Amibition, Success

သင့္ရည္မွန္းခ်က္ကို ေဈးမဆစ္ပါနဲ႔!သင့်ရည်မှန်းချက်ကို ဈေးမဆစ်ပါနဲ့!


အေကာင္းဆံုးကို ရည္မွန္းပါ … ၿပီးတဲ့ သင့္ရဲ႕ အေကာင္းဆံုးကိုသာ ေပးပါ … သာမန္ေလာက္ မလုပ္ပါနဲ႕ …

ဘ၀မွာ ေၾကာက္စရာ အေကာင္းဆံုးကိစၥတစ္ခုက သာမန္ေလာက္နဲ႕ ေနၿပီး သာမန္ေလာက္နဲ႕ ေသသြားရမွာပဲ ျဖစ္တယ္ …

လူေတြ ရလဒ္ေကာင္းေတြ မရၾကတာဟာ ရည္မွန္းခ်က္ကို ျမင့္ျမင့္ထားၿပီး မရၾကလို႕မဟုတ္ဘူး …

ရည္မွန္းခ်က္ နိမ့္နိမ့္ေလးထားၿပီး အဲဒါကို ရတာကို ေအာင္ျမင္မႈလို႕ ထင္ေနၾကလို႕ ျဖစ္တယ္ …

အဲဒါေၾကာင့္ ရည္မွန္းခ်က္ကို ျမင့္ျမင့္ထားဖို႕လိုတယ္ …

ဒါ့အျပင္ စဥ္းစားၾကည့္ပါ …

စဥ္းစားၾကည့္ပါ …

အလုပ္တစ္ခုကို လုပ္ၿပီဆိုရင္ အမ်ားနဲ႕ နည္းတူေလာက္ပဲ ႀကိဳးစားၿပီး လုပ္တာကိုင္တာ ရွိႏိုင္တယ္ …

ေနာက္တစ္မ်ိဳးကေတာ့ အခ်ိန္၊ ေငြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အားအင္ စတဲ့ ကိုယ္တတ္ႏိုင္တဲ့အရာေတြ အားလံုးကို ပံုေအာၿပီး အသားကုန္ လုပ္တာ ကိုင္တာရွိႏိုင္တယ္ …

အဲဒါေၾကာင့္ အလုပ္တစ္ခုခု လုပ္ၿပီဆိုရင္ သာမန္ေလာက္ပဲ လုပ္မွာလား၊ ထူးထူးခြ်န္ခြ်န္ျဖစ္ေအာင္ လုပ္မွာလားဆိုတာ သင့္ကိုယ္သင္ ေမးမွရမယ္ …

လုပ္ငန္းခြင္မွာ ေနရာလိုခ်င္တယ္၊ လစာတိုးခ်င္တယ္၊ အခြင့္အေရးေတြ လိုခ်င္တယ္ … လုပ္ရင္ေတာ့ ေတာ္ရိေရာ္ရိပဲဆိုရင္ ဒါမဟုတ္ဘူး …

လုပ္ငန္းလုပ္ရင္လည္း အျမတ္ေငြေတာ့မ်ားခ်င္တယ္ …ထုတ္လုပ္တဲ့ေနရာ၊ ၀န္ေဆာင္မႈေပးတဲ့ေနရာ၊

အရည္အေသြးကို ထိန္းတဲ့ေနရာ၊ ၀န္ထမ္းေတြကို ေလ့က်င့္သင္ၾကားတဲ့ေနရာ စတဲ့ က႑အသီးသီးမွာ ကိုယ္က သာမန္ေလာက္ လုပ္ေနလို႕ မရဘူး …

သာမန္ေလာက္ လုပ္ေပးတဲ့သူ၊ သာမန္ေလာက္လုပ္ေပးတဲ့လုပ္ငန္းကို လူေတြက ေ႐ြးခ်ယ္ေလ့ မရွိၾကဘူး …

ငါဘာကိုပဲ လုပ္ေပး လုပ္ေပး အေကာင္းဆံုး ျဖစ္ရမယ္ …

ငါ့အထက္လူႀကီးေတြ၊ လုပ္ငန္းရွင္ေတြ၊ ေဖာက္သည္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ ငါ့ကို ေက်နပ္အားရေနရမယ္ …

ငါဘာကိုပဲ လုပ္လုပ္ အဲဒီအခ်ိန္မွာ ရွိတဲ့ ငါ့ရဲ႕ ၁၀၀ ရာခိုင္ႏႈန္း BEST ကို ေပးမယ္ဆိုတာမ်ိဳးဟာ ဦးေဆာင္သူျဖစ္ခ်င္တဲ့သူတိုင္း ထားရွိသင့္တဲ့ ခံယူခ်က္ေတြ ျဖစ္တယ္ …

ထပ္ၿပီး ေျပာရရင္ ဘာကိုပဲ လုပ္လုပ္ သာမန္ေလာက္ မရည္မွန္းပါနဲ႕ … သာမန္ေလာက္ မလုပ္ပါနဲ႕ …

သာမန္ေလာက္ ရည္မွန္းတဲ့သူ၊ သာမန္ေလာက္ လုပ္ေပးတဲ့သူ၊ သာမန္ေလာက္လုပ္ေပးတဲ့ လုပ္ငန္းကို လူေတြက တန္ဖိုးႀကီးႀကီးေပးေလ့ မရွိၾကဘူး …

အၿမဲတမ္း၊ အၿမဲတမ္း၊ အၿမဲတမ္း အေကာင္းဆံုးကို ရည္မွန္းပါ … သင့္ရဲ႕ BEST ကိုသာ အၿမဲတမ္းေပးပါ …

သင့္ရည္မွန္းခ်က္ေတြကို ဘယ္ေတာ့မွ ေဈးမဆစ္မိပါေစနဲ႔…

Credit; naingwinaung
***
အကောင်းဆုံးကို ရည်မှန်းပါ … ပြီးတဲ့ သင့်ရဲ့ အကောင်းဆုံးကိုသာ ပေးပါ … သာမန်လောက် မလုပ်ပါနဲ့ …

ဘဝမှာ ကြောက်စရာ အကောင်းဆုံးကိစ္စတစ်ခုက သာမန်လောက်နဲ့ နေပြီး သာမန်လောက်နဲ့ သေသွားရမှာပဲ ဖြစ်တယ် …

လူတွေ ရလဒ်ကောင်းတွေ မရကြတာဟာ ရည်မှန်းချက်ကို မြင့်မြင့်ထားပြီး မရကြလို့မဟုတ်ဘူး …

ရည်မှန်းချက် နိမ့်နိမ့်လေးထားပြီး အဲဒါကို ရတာကို အောင်မြင်မှုလို့ ထင်နေကြလို့ ဖြစ်တယ် …

အဲဒါကြောင့် ရည်မှန်းချက်ကို မြင့်မြင့်ထားဖို့လိုတယ် …

ဒါ့အပြင် စဉ်းစားကြည့်ပါ …

စဉ်းစားကြည့်ပါ …

အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အများနဲ့ နည်းတူလောက်ပဲ ကြိုးစားပြီး လုပ်တာကိုင်တာ ရှိနိုင်တယ် …

နောက်တစ်မျိုးကတော့ အချိန်၊ ငွေ၊ ရင်းနှီးမြှုပ်နှံမှု၊ အားအင် စတဲ့ ကိုယ်တတ်နိုင်တဲ့အရာတွေ အားလုံးကို ပုံအောပြီး အသားကုန် လုပ်တာ ကိုင်တာရှိနိုင်တယ် …

အဲဒါကြောင့် အလုပ်တစ်ခုခု လုပ်ပြီဆိုရင် သာမန်လောက်ပဲ လုပ်မှာလား၊ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်မှာလားဆိုတာ သင့်ကိုယ်သင် မေးမှရမယ် …

လုပ်ငန်းခွင်မှာ နေရာလိုချင်တယ်၊ လစာတိုးချင်တယ်၊ အခွင့်အရေးတွေ လိုချင်တယ် … လုပ်ရင်တော့ တော်ရိရော်ရိပဲဆိုရင် ဒါမဟုတ်ဘူး …

လုပ်ငန်းလုပ်ရင်လည်း အမြတ်ငွေတော့များချင်တယ် …ထုတ်လုပ်တဲ့နေရာ၊ ဝန်ဆောင်မှုပေးတဲ့နေရာ၊

အရည်အသွေးကို ထိန်းတဲ့နေရာ၊ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားတဲ့နေရာ စတဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်က သာမန်လောက် လုပ်နေလို့ မရဘူး …

သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့လုပ်ငန်းကို လူတွေက ရွေးချယ်လေ့ မရှိကြဘူး …

ငါဘာကိုပဲ လုပ်ပေး လုပ်ပေး အကောင်းဆုံး ဖြစ်ရမယ် …

ငါ့အထက်လူကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ငါ့ကို ကျေနပ်အားရနေရမယ် …

ငါဘာကိုပဲ လုပ်လုပ် အဲဒီအချိန်မှာ ရှိတဲ့ ငါ့ရဲ့ ၁၀၀ ရာခိုင်နှုန်း BEST ကို ပေးမယ်ဆိုတာမျိုးဟာ ဦးဆောင်သူဖြစ်ချင်တဲ့သူတိုင်း ထားရှိသင့်တဲ့ ခံယူချက်တွေ ဖြစ်တယ် …

ထပ်ပြီး ပြောရရင် ဘာကိုပဲ လုပ်လုပ် သာမန်လောက် မရည်မှန်းပါနဲ့ … သာမန်လောက် မလုပ်ပါနဲ့ …

သာမန်လောက် ရည်မှန်းတဲ့သူ၊ သာမန်လောက် လုပ်ပေးတဲ့သူ၊ သာမန်လောက်လုပ်ပေးတဲ့ လုပ်ငန်းကို လူတွေက တန်ဖိုးကြီးကြီးပေးလေ့ မရှိကြဘူး …

အမြဲတမ်း၊ အမြဲတမ်း၊ အမြဲတမ်း အကောင်းဆုံးကို ရည်မှန်းပါ … သင့်ရဲ့ BEST ကိုသာ အမြဲတမ်းပေးပါ …

သင့်ရည်မှန်းချက်တွေကို ဘယ်တော့မှ ဈေးမဆစ်မိပါစေနဲ့…

Credit; naingwinaung

Leave a Reply