Uncategorized

အခြန္စာအုပ္

[Zawgyi]
လစာအခြန္ေဆာင္ဖို႔ပါ။
အခြန္မက်သင့္လစာေငြရွိရင္လည္း မိမိအလုပ္ရွင္ထံမွ လစာအခြန္ေပးေဆာင္မႈအေထာက္အထား စာအုပ္ေတာင္းၾကပါ။ အလုပ္ရွင္မွ လစာႏွစ္ခ်ဳပ္စာရင္းနဲ႔အတူ စာအုပ္ရရွိဖို႔ ဆိုင္ရာအခြန္ရံုးမွာ တင္ျပေတာင္းခံေပးရပါမယ္။ အခြန္မေပးရေပမယ့္ တရားဝင္ေငြရရွိျခင္းအေထာက္အထားမို႔ အဲသည္စာအုပ္ကေလးမွာေဖာ္ျပထားတဲ့ ဝင္ေငြနဲ႔ ကား အိမ္ ျခံေျမ အစုရွယ္ယာ စသည္ဝယ္ယူတဲ့အခါ လံုေလာက္မႈရွိရင္ အခြန္ထပ္မေပးရပါ။
နမူနာ
လစာ တစ္လ ၄သိန္း တစ္ႏွစ္ ၄၈သိန္း အခြန္မက်သင့္
ကုမၸဏီမွာ ၄ႏွစ္ၾကာ ၄၈ x ၄ႏွစ္ = ၁၉၂သိန္း
ဝင္ေငြ ၁၉၂သိန္း – အခြန္ ၀က်ပ္ = စုေဆာင္းေငြ (ေငြျဖဴ) ၁၉၂သိန္း
မိမိဝယ္မည့္ ကား/အိမ္ခန္း = ၁၅၀သိန္း
စုေဆာင္းေငြမွ ပိုလၽွံေငြ = ၄၃သိန္း
ေပးေဆာင္ရန္အခြန္ = မက်သင့္ ျဖစ္ပါတယ္။
ဒါေၾကာင့္ လစာဝင္ေငြရသူမ်ား ေဖာ္ျပထားတဲ့အေထာက္အထားမ်ားနဲ႔အတူ လစာထုတ္ေပးသူ အလုပ္ရွင္အား အခြန္ရံုးသို႔ လစာႏွစ္ခ်ဳပ္စာရင္းပို႔ေပးၿပီး လစာခြန္ထမ္းေဆာင္မႈမွတ္တမ္းစာအုပ္ ရယူေပးဖို႔ ေတာင္းဆိုၾကပါ။ အခြန္သက္သာမွာျဖစ္ပါတယ္။
အမွန္လစာ ရထားသူမ်ားလည္း လစာအမွန္အတိုင္း အခြန္ရံုးသို႔တင္ျပ အခြန္ေပးေဆာင္မႈမွတ္တမ္း ရယူေပးဖို႔ အလုပ္ရွင္ထံကို ေတာင္းဆိုေပးၾကပါ။
အလုပ္ရွင္မ်ားကလည္း ရယူေပးၾကပါ။

တစ္ဆက္တည္း ကိစၥတစ္ခုေျဖရွင္းေပးပါရေစ။
ႏိုင္ငံျခားမွာလစာရေငြအေပၚ အခြန္ေဆာင္ထားတဲ့ေငြျဖဴကိစၥ ပါ။
မိမိတို႔ ႏိုင္ငံျခားေငြနဲ႔ လစာရခဲ့စဥ္က ျပည္တြင္းမွာႏိုင္ငံျခားေငြ ကိုင္ေဆာင္ခြင့္မရွိေသာ ကာလျဖစ္ရင္ ၂၀၁၂ ေရွ႕ပိုင္းျဖစ္ရင္ တရားဝင္ေငြလဲႏႈန္းက ၆က်ပ္ခြဲ သာျဖစ္ပါတယ္။ ထိုႏႈန္းကို ျပင္တြက္ေပး၍မရပါ။ ထိုကာလမွာ တရားဝင္ MFTB. MICB စတဲ့ ႏိုင္ငံျခားေငြဘဏ္ေတြမွာ စာရင္းဖြင့္အပ္ႏွံၿပီး FEC ေကာင္တာကေန ကိုင္ေဆာင္ခြင့္ေပးတဲ့ FEC ထုတ္ယူထားတဲ့အေထာက္အထား MEMO ရွိရသ္ အဲသည္ MEMO ပါႏႈန္းအတိုင္း တြက္ပါတယ္။ ၂၀၁၂ ေနာက္ပိုင္းကာလကိုေတာ့ CENTRAL BANK ကေန တရားဝင္ေငြလဲႏႈန္း ျပင္ဆင္လိုက္တဲ့ အတြက္ ျပင္ဆင္ထားေပးေသာ ႏႈန္းနဲ႔တြက္ပါတယ္။ ၂၀၁၂ မတိုင္မီ ရေငြကို ထိုစဥ္ကာလရဲ႕ တရားဝင္ႏႈန္း ၆က်ပ္ခြဲ သို႔မဟုတ္ FEC MEMO ပါႏႈန္း နဲ႔သာတြက္ခ်က္ရပါေၾကာင္း အသိေပး လိုက္ရပါတယ္။
မေမ့နဲ႔ေနာ္
လစာဝင္ေငြရသူမ်ား စာအုပ္ကေလးေတြ ရယူထား။
ကားအိမ္ျခံေျမ ဝယ္မယ္လား စာအုပ္ျပႏိုင္သား။

[Unicode]
လစာအခွန်ဆောင်ဖို့ပါ။
အခွန်မကျသင့်လစာငွေရှိရင်လည်း မိမိအလုပ်ရှင်ထံမှ လစာအခွန်ပေးဆောင်မှုအထောက်အထား စာအုပ်တောင်းကြပါ။ အလုပ်ရှင်မှ လစာနှစ်ချုပ်စာရင်းနဲ့အတူ စာအုပ်ရရှိဖို့ ဆိုင်ရာအခွန်ရုံးမှာ တင်ပြတောင်းခံပေးရပါမယ်။ အခွန်မပေးရပေမယ့် တရားဝင်ငွေရရှိခြင်းအထောက်အထားမို့ အဲသည်စာအုပ်ကလေးမှာဖော်ပြထားတဲ့ ဝင်ငွေနဲ့ ကား အိမ် ခြံမြေ အစုရှယ်ယာ စသည်ဝယ်ယူတဲ့အခါ လုံလောက်မှုရှိရင် အခွန်ထပ်မပေးရပါ။
နမူနာ
လစာ တစ်လ ၄သိန်း တစ်နှစ် ၄၈သိန်း အခွန်မကျသင့်
ကုမ္ပဏီမှာ ၄နှစ်ကြာ ၄၈ x ၄နှစ် = ၁၉၂သိန်း
ဝင်ငွေ ၁၉၂သိန်း – အခွန် ဝကျပ် = စုဆောင်းငွေ (ငွေဖြူ) ၁၉၂သိန်း
မိမိဝယ်မည့် ကား/အိမ်ခန်း = ၁၅၀သိန်း
စုဆောင်းငွေမှ ပိုလျှံငွေ = ၄၃သိန်း
ပေးဆောင်ရန်အခွန် = မကျသင့် ဖြစ်ပါတယ်။
ဒါကြောင့် လစာဝင်ငွေရသူများ ဖော်ပြထားတဲ့အထောက်အထားများနဲ့အတူ လစာထုတ်ပေးသူ အလုပ်ရှင်အား အခွန်ရုံးသို့ လစာနှစ်ချုပ်စာရင်းပို့ပေးပြီး လစာခွန်ထမ်းဆောင်မှုမှတ်တမ်းစာအုပ် ရယူပေးဖို့ တောင်းဆိုကြပါ။ အခွန်သက်သာမှာဖြစ်ပါတယ်။
အမှန်လစာ ရထားသူများလည်း လစာအမှန်အတိုင်း အခွန်ရုံးသို့တင်ပြ အခွန်ပေးဆောင်မှုမှတ်တမ်း ရယူပေးဖို့ အလုပ်ရှင်ထံကို တောင်းဆိုပေးကြပါ။
အလုပ်ရှင်များကလည်း ရယူပေးကြပါ။

တစ်ဆက်တည်း ကိစ္စတစ်ခုဖြေရှင်းပေးပါရစေ။
နိုင်ငံခြားမှာလစာရငွေအပေါ် အခွန်ဆောင်ထားတဲ့ငွေဖြူကိစ္စ ပါ။
မိမိတို့ နိုင်ငံခြားငွေနဲ့ လစာရခဲ့စဉ်က ပြည်တွင်းမှာနိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်မရှိသော ကာလဖြစ်ရင် ၂၀၁၂ ရှေ့ပိုင်းဖြစ်ရင် တရားဝင်ငွေလဲနှုန်းက ၆ကျပ်ခွဲ သာဖြစ်ပါတယ်။ ထိုနှုန်းကို ပြင်တွက်ပေး၍မရပါ။ ထိုကာလမှာ တရားဝင် MFTB. MICB စတဲ့ နိုင်ငံခြားငွေဘဏ်တွေမှာ စာရင်းဖွင့်အပ်နှံပြီး FEC ကောင်တာကနေ ကိုင်ဆောင်ခွင့်ပေးတဲ့ FEC ထုတ်ယူထားတဲ့အထောက်အထား MEMO ရှိရသ် အဲသည် MEMO ပါနှုန်းအတိုင်း တွက်ပါတယ်။ ၂၀၁၂ နောက်ပိုင်းကာလကိုတော့ CENTRAL BANK ကနေ တရားဝင်ငွေလဲနှုန်း ပြင်ဆင်လိုက်တဲ့ အတွက် ပြင်ဆင်ထားပေးသော နှုန်းနဲ့တွက်ပါတယ်။ ၂၀၁၂ မတိုင်မီ ရငွေကို ထိုစဉ်ကာလရဲ့ တရားဝင်နှုန်း ၆ကျပ်ခွဲ သို့မဟုတ် FEC MEMO ပါနှုန်း နဲ့သာတွက်ချက်ရပါကြောင်း အသိပေး လိုက်ရပါတယ်။
မမေ့နဲ့နော်
လစာဝင်ငွေရသူများ စာအုပ်ကလေးတွေ ရယူထား။
ကားအိမ်ခြံမြေ ဝယ်မယ်လား စာအုပ်ပြနိုင်သား။

Leave a Reply