Accounting Software, Cloud, MSME Books

Opening Entry များထည့်သွင်းခြင်း@ MSME Books

ကနဦးလုပ်ဆောင်ချက်များထည့်သွင်းပြီးသည့်အခါတွင် ပိုင်ဆိုင်မှုစာရင်း(Balance Sheet) ကို ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် စာရင်းများစတင်ထည့်သွင်းမည့်ရက်စွဲကိုသတ်မှတ်ပေးရပါမည်။

“Opening Entry” များအားထည့်သွင်းရန်

“Settings” များကိုနှိပ်ပါ။

“Starting Balances” ကိုနှိပ်ပါ။

 

“Set Date” ကိုနှိပ်ပါ။

“MSME Books” တွင်စတင်အသုံးပြုမည်ရက်စွဲအားထည့်သွင်းပါ။ထည့်သွင်းပြီးပါက “Update”ကိုနှိပ်ပါ။

လုပ်ငန်း၏ “Accounts Receivable/Accounts Payable/Inventory on hand” အစရှိသောလုပ်ငန်း၏ “Closing balances” များကို “Starting Balance” တွင်ထည့်သွင်းရမည်။

“Starting Balance”တွင်ထည့်သွင်းရန်အတွက် “Debit & Credit” အောက်တွင်ရှိသောအပြာရောင်ကိန်းဂဏန်းများအားနှိပ်၍ထည့်သွင်းနိုင်ပါသည်။

“Account Receivable” လုပ်ငန်း၏ရရန်ရှိများကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်

“Accounts Receivable”၏”Debit”အောက်တွင်ရှိသောအပြာရောင်ကိန်းဂဏန်းကိုနှိပ်ပါ။

လုပ်ငန်း၏ “Customer List”ပေါ်လာမည်ဖြစ်သည်။ ထို “Customer”များမှ ရရန်ရှိသည့် “Customer Name” ကိုရှာပါ။ ရရန်ရှိသည့် “Customer Name”ကိုတွေ့ပါက “Unpaid Invoices” ၏ အောက်ရှိအပြာရောင်ဖြင့်ပေါ်နေသောဂဏန်းကိုနှိပ်ပါ။

“New Sales Invoice”ကို နှိပ်ပါ။

“Unit Price”တွင် ထို “Customer”ဆီမှ ရရန်ရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များထည့်သွင်းရန်မလိုပါ။

“Unit Price”တွင် ငွေပမာဏထည့်သွင်းပြီးပါက “Create”ကိုနှိပ်ပါ။

ထည့်သွင်းပြီးသော ရရန်ရှိစာရင်းကိုတွေ့မြင်နိုင်ပါသည်။ထို့အပြင်ရရန်ရှိသော “Customer”များရှိပါက ထိုနည်းတူထည့်သွင်းနိုင်ပါသည်။

“bank”စာရင်းများ၏ စာရင်းဖွင့်လက်ကျန်အားထည့်သွင်းရန်

“Cash at bank” ၏ “Debit”အောက်ရှိ အပြာရောင်ဂဏန်းကိုနှိပ်ပါ။

“bank account”များပေါ်လာမည်ဖြစ်သည်။ ဘဏ်စာရင်းများ၏ဘေးတွင်ရှိသော “Edit”ကိုနှိပ်ပါ။

“Statement Balance”တွင်ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များကိုချန်ထားပြီး “Update” ကိုနှိပ်ပါ။

ထည့်သွင်းထားသော bank စာရင်းများကိုတွေ့မြင်နိုင်ပါသည်။

ငွေစာရင်းများ၏ စာရင်းဖွင့်လက်ကျန်အားထည့်သွင်းရန်

“Cash on hand” ၏ “Debit”အောက်ရှိ အပြာရောင်ဂဏန်းကိုနှိပ်ပါ။

ငွေစာရင်းများပေါ်လာမည်ဖြစ်သည်။ ငွေစာရင်းများ၏ဘေးတွင်ရှိသော “Edit”ကိုနှိပ်ပါ။

“Starting Balance”တွင် ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များကိုချန်ထားပြီး “Update”ကိုနှိပ်ပါ။

“USD” ငွေစာရင်းများကို စာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းလိုပါကလည်း “USD” ငွေစာရင်းဘေးမှ “Edit” ကိုနှိပ်ပါ။

“USD” ငွေစာရင်းရှိပါကလည်း “Starting Balance” တွင် “USD” လက်ကျန်ရှိသောငွေပမာဏအားထည့်သွင်းပါ။ “Update” ကိုနှိပ်ပါ။

ထည့်သွင်းထားသော ငွေစာရင်းလက်ကျန်များကိုတွေ့မြင်နိုင်ပါသည်။

“USD Cash” ငွေစာရင်းတွင်လည်း “USD amount” အားမြန်မာငွေဖြင့်တွေ့မြင်ရမည်။

Other Currency အသုံးပြုပါက Exchange Rate သတ်မှတ်ပေးရပါမည်။ Settings အောက်မှ Exchange Rate တွင် သတ်မှတ်နိုင်ပါသည်။

“Inventory Stock”လက်ကျန်များအားထည့်သွင်းရန်အတွက်

“Inventory on hand”၏ “Debit”အောက်ရှိအပြာရောင်ဂဏန်းကိုနှိပ်ပါ။

လုပ်ငန်း၏ “Inventory List”များပေါ်လာမည်။ “Stock”လက်ကျန်ထည့်သွင်းရန်အတွက် “Edit”ကိုနှိပ်ပါ။

“Qty on hand”တွင် ကျန်ရှိသောကုန်ပစ္စည်းလက်ကျန်အရေအတွက်ကိုထည့်သွင်းပါ။

“Average Cost”တွင် ထိုကုန်ပစ္စည်း၏ ပျှမ်းမျှတန်ဖိုးကိုထည့်သွင်းပါ။

အချက်အလက်များကိုထည့်သွင်းပြီးပါက “Update”ကို နှိပ်ပါ။

ကျန်ရှိသော ကုန်ပစ္စည်းများကိုထိုနည်းအတိုင်းထည့်သွင်းနိုင်ပါသည်။

ထည့်သွင်းထားသော “Inventory Stock”လက်ကျန်များကိုတွေ့မြင်နိုင်ပါသည်။

“Fixed Assets”များ၏စာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်

“Fixed Assets”၏”Debit”အောက်ရှိအပြာရောင်ဂဏန်းကိုနှိပ်ပါ။

“Fixed Assets”စာရင်းများပေါ်လာမည်ဖြစ်သည်။ “Fixed Assets item”များ၏ဘေးမှ “Edit”ကိုနှိပ်ပါ။

“Purchase Cost”တွင်ဝယ်ယူရသည့်ပစ္စည်းတန်ဖိုးကိုထည့်သွင်းပါ။

ထည့်သွင်းပြီးပါက “Update”ကိုနှိပ်ပါ။

ထည့်သွင်းထားသော “Fixed Assets Cost”များကိုတွေ့မြင်နိုင်ပါသည်။

ပုံသေပိုင်ပစ္စည်းများကိုတန်ဘိုးလျော့ချခြင်းကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်

“Fixed assets,accumulated depreciation”၏ “Debit”အောက်မှအပြာရောင်ဂဏန်းကိုနှိပ်ပါ။

“Fixed Assets”စာရင်းများပေါ်လာမည်။ “Fixed Assets”များ၏ဘေးတွင်ရှိသော “Edit”ကိုနှိပ်ပါ။

“Accumulate Depreciation”တွင် ငွေပမာဏကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက “Update”ကို နှိပ်ပါ။

ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့ချခြင်းများကို တွေ့မြင်နိုင်ပါသည်။

Fixed Assets Depreciation ထည့်ရာတွင် Accumulated Depreciation ကို ထည့်သွင်းရပါမည်။

လုပ်ငန်း၏ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကဲ့သို့သော ကြိုတင်ပေးထားသောငွေများအတွက်ကြိုပေးငွေစာရင်းအားထည့်သွင်းရန်

“Prepayment” စာရင်း၏ “Edit” ကိုနှိပ်ပါ။

ကြိုပေးငွေပမာဏအား “Starting balance” တွင်ထည့်သွင်းပါ။ ” Update” နှိပ်ပါ။

ထည့်သွင်းထားသောကြိုပေးငွေပမာဏအားတွေ့မြင်ရမည်။

လုပ်ငန်း၏ပေးရန်ရှိ များကိုထည့်သွင်းရန်

“Accounts Payable”၏”Debit”အောက်ရှိအပြာရောင်ဂဏန်းကိုနှိပ်ပါ။

“Supplier name”များပေါ်လာမည်။ ပေးရန်ရှိသည့် “Supplier name”များကိုရှာပါ။ “Supplier name”ကိုတွေ့ပါက “Unpaid Invoice”၏အောက်ရှိအပြာရောင်ပေါ်နေသော ဂဏန်းကိုနှိပ်ပါ။

“New Purchase Invoice”ကို နှိပ်ပါ။

“Unit price”တွင် ပေးရန်ရှိသည့်ငွေပမာဏ ကိုထည့်သွင်းပါ။ ကျန်အချက်အလက်များကို ချန်ထားပြီး “Create”ကို နှိပ်ပါ။

ထည့်သွင်းပြီးသောပေးရန်ရှိစာရင်းကိုမြင်တွေ့နိုင်ပါသည်။ ကျန်ရှိသော ပေးရန်ရှိသည်များကိုလည်းထိုနည်းအတိုင်းထည့်သွင်းနိုင်ပါသည်။

အခြားထည့်သွင်းလိုသောပေးရန်ရှိစာရင်းများကိုလည်းထိုနည်းတူစွာထည့်သွင်းနိုင်သည်။

ပိုင်ရှင်များ၏ရင်းနှီးမြုပ်နှံငွေစာရင်းများအားထည့်သွင်းရန်အတွက်

“Capital Accounts”၏”Credit” အောက်မှအပြာရောင်ကိန်းဂဏန်းကိုနှိပ်ပါ။

“Capital” အမည်တွေ့ရှိပါကရင်းနှီးထားသည့်ငွေပမာဏအားထည့်သွင်းရန်အတွက် “Edit” ကိုနှိပ်ပါ။

“Starting Balance”တွင် ” Amount to Pay ” အားရွေးချယ်ပါ။

ရင်းနှီးထားသည့်ငွေပမာဏအားထည့်သွင်းပါ။ “Update” နှိပ်ပါ။

“Capital”ရင်းနှီးထားသော ငွေပမာဏအားတွေ့မြင်ရမည်။

Opening တွင်ထည့်သွင်းထားသောစာရင်းလက်ကျန်များအားတွေ့မြင်နိုင်သည်။

မာတိကာ

#MSMEBooks

#CloudBasedAccountingSoftware

#BCN

#09-977160671

Leave a Reply