Change

ေျပာင္းလဲလိုက္ပါ

ေျပာင္းလဲလိုက္ပါ
ဘ၀မွာသင္ စိတ္ပ်က္က်ရွံဳးမွဳေတြနဲ႔ ရင္ဆိုင္ေနရပါသလား။ဒါဆိုသင္ေျပာင္းလဲဖို႔ အခ်ိန္တန္ပါၿပီ။ တူညီေသာ အရာတစ္ခုကို အၿမဲလုပ္ေဆာင္ေနၿပီး ထူးျခားေကာင္းမြန္ေသာ ရလဒ္တစ္ခုေတာ့ ရလာမွာ မဟုတ္ပါဘူး။

ဘ၀မွာ ေအာင္ျမင္ေပ်ာ္ရႊင္ေက်နပ္မွဳရရိွလိုလွ်င္ သင္အရင္ကမေျပာင္းလဲခဲ့ေသာအရာမ်ားကို အခုေျပာင္းလဲလိုက္ပါ။

သင္ေျပာင္းလဲရမယ့္ အရာေတြကေတာ့

၁။ဘ၀မွာသင္ ကိုယ္တိုင္ဆံုးျဖတ္ၿပီး ေျပာင္းလဲရမည့္အရာမ်ားကို အျခားသူမ်ား၏ ေထာက္ခံအတည္ျပဳခ်က္မ်ားကို ေစာင့္ဆိုင္းရင္းအခ်ိန္ကုန္ခံ မေတြေ၀ပါနဲ႔။ ကိုယ္တိုင္ ဥာဏ္ရွိရွိစဥ္းစားေရြးခ်ယ္ဆံုးျဖတ္ႏုိင္ေအာင္ ႀကိဳးစားပါ။

၂။အေကာင္းျမင္စိတ္ မရွိျခင္းဟာ သင့္ရဲ႕စိတ္ခံစားခ်က္ေတြကို ပိုမိုဆိုး၀ါးေစပါတယ္။ ေလာကႀကီးက သင့္ကိုေသာက၊ဒုကၡေတြေပးတယ္လို႔ အျပစ္တင္မယ့္အစား အေတြ႔အႀကံဳေကာင္းေတြ၊ အခြင့္အေရးေတြေပးေနျခင္းလို႔ ေတြးေတာပါ။

၃။အတိတ္မွာ ျဖစ္ပ်က္ခဲ့ေသာ အရာမ်ားကို ျပန္လည္တူးေဖာ္ရင္း လက္ရွိအခ်ိန္ကို ထိခိုက္မခံပါနဲ႔။ လူတိုင္းအတိတ္မွာ စိတ္ပ်က္စရာ၊နာက်ည္း၀မ္းနည္းစရာ အခ်ိန္ေတြရွိခဲ့မွာပါ။

ဒါေတြေၾကာင့္ သင့္ကိုလူေတြက ေျပာဆိုကဲ့ရဲ႕ေရွာင္ခြာသြားမွာကို ေတြးေၾကာက္မေနပါနဲ႔။ သင္လုပ္ေဆာင္ရမည့္ အလုပ္တာ၀န္မ်ားကိုသာ အာရံုးစူးစိုက္လုပ္ေဆာင္ပါ။

၄။သင္႔ရဲ႕အက်င့္ဆိုးေတြျဖစ္တဲ႔ ေနာက္က်မွဳ၊ အခ်ိန္မတိက်မွဳေၾကာင့္ ယေန႔အထိအခ်ိန္ဘယ္ေလာက္ ျဖဳန္းတီးခဲ႔လဲ ျပန္လည္စဥ္းစားၾကည့္ပါ။ မလိုအပ္ပဲအခ်ိန္မ်ား မဆံုးရွံဳးရေအာင္ ေသခ်ာစီမံခန္႔ခြဲပါ။

၅။အဆိပ္နဲ႔တူေသာလူမ်ားႏွင့္ ေ၀းႏုိင္ေအာင္ေနပါ။ဒီလိုလူေတြနဲ႔ ေပါင္းသင္းဆက္ဆံျခင္းဟာ သင့္ရဲ႕ဘ၀အတြက္ ႀကီးမားေသာအေႏွာက္အယွက္တစ္ခုပါ။အေကာင္းျမင္တတ္ေသာ လူမ်ားကိုမိတ္ေဆြဖြဲ႔ပါ။

၆။တစ္စံုတစ္ယာက္၏ ဦးေဆာင္ညႊန္ျပမွဳကို အၿမဲလိုအပ္ေနသူ တစ္ေယာက္မျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲေနထိုင္ပါ။

၇။တစ္ေန႔တြင္အလုပ္ခ်ိန္ ၉း၀၀မွ၅း၀၀ႏွင့္အသက္၆၀ႏွစ္ကို ပင္စင္ယူခ်ိန္ဟု သတ္မွတ္ထားေပမဲ့လည္း ဒါေတြဟာ စံႏွဳန္းသတ္မွတ္ခ်က္ေတြပါ။ ဒီလိုပဲ ေနထိုင္ရမယ္လို႔ မသတ္မွတ္ေစခ်င္ပါဘူး။

ဒီစံညႊန္းသတ္မွတ္ခ်က္ေတြထဲက ကြဲထြက္ေျပာင္းလဲၿပီးလည္း ေနထိုင္လို႔ရပါတယ္။

၈။ပန္းတိုင္သတ္မွတ္ထားျခင္းမရွိ၊ ဦးတည္ရာမရွိ၊ အစီအစဥ္သတ္မွတ္ထားျခင္းမရွိ လုပ္ကိုင္ေနသည္မ်ားကိုေတာ့ ေျပာင္းလဲလိုက္ပါ။
***
ပြောင်းလဲလိုက်ပါ
ဘဝမှာသင် စိတ်ပျက်ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါသလား။ဒါဆိုသင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ တူညီသော အရာတစ်ခုကို အမြဲလုပ်ဆောင်နေပြီး ထူးခြားကောင်းမွန်သော ရလဒ်တစ်ခုတော့ ရလာမှာ မဟုတ်ပါဘူး။

ဘဝမှာ အောင်မြင်ပျော်ရွှင်ကျေနပ်မှုရရှိလိုလျှင် သင်အရင်ကမပြောင်းလဲခဲ့သောအရာများကို အခုပြောင်းလဲလိုက်ပါ။

သင်ပြောင်းလဲရမယ့် အရာတွေကတော့

၁။ဘဝမှာသင် ကိုယ်တိုင်ဆုံးဖြတ်ပြီး ပြောင်းလဲရမည့်အရာများကို အခြားသူများ၏ ထောက်ခံအတည်ပြုချက်များကို စောင့်ဆိုင်းရင်းအချိန်ကုန်ခံ မတွေဝေပါနဲ့။ ကိုယ်တိုင် ဉာဏ်ရှိရှိစဉ်းစားရွေးချယ်ဆုံးဖြတ်နိုင်အောင် ကြိုးစားပါ။

၂။အကောင်းမြင်စိတ် မရှိခြင်းဟာ သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုမိုဆိုးဝါးစေပါတယ်။ လောကကြီးက သင့်ကိုသောက၊ဒုက္ခတွေပေးတယ်လို့ အပြစ်တင်မယ့်အစား အတွေ့အကြုံကောင်းတွေ၊ အခွင့်အရေးတွေပေးနေခြင်းလို့ တွေးတောပါ။

၃။အတိတ်မှာ ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည်တူးဖော်ရင်း လက်ရှိအချိန်ကို ထိခိုက်မခံပါနဲ့။ လူတိုင်းအတိတ်မှာ စိတ်ပျက်စရာ၊နာကျည်းဝမ်းနည်းစရာ အချိန်တွေရှိခဲ့မှာပါ။

ဒါတွေကြောင့် သင့်ကိုလူတွေက ပြောဆိုကဲ့ရဲ့ရှောင်ခွာသွားမှာကို တွေးကြောက်မနေပါနဲ့။ သင်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကိုသာ အာရုံးစူးစိုက်လုပ်ဆောင်ပါ။

၄။သင့်ရဲ့အကျင့်ဆိုးတွေဖြစ်တဲ့ နောက်ကျမှု၊ အချိန်မတိကျမှုကြောင့် ယနေ့အထိအချိန်ဘယ်လောက် ဖြုန်းတီးခဲ့လဲ ပြန်လည်စဉ်းစားကြည့်ပါ။ မလိုအပ်ပဲအချိန်များ မဆုံးရှုံးရအောင် သေချာစီမံခန့်ခွဲပါ။

၅။အဆိပ်နဲ့တူသောလူများနှင့် ဝေးနိုင်အောင်နေပါ။ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းဟာ သင့်ရဲ့ဘဝအတွက် ကြီးမားသောအနှောက်အယှက်တစ်ခုပါ။အကောင်းမြင်တတ်သော လူများကိုမိတ်ဆွေဖွဲ့ပါ။

၆။တစ်စုံတစ်ယာက်၏ ဦးဆောင်ညွှန်ပြမှုကို အမြဲလိုအပ်နေသူ တစ်ယောက်မဖြစ်အောင် ပြုပြင်ပြောင်းလဲနေထိုင်ပါ။

၇။တစ်နေ့တွင်အလုပ်ချိန် ၉း၀၀မှ၅း၀၀နှင့်အသက်၆၀နှစ်ကို ပင်စင်ယူချိန်ဟု သတ်မှတ်ထားပေမဲ့လည်း ဒါတွေဟာ စံနှုန်းသတ်မှတ်ချက်တွေပါ။ ဒီလိုပဲ နေထိုင်ရမယ်လို့ မသတ်မှတ်စေချင်ပါဘူး။

ဒီစံညွှန်းသတ်မှတ်ချက်တွေထဲက ကွဲထွက်ပြောင်းလဲပြီးလည်း နေထိုင်လို့ရပါတယ်။

၈။ပန်းတိုင်သတ်မှတ်ထားခြင်းမရှိ၊ ဦးတည်ရာမရှိ၊ အစီအစဉ်သတ်မှတ်ထားခြင်းမရှိ လုပ်ကိုင်နေသည်များကိုတော့ ပြောင်းလဲလိုက်ပါ။

Leave a Reply