Uncategorized

Employment Contract အလုပ်ခန့်ထားခြင်း သဘောတူညီချက် အလုပ်ခန့်ထားခြင်း သဘောတူညီချက်

အလုပ်ခန့်ထားခြင်း သဘောတူညီချက် ရင်းနှီးမြှုပ်နှံသူသည် အမှုထမ်းများ၊ အလုပ်သမားများအားခန့်အပ်သည့် ရက်မှစ၍ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားခြင်း သဘောတူညီချက်စာချုပ်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၏ သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုရမည်။ သို့သော် အလုပ်မခန့်အပ်မီသင်တန်းကာလ သို့မဟုတ် အစမ်းခန့်ကာလတွင် ခန့်အပ်ရန်လျာထားသည့် အလုပ်သမားများအား ယင်းသို့ စာချုပ်လက်မှတ်ထိုးရန် သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားသည်။ [သဘောတူညီချက်သည် အလုပ်ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ပြည့်စုံအောင် အသေးစိတ်ရေးဆွဲထားပြီး အောက်ပါတို့ကို ရှင်းလင်းစွာ ဖော်ပြထားရမည်။ အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ခွင်သို့ ကြိုပို့ယာဉ်စီစဉ်ပေးခြင်း၊ နေရာထိုင်ခင်းနှင့် အစားအသောက် အစီအစဉ်များကဲ့သို့သော အလုပ်နေရာနှင့်စပ်လျဉ်းသည့်အချက်များ၊ လုပ်ခနှုန်းထားနှင့် လစာ၊ အလုပ်ချိန်၊ အချိန်ပိုနှင့်စပ်လျဉ်းသည့် မူဝါဒ၊ အလုပ်ပိတ်ရက်နှင့်ခွင့်တို့အပါအဝင် လုပ်ခလစာပေးသည့် သတ်မှတ်ချက်များ၊ အာမခံနှင့် ခရီးစရိတ်၊ အစားအသောက်အတွက်လက်မှတ်များနှင့် အလုပ်ရှင်က ခွင့်ပြုထားသော အကျိုးခံစားခွင့်များ၊ အလုပ်ခွင်… Continue reading Employment Contract အလုပ်ခန့်ထားခြင်း သဘောတူညီချက် အလုပ်ခန့်ထားခြင်း သဘောတူညီချက်