Accounting, Accounting Software, MSME Books

ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books

လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများနှင့် ထည့်ဝင်ထားသည် ငွေပမာဏ များကို ရင်းနှီးငွေစာရင်းများတွင် ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်းသို့ ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများ ထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ ရှယ်ယာရှင်တစ်ဦးချင်းစီမှ လုပ်ငန်းသို့ထည့်ဝင်ငွေစာရင်းသွင်းရန်အတွက် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" တွင် ငွေလက်ခံသည့်နေ့အားရွေးချယ်ပါ။ "စာရင်း" တွင် ငွေလက်ခံသည့် စာရင်းအမည်အားရွေးချယ်ပါ။ "ငွေလက်ခံသူ"၊ "အကြောင်းအရာ" များ လိုအပ်ပါက ထည့်သွင်းနိုင်ပါသည်။ "စာရင်း" တွင် "ရင်းနှီးငွေစာရင်းများ" ကို ရွေးချယ်ပါ။ ရင်နှီးမြှပ်နှံသူအမည်အား ရွေးချယ်ပါ။ "စာရင်းခေါင်းစဉ်ခွဲ"တွင် "ရင်းနှီးငွေထည့်ဝင်မှု"အားရွေးချယ်ပါ။ "ဈေးနှုန်း"တွင် လက်ခံရရှိသည့်… Continue reading ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books