Loan

CGI Loan

ဘဏ်ကနေ အပေါင်ပစ္စည်းမတင်ပြဘဲ ငွေချေးရင်လိုအပ်တဲ့ အာမခံအကြောင်း Credit Guarantee Insurance(CGI)အကြောင်းတစ်စေ့တစ်စောင်း =================================== ဒီတစ်ပတ်တင်ပြပေးမှာက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) အတွက် ချေးငွေလျောက်ထားရာမှာ အပေါင်ပစ္စည်း (Collateral)မတင်ပြနိုင်သည့် လုပ်ငန်းရှင်များ အတွက် အကူအညီပြုနိုင်မည့် အာမခံဝန်ဆောင်မှုတစ်ခုအကြောင်း ဖြစ်ပါတယ်..။ အဆိုပါအာမခံကို Credit Guarantee Insurance (CGI) လို့ခေါ်ပါတယ်..။ ထိုအာမခံကို နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်း(Myanmar Insurance) ကသာဆောင်ရွက်ပေးမှာဖြစ်ပါတယ်..။ ထိုအာမခံဝန်ဆောင်မှုပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ SMEs လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အပေါင်ပစ္စည်း(Collateral )မဲ့ ထုတ်ချေးမည့် ဘဏ်လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနစ်နာမှုတွေကို ကာကွယ်ပေးရန်အတွက်ဖြစ်ပါတယ်..။ များသောအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့လည်ပတ်နိုင်ရန် ငွေကြေးလိုအပ်ပါက ဘဏ်များသို့ ချေးငွေလျောက်ထားကြပါတယ်..။ အဲဒီလို ချေးငွေလျောက်ထားရာမှာ ငွေထုတ်ချေးမည့် ဘဏ်များသည် ချေးငွေလျောက်ထားသူထံမှ အပေါင်ပစ္စည်း(Collateral) အဖြစ် မရွှေ့မပြောင်းနိုင်တဲ့… Continue reading CGI Loan