Tax

Tax Knowledge (2)

လစာေငြထုတ္ေပးရန္ တာဝန္ရွိသူသည္ ထိုလစာေငြထုတ္ေပးခ်ိန္၌ က်သင့္အခြန္ကို ႏုတ္ယူၿပီး ေပးသြင္းရမည္။ လစဥ္ေပးသြင္းရမည့္ပုံစံမွာပတခ (ဝင)-၁၅ျဖစ္ပါသည္။
– လစာႏွစ္ခ်ဳပ္စာရင္းပုံစံ ပတခ(ဝင)-၁၆ကိုမူ ဝင္ေငြႏွစ္ကုန္ဆုံးၿပီး သုံးလအတြင္း ေအာက္ေဖာ္ျပပါပုဂၢိဳလ္တို႔က တင္သြင္းရမည္ ျဖစ္ပါသည္။
– ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႕အစည္း၊ႏိုင္ငံပိုင္စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္း၊ ဌာနျဖစ္လွ်င္ ဆိုင္ရာ႐ုံး၏အႀကီးအကဲ။
– တစ္ဦးတစ္ေယာက္ပိုင္လုပ္ငန္းျဖစ္လွ်င္ ယင္းလုပ္ငန္း၏ ပိုင္ရွင္။
– ပုဂၢိဳလ္စုျဖစ္လွ်င္ ယင္းပုဂၢိဳလ္စု၏အုပ္ခ်ဳပ္မႈကို တာဝန္ယူေသာ ပုဂၢိဳလ္စုဝင္။
– သမဝါယမအသင္းျဖစ္လွ်င္ ယင္းအသင္း၏ဥကၠဌႏွင့္ အတြင္းေရးမႉး။
***
လစာငွေထုတ်ပေးရန် တာဝန်ရှိသူသည် ထိုလစာငွေထုတ်ပေးချိန်၌ ကျသင့်အခွန်ကို နုတ်ယူပြီး ပေးသွင်းရမည်။ လစဉ်ပေးသွင်းရမည့်ပုံစံမှာပတခ (ဝင)-၁၅ဖြစ်ပါသည်။
– လစာနှစ်ချုပ်စာရင်းပုံစံ ပတခ(ဝင)-၁၆ကိုမူ ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း အောက်ဖော်ပြပါပုဂ္ဂိုလ်တို့က တင်သွင်းရမည် ဖြစ်ပါသည်။
– နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း၊နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၊ ဌာနဖြစ်လျှင် ဆိုင်ရာရုံး၏အကြီးအကဲ။
– တစ်ဦးတစ်ယောက်ပိုင်လုပ်ငန်းဖြစ်လျှင် ယင်းလုပ်ငန်း၏ ပိုင်ရှင်။
– ပုဂ္ဂိုလ်စုဖြစ်လျှင် ယင်းပုဂ္ဂိုလ်စု၏အုပ်ချုပ်မှုကို တာဝန်ယူသော ပုဂ္ဂိုလ်စုဝင်။
– သမဝါယမအသင်းဖြစ်လျှင် ယင်းအသင်း၏ဥက္ကဌနှင့် အတွင်းရေးမှူး။

Leave a Reply