Accounting, Business, Fixed Assets

Fixed Assets

Fixed Assets ဆိုသည်မှာ တစ်နှစ်ထပ်ပိုပြီး လုပ်ငန်းတွင် အသုံးပြုရန် ဝယ်ယူပြီး အမြတ်ရရန်အတွက် ရင်းနှီးမြှပ်နှံထားသော ပစ္စည်းများကို ဆိုလိုပါသည်။

Fixed Assets အမျိုးအစားများတွင် မြေ၊အဆောက်အဦး၊စက်ပစ္စည်း၊မော်တော်ယာဥ်များ၊ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ပရိဘောဂများ ပါဝင်ပါသည်။
စာရင်းသဘော အရ Fixed Assets များကို ဝယ်ယူရာတွင် အသုံးစရိတ် ပြပြီး မဝယ်ယူသင့်ပါ။
Fixed Assets များ ကို ဝယ်ယူရာတွင် လုပ်ငန်း အစတွင် ဝယ်ယူမှု အများဆုံးဖြစ်ပြီး ထိုဝယ်ယူသည့် အချိန်တွင် စရိတ်ပြပါက လုပ်ငန်းစတင်ကာစအချိန်တွင် စရိတ်စကများပြီး Fixed Assets များကို အသုံးပြုကာ လုပ်ငန်းလည်ပါတ်သည့် အချိန်တွင် စရိတ်စကနည်းနေသည့်အတွက် ဖြစ်သင့်သည့် ကုန်ကျစရိတ်များ လုပ်ငန်းလည်ပါတ်ချိန်တွင် မပါတော့ပါ။

Fixed Assets နှင့် ပါတ်သတ်ပြီး လုပ်ဆောင်သင့်သည့်အချက်များမှာ
၁) ဝယ်ယူသည့် အချိန်တွင် Fixed Assets တစ်မျိုးချင်းစီကို စာရင်းသွင်းပါ။
၂) Fixed Assets တစ်ခုချင်းစီ၏ သက်တမ်းကို သတ်မှတ်ပါ။
၃) လစဥ် Fixed Assets တစ်ခုချင်းစီ အတွက် တန်ဖိုးလျော့ စာရင်းသွင်းပါ။

***


#Fixed_Assets
#BCN

Leave a Reply