MSME Books

ကြိုတင်ပေးငွေစာရင်းထည့်သွင်းခြင်း@MSMEBooks

လုပ်ငန်း၏ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကဲ့သို့သော ကြိုတင်ပေးထားသောငွေများအတွက်စာရင်းသွင်းရာတွင် ငွေပေးချေသည့်လအတွက် စရိတ်မပြသင့်ပါ။

အသုံပြုသည့်ကာလများအတွက် မျှဝေ၍ စရိတ်ကျခံသည့်စာရင်းအားထည့်သွင်းခြင်း

ကြိုတင်ပေးထားသောငွေများအား ကြိုတင်ပေးငွေအဖြစ်စာရင်းထည့်သွင်းရန်အတွက် စာရင်းခေါင်းစဥ်ထည့်သွင်းရမည်။

စာရင်းခေါင်စဥ်အားထည့်သွင်းရန်အတွက်

ဆက်တင်များကိုနှိပ်ပါ။

စာရင်းခေါင်းစဥ်များကိုနှိပ်ပါ။

လက်ကျန်ရှင်းတမ်းဘက်တွင်ကြိုတင်ပေးငွေစာရင်းအားထည့်သွင်းရန်အတွက် လက်ကျန်ရှင်းတမ်းဘက်မှ စာရင်းအသစ်ကိုနှိပ်ပါ။

အမည်တွင် ကြိုတင်ပေးငွေအားထည့်သွင်းပါ။

အုပ်စုတွင်ရပိုင်ခွင့်အုပ်စုအားရွေးချယ်ပါ။

ဖန်တီးမည် ကိုနှိပ်ပါ။

ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကြိုပေးငွေများအား (၆)လ(သို့) (၁)နှစ်စာအားကြိုတင်ပေးသွင်းထားသော စာရင်းအားထည့်သွင်းရန် အတွက် ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများကိုနှိပ်ပါ။

ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။

ငွေကြိုပေးသည့်ရက်စွဲအားထည့်သွင်းပါ။

ငွေစာရင်းအားရွေးချယ်ပါ။

အမျိုးအမည်ဘေးမှစာရင်းတွင်ကြိုတင်ပေးငွေနှင့်သက်ဆိုင်သည့်စာရင်းအားရွေးချယ်ပါ။ အကြောင်းအရာတွင်မှတ်သားလိုသည့်အကြောင်းအရာအားထည့်သွင်းရေးသားပါ။

အရေအတွက်တွင် ကြိုတင်ပေးချေလိုက်သည့်လအရေအတွက်အားထည့်သွင်းပါ။

ဈေးနှုန်းတွင်တစ်လစာငွေပမာဏအားထည့်သွင်ပါ။

ဖန်တီးမည်ကိုနှိပ်ပါ။

ကြိုတင်ပေးထားသည့်စာရင်းအားတွေ့မြင်ရမည်။

စာရင်းချုပ်၏ရပိုင်ခွင့်အောက်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း ကြိုတင်ပေးငွေစာရင်းတွင်ကြိုပေးငွေပမာဏအာားတွ့မြင်ရမည်။

ကြိုတင်ပေးငွေအားလစဥ်စရိတ်ပြရန်အတွက် ဆက်တင်များမှ ထပ်တလဲလဲဂျာနယ်စာရင်းများကိုနှိပ်ပါ။

ထပ်တလဲလဲဂျာနယ်စာရင်းအသစ်အားရွေးချယ်ပါ။

နောက်တစ်ကြိမ်ထုတ်ပေးမည့်ရက်စွဲတွင် စရိတ်ပြမည့်ရက်အားထည့်သွင်းပါ။

စာရင်း၏ အပေါ်ဇယားကွက်တွင်စရိတ်ထည့်သွင်းမည့်စာရင်းအားရွေချယ်၍ မြီစားတွင်(၁)လစာတန်ဖိုးအားထည့်သွင်းပါ။

စာရင်း၏ အောက်ဇယားကွက်တွင် ကြိုတင်ပေးငွေစာရင်းအားရွေးချယ်၍ မြီရှင်တွင်(၁) လစာတန်ဖိုးအားထည့်သွင်းပါ။

ဖန်တီးမည်နှိပ်ပါ။

ထပ်တလဲလဲဂျာနယ်စာရင်းဇယားတွင်ကြည့်ရှု့ပါကလတိုင်စရိတ်အဖြစ်ထည့်သွင်းမည့် စာရင်းအားတွေ့မြင်ရမည်။

ဂျာနယ်စာရင်းများ တွင်(+1)ပေါ်လာပါကဂျာနယ်ရိုက်မည်ရက်ရောက်ပြီဟု Alertပေးခြင်းဖြစ်သည်။

(+1)အားတွေ့ရှိပါက (+1)အားနှိပ်ပါ။

တစ်ခုမကသည့်ထပ်တလဲလဲဂျာနယ်စာရင်းများရေးသွင်းရန်ကျန်ရှိနေပါသည်ကိုနှိပ်ပါ။

ဂျာနယ်စာရင်းအားထည့်သွင်းရန်အတွက် ဖန်တီးမည်ကိုနှိပ်ပါ။

တစ်လစာဂျာနယ်ရိုက်ပြီးသားစာရင်းအားတွေ့မြင်ရမည်။

စာရင်းချုပ်၏ရပိုင်ခွင့်တွင်ပြန်လည်ကြည့်ရှု့ပါကကြိုတင်ပေးငွေတွင်တစ်လစာပမာဏလျော့၍ စရိတ်တွင်တိုးသွားကြောင်းတွေ့မြင်ရမည်။

မာတိကာ

# MSMEBooks

# Cloud Based Accounting Software

# BCN

# 09977160671~5

Leave a Reply