Interview

အလုပ္အင္တာဗ်ဴးေအာင္ဖို႔ ဘာဝတ္သြားရမလဲ

အလုပ္အင္တာဗ်ဴးေအာင္ဖို႔ ဘာဝတ္သြားရမလဲ

ကာလံေဒသံနဲ႕လည္း လိုက္ေလ်ာညီေထြရွိၿပီး သက္ေတာင္႔သက္တာရွိတဲ႔ အဝတ္အစားမ်ိဳးမွ အဆင္ေျပမွာပါ။
အလုပ္အင္တာဗ်ဴးတစ္ခုမွာ အင္တာဗ်ဴးေအာင္ဖို႔ ခက္ခက္ခဲခဲေမးခြန္းေတြေျဖႏိုင္ေအာင္ ျပင္ဆင္ရတာမလြယ္ပါဘူး။ ဒါေပမယ္႔ အင္တာဗ်ဴးေျဖဖို႔သြားရင္ အင္တာဗ်ဴးမယ္႔သူ ကိုယ္႔ကိုအထင္ႀကီးေအာင္ ဘယ္လုိဝတ္စားသြားရမလဲဆိုတာကိုလည္း သိထားဖို႔ လိုပါတယ္။ အေကာင္းဆံုးအဝတ္အစားေတြ ဝတ္ဆင္ထားတိုင္းလည္း အင္တာဗ်ဴးေမးသူက အထင္ႀကီးခ်င္မွႀကီးမွာပါ။ ကာလံေဒသံနဲ႕လည္း လိုက္ေလ်ာညီေထြရွိၿပီး သက္ေတာင္႔သက္တာရွိတဲ႔ အဝတ္အစားမ်ိဳးမွ အဆင္ေျပမွာပါ။
ဘာဝတ္သြားရမလဲ
ဒါနဲ႔ပတ္သက္တဲ႔အၾကံျပဳထားတဲ႔အခ်က္ေတြကိုလည္း ဖတ္ဖူးၾကမွာေပါ႔။ ကိုယ္အင္တာဗ်ဴးေျဖမယ္႔ လုပ္ငန္းနဲ႔ကိုက္ညီမယ္႔ အဝတ္အစားကို ဝတ္ဆင္ပါဆိုတာေလ။ ဥပမာေပးရရင္ ခင္ဗ်ားအလုပ္ေလွ်ာက္မယ္႔ ကုမၼဏီက ဥပေဒအၾကံေပးေအဂ်င္စီဆိုရင္ ျမန္မာဝတ္စံု (သို႔) အေနာက္တိုင္းဝတ္စံုနဲ႔ သပ္သပ္ရပ္ရပ္ဝတ္ဆင္သြားသင္႔ၿပီး နည္းပညာကုမၼဏီဆိုရင္ေတာ႔ အရမ္းႀကီး formal က်တဲ႔အဝတ္အစားေတြ ဝတ္ဖို႔မလိုဘဲ ေပါ႔ေပါ႔ပါးပါး သပ္သပ္ရပ္ရပ္ဝတ္ဆင္သြားႏိုင္ပါတယ္။
သူငယ္ခ်င္းေတြနဲ႔ေလွ်ာက္လည္ရင္ဝတ္သလို အရမ္းလူငယ္ဆန္တဲ႔ဖက္ရွင္မ်ိဳးကိုေတာ႔ မဝတ္ဆင္သင္႔ပါဘူး။ အင္တာဗ်ဴးဆိုတာ TGIF party နဲ႕မတူဘူးဆိုတာတစ္ခ်က္ေတာ႔ သတိျပဳထားသင္႔ပါတယ္။
ဘာအေရာင္ဝတ္ရမလဲ

CareerBuilder and Harris Interactive ကေနၿပီးေတာ႔ HR မန္ေနဂ်ာေတြနဲ႔ ဝန္ထမ္းေရြးခ်ယ္ေရးမန္ေနဂ်ာေပါင္းစံုကုိ တစ္ခုတည္းေသာေမးခြန္းကိုေမးၿပီး ဆာေဗးေကာက္ခဲ႔ပါတယ္္။ အဲဒီေမးခြန္းကေတာ႔ “အလုပ္အင္တာဗ်ဴးတစ္ခုမွာ ဘယ္အေရာင္ ဝတ္လာတာအေကာင္းဆံုးလဲ” ဆိုတဲ႔ေမးခြန္းပါပဲ။ ဆာေဗးအရေတာ႔ အျပာေရာင္ဟာ အင္တာဗ်ဴးမယ္႔သူေတြ အႀကိဳက္ဆံုးအေရာင္ ျဖစ္ၿပီး လိေမၼာ္ေရာင္ ေတာက္ေတာက္ႀကီးကေတာ႔ လူႀကိဳက္အနည္းဆံုးအေရာင္ျဖစ္ပါတယ္။
ဒါေပမယ္္႔ ေနာက္တစ္ခုရွိတာက ဘာအေရာင္ဝတ္ရမလဲဆံုးျဖတ္တဲ႔လုပ္ငန္းစဥ္ဟာ ဘာအင္တာဗ်ဴးပဲျဖစ္ျဖစ္ အျပာေရာင္ကိုပဲ ေရြးခ်ယ္ၿပီး လိေမၼာ္ေရာင္အက်ၤ ီေတြကို အမႈိက္ပံုးထဲဝဲလိုက္မယ္ဆိုတာထက္ အမ်ားႀကီးရႈပ္ေထြးေနပါေသးတယ္။ အလုပ္ရွင္ေတြက အင္တာဗ်ဴးေျဖမယ္႕သူဝတ္လာတဲ႔အေရာင္ဟာလည္း အင္တာဗ်ဴးေျဖေနနခ်ိန္မွာ အသံတိတ္သတင္းေပးပို႔မႈေတြကို လုပ္လာသလိုပဲလို႔ ဆိုထားပါတယ္။ ခင္ဗ်ားဝတ္လာတဲ႔အေရာင္က team spirit (အဖြဲ႕လိုက္အလုပ္လုပ္တတ္သူ) ရွိသူလို႔ ေဖာ္ျပေနလား။ တီထြင္ဖန္တီးႏိုင္စြမ္းေကာင္းသူလို႔ ေဖာ္္ျပေနလား စသျဖင္႔ေပါ႔။
“အင္တာဗ်ဴးတစ္ခုမွာ first impression လို႔ေခၚတဲ႔ အခန္းထဲဝင္လာလာခ်င္းမွာ မိမိကိုအကဲျဖတ္ခံလိုက္ရတဲ႔အျမင္ဟာ အလြန္အေရးႀကီးပါတယ္။ အင္တာဗ်ဴးေတာင္မစရေသးဘဲ first impression နဲ႔တင္ အပယ္ခံလိုက္ရတာမ်ိဳး ခင္ဗ်ားလည္း ျဖစ္ခ်င္မွာမဟုတ္ပါဘူး” လို႔ အေမရိကန္၊ တကၠဆပ္ျပည္နယ္က အတိုင္ပင္ခံကုမၼဏီတစ္ခုက ဌာနမွဴးတစ္ဦးျဖစ္သူ Sherry Maysonave လို႔ဆိုပါတယ္။ “First impression ဆိုတာ စေတြ႕ေတြ႕ခ်င္း စကၠန္႕ (၃၀) အတြင္းမွာျဖစ္ႏိုင္ၿပီး အဲဒီအခ်ိန္မွာ ခင္ဗ်ားရဲ႕ဝတ္ပံုစားပံု၊ ေျပာပံံုဆိုပံုေတြက အရမ္းတာသြားပါလိမ္႔မယ္” လို႔လည္း ဆုိပါတယ္။
အင္တာဗ်ဴးတစ္ခုကို ေကာင္းမြန္စြာေျဖႏိုင္ေစဖို႔ အေရာင္ေတြကေပးႏိုင္တဲ႔ အသံတိတ္သတင္းပို႔ခ်က္ေတြအေၾကာင္း ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။
၁။ အျပာေရာင္

အထက္မွာေဖာ္ျပထားသလိုပဲ။ ဆာေဗးတိုင္းတာခ်က္ေတြအရ အျပာေရာင္ဆိုတာ အလုပ္ရွင္ေတြမ်က္စိထဲမွာ သေဘာအက်ဆံုး အေရာင္တစ္မ်ိဳးပါပဲ။ ကြ်မ္းက်င္သူေတြရဲ႕အဆိုအရ အျပာေရာင္ဟာ ခင္ဗ်ားဟာ ယံုၾကည္လို႔ရတဲ႔လူတစ္ေယာက္ျဖစ္ေၾကာင္းနဲ႔ မိမိကိုယ္္ကိုယ္လည္း ယံုၾကည္မႈအျပည္႔ရွိေၾကာင္း ေဖာ္ျပေနပါတယ္တဲ႔။
၂။ အညိဳေရာင္


အညိဳေရာင္နဲ႔ပတ္သက္ၿပီး အဆိုးျမင္ၾကတာေတြေတာ႔ မရွိပါဘူး။ အညိဳေရာင္ဝတ္ဆင္ျခင္းျဖင္႔ သက္ေတာင္႔သက္တာရွိျခင္း၊ ရိုးရွွင္းျခင္း၊ အလုပ္နဲ႔ပတ္သက္ၿပီး မွီခိုႏိုင္ျခင္း၊ ေရွးရိုးဆန္ျခင္းစတာေတြကို ေဖာ္ျပေနပါတယ္။ ဒါေပမယ္႔ ဒီလိုအေရာင္မ်ိဳးကေတာ႔ နည္းပညာကုမၼဏီလိိုမ်ိဳး ခင္ဗ်ားရဲ႕ေဖာက္ထြက္ေတြးေခၚႏိုင္စြမ္းေတြ၊ ေခတ္မီတဲ႔အေတြးအေခၚေတြကို လိုခ်င္တဲ႔သူေတြေရွ႕မွာေတာ႔ ဝတ္လို႔အဆင္မေျပ ပါဘူး။ နည္းနည္းေရွးရိုးဆန္ၿပီး တည္ၿငိမ္ဖို႔လိုတဲ႔ အလုပ္အင္တာဗ်ဴးမ်ိဳးမွာပဲ ဝတ္ဆင္ဖို႔ေရြးခ်ယ္သင္႔ပါတယ္။
၃။ အနက္ေရာင္

အျပာေရာင္လိုပဲ… အနက္ေရာင္ဟာလည္း အလုပ္ရွင္ေတြ၊ အင္တာဗ်ဴးပုဂၢိဳလ္ေတြ အႏွစ္သက္ဆံုးအေရာင္တစ္မ်ိဳးပါပဲတဲ႔။ အနက္ေရာင္မွာ ရိုးစင္းၿပီး မိမိကုိယ္ကိုယ္ယံုၾကည္မႈအျပည္႔ရွိျခင္းကို ေပၚလြင္ေနေစပါတယ္။ ဒါေပမယ္႔ အလုပ္အင္တာဗ်ဴးတစ္ခုမွာ အနက္ေရာင္ဝတ္မယ္ဆိုရင္ သတိထားစရာေလးေတြရွိေနပါေသးတယ္။ အေရာင္ကြ်မ္းက်င္သူေတြကေတာ႔ အနက္ေရာင္ဟာ ၾသဇာအာဏာ ရွိျခင္းကိုလည္း ကိုယ္စားျပဳေနေတာ႔ အုပ္ခ်ဳပ္ေရးပိုင္းရာထူးေတြကို ေလွ်ာက္မယ္႔သူေတြနဲ႔ အထူးသင္္႔ေလ်ာ္ပါတယ္ လို႔ဆိုပါတယ္။
ဒါေပမယ္႔ မိမိေလွ်ာက္မယ္႔ရာထူးဟာ လက္ေထာက္ရာထူးမ်ိဳးျဖစ္ေနရင္ မိမိကို အင္တာဗ်ဴးမယ္႔ပုဂၢိဳလ္ကို ၾသဇာလႊမ္းမိုးသလို ျဖစ္သြားႏိုင္တာေလးတစ္ခ်က္ေတာ႔ သတိျပဳပါ။ တစ္ခါတေလက်ရင္ အရမ္းႀကီးယံုၾကည္မႈလြန္ကဲၿပီး ၾသဇာရွိပံုေပါက္ေနတဲ႔သူေတြကို မိမိတို႔ရဲ႕လက္ေထာက္အျဖစ္ မလိုခ်င္ၾကပါဘူး။
၄။ အနီေရာင္
အလုပ္အင္တာဗ်ဴးတစ္ခုမွာ အနီေရာင္ဝတ္သြားမယ္ဆိုရင္ (မ်ားေသာအားျဖင္႔ မိန္းကေလးေတြ) ဆြဲေဆာင္မႈရွိျခင္းနဲ႔ ထက္ျမက္ျခင္းကို ေဖာ္ျပႏိုင္မွာပါ။ ဒါေပမယ္႔ အင္တာဗ်ဴးမယ္႔သူေတြဟာ အနီေရာင္ကို တစ္မ်ိဳးျမင္သြားႏိုင္ပါေသးတယ္။ အနီေရာင္ဝတ္လာတဲ႔သူေတြက စိတ္ၾကြလြယ္ၿပီး ကလန္ကဆန္လုပ္တတ္သူူေတြလို႔ ျမင္လာစရာရွိႏိုင္ပါတယ္။ ဒါေပမယ္႔ အေရာင္းစာေရးတို႔၊ ဥပေဒလုပ္ငန္းတို႔လို နယ္ပယ္ ေတြမွာေတာ႔ အနီေရာင္ဝတ္္ဆင္ျခင္းဟာ အေကာင္းဆံုးေရြးခ်ယ္မႈပါပဲ။
၅။ မီးခုိးေရာင္
တကယ္လို႔ခင္ဗ်ားဟာ အလုပ္ရွင္ကို ခင္ဗ်ားရဲ႕အကဲျဖတ္ႏိုင္စြမ္းနဲ႔ စနစ္က်က်ေတြးေခၚႏိုင္စြမ္းေတြကို အသံတိတ္ျပသခ်င္တယ္ ဆိုရင္ေတာ႔ မီးခိုးေရာင္ကို ေရြးခ်ယ္သင္႔ပါတယ္။ ဒီအေရာင္ကေတာ႔ ဘယ္လုပ္ငန္းနယ္ပယ္က အလုပ္ရွင္မ်ိဳးနဲ႔မဆို ကိုက္ညီတဲ႔အေရာင္တစ္မ်ိဳးပါ။
၆။ လိေမၼာ္ေရာင္

CareerBuilder ရဲ႕ဆာေဗးထဲမွာေတာ႔ လိေမၼာ္ေရာင္ဟာ အလုပ္အင္တာဗ်ဴးတစ္ခုမွာ မဝတ္ဆင္သင္႔ဆံုးအေရာင္တစ္မ်ိဳးအျဖစ္ စာရင္းဝင္ေနပါတယ္။ အလုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက လိေမၼာ္ေရာင္ဝတ္လာသူကို ပေရာ္ဖက္ရွင္နယ္မဆန္ဘူးလို႔ အထင္ေရာက္ၾကပါတယ္။ နာရူတိုေတြအၾကည္႔မ်ားၿပီး “This is my ninja way” ဆိုၿပီး လိေမၼာ္ေရာင္ဝတ္ခ်င္စိတ္ေတြ တဖြားဖြားေပၚေနရင္ေတာ႔ အင္တာဗ်ဴးက်ဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

Credit : Duwun

***
အလုပ်အင်တာဗျူးအောင်ဖို့ ဘာဝတ်သွားရမလဲ
ကာလံဒေသံနဲ့လည်း လိုက်လျောညီထွေရှိပြီး သက်တောင့်သက်တာရှိတဲ့ အဝတ်အစားမျိုးမှ အဆင်ပြေမှာပါ။
အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးအောင်ဖို့ ခက်ခက်ခဲခဲမေးခွန်းတွေဖြေနိုင်အောင် ပြင်ဆင်ရတာမလွယ်ပါဘူး။ ဒါပေမယ့် အင်တာဗျူးဖြေဖို့သွားရင် အင်တာဗျူးမယ့်သူ ကိုယ့်ကိုအထင်ကြီးအောင် ဘယ်လိုဝတ်စားသွားရမလဲဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ အကောင်းဆုံးအဝတ်အစားတွေ ဝတ်ဆင်ထားတိုင်းလည်း အင်တာဗျူးမေးသူက အထင်ကြီးချင်မှကြီးမှာပါ။ ကာလံဒေသံနဲ့လည်း လိုက်လျောညီထွေရှိပြီး သက်တောင့်သက်တာရှိတဲ့ အဝတ်အစားမျိုးမှ အဆင်ပြေမှာပါ။
ဘာဝတ်သွားရမလဲ
ဒါနဲ့ပတ်သက်တဲ့အကြံပြုထားတဲ့အချက်တွေကိုလည်း ဖတ်ဖူးကြမှာပေါ့။ ကိုယ်အင်တာဗျူးဖြေမယ့် လုပ်ငန်းနဲ့ကိုက်ညီမယ့် အဝတ်အစားကို ဝတ်ဆင်ပါဆိုတာလေ။ ဥပမာပေးရရင် ခင်ဗျားအလုပ်လျှောက်မယ့် ကုမ္မဏီက ဥပဒေအကြံပေးအေဂျင်စီဆိုရင် မြန်မာဝတ်စုံ (သို့) အနောက်တိုင်းဝတ်စုံနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားသင့်ပြီး နည်းပညာကုမ္မဏီဆိုရင်တော့ အရမ်းကြီး formal ကျတဲ့အဝတ်အစားတွေ ဝတ်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့လျှောက်လည်ရင်ဝတ်သလို အရမ်းလူငယ်ဆန်တဲ့ဖက်ရှင်မျိုးကိုတော့ မဝတ်ဆင်သင့်ပါဘူး။ အင်တာဗျူးဆိုတာ TGIF party နဲ့မတူဘူးဆိုတာတစ်ချက်တော့ သတိပြုထားသင့်ပါတယ်။
ဘာအရောင်ဝတ်ရမလဲ

1

CareerBuilder and Harris Interactive ကနေပြီးတော့ HR မန်နေဂျာတွေနဲ့ ဝန်ထမ်းရွေးချယ်ရေးမန်နေဂျာပေါင်းစုံကို တစ်ခုတည်းသောမေးခွန်းကိုမေးပြီး ဆာဗေးကောက်ခဲ့ပါတယ်။ အဲဒီမေးခွန်းကတော့ “အလုပ်အင်တာဗျူးတစ်ခုမှာ ဘယ်အရောင် ဝတ်လာတာအကောင်းဆုံးလဲ” ဆိုတဲ့မေးခွန်းပါပဲ။ ဆာဗေးအရတော့ အပြာရောင်ဟာ အင်တာဗျူးမယ့်သူတွေ အကြိုက်ဆုံးအရောင် ဖြစ်ပြီး လိမ္မော်ရောင် တောက်တောက်ကြီးကတော့ လူကြိုက်အနည်းဆုံးအရောင်ဖြစ်ပါတယ်။
ဒါပေမယ့်် နောက်တစ်ခုရှိတာက ဘာအရောင်ဝတ်ရမလဲဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ဘာအင်တာဗျူးပဲဖြစ်ဖြစ် အပြာရောင်ကိုပဲ ရွေးချယ်ပြီး လိမ္မော်ရောင်အင်္ကျ ီတွေကို အမှိုက်ပုံးထဲဝဲလိုက်မယ်ဆိုတာထက် အများကြီးရှုပ်ထွေးနေပါသေးတယ်။ အလုပ်ရှင်တွေက အင်တာဗျူးဖြေမယ့်သူဝတ်လာတဲ့အရောင်ဟာလည်း အင်တာဗျူးဖြေနေနချိန်မှာ အသံတိတ်သတင်းပေးပို့မှုတွေကို လုပ်လာသလိုပဲလို့ ဆိုထားပါတယ်။ ခင်ဗျားဝတ်လာတဲ့အရောင်က team spirit (အဖွဲ့လိုက်အလုပ်လုပ်တတ်သူ) ရှိသူလို့ ဖော်ပြနေလား။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းသူလို့ ဖော်ပြနေလား စသဖြင့်ပေါ့။
“အင်တာဗျူးတစ်ခုမှာ first impression လို့ခေါ်တဲ့ အခန်းထဲဝင်လာလာချင်းမှာ မိမိကိုအကဲဖြတ်ခံလိုက်ရတဲ့အမြင်ဟာ အလွန်အရေးကြီးပါတယ်။ အင်တာဗျူးတောင်မစရသေးဘဲ first impression နဲ့တင် အပယ်ခံလိုက်ရတာမျိုး ခင်ဗျားလည်း ဖြစ်ချင်မှာမဟုတ်ပါဘူး” လို့ အမေရိကန်၊ တက္ကဆပ်ပြည်နယ်က အတိုင်ပင်ခံကုမ္မဏီတစ်ခုက ဌာနမှူးတစ်ဦးဖြစ်သူ Sherry Maysonave လို့ဆိုပါတယ်။ “First impression ဆိုတာ စတွေ့တွေ့ချင်း စက္ကန့် (၃၀) အတွင်းမှာဖြစ်နိုင်ပြီး အဲဒီအချိန်မှာ ခင်ဗျားရဲ့ဝတ်ပုံစားပုံ၊ ပြောပံုံဆိုပုံတွေက အရမ်းတာသွားပါလိမ့်မယ်” လို့လည်း ဆိုပါတယ်။
အင်တာဗျူးတစ်ခုကို ကောင်းမွန်စွာဖြေနိုင်စေဖို့ အရောင်တွေကပေးနိုင်တဲ့ အသံတိတ်သတင်းပို့ချက်တွေအကြောင်း အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ အပြာရောင်

2

အထက်မှာဖော်ပြထားသလိုပဲ။ ဆာဗေးတိုင်းတာချက်တွေအရ အပြာရောင်ဆိုတာ အလုပ်ရှင်တွေမျက်စိထဲမှာ သဘောအကျဆုံး အရောင်တစ်မျိုးပါပဲ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ အပြာရောင်ဟာ ခင်ဗျားဟာ ယုံကြည်လို့ရတဲ့လူတစ်ယောက်ဖြစ်ကြောင်းနဲ့ မိမိကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနေပါတယ်တဲ့။
၂။ အညိုရောင်

1
အညိုရောင်နဲ့ပတ်သက်ပြီး အဆိုးမြင်ကြတာတွေတော့ မရှိပါဘူး။ အညိုရောင်ဝတ်ဆင်ခြင်းဖြင့် သက်တောင့်သက်တာရှိခြင်း၊ ရိုးရှင်းခြင်း၊ အလုပ်နဲ့ပတ်သက်ပြီး မှီခိုနိုင်ခြင်း၊ ရှေးရိုးဆန်ခြင်းစတာတွေကို ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီလိုအရောင်မျိုးကတော့ နည်းပညာကုမ္မဏီလိုမျိုး ခင်ဗျားရဲ့ဖောက်ထွက်တွေးခေါ်နိုင်စွမ်းတွေ၊ ခေတ်မီတဲ့အတွေးအခေါ်တွေကို လိုချင်တဲ့သူတွေရှေ့မှာတော့ ဝတ်လို့အဆင်မပြေ ပါဘူး။ နည်းနည်းရှေးရိုးဆန်ပြီး တည်ငြိမ်ဖို့လိုတဲ့ အလုပ်အင်တာဗျူးမျိုးမှာပဲ ဝတ်ဆင်ဖို့ရွေးချယ်သင့်ပါတယ်။
၃။ အနက်ရောင်

အပြာရောင်လိုပဲ… အနက်ရောင်ဟာလည်း အလုပ်ရှင်တွေ၊ အင်တာဗျူးပုဂ္ဂိုလ်တွေ အနှစ်သက်ဆုံးအရောင်တစ်မျိုးပါပဲတဲ့။ အနက်ရောင်မှာ ရိုးစင်းပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိခြင်းကို ပေါ်လွင်နေစေပါတယ်။ ဒါပေမယ့် အလုပ်အင်တာဗျူးတစ်ခုမှာ အနက်ရောင်ဝတ်မယ်ဆိုရင် သတိထားစရာလေးတွေရှိနေပါသေးတယ်။ အရောင်ကျွမ်းကျင်သူတွေကတော့ အနက်ရောင်ဟာ သြဇာအာဏာ ရှိခြင်းကိုလည်း ကိုယ်စားပြုနေတော့ အုပ်ချုပ်ရေးပိုင်းရာထူးတွေကို လျှောက်မယ့်သူတွေနဲ့ အထူးသင့််လျော်ပါတယ် လို့ဆိုပါတယ်။
ဒါပေမယ့် မိမိလျှောက်မယ့်ရာထူးဟာ လက်ထောက်ရာထူးမျိုးဖြစ်နေရင် မိမိကို အင်တာဗျူးမယ့်ပုဂ္ဂိုလ်ကို သြဇာလွှမ်းမိုးသလို ဖြစ်သွားနိုင်တာလေးတစ်ချက်တော့ သတိပြုပါ။ တစ်ခါတလေကျရင် အရမ်းကြီးယုံကြည်မှုလွန်ကဲပြီး သြဇာရှိပုံပေါက်နေတဲ့သူတွေကို မိမိတို့ရဲ့လက်ထောက်အဖြစ် မလိုချင်ကြပါဘူး။
၄။ အနီရောင်
အလုပ်အင်တာဗျူးတစ်ခုမှာ အနီရောင်ဝတ်သွားမယ်ဆိုရင် (များသောအားဖြင့် မိန်းကလေးတွေ) ဆွဲဆောင်မှုရှိခြင်းနဲ့ ထက်မြက်ခြင်းကို ဖော်ပြနိုင်မှာပါ။ ဒါပေမယ့် အင်တာဗျူးမယ့်သူတွေဟာ အနီရောင်ကို တစ်မျိုးမြင်သွားနိုင်ပါသေးတယ်။ အနီရောင်ဝတ်လာတဲ့သူတွေက စိတ်ကြွလွယ်ပြီး ကလန်ကဆန်လုပ်တတ်သူူတွေလို့ မြင်လာစရာရှိနိုင်ပါတယ်။ ဒါပေမယ့် အရောင်းစာရေးတို့၊ ဥပဒေလုပ်ငန်းတို့လို နယ်ပယ် တွေမှာတော့ အနီရောင်ဝတ်ဆင်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ။
၅။ မီးခိုးရောင်
တကယ်လို့ခင်ဗျားဟာ အလုပ်ရှင်ကို ခင်ဗျားရဲ့အကဲဖြတ်နိုင်စွမ်းနဲ့ စနစ်ကျကျတွေးခေါ်နိုင်စွမ်းတွေကို အသံတိတ်ပြသချင်တယ် ဆိုရင်တော့ မီးခိုးရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒီအရောင်ကတော့ ဘယ်လုပ်ငန်းနယ်ပယ်က အလုပ်ရှင်မျိုးနဲ့မဆို ကိုက်ညီတဲ့အရောင်တစ်မျိုးပါ။
၆။ လိမ္မော်ရောင်

2

CareerBuilder ရဲ့ဆာဗေးထဲမှာတော့ လိမ္မော်ရောင်ဟာ အလုပ်အင်တာဗျူးတစ်ခုမှာ မဝတ်ဆင်သင့်ဆုံးအရောင်တစ်မျိုးအဖြစ် စာရင်းဝင်နေပါတယ်။ အလုပ်ရှင်တော်တော်များများက လိမ္မော်ရောင်ဝတ်လာသူကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ အထင်ရောက်ကြပါတယ်။ နာရူတိုတွေအကြည့်များပြီး “This is my ninja way” ဆိုပြီး လိမ္မော်ရောင်ဝတ်ချင်စိတ်တွေ တဖွားဖွားပေါ်နေရင်တော့ အင်တာဗျူးကျဖို့ ရာခိုင်နှုန်းများပါတယ်။

Credit : Duwun

Leave a Reply