MSME Books

ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks

ရောင်းသူ/ကုန်ပေးသွင်းသူများအား ငွေပေးချေသော အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

၁) အဝယ်ပြေစာ တစ်ဆောင်ခြင်းအတွက်ငွေပေးချေခြင်း

အဝယ်ပြေစာ သို့သွားပါ။ ငွေပေးချေမည့် ရောင်းသူ/ကုန်ပေးသွင်း (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။

ငွေပေးချေမည့်ပြေစာ၏ကျန်ငွေအားနှိပ်ပါ။ ပြေစာ နံပါတ် 5 ဘေးမှ 115500 အားနှိပ်ပါမည်။

ငွေပေးချေလွှာအသစ်အား နှိပ်ပါ။

ငွေပေးချေလွှာတွင် ငွေထုတ်ပေးသည့် ငွေစာရင်းစာအုပ်အား ရွေးပါ။

ပေးချေသည့်ငွေပမာဏအား ဈေးနှုန်းတွင်ထည့်သွင်းပါ။

ဖန်တီးမည်ကို နှိပ်ပါ။

ငွေပေးချေထားသည့်ပြေစာအားတွေ့မြင်ရမည်။

အဝယ်ပြေစာတွင်ပြန်လည်ကြည့်ရှု့ပါက စုစုပေါင်းပေးရမည့်ငွေပမာဏ၊ ပေးချေထားသည့်ငွေပမာဏ ၊ကျန်ငွေ တို့ကိုတွေ့မြင်ရပါမည်။

 

အဝယ်ပြေစာ တစ်စောင်ချင်းအား အပြည့်အဝငွေပေးချေခြင်း၊ တစ်ဝက်တစ်ပျက် ငွေပေးချေခြင်းတို့ အား အထက်ပါ နည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်။

၂) ရောင်းသူ/ကုန်ပေးသွင်းသူ အလိုက် ငွေပေးချေခြင်း

ရောင်းသူ/ကုန်ပေးသွင်းသူများထံအားငွေပေးချေရာတွင်  ပြေစာ အမှတ်အား အတိအကျ မရွေးချယ်ပဲလည်း ငွေပေးချေနိုင်သည်။

ရောင်းသူ/ကုန်ပေးသွင်းသူ စာရင်းတွင် ထက်လင်းဆိုင်အား ပေးရန်ရှိငွေ 455500 ရှိပါသည်။

ငွေကျန်နေသာပြေစာများအား တွေ့နိုင်ပါသည်။

စာရင်းအသေးစိတ်အားတွေ့မြင်နိုင်ပါသည်။

ထက်လင်းဆိုင်အား ငွေ 25000 ပေးချေမည်ဆိုပါက

ငွေပေးချေလွှာ အသစ်ထည့်ပါမည်။

ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။

 

ငွေပေးချေသည့် စာရင်းကို ရွေးပါ။

အသေးစိတ်စာရင်းတွင် “ပေးရန်ရှိ” “ထက်လင်းဆိုင်” ကို ရွေးပါ။

ဈေးနှုန်းတွင် ငွေပေးချေသည့် ပမာဏ 25000 အားထည့်ပါ။

ဖန်တီးမည်ကို နှိပ်ပါ။

ထည့်သွင်းထားသည့်ငွေပေးချေလွှာစာရင်းအားတွေ့မြင်ရမည်။

“အစီရင်ခံစာများ”မှ “ရောင်းသူ/ကုန်ပေးသွင်းသူများ”  “ရောင်းသူ/ကုန်ပေးသွင်းသူရှင်းတမ်းများ (စာရင်းလုပ်ဆောင်ချက်များ)” ကို နှိပ်ပါ။

ထက်လင်းဆိုင် ဘေးမှ ကြည့်မည်ကို နှိပ်ပါ။ အကြောင်းကြားလွှာ အသေးစိတ်ကို ကြည့်ရှူနိုင်ပါသည်။

အကြောင်းကြားလွှာတွင်အသေးစိတ်အားကြည့်ရှု့နိုင်ပါသည်။

၃) ရက်အလိုက် ပြေစာ တစ်စောင်ထက်ပိုပြီးငွေပေးချေခြင်း

“အစီရင်ခံစာများ”မှ “ရောင်းသူ/ကုန်ပေးသွင်းသူများ”  “ရောင်းသူ/ကုန်ပေးသွင်းသူရှင်းတမ်းများ (ငွေကျန်နေသောပြေစာများ)” ကို နှိပ်ပါ။

ရက်စွဲသတ်မှတ်မည် ကိုနှိပ်ပါ။

စက်တင်ဘာလ(9)ရက်နေ့အထိ ဝယ်ထားသည့် ပြေစာများအတွက် ငွေရှင်းမည် ဖြစ်သောကြောင့် ရက်စွဲကို 09-09-2019 အားရွေးချယ်ပါ။

ပြင်ဆင်မည်ကိုနှိပ်ပါ။

ထက်လင်းဆိုင်အမည် ဘေးမှ ကြည့်မည်ကို နှိပ်ပါ။

ငွေပေးချေရန်အတွက် အကြောင်းကြားလွှာတွင် ကူးယူမည် မှ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။

ငွေပေးချေမည့် ငွေစာရင်းစာအုပ်အားရွေးပါ။

ဖန်တီးမည်ကိုနှိပ်ပါ။

ငွေပေးချေထားသည့် ဘောင်ချာနှစ်စောင်အတွက်ပြေစာအားတွေမြင်ရမည်။

“အစီရင်ခံစာများ”မှ “ရောင်းသူ/ကုန်ပေးသွင်းသူများ”  “ရောင်းသူ/ကုန်ပေးသွင်းသူ ရှင်းတမ်းများ(စာရင်းလုပ်ဆောင်ချက်များ)” ကို နှိပ်ပါ။

ထက်လင်းဆိုင်အမည် ဘေးမှ ကြည့်မည်ကိုနှိပ်ပါ။

အဝယ်စာရင်းနှင့်ငွေပေးချေထားသည့်စာရင်းအသေးစိတ်ကို ကြည့်နိုင်ပါသည်။

မာတိကာ

#MSMEBooks

#CloudBasedAccountingSoftware

#09977160671

#PoweredbyBusinessCentricNetwork

 

 

Leave a Reply