Accounting Software, Cloud, MSME Books

Expense Claims @ MSME Books

လုပ်ငန်းသုံးကြိုတင်ငွေ ထုတ်ပေးခြင်းများ နှင့် စိုက်သုံးငွေများအား အသေးစိတ် စာရင်းသွင်းနိုင်ရန်အတွက် Expense Claims ကို အသုံးပြုနိုင်ပါသည်။

အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းအားထည့်သွင်းခြင်းအားလုပ်ဆောင်ရန်…

Settings များကို နှိပ်ပါ။

Expense Claim Payers ကိုနှိပ်ပါ။

New Expense Claim Payer ကိုနှိပ်ပါ။

Name တွင် Expense Claim Payer ၏အမည်ကို ထည့်သွင်းပါ။

Create ကို နှိပ်ပါ။

ထည့်သွင်းထားသော Expense Claim Payer ကို တွေ့မြင်ရမည်။

အသုံးစရိတ်တောင်းခံလာပါက Receipts & Paymentsမှ New Payment ကိုနှိပ်ပါ။

 

Date တွင် ငွေပေးချေသည့် Date ကိုထည့်ပါ။

Account တွင် ငွေထုတ်ပေးသည့် Account ကို ထည့်ပါ။

Item ဘေးမှ Account တွင် အသုံးစရိတ်ကြိုတင်တောင်းခံခြင်းဖြစ်သဖြင့် Expense Claims အားရွေးချယ်ပါ။ Expense Claim Payerအားရွေးချယ်ပါ။

Unit Price တွင် အသုံးစရိတ်ကြိုတင်ထုတ်ပေးသည့်ငွေပမာဏအားထည့်သွင်းပါ။

Create ကိုနှိပ်ပါ။

Expense Claim Payer Payment အားတွေ့မြင်ရမည်။

 

Summary တွင်ပြန်လည်ကြည့်ရှု့ပါက Expense Claims ငွေပမာဏအားတွေ့မြင်ရမည်။

အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေမှ အသုံးစရိတ်စာရင်းအားထည့်သွင်းရန်အတွက်…

Expense Claims ကို နှိပ်ပါ။

New Expense Claim ကို နှိပ်ပါ။

 

 

 

 

 

Date တွင် ကြိုတင်ထုတ်ပေးသည့် နေ့ကို ရွေးချယ်ပါ။

Payer တွင်အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။

Description တွင် ထည့်သွင်းလိုသော အကြောင်းအရာကို ထည့်သွင်းပါ။

Item ဘေးမှ Account တွင်သုံးစွဲသည့်စရိတ်များအားသက်ဆိုင်ရာခေါင်းစဥ်ဖြင့်ရွေးချယ်ထည့်သွင်းပါ။

Qty သတ်မှတ်ပါ။

Unit Priceတွင်အသုံးစရိတ်အတွက်ကျသင့်သည့်ငွေပမာဏများအားထည့်သွင်းပါ။

Create ကိုနှိပ်ပါ။

 

 

 

ထည့်သွင်းထားသော Expense Claim ကိုတွေ့ရမည်။

စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှ သုံးစွဲသည့်ငွေပမာဏများအားနုတ်၍ ပြန်လည်လက်ခံရမည့်ငွေပမာဏအားတွေ့မြင်ရမည်။

 

 

 

 

 

အသုံးစရိတ်ကြိုထုတ်ထားသည့်ငွေမှ သုံးစွဲ၍ပိုသည့်ငွေအားပြန်လည်လက်ခံပါက Receipts and Paymentsမှ Receiptsကိုနှိပ်ပါ။

 

Date တွင် ငွေလက်ခံသည့်ရက်ကိုထည့်ပါ။

Account တွင် ငွေလက်ခံသည့်ငွေစာရင်းအမည်ကိုထည့်ပါ။

Item ဘေးမှစာရင်းတွင် အသုံးစရိတ်တောင်းခံလွှာအားရွေးချယ်၍ Expense Claim Payer အားရွေးချယ်ပါ။

Create ကိုနှိပ်ပါ။

 

ပိုငွေအားပြန်လည်လက်ခံထားသည့် Receipt တွေမြင်ရမည်။

 

Summary ၏အသုံးစရိတ်တောင်းခံလွှာစာရင်းတွင် ပြန်လည်ကြည့်ရှု့ပါကလည်း စာရင်းရှင်းပြီးသည့်အတွက် ငွေမကျန်ရှိတော့ကြောင်းတွေ့မြင်ရမည်။

မာတိကာ

#MSMEBooks

#CloudBasedAccountingSoftware

#BCN

#09-977160671

Leave a Reply