Business, Business Plan, Entrepreneurship, Investment, Loan
ငွေကြေးထောက်ပံ့မှု
နည်းပညာ အထောက်အကူ
ကျွမ်းကျင်ဝန်ထမ်း
စာရင်းဇယားမရှိခြင်း
***
အငယ်စား၊အသေးစား၊အလတ်စား လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် အဓိကအရေးကြီးတကြီးလိုအပ်နေတာတွေကတော့
ငွေကြေးထောက်ပံ့မှု
နည်းပညာ အထောက်အကူ
ကျွမ်းကျင်ဝန်ထမ်း
လုပ်ငန်းကို စနစ်တကျစီမံအုပ်ချုပ်မှု
စာရင်းဇယားများ စတာတွေ အချိတ်အဆက်မိမိနဲ့ ဟန်ချက်ညီညီ သွားဖို့အရေးကြီးပါတယ်။
ငွေကြေးထောက်ပံ့မှုရနိုင်ဖို့အတွက် ချေးငွေလျှောက်ထားရာမှာ လက်ရှိလုပ်ငန်းလည်ပတ်ထားတဲ့ အရှုံးအမြတ်စာရင်းများ၊ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များ၊ခန့်မှန်းအရောင်းခန့်မှန်း၊ငွေကြေးအဝင်၊အထွက်ခန့်မှန်းတို့လိုအပ်ပါတယ်။
ရလာတဲ့ချေးငွေကို ဘယ်မှာသုံးမယ်၊ဘယ်လိုပြန်ဆပ်မယ်ဆိုတာလဲ အရေးကြီးပါတယ်။
ဖော်ပြပါအချက်အလက်များပေးနိုင်ဖို့အတွက်ကတော့ လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ စာရင်းဇယားများထားရှိဖို့လိုပါတယ်။
မိမိရဲ့ ထုတ်ကုန်သို့ ဝန်ဆောင်မှုကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ပြီး ဈေးကွက်မှာရောင်းချဖို့အတွက်ကတော့ နည်းပညာလိုအပ်ပါတယ်။ နည်းပညာ အကူအညီနဲ့ သွားတဲ့ အတွက် မိရိုးဖလာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထက် ပိုပြီး အရှေ့ရောက်နိုင်ပါတယ်။
လုပ်ငန်းကို စနစ်တကျ အုပ်ချုပ်နိုင်ဖို့အတွက်ကတော့ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာ၊ဗဟုသုတတွေလိုအပ်ပါတယ်။
ကျွမ်းကျင် ဝန်ထမ်းတွေ ရရှိဖို့ကတော့ ကျွမ်းကျင်ပြီးသား ဝန်ထမ်းကို လစာ များများပေးပြီး ခန့်တာ တစ်မျိုး၊ လက်ရှိဝန်ထမ်းတွေကိုလိုအပ်တဲ့ သင်တန်းတွေပေးပြီး လုပ်ငန်းခွင်မှာ ပိုမို ကျွမ်းကျင်လာဖို့ လေ့ကျင့်ပေးတာ က တစ်မျိုးပေါ့။ မိမိနဲ့သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။
အငယ်စား၊အသေးစား၊အလတ်စား လုပ်ငန်းများ ကျဆုံးရခြင်းရဲ့ အဓိက အချက်များကတော့
စာရင်းဇယားမရှိခြင်း
ကုန်ပစ္စည်းများကို နည်းလမ်းမှန်စွာ ဝယ်ယူ၊ထိန်းသိမ်းနိုင်မှုအားနည်းခြင်း
ကျွမ်းကျင်ဝန်ထမ်းရှားပါးခြင်းတို့ဖြစ်ပါတယ်။
အထက်ပါအချက်တွေကို အဖြေရှာဖို့အတွက်ကတော့ “Business Skills for Entrepreneurs စီးပွားရေးစီမံခန့်ခွဲခြင်း” ဆိုတဲ့ (၂) ရက် သင်တန်းလေးမှာ ဆွေးနွေးအဖြေရှာနိုင်ပါပြီ။
Business Skills for Entrepreneurs စီးပွားရေးစီမံခန့်ခွဲခြင်း
?ဇွန်လ (၃၀) နှင့် ဇူလိုင်လ(၁) ရက်
?သင်တန်းကြေး ၈၀၀၀၀ ကျပ်(၂၅ ရာခိုင်နှုန်း လျော့ပြီး ၆၀၀၀၀ ကျပ်)
?နေရာ အမှတ်(၁၅၂)၊ပါရမီလမ်းမ၊ပါရမီညောင်ပင်မှတ်တိုင်အနီး
Castle Business Skills Training Center
☏ဆက်သွယ်ရန် ၀၉၄၂၄၂၅၀၇၂၁၊ ၀၉၉၆၀၈၉၇၈၇၄
?လုပ်ငန်းအတွက် အဓိကအရေးပါသော ?အနာဂါတ်အစီအစဉ်များ ရေးဆွဲခြင်း
?အောင်မြင်သောလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရှိသင့်သော အရည်အချင်းများ၊ ကျွမ်းကျင်မှုများနှင့် သိသင့်သော အကြောင်းအရာများ
?လုပ်ငန်း ကို စနစ်တကျ စီမံခန့်ခွဲရန် အရေးကြီးသော အချက်များ
?မမျှော်လင့်ပဲ ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ဆုံးရှုံးမှု နည်းနိုင် သမျှနည်းအောင် ပြင်ဆင်ထားသင့်သည့် အချက်များ
?လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းများ
?လုပ်ငန်းစတင်ရန် လိုအပ်သော ရင်းနှီးမြှပ်နှံမှုနှင့် ရရှိနိုင်သော နည်းလမ်းများ
?ချေးငွေနှင့်ပတ်သတ်ပြီးသိသင့်သော အကြောင်းအရာများ
https://www.facebook.com/events/384484705382195/
Leave a Reply