HR, Labour Law, Overtime, Uncategorized

Overtime

အချိန်ပို နဲ့ပါတ်သတ်ပြီး သိချင်သူလေးတွေရှိနြေကတော့ အချိန်ပို အကြောင်းလေး မျှဝေပါရစေ။
San Thida(BCN)
##OT
##BCN
***
အချိန်ပို နဲ့ပါတ်သတ်ပြီး သိချင်သူလေးတွေရှိနေြကတော့ အချိန်ပို အကြောင်းလေး မျှဝေပါရစေ။
အချိန်ပို ဆင်းဖို့ အတွက် အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဦးအကြားမှာ သဘောတူညီမှုရှိရပါမယ်။ အချိန်ပို ဆင်းမည့် ဝန်ထမ်းများ စာရင်းကို လဲ သက်ဆိုင်ရာ မြို့နယ်ရုံးကို ကြိုတင် အကြောင်းကြားရပါမယ်။ အလုပ်သမား မှ ဆန္ဒမရှိလျှင် အတင်းအကြပ် အချိန်ပို လုပ်ကိုင်ခြင်းအတွက် မခိုင်းစေနိုင်ပါ။
တစ်ပါတ် အလုပ်ချိန် (၄၈) နာရီ ကျော်ပါက အချိန်ပို ကြေးပေးရမှာဖြစ်ပါတယ်။ တစ်ပါတ် အလုပ်ချိန် (၄၈)နာရီ မကျော်သော်လည်း တစ်နေ့ အလုပ်ချိန် (၈) နာရီကျော်ပါက လည်း အချိန်ပိုကြေးပေးရမှာဖြစ်ပါတယ်။
အချိန်ပိုခ တွက်ချက်နည်း
(တစ်လအခြေခံလစာ x ၁၂ လ / ၅၂ ပါတ် / တစ်ပါတ် အလုပ်ချိန် ၄၄ (သို့) ၄၈ နာရီ ) x ၂ ဆ
San Thida(BCN)
##OT
##BCN

Leave a Reply