစ်တယ်လို့ KBank တာဝန်ရှိသူများထံမှ သိရှိရပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

Leave a Reply