Accounting Software, Cloud, Digital Accountant, MSME Books

MSME Books (Cloud Based Accounting Software)


အချိန်ကုန်သက်သာမယ်
အမှားနည်းမယ်
***
လုပ်ငန်းတိုင်းမှာ စာရင်းဇယားဆိုတာ မဖြစ်မနေရှိသင့်တဲ့အရာပါ။

စာရင်းဇယားတွေထားရှိရခြင်းရဲ့ ရည်ရွယ်ချက်တွေကလဲ အမျိုးမျိုးရှိကြပါတယ်။
ကိုယ်တိုင် လိုအပ်တဲ့ အချိန်မှာ ကြည့်ဖို့
အများနဲ့စပ်တူလုပ်တဲ့အခါမှာတော့ လုပ်ငန်းမှာ ငွေကြေးရင်းနှီးမြှပ်နှံထားသူများကို လုပ်ငန်းရဲ့ အခြေအနေကို တင်ပြဖို့
လုပ်ငန်းတွင်းမှာစီမံခန့်ခွဲနေသူများအနေနဲ့ လိုအပ်တဲ့ အချက်အလက်များကို ကောက်နုတ်အသုံးပြုဖို့တို့ဖြစ်ပါတယ်။
မဖြစ်မနေရှိသင့်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စာရင်းဇယားတွေကို ပုံစံအမျိုးမျိုးနဲ့မှတ်တမ်းတင်ကြပါတယ်။ လုပ်ငန်းအချို့ကတော့ လက်ရေးစာရင်းကိုင်ခေါ်ကြပါတယ်။ လယ်ဂျာစာအုပ်တွေအသုံးပြုပြီးမှတ်ကြတယ်။ လုပ်ငန်းအချို့ကလဲ Excel အသုံးပြုကြပါတယ်။ လုပ်ငန်းအချို့ကတော့ စာရင်းပိုင်းဆိုင်ရာ ဆော့လ်ဝဲလ်တွေ အသုံးပြုကြပါတယ်။
စာရင်းပိုင်းဆိုင်ရာ ဆော့လ်ဝဲလ်များ အသုံးပြုခြင်းအားဖြင့်
အချိန်ကုန်သက်သာမယ်
အမှားနည်းမယ်
ဝန်ထမ်းအပြောင်းအလဲ မှာ စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းစဥ် တွေကို အစကပြန်လုပ်စရာမလိုတော့ပါဘူး
စာရင်းပိုင်းဆိုင်ရာ ဆော့လ်ဝဲလ်များ အသုံးပြုတဲ့အခါမှာလည်း
On-Premises လို့ခေါ်တဲ့ မိမိစက်ထဲမှာ ထည့်သွင်းအသုံးပြုရတဲ့ အမျိုးအစား နှင့်
Cloud လို့ခေါ်တဲ့ ကိုယ်ပိုင်အမှတ်၊လျှို့ဝှက်အမှတ်အသား နှင့် internet connection ရှိတာနဲ့ စတင်အသုံးပြုလို့ရတဲ့ အမျိုးအစား ဆိုပြီး (၂)မျိုးရှိပါတယ်။
Cloud ကို အသုံးပြုတဲ့အခါ ရရှိနိုင်တဲ့ အားသာချက်တွေကတော့
စတင်အသုံးပြုခ သက်သာပါတယ်။(အသုံးပြုခကို လချင်းပေးချေနိုင်ပါတယ်)
ထိန်းသိမ်းမှုစရိတ်စကတွေကို လျော့ချနိုင်ပါတယ်။ရုံးတွင်းမှာ Server သီးသန့်ထားစရာမလိုပါဘူး။ Server တွေထိန်းသိမ်းဖို့အတွက် System Administrator မရှိလဲရပါတယ်။
စက်အလုံးရေထပ်တိုးတဲ့အတွက်လည်း ကုန်ကျစရိတ်ထပ်ပေးစရာမလိုပါဘူး။
ဝန်ဆောင်မှုပိုင်းမှာလည်း online support ရနိုင်တဲ့အတွက် အချိန်ကုန်သက်သာတယ်။
အချိန်နေရာမရွေးကနေ အသုံးပြုနိုင်တဲ့အတွက် လုပ်ငန်းရှင်၊မန်နေဂျာက ခရီးသွားနေလည်း လုပ်ငန်းအခြေအနေကို အစီရင်ခံစာ စောင့်စရာမလိုပဲ ကိုယ်တိုင် အစီရင်ခံစာတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
တကယ်တမ်းကတော့ Cloud ကိုနိုင်ငံတကာမှာ အသုံးပြုနေကြပြီ။ မြန်မာနိုင်ငံမှာတော့ အသုံးပြုသူအရေအတွက် နည်းသေးတယ်။
Cloud Based Accounting Software လေးအသုံးပြုဖို့ စဥ်စားနေပြီဆိုရင်တော့
မြန်မာဘာသာဖြင့် အသုံးပြုနိုင်ခြင်း
ငွေကြေးစနစ်အမျိုးမျိုးအသုံးပြုနိုင်ခြင်း
ကုန်သိုလှောင်ရုံတစ်ခုထက်ပိုမိုထားရှိနိုင်ခြင်း
ဆိုင်ခွဲ၊ရုံးခွဲများမှ အသုံးပြုနိုင်ခြင်း စတဲ့ အားသာချက်များရှိတဲ့ MSME Books နဲ့မိတ်ဆက်ပေးပါရစေ။
လစဥ်ကြေး ၃၀၀၀၀ ကျပ်မှ စတင်အသုံးပြုနိုင်ပါတယ်။
အခြားထပ်ဆောင်းဝန်ဆောင်မှုများအနေနဲ့ စတင်အသုံးမပြုမီလိုအပ်သော အချက်အလက်များထည့်သွင်းပေးခြင်း၊အသုံးပြုစဥ်ကာလအတွင်း Audit လုပ်ပေးခြင်းစတဲ့ ဝန်ဆောင်မှုများလည်း ထပ်မံရယူနိုင်ပါတယ်။
အသုံးပြုနေစဥ်ကာလအတွင်းမှာလည်း လိုအပ်ချက်များကို အကြံပေးဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုပါဝင်ပြီးဖြစ်ပါတယ်။
အသေးစိတ်ထပ်မံသိရှိလိုပါက 09 977 160 671 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Leave a Reply