Uncategorized

ILO Entrepreneurship and MSME Support


[Zawgyi]




(၅) ဒေသဆိုင်ရာ စီးပွားရေးဖွံ့ ဖြိုးနိုင်ဖို့ BDS center များအား GIZ နှင့် ပူးပေါင်းပြီး အသိမှတ်ပြုလက်မှတ်များပေး၍ နည်းပညာများဖြန့်းဖြူးပေးပါတယ်။




[Unicode]
ILO ရဲ့ Entrepreneurship and MSME support စီမံကိန်းမှာ Myanmar အတွက် support လုပ်နေတာ ဘာတွေ ရှိတာပါလဲ…
(၁) Start and Improve Your Business SIYB လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေ စနစ်တကျစတင်နိုင်ဖို့နဲ့ လုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ဖို့ နိုင်ငံပေါင်း ၁၀၀ မှာအောင်မြင်စွာအကောင်ထည် ဖေါ်ခဲ့တဲ့ ILO SIYB Business Management Training. နည်းပညာကို နိုင်ငံတွင်းရေရှည်တည်တံ့နိုင်ဖို့ international expert တွေနဲ့ business service provider/ BDS, private sector, association, NGOs တွေနဲ့ freelancers ပညာရှင်တွေကို သင်တန်းပြန်လည်ပို့ချနိုင်မယ့် trainer အဖြစ်ILO မှမွေးထုတ်ပါတယ်။ Trainer များက စွန့်ဦးတီထွင် Entrepreneur SME များကို နည်းပညာတွေ ဖြန့်ဖြူး အကြံပေးပါတယ်။

(၂) Retailers တွေလုပ်ငန်းတိုးတက်စေဖို့ Coca Cola နဲ့မိတ်ဖက်လုပ်ဆောင်တဲ့ SIYB အခြေခံတဲ့ လက်လီစီးပွားရေး ကျွမ်းကျင်သင်တန်းများလည်းပေးပါတယ်။

(၃) စီးပွားရေး အမြင်ဖွင့်လို့ ခေါ်တဲ့ Business Eye Opener သင်တန်းများကို တောင်သူများအားအဓိကထားပြီး ရပ်ရွာ အခြေပြု အဖွဲ့အစည်းများအားကောင်းစေရန် မိတ်ဖက်ဖွဲ့၍ community training အဖြစ်သင်တန်းများပေးပါတယ်။

(၄) စီးပွားရေးလုပ်ငန်းစတင်လုပ်ဆောင်ဖို့ အရှိန်ဟုန်ကောင်းဖြစ်စေမယ့် Business Startup Campaign Programme ကိုလည်း အကောင်ထည်ဖေါ်ပါတယ်။

(၅) ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးနိုင်ဖို့ BDS center များအား GIZ နှင့် ပူးပေါင်းပြီး အသိမှတ်ပြုလက်မှတ်များပေး၍ နည်းပညာများဖြန်း့ဖြူးပေးပါတယ်။
အထက်ပါ အစီစဉ်အားလုံးဟာ SIYB အခြေခံထားပြီး target အား ထိမိစေနိုင်ရန် မွမ်းမံထားသော course များဖြစ်ပါတယ်။

(၆) Entrepreneursများ business network ကောင်းရရှိစေရန် နဲ့ Trainer များနှင့် စဉ်ဆက်မပြတ် အကြံပေးဆောင်ရွက်နိုင်ရန် Global Entrepreneur Week ဖြစ်တဲ့ နိုဝင်ဘာ ၁၂ နဲ့ ၁၈ ရက်ကြား ၂၀၁၈ Myanmar မှာလည်း Entrepreneurs’ Day ကိုကျင်းပဖို့ စတင်စီစဉ်လျက်ရှိပါတယ်။ သင်တန်းပြီးမြောက်ပြီးသော Entrepreneur များ trainers များ မိတ်ဖက် အဖွဲ့စည်းများ စုစည်းကျင်းပမည့် ပွဲဖြစ်ပြီး မိမိတို့၏ ထုန်ကုန်များအား မိတ်ဆက်ပြသဖလှယ်နိုင်မယ့် အခွင့်ရေးလည်းရှိပါမယ်။

(၇) စီးပွားရေးဆိုင်ရာ နည်းပညာနဲ့ အကြံပြုထောက်ပံ့ပေးနိုင်ရေး ရေရှည်တည်တံ့နိုင်ဖို့ ILO အသိမှတ်ပြုလက်မှတ်ရ BDS များ Trainer များရဲ့ network ကောင်းအဖြစ် SIYB Myanmar Platform ကိုလည်း ဖွဲ့စည်းလုပ်ဆောင်နေပါတယ်။ ILO မှ activity တော်တော်များများကို platform မှတဆင့် စာချုပ် ချုပ်ဆိုဆောင်ရွက်သွားနေခြင်းဖြင့် platform အား အားကောင်းစေပါတယ်။

(၈) ခရီးသွားလုပ်ငန်းများတိုးတက်စေရန် တန်ဖိုးကွင်းဆက် စမ်းစစ်ခြင်း value chain assessment နှင့် fisheries sector ဖွံ့ဖြိုးမှုအားလည်းဆောင်ရွက်လျက်ရှိပါတယ်။
**** ၂၀၁၄ မှစတင်ခဲ့တဲ့ စီမံကိန်းရဲ့ အထက်ပါ Programme များအားလုံးကိုဆက်လက်လုပ်ဆောင်ရင်း ၂၀၁၇ နှစ်နှောင်းပိုင်းမှစတင်ကာ ကုန်ကျစရိတ်များလျှော့ချနိုင်ပြီး လုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်မယ့် SCORE လို့ခေါ်တဲ့ Japan kaizen နည်းပညာနဲ့ ပံ့ပိုးနိုင်မယ့် အစီစဉ်ကို စားသောက်ကုန်ထုတ်လုပ်ရေးနဲ့ ဟိုတယ် စားသောက်ဆိုင် စတဲ့ tourism sector SME များအတွက် စတင်အကောင်ထည်ဖေါ်ဆောင်နေပါတယ်။
သတ်မှတ်ထားသော အကောင်ထည်ဖေါ်ဆောင်မှုပြည့်မြောက်သော သင်တန်းဆရာ အကြံပြု ပုဂ္ဂိုလ်များအား ILO အသိမှတ်ပြု international လက်မှတ်များဖြင့် official လုပ်ကိုင်နိုင်ပြီး Trainer များ၏ ရေရှည်တည်တံ့နိုင်ရန်နဲ့ တိုးတက်နိုင်ရန် Trainer များမှ ၎င်းတို့၏ service နှင့်ထိုက်တန်သော သင်တန်း fees အားကောက်ခံ၍ Entrepreneur များ၏ အသိမှတ်ပြုမှုအားလည်း ရယူဆောင်ရွက်နိုင်ပါတယ်။
***** စက်မှု ဝန်ကြီးဌာန၏ SME Development Department၊ MInistry of Hotel and Tourism၊ Myanmar Tourism Federation တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး tourism sector နဲ့ tourism မဟုတ်သော အခြားသော sectors များမှ အငယ်စား အသေးစား အလတ်စား MSME များဖွံ့ဖြိုးတိုးတက်မှုအား supporting ပေးနေသော စီမံကိန်းဖြစ်ပြီး အထက်ပါ Programme များ အား ဆက်လက်အကောင်ထည်ဖေါ်ဆောင်လျက်****

Leave a Reply