Business, Digital Accountant, SME, Success

Why do we need Accounting in Business?

အေသးစားကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားအတြက္တိက်ေသာေငြေၾကးစာရင္းရွင္းတမ္းစာအုပ္မရွိမျဖစ္ထားရွိရန္လိုအပ္ပုံ
မည္သည့္လုပ္ငန္းမ်ားတြင္မဆို ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ စီးပြားေရးဆိုင္ရာ ေငြေၾကးစာရင္းရွင္းတမ္းစာအုပ္ ထိန္းသိမ္းထားရွိရန္ အထူးလိုအပ္ပါသည္။ ႏွေျမာစရာေကာင္းသည္က ကိုယ္ပိုင္လုပ္ငန္းရွင္ စြန႔္ဦးတီထြင္စီးပြားေရးသမားမ်ားကပင္ ထိုအခ်က္ကိုလ်စ္လ်ဴရႈခဲ့ၾကပါသည္။ ထို႔ေၾကာင့္လည္း လုပ္ငန္းဆိုင္ရာ အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနၾကရပါသည္။

အလြန္ေတာ္ေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ManishSoni မာနစ္ခ်္ဆိုနီက အထည္အလိပ္လုပ္ငန္းတစ္ခုကို စတင္ကာ သုံးႏွစ္အၾကာတြင္ အထူးေအာင္ျမင္ခဲ့ေလသည္။ သို႔ေသာ္ သူသည္ ေငြအဝင္အထြက္မွတ္တမ္းမ်ား သိမ္းထားရန္အတြက္ စာရင္းတစ္ခုကိုထားရွိသည္။ ထိုစာအုပ္ထဲတြင္ သူ၏ဝယ္သူမ်ားထံမွျပန္ရရန္ေငြ၊ ေရာင္းကုန္သည့္ေငြ စသည့္ အေရာင္းအဝယ္ကိစၥမ်ားကိုသာ မွတ္သားထားေလသည္။ ယခုအခ်ိန္၌ သူသည္ လုပ္ငန္းကိုတိုးခ်ဲ႕ရန္အတြက္ ဘဏ္တစ္ခုမွလိုအပ္သည့္ ပံ့ပိုးကူညီမႈမ်ားကိုယူခဲ့ရာ မထင္မွတ္ထားသည့္အတိုင္း ထိုဘဏ္မွျငင္းပယ္ျခင္းကိုခံခဲ့ရသည္။

ထိုအခါသူသည္ ေနာက္ထပ္ႏိုင္ငံေတာ္မွ အခြန္အခမ်ားႏွင့္ ကုန္က်စရိတ္မ်ားကို ခန႔္မွန႔္ႏိုင္စြမ္းမရွိေတာ့သည့္အျပင္ အျခားေသာေငြစာရင္းမွတ္တမ္းမ်ားမွာလည္း သူ႔လက္ထဲတြင္မရွိေတာ့ေပ။ ဘဏ္မွလည္း ေနာက္ထပ္ေငြတိုးေခ်းမ်ားကို သူ႔အားခြင့္မျပဳေတာ့ေပ။ ပိုဆိုးသည္ကသူ၏ ဝင္ေငြအခြန္မ်ားကို မွန္ကန္မႈရွိ၊ မရွိကိုစစ္ေဆးအတည္ျပဳရန္ အခြန္ေငြစစ္ေဆးေရးဌာနမွစာလႊာေပးပို႔ခဲ့သည္။ သူ၏ လုပ္ငန္းအတြက္ ေငြစာရင္းရွင္းတမ္းစာအုပ္မထားရွိခဲ့ျခင္းေၾကာင့္ မွန္ကန္ေၾကာင္းလည္းသက္ေသမျပႏိုင္ခဲ့ေပ။ ထို႔ေၾကာင့္ ႀကီးေလးေသာ ျပစ္ဒဏ္ေပးအပ္ျခင္း ခံခဲ့ရေလသည္။ ထိုကဲ့သို႔ဆိုးဝါးသည့္ ေငြေၾကးအဆင္မေျပမႈမ်ားေၾကာင့္ သူ၏လုပ္ငန္းမွာလည္း တိမ္ျမဳပ္လုနီးနီးျဖစ္ခဲ့ရသည္။

၎မွာ သာမန္အေျခအေနမွ်သာ ျဖစ္ခဲ့ေသာ္လည္း တိက်ေသာေငြစာရင္းရွင္းတမ္းစာအုပ္ ထားရွိရန္ လိုအပ္ပုံ ကိုျမင္သာေစခဲ့သည္။ မည္သည့္စီးပြားေရးလုပ္ငန္းမ်ိဳး၌မဆို ေငြစာရင္းရွင္းတမ္းစာအုပ္ထားရွိျခင္းသည္ အထူးအေရးပါလွသည္။ ႏွေျမာစရာေကာင္းသည္က ကိုယ္ပိုင္ စီးပြားစြန႔္ဦးတီထြင္လူငယ္မ်ားသည္ ထိုအရာကို လစ္လ်ဴရႈခဲ့ၾကေသာေၾကာင့္ လုပ္ငန္းဆိုင္ရာအခက္အခဲမ်ားျဖင့္ ရင္ဆိုင္ခဲ့ၾကရပါသည္။

အခ်က္အလက္က်က် ေျပာရမည္ဆိုလွ်င္ အခ်ိဳ႕ေသာ အေသးစားကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား က်ရႈံးၾကရသည္မွာ ေငြစာရင္းရွင္းတမ္းမ်ားမတိက်ျခင္း၊ စနစ္တက်မထားရွိျခင္းတို႔ေၾကာင့္ျဖစ္လာရသည္။ အေသးစားေငြစာရင္းရွင္းတမ္းမ်ား ထားရွိျခင္းက မလိုအပ္ဟု သူတို႔ကထင္ခဲ့ၾကသည္။ ဆန႔္က်င္ဘက္အေနျဖင့္ၾကည့္ေသာ္ ထိုကဲ့သို႔ေသာေငြေၾကးဆိုင္ရာစီမံခံ့ခြဲမႈမ်ားသည္ စီးပြားေရးလုပ္ငန္းတစ္ခု ေအာင္ျမင္ေရးအတြက္ မရွိမျဖစ္ အေရးပါလွသည္။

ထိုအရာသာမရွိခဲ့လွ်င္ ပုံမွန္ေငြေၾကးလည္ပတ္မႈအေပၚတြင္ ထိခိုက္မႈမ်ား၊ မလိုအပ္ပဲေငြေၾကးျဖဳန္းတီးမႈမ်ားႏွင့္ တျခားေသာေငြေၾကးဆိုင္ရာအခက္အခဲမ်ား ျဖစ္လာႏိုင္ၿပီး၊ ေနာက္ဆုံးစီးပြားေရးလုပ္ငန္းပိတ္သိမ္း ရသည္အထိ ျဖစ္လာႏိုင္ပါသည္။ ယခုကဲ့သို႔ အၿပိဳင္အဆိုင္မ်ားလွသည့္ ေဈးကြက္စီးပြားေရးေလာကတြင္ တိက်ခိုင္မာေသာ ေငြစာရင္းရွင္းတမ္းစာအုပ္ ထားရွိျခင္းက အလြန္အေရးပါလွသည္။ KhandelwalRSethi ႏွင့္ သူ၏လုပ္ငန္းမွလုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္သူ RaviKhandelwalကမူ “ေသးငယ္ေသာစီးပြားေရးလုပ္ငန္းတစ္ခု အစျပဳရန္အတြက္ ခိုင္မာေသာေငြစာရင္းရွင္းတမ္းစာအုပ္ ထားရွိျခင္းက မရွိမျဖစ္ အေရးပါလွသည္” ဟုဆိုခဲ့ပါသည္။

ထို႔အျပင္ တိက်ခိုင္မာေသာ ေငြစာရင္းရွင္းတမ္းစာအုပ္ထားရွိျခင္းသည္ ေငြေၾကးဆိုင္ရာလုပ္ငန္းေဆာင္တာမ်ားႏွင့္ ေန႔စဥ္မိမိလုပ္ငန္းမွျဖစ္ေပၚေနသည့္ အေျခခံအေသးအစိတ္အခ်က္အလက္မ်ားကို မွတ္တမ္းရယူျခင္း၊ ထိန္းသိမ္းထားျခင္းပင္ ျဖစ္ပါသည္။ ၎ကလုပ္ငန္းတစ္ခုခ်င္း မွတ္တမ္းမ်ား၏မွန္ကန္မႈ၊ ျပည့္စုံမႈ၊ တိက်ေသခ်ာမႈတို႔ကိုျဖစ္ေပၚေစပါသည္။

ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား ေငြစာရင္းရွင္းတမ္းစာအုပ္မရွိမျဖစ္ထားရွိသင့္ပုံ
ေငြေၾကးဆိုင္ရာ စာရင္းအခ်က္အလက္မ်ားကို ေဖာ္ျပရန္အတြက္ မွ်ေျခညႇိႏႈိင္းေပးျခင္း၊ အရႈံးအျမတ္တြက္ခ်က္ေပးျခင္းႏွင့္ ေငြေၾကးလည္ပတ္မႈေဖာ္ျပခ်က္တို႔မွာ မိမိလုပ္ငန္းတြင္ရင္းႏွီးျမဳပ္ႏွံသူမ်ား၊ ေငြေၾကးလာေရာက္ေထာက္ပံ့သူမ်ား၊ ဘဏ္လုပ္ငန္းရွင္မ်ားတို႔အား တင္ျပရန္အတြက္ ကိုယ္ပိုင္လုပ္ငန္းမ်ားတြင္ မရွိမျဖစ္အေရးပါလွသည့္ အခ်က္အလက္မ်ားပင္ ျဖစ္ၾကပါသည္။ ထို႔ေၾကာင့္ ၎တို႔ကို ေဖာ္ျပႏိုင္ရန္အတြက္ ေငြေၾကးစာရင္းရွင္းတမ္းစာအုပ္ မွာလိုအပ္လာၿပီ ျဖစ္ပါသည္။

သက္ဆိုင္ရာ အခြန္အခမ်ားကို ေပးေဆာင္ရန္
ကိုယ္ပိုင္လုပ္ငန္းတစ္ခု စတင္လုပ္ကိုင္မည္ဆိုလွ်င္ ဝင္ေငြအခြန္၊ အေရာင္းအခြန္၊ ယစ္မ်ိဴးအခြန္၊ ဗဟိုအေရာင္းအခြန္ စသည္တို႔ကို ေပးေဆာင္ရသည္။ ထိုသို႔ေပးေဆာင္ျခင္းက သက္ဆိုင္ရာမွန္ကန္သည့္အခြန္အခမ်ားကို နားလည္ေစၿပီး လုပ္ငန္းဆိုင္ရာ အခြန္အခဥပေဒမ်ား အေၾကာင္းကိုလည္းသိရွိသြားေစပါသည္။ ထိုအခါတိက်၍ လုံေလာက္ေသာေငြစာရင္းရွင္းတမ္းစာအုပ္ ကိုလည္းအလိုလိုထားရွိလာေစပါသည္။

တရားဥပေဒဆိုင္ရာ လိုအပ္ခ်က္မ်ား
ဝင္ေငြအခြန္ေကာက္ခံျခင္းဆိုင္ရာ ပုဒ္မဥပေဒ ၄၄/ကက တြင္လုပ္ငန္းရွင္တစ္ဦး၏ လုပ္ငန္းမွဝင္ေငြ Rs 1.2 lakh မွေက်ာ္လြန္ျခင္း သို႔မဟုတ္ စုစုေပါင္းအျမတ္ဝင္ေငြ Rs 10 lakhကို ေက်ာ္လြန္ျခင္းရွိပါက တိက်ခိုင္မာေသာ ဝင္ေငြစာရင္းရွင္းတမ္းစာအုပ္ထားရွိရမည္ျဖစ္သည္။ ထို႔အျပင္2013 ခုႏွစ္၏ကိုယ္ပိုင္လုပ္ငန္းမ်ားဆိုင္ရာ ဥပေဒပုဒ္မ၁၂၈တြင္လည္း တိက်ခိုင္မာေသာေငြစာရင္းရွင္းတမ္းစာအုပ္ ထားရွိရမည္ ဟူ၍ပါရွိသည္။

ပို၍ ေကာင္းမြန္ေသာ ေငြေၾကးဆိုင္ရာစီမံခန႔္ခြဲမႈမ်ား
လက္ရွိအခ်ိန္တြင္ ပို၍ေကာင္းမြန္ေသာ ေငြေၾကးစီမံခန႔္ခြဲမႈရွိျခင္းက ပို၍ေကာင္းမြန္တိုးတက္ေသာ လုပ္ငန္းတစ္ခုကို ျဖစ္ေစပါသည္။ လုပ္ငန္း၏သက္ဆိုင္ရာ ေငြေၾကးလိုအပ္ခ်က္မ်ားကို ေမွ်ာ္မွန္းၾကည့္ႏိုင္ရန္ လိုအပ္ေသာဝင္ေငြမ်ားကို ရရွိျခင္းႏွင့္ရင္းႏွီးျမဳပ္ႏွံျခင္းမ်ားအတြက္ မွန္ကန္ေသာဆုံးျဖတ္ခ်က္မ်ား ခ်ႏိုင္ရန္သင္၏လုပ္ငန္းမ်ားအတြက္ တိက်လုံေလာက္ေသာ ေငြစာရင္းရွင္းတမ္းစာအုပ္ ထားရွိရန္အထူးလိုအပ္ပါသည္။

ေငြေၾကးဥပါဒါန္ သို႔မဟုတ္ ေငြေၾကးအစြဲအလမ္းႀကီးျခင္း
ေငြေၾကးအစြဲအလမ္းႀကီးျခင္းသည္ အေသးစားလုပ္ငန္းရွင္မ်ားအတြက္ အႀကီးမားဆုံးျပႆနာတစ္ခုျဖစ္သည္။

မည္မွ်ေဈးျဖင့္ ဤကုန္ပစၥည္းကိုေရာင္းခ်ရမည္နည္း
ထုတ္ကုန္အမ်ားစု၏ ေဈးႏႈန္းမ်ားသည္ အသားတင္သတ္မွတ္ေဈးႏႈန္းေပၚတြင္ ခိုင္မာေနသည္ျဖစ္ရာ ထိုကုန္ပစၥည္း၏ေဈးအမွန္ကို ေသခ်ာစြာစီစစ္ေလ့လာလိုလွ်င္ ထိုကိစၥမ်ားအတြက္တိက်ေသာ ေဈးႏႈန္းသတ္မွတ္မႈ မွတ္တမ္းမ်ားထားရွိရမည္ျဖစ္သည္။ “တိက်ခိုင္မာေသာ ေငြစာရင္းရွင္းတမ္းစာအုပ္ မထိန္းသိမ္းထားသည့္ လုပ္ငန္းသည္ အရက္မူးသမား ကားေမာင္းေနသည့္ အလားအခ်ိန္မေ႐ြး ေဘးအႏၲရာယ္သို႔ က်ေရာက္ႏိုင္သည္” ဟု Gxpress Soultion India Pvt Ltd မွ အေရာင္းျမႇင့္တင္ေရး ဒါ႐ိုက္တာ Praveen Vashistha က ဆိုခဲ့ေလသည္။

ေငြေၾကးစာရင္းရွင္းတမ္းစာအုပ္ ကိုဘယ္လို ဆက္လက္ထိန္းသိမ္းမလဲ
႐ိုးရွင္းစြာဆိုရလွ်င္ ေငြေၾကးစာရင္းရွင္းတမ္းစာအုပ္၏ တိက်မႈႏွင့္လုံၿခဳံမႈမ်ားအတြက္ လုပ္ငန္းရွင္သည္ Electronic System ျဖင့္ထိန္းသိမ္းထားႏိုင္ပါသည္။ 2013ခုႏွစ္ ကိုယ္ပိုင္လုပ္ငန္းမ်ားဆိုင္ရာ ဥပေဒပုဒ္မ၁၂၈တြင္လည္း ဤကဲ့သို႔ခြင္ျပဳထားပါသည္။ သင့္တင့္ေသာေဈးႏႈန္းမ်ားျဖင့္ Electronic System ကိုအသုံးျပဳ၍ ေငြေၾကးစာရင္းရွင္းတမ္းစာအုပ္ထိန္းသိမ္းနည္း ကိုေဈးကြက္မ်ားတြင္ အလြယ္တကူရရွိႏိုင္ၿပီျဖစ္ပါသည္။ ထိုသို႔စာအုပ္ထိန္းသိမ္းေနစဥ္အတြင္း လုပ္ငန္းေဆာင္တာတစ္ခုခ်င္းစီကို စာရင္းအင္းဆိုင္ရာနည္းဗ်ဴဟာမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း မွတ္တမ္းထားရွိရမည္ျဖစ္ပါသည္။ သို႔မွသာ သက္ဆိုင္ရာစက္႐ုံမ်ားႏွင့္ဥပေဒတို႔၏အေျခခံလိုအပ္ခ်က္မ်ားကို ၎တို႔ကတိက်ေသခ်ာ ေစမည္ျဖစ္ပါသည္။

စာရင္းႏွစ္ခုတစ္ၿပိဳင္နက္သြင္းျခင္းစနစ္
၎နည္းက မွားယြင္းေသာခြဲျခမ္းစိတ္ျဖာျခင္း ကိုျဖစ္ေစတတ္ပါသည္။ စာရင္းႏွစ္ခုတစ္ၿပိဳင္နက္တည္း သြင္းျခင္းအရ လုပ္ငန္းတစ္ခုအား ႏွစ္ပိုင္းကြဲထြက္ေစပါသည္။ ထို႔ေၾကာင့္ လုပ္ငန္းမွတ္တမ္းမ်ားကို မွတ္ယူေသာအခါ၌ စာရင္းႏွစ္ခုျဖစ္ေစပါသည္။ ပထမတစ္ခုမွာ စာရင္းမွထုတ္ယူေငြစာရင္းျဖစ္ၿပီး၊ ဒုတိယတစ္ခုမွာမူ စာရင္းသို႔ထည့္သြင္းေငြ ျဖစ္ပါသည္။ ပထမစာရင္းမွထုတ္ယူေငြမ်ား စုစုေပါင္းတန္ဖိုးသည္ ဒုတိယစာရင္းမွ ထည့္သြင္းေငြမ်ား စုစုေပါင္းတန္ဖိုးႏွင့္မကိုက္ညီပါက အမွားအယြင္းျဖစ္ၿပီဟု သတ္မွတ္ႏိုင္ပါသည္။ သို႔ေသာ္လည္း ၎နည္းကလုပ္ငန္းေဆာင္တာမ်ား၏ မွတ္တမ္းမ်ားကိုတိက် ေသခ်ာေစပါသည္။

အေျခခံစုစုေပါင္းေငြစာရင္း
အေျခခံစုစုေပါင္းေငြစာရင္းစနစ္သည္ ယေန႔ေခတ္တစ္ကမာၻလုံးက က်င့္သုံးေနသည့္ စံျပေငြစာရင္းစနစ္ျဖစ္သည္ဟု ယူဆႏိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎ကလုပ္ငန္းတစ္ခု၏ အျမတ္ေငြရရွိျခင္းမ်ားအားလုံးကို ပိုမိုတိက်ေသခ်ာစြာ တြက္ခ်က္ေပးေသာေၾကာင့္ျဖစ္ပါသည္။ ထို႔အျပင္၎မည္သည့္ ေငြေၾကးစုေဆာင္းမႈမ်ားႏွင့္ အသုံးျပဳမႈမ်ားကိုမဆို ဝင္ေငြ၊ ထြက္ေငြစသည္ျဖင့္ တိက်ေသခ်ာစြာသတ္မွတ္ေပးသည္။ ဥပမာအားျဖင့္ ဆိုရေသာ္ ကုန္ပစၥည္းတစ္ခုအား ဝယ္ယူၿပီး ကုန္က်သည့္ပမာဏအား ေပးေခ်ၿပီးေသာ္လည္း၊ ေရာင္းခ်သူဘက္မွ ကုန္ပို႔လႊာေပးပို႔ျခင္းမရွိေသာ္လည္း၊ ၎ေငြကိုေရာင္းခ်သူဘက္ မွစုစုေပါင္းရရွိေငြဟုသတ္မွတ္ၿပီး အထူး႐ုျပဳခဲ့ၾကသည္။

လုပ္ငန္းေဆာင္တာတိုင္း၏မွတ္တမ္း
စီးပြားေရးလုပ္ငန္းေဆာင္တာတိုင္းတြင္ ေရာင္းခ်မႈျဖစ္ေစ၊ ဝယ္ယူမႈျဖစ္ေစ၊ ထြက္ေငြျဖစ္ေစ၊ ဝင္ေငြျဖစ္ေစ၊ ေပးေခ်မႈျဖစ္ေစ၊ ရရွိမႈျဖစ္ေစ ၎တို႔ကိုေငြေၾကးစာရင္းရွင္းတမ္းစာအုပ္တြင္ ေန႔စဥ္မွတ္သားထားရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုသို႔မွတ္သားထားျခင္းက လုပ္ငန္းေဆာင္တာတစ္ခုတိုင္းစီ အတြက္ မိမိတို႔၏ျပည့္စုံလုံေလာက္ေသာ ႀကိဳတင္ျပင္ဆင္ျခင္းမ်ား ပင္ျဖစ္ပါသည္။

လုပ္ငန္းဆိုင္ရာမွတ္တမ္းထားရွိျခင္း
လုပ္ငန္းတစ္ခုခ်င္းစီတြင္ ၎လုပ္ငန္း၏ထုတ္ကုန္ေပးပို႔လႊာ၊ ေရာင္းသူဘက္မွေပးပို႔လႊာ၊ ေရာင္းသူဘက္မွေပးအပ္ေငြ၊ ဘဏ္မွေပးအပ္ေငြစသည့္ ဂ်ာနယ္မ်ား လုပ္ငန္းဆိုင္ရာမွတ္တမ္းတစ္ခုထားရွိရန္ အထူးလိုအပ္ပါသည္။ ထို႔အျပင္ ၎မွတ္တမ္းမ်ားအား၊ စာရင္းစစ္သူမ်ားထံတြင္မွန္ကန္ေသာသက္ေသအေထာက္အထား အျဖစ္ရပ္တည္ႏိုင္ၿပီး စာရင္းစစ္သူမ်ား၏မွတ္တမ္းတြင္လည္းတိက်ေသာမွတ္တမ္းမ်ား ထားရွိျခင္းက အေရးပါလွေပသည္။

သို႔ျဖစ္၍ တိက်ေသာ စာရင္းမွတ္တမ္းမ်ား ထားရွိျခင္းက လုပ္ငန္းမ်ား ေျပာင္းလဲတိုးတက္မႈအဆင့္တြင္ ဝန္ထုပ္ဝန္ပိုးတစ္ခု ကဲ့သို႔ျဖစ္ေစတတ္ေသာ္လည္း စီးပြားေရးလုပ္ငန္းအား ေအာင္ျမင္စြာလည္ပတ္ႏိုင္ေရးအတြက္ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားအား စီမံခန႔္ခြဲမႈအေပၚတြင္ မရွိမျဖစ္အေရးပါလွပါသည္။

(မသက္ဆိုင္ေၾကာင္းရွင္းလင္းခ်က္ – အထက္ေဖာ္ျပပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏အေတြးအျမင္သက္သက္သာျဖစ္ပါသည္။ ၎ေဖာ္ျပခ်က္မ်ားအားလုံးသည္www.economictimes.com၏ရႈေထာင့္မ်ားမွတိုက္႐ိုက္ကူးယူေဖာ္ျပျခင္းမ်ားလုံးဝမဟုတ္ပါ။)

***
အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက်တိကျသောငွေကြေးစာရင်းရှင်းတမ်းစာအုပ်မရှိမဖြစ်ထားရှိရန်လိုအပ်ပုံ
မည်သည့်လုပ်ငန်းများတွင်မဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားရေးဆိုင်ရာ ငွေကြေးစာရင်းရှင်းတမ်းစာအုပ် ထိန်းသိမ်းထားရှိရန် အထူးလိုအပ်ပါသည်။ နှမြောစရာကောင်းသည်က ကိုယ်ပိုင်လုပ်ငန်းရှင် စွန့်ဦးတီထွင်စီးပွားရေးသမားများကပင် ထိုအချက်ကိုလျစ်လျူရှုခဲ့ကြပါသည်။ ထို့ကြောင့်လည်း လုပ်ငန်းဆိုင်ရာ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါသည်။

အလွန်တော်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ManishSoni မာနစ်ချ်ဆိုနီက အထည်အလိပ်လုပ်ငန်းတစ်ခုကို စတင်ကာ သုံးနှစ်အကြာတွင် အထူးအောင်မြင်ခဲ့လေသည်။ သို့သော် သူသည် ငွေအဝင်အထွက်မှတ်တမ်းများ သိမ်းထားရန်အတွက် စာရင်းတစ်ခုကိုထားရှိသည်။ ထိုစာအုပ်ထဲတွင် သူ၏ဝယ်သူများထံမှပြန်ရရန်ငွေ၊ ရောင်းကုန်သည့်ငွေ စသည့် အရောင်းအဝယ်ကိစ္စများကိုသာ မှတ်သားထားလေသည်။ ယခုအချိန်၌ သူသည် လုပ်ငန်းကိုတိုးချဲ့ရန်အတွက် ဘဏ်တစ်ခုမှလိုအပ်သည့် ပံ့ပိုးကူညီမှုများကိုယူခဲ့ရာ မထင်မှတ်ထားသည့်အတိုင်း ထိုဘဏ်မှငြင်းပယ်ခြင်းကိုခံခဲ့ရသည်။

ထိုအခါသူသည် နောက်ထပ်နိုင်ငံတော်မှ အခွန်အခများနှင့် ကုန်ကျစရိတ်များကို ခန့်မှန့်နိုင်စွမ်းမရှိတော့သည့်အပြင် အခြားသောငွေစာရင်းမှတ်တမ်းများမှာလည်း သူ့လက်ထဲတွင်မရှိတော့ပေ။ ဘဏ်မှလည်း နောက်ထပ်ငွေတိုးချေးများကို သူ့အားခွင့်မပြုတော့ပေ။ ပိုဆိုးသည်ကသူ၏ ဝင်ငွေအခွန်များကို မှန်ကန်မှုရှိ၊ မရှိကိုစစ်ဆေးအတည်ပြုရန် အခွန်ငွေစစ်ဆေးရေးဌာနမှစာလွှာပေးပို့ခဲ့သည်။ သူ၏ လုပ်ငန်းအတွက် ငွေစာရင်းရှင်းတမ်းစာအုပ်မထားရှိခဲ့ခြင်းကြောင့် မှန်ကန်ကြောင်းလည်းသက်သေမပြနိုင်ခဲ့ပေ။ ထို့ကြောင့် ကြီးလေးသော ပြစ်ဒဏ်ပေးအပ်ခြင်း ခံခဲ့ရလေသည်။ ထိုကဲ့သို့ဆိုးဝါးသည့် ငွေကြေးအဆင်မပြေမှုများကြောင့် သူ၏လုပ်ငန်းမှာလည်း တိမ်မြုပ်လုနီးနီးဖြစ်ခဲ့ရသည်။

၎င်းမှာ သာမန်အခြေအနေမျှသာ ဖြစ်ခဲ့သော်လည်း တိကျသောငွေစာရင်းရှင်းတမ်းစာအုပ် ထားရှိရန် လိုအပ်ပုံ ကိုမြင်သာစေခဲ့သည်။ မည်သည့်စီးပွားရေးလုပ်ငန်းမျိုး၌မဆို ငွေစာရင်းရှင်းတမ်းစာအုပ်ထားရှိခြင်းသည် အထူးအရေးပါလှသည်။ နှမြောစရာကောင်းသည်က ကိုယ်ပိုင် စီးပွားစွန့်ဦးတီထွင်လူငယ်များသည် ထိုအရာကို လစ်လျူရှုခဲ့ကြသောကြောင့် လုပ်ငန်းဆိုင်ရာအခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ကြရပါသည်။

အချက်အလက်ကျကျ ပြောရမည်ဆိုလျှင် အချို့သော အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ကျရှုံးကြရသည်မှာ ငွေစာရင်းရှင်းတမ်းများမတိကျခြင်း၊ စနစ်တကျမထားရှိခြင်းတို့ကြောင့်ဖြစ်လာရသည်။ အသေးစားငွေစာရင်းရှင်းတမ်းများ ထားရှိခြင်းက မလိုအပ်ဟု သူတို့ကထင်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်ကြည့်သော် ထိုကဲ့သို့သောငွေကြေးဆိုင်ရာစီမံခံ့ခွဲမှုများသည် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် မရှိမဖြစ် အရေးပါလှသည်။

ထိုအရာသာမရှိခဲ့လျှင် ပုံမှန်ငွေကြေးလည်ပတ်မှုအပေါ်တွင် ထိခိုက်မှုများ၊ မလိုအပ်ပဲငွေကြေးဖြုန်းတီးမှုများနှင့် တခြားသောငွေကြေးဆိုင်ရာအခက်အခဲများ ဖြစ်လာနိုင်ပြီး၊ နောက်ဆုံးစီးပွားရေးလုပ်ငန်းပိတ်သိမ်း ရသည်အထိ ဖြစ်လာနိုင်ပါသည်။ ယခုကဲ့သို့ အပြိုင်အဆိုင်များလှသည့် ဈေးကွက်စီးပွားရေးလောကတွင် တိကျခိုင်မာသော ငွေစာရင်းရှင်းတမ်းစာအုပ် ထားရှိခြင်းက အလွန်အရေးပါလှသည်။ KhandelwalRSethi နှင့် သူ၏လုပ်ငန်းမှလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ RaviKhandelwalကမူ “သေးငယ်သောစီးပွားရေးလုပ်ငန်းတစ်ခု အစပြုရန်အတွက် ခိုင်မာသောငွေစာရင်းရှင်းတမ်းစာအုပ် ထားရှိခြင်းက မရှိမဖြစ် အရေးပါလှသည်” ဟုဆိုခဲ့ပါသည်။

ထို့အပြင် တိကျခိုင်မာသော ငွေစာရင်းရှင်းတမ်းစာအုပ်ထားရှိခြင်းသည် ငွေကြေးဆိုင်ရာလုပ်ငန်းဆောင်တာများနှင့် နေ့စဉ်မိမိလုပ်ငန်းမှဖြစ်ပေါ်နေသည့် အခြေခံအသေးအစိတ်အချက်အလက်များကို မှတ်တမ်းရယူခြင်း၊ ထိန်းသိမ်းထားခြင်းပင် ဖြစ်ပါသည်။ ၎င်းကလုပ်ငန်းတစ်ခုချင်း မှတ်တမ်းများ၏မှန်ကန်မှု၊ ပြည့်စုံမှု၊ တိကျသေချာမှုတို့ကိုဖြစ်ပေါ်စေပါသည်။

ကိုယ်ပိုင်လုပ်ငန်းရှင်များ ငွေစာရင်းရှင်းတမ်းစာအုပ်မရှိမဖြစ်ထားရှိသင့်ပုံ
ငွေကြေးဆိုင်ရာ စာရင်းအချက်အလက်များကို ဖော်ပြရန်အတွက် မျှခြေညှိနှိုင်းပေးခြင်း၊ အရှုံးအမြတ်တွက်ချက်ပေးခြင်းနှင့် ငွေကြေးလည်ပတ်မှုဖော်ပြချက်တို့မှာ မိမိလုပ်ငန်းတွင်ရင်းနှီးမြုပ်နှံသူများ၊ ငွေကြေးလာရောက်ထောက်ပံ့သူများ၊ ဘဏ်လုပ်ငန်းရှင်များတို့အား တင်ပြရန်အတွက် ကိုယ်ပိုင်လုပ်ငန်းများတွင် မရှိမဖြစ်အရေးပါလှသည့် အချက်အလက်များပင် ဖြစ်ကြပါသည်။ ထို့ကြောင့် ၎င်းတို့ကို ဖော်ပြနိုင်ရန်အတွက် ငွေကြေးစာရင်းရှင်းတမ်းစာအုပ် မှာလိုအပ်လာပြီ ဖြစ်ပါသည်။

သက်ဆိုင်ရာ အခွန်အခများကို ပေးဆောင်ရန်
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်မည်ဆိုလျှင် ဝင်ငွေအခွန်၊ အရောင်းအခွန်၊ ယစ်မျိူးအခွန်၊ ဗဟိုအရောင်းအခွန် စသည်တို့ကို ပေးဆောင်ရသည်။ ထိုသို့ပေးဆောင်ခြင်းက သက်ဆိုင်ရာမှန်ကန်သည့်အခွန်အခများကို နားလည်စေပြီး လုပ်ငန်းဆိုင်ရာ အခွန်အခဥပဒေများ အကြောင်းကိုလည်းသိရှိသွားစေပါသည်။ ထိုအခါတိကျ၍ လုံလောက်သောငွေစာရင်းရှင်းတမ်းစာအုပ် ကိုလည်းအလိုလိုထားရှိလာစေပါသည်။

တရားဥပဒေဆိုင်ရာ လိုအပ်ချက်များ
ဝင်ငွေအခွန်ကောက်ခံခြင်းဆိုင်ရာ ပုဒ်မဥပဒေ ၄၄/ကက တွင်လုပ်ငန်းရှင်တစ်ဦး၏ လုပ်ငန်းမှဝင်ငွေ Rs 1.2 lakh မှကျော်လွန်ခြင်း သို့မဟုတ် စုစုပေါင်းအမြတ်ဝင်ငွေ Rs 10 lakhကို ကျော်လွန်ခြင်းရှိပါက တိကျခိုင်မာသော ဝင်ငွေစာရင်းရှင်းတမ်းစာအုပ်ထားရှိရမည်ဖြစ်သည်။ ထို့အပြင်2013 ခုနှစ်၏ကိုယ်ပိုင်လုပ်ငန်းများဆိုင်ရာ ဥပဒေပုဒ်မ၁၂၈တွင်လည်း တိကျခိုင်မာသောငွေစာရင်းရှင်းတမ်းစာအုပ် ထားရှိရမည် ဟူ၍ပါရှိသည်။

ပို၍ ကောင်းမွန်သော ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုများ
လက်ရှိအချိန်တွင် ပို၍ကောင်းမွန်သော ငွေကြေးစီမံခန့်ခွဲမှုရှိခြင်းက ပို၍ကောင်းမွန်တိုးတက်သော လုပ်ငန်းတစ်ခုကို ဖြစ်စေပါသည်။ လုပ်ငန်း၏သက်ဆိုင်ရာ ငွေကြေးလိုအပ်ချက်များကို မျှော်မှန်းကြည့်နိုင်ရန် လိုအပ်သောဝင်ငွေများကို ရရှိခြင်းနှင့်ရင်းနှီးမြုပ်နှံခြင်းများအတွက် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်သင်၏လုပ်ငန်းများအတွက် တိကျလုံလောက်သော ငွေစာရင်းရှင်းတမ်းစာအုပ် ထားရှိရန်အထူးလိုအပ်ပါသည်။

ငွေကြေးဥပါဒါန် သို့မဟုတ် ငွေကြေးအစွဲအလမ်းကြီးခြင်း
ငွေကြေးအစွဲအလမ်းကြီးခြင်းသည် အသေးစားလုပ်ငန်းရှင်များအတွက် အကြီးမားဆုံးပြဿနာတစ်ခုဖြစ်သည်။

မည်မျှဈေးဖြင့် ဤကုန်ပစ္စည်းကိုရောင်းချရမည်နည်း
ထုတ်ကုန်အများစု၏ ဈေးနှုန်းများသည် အသားတင်သတ်မှတ်ဈေးနှုန်းပေါ်တွင် ခိုင်မာနေသည်ဖြစ်ရာ ထိုကုန်ပစ္စည်း၏ဈေးအမှန်ကို သေချာစွာစီစစ်လေ့လာလိုလျှင် ထိုကိစ္စများအတွက်တိကျသော ဈေးနှုန်းသတ်မှတ်မှု မှတ်တမ်းများထားရှိရမည်ဖြစ်သည်။ “တိကျခိုင်မာသော ငွေစာရင်းရှင်းတမ်းစာအုပ် မထိန်းသိမ်းထားသည့် လုပ်ငန်းသည် အရက်မူးသမား ကားမောင်းနေသည့် အလားအချိန်မရွေး ဘေးအန္တရာယ်သို့ ကျရောက်နိုင်သည်” ဟု Gxpress Soultion India Pvt Ltd မှ အရောင်းမြှင့်တင်ရေး ဒါရိုက်တာ Praveen Vashistha က ဆိုခဲ့လေသည်။

ငွေကြေးစာရင်းရှင်းတမ်းစာအုပ် ကိုဘယ်လို ဆက်လက်ထိန်းသိမ်းမလဲ
ရိုးရှင်းစွာဆိုရလျှင် ငွေကြေးစာရင်းရှင်းတမ်းစာအုပ်၏ တိကျမှုနှင့်လုံခြုံမှုများအတွက် လုပ်ငန်းရှင်သည် Electronic System ဖြင့်ထိန်းသိမ်းထားနိုင်ပါသည်။ 2013ခုနှစ် ကိုယ်ပိုင်လုပ်ငန်းများဆိုင်ရာ ဥပဒေပုဒ်မ၁၂၈တွင်လည်း ဤကဲ့သို့ခွင်ပြုထားပါသည်။ သင့်တင့်သောဈေးနှုန်းများဖြင့် Electronic System ကိုအသုံးပြု၍ ငွေကြေးစာရင်းရှင်းတမ်းစာအုပ်ထိန်းသိမ်းနည်း ကိုဈေးကွက်များတွင် အလွယ်တကူရရှိနိုင်ပြီဖြစ်ပါသည်။ ထိုသို့စာအုပ်ထိန်းသိမ်းနေစဉ်အတွင်း လုပ်ငန်းဆောင်တာတစ်ခုချင်းစီကို စာရင်းအင်းဆိုင်ရာနည်းဗျူဟာများ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း မှတ်တမ်းထားရှိရမည်ဖြစ်ပါသည်။ သို့မှသာ သက်ဆိုင်ရာစက်ရုံများနှင့်ဥပဒေတို့၏အခြေခံလိုအပ်ချက်များကို ၎င်းတို့ကတိကျသေချာ စေမည်ဖြစ်ပါသည်။

စာရင်းနှစ်ခုတစ်ပြိုင်နက်သွင်းခြင်းစနစ်
၎င်းနည်းက မှားယွင်းသောခွဲခြမ်းစိတ်ဖြာခြင်း ကိုဖြစ်စေတတ်ပါသည်။ စာရင်းနှစ်ခုတစ်ပြိုင်နက်တည်း သွင်းခြင်းအရ လုပ်ငန်းတစ်ခုအား နှစ်ပိုင်းကွဲထွက်စေပါသည်။ ထို့ကြောင့် လုပ်ငန်းမှတ်တမ်းများကို မှတ်ယူသောအခါ၌ စာရင်းနှစ်ခုဖြစ်စေပါသည်။ ပထမတစ်ခုမှာ စာရင်းမှထုတ်ယူငွေစာရင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာမူ စာရင်းသို့ထည့်သွင်းငွေ ဖြစ်ပါသည်။ ပထမစာရင်းမှထုတ်ယူငွေများ စုစုပေါင်းတန်ဖိုးသည် ဒုတိယစာရင်းမှ ထည့်သွင်းငွေများ စုစုပေါင်းတန်ဖိုးနှင့်မကိုက်ညီပါက အမှားအယွင်းဖြစ်ပြီဟု သတ်မှတ်နိုင်ပါသည်။ သို့သော်လည်း ၎င်းနည်းကလုပ်ငန်းဆောင်တာများ၏ မှတ်တမ်းများကိုတိကျ သေချာစေပါသည်။

အခြေခံစုစုပေါင်းငွေစာရင်း
အခြေခံစုစုပေါင်းငွေစာရင်းစနစ်သည် ယနေ့ခေတ်တစ်ကမ္ဘာလုံးက ကျင့်သုံးနေသည့် စံပြငွေစာရင်းစနစ်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကလုပ်ငန်းတစ်ခု၏ အမြတ်ငွေရရှိခြင်းများအားလုံးကို ပိုမိုတိကျသေချာစွာ တွက်ချက်ပေးသောကြောင့်ဖြစ်ပါသည်။ ထို့အပြင်၎င်းမည်သည့် ငွေကြေးစုဆောင်းမှုများနှင့် အသုံးပြုမှုများကိုမဆို ဝင်ငွေ၊ ထွက်ငွေစသည်ဖြင့် တိကျသေချာစွာသတ်မှတ်ပေးသည်။ ဥပမာအားဖြင့် ဆိုရသော် ကုန်ပစ္စည်းတစ်ခုအား ဝယ်ယူပြီး ကုန်ကျသည့်ပမာဏအား ပေးချေပြီးသော်လည်း၊ ရောင်းချသူဘက်မှ ကုန်ပို့လွှာပေးပို့ခြင်းမရှိသော်လည်း၊ ၎င်းငွေကိုရောင်းချသူဘက် မှစုစုပေါင်းရရှိငွေဟုသတ်မှတ်ပြီး အထူးရုပြုခဲ့ကြသည်။

လုပ်ငန်းဆောင်တာတိုင်း၏မှတ်တမ်း
စီးပွားရေးလုပ်ငန်းဆောင်တာတိုင်းတွင် ရောင်းချမှုဖြစ်စေ၊ ဝယ်ယူမှုဖြစ်စေ၊ ထွက်ငွေဖြစ်စေ၊ ဝင်ငွေဖြစ်စေ၊ ပေးချေမှုဖြစ်စေ၊ ရရှိမှုဖြစ်စေ ၎င်းတို့ကိုငွေကြေးစာရင်းရှင်းတမ်းစာအုပ်တွင် နေ့စဉ်မှတ်သားထားရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့မှတ်သားထားခြင်းက လုပ်ငန်းဆောင်တာတစ်ခုတိုင်းစီ အတွက် မိမိတို့၏ပြည့်စုံလုံလောက်သော ကြိုတင်ပြင်ဆင်ခြင်းများ ပင်ဖြစ်ပါသည်။

လုပ်ငန်းဆိုင်ရာမှတ်တမ်းထားရှိခြင်း
လုပ်ငန်းတစ်ခုချင်းစီတွင် ၎င်းလုပ်ငန်း၏ထုတ်ကုန်ပေးပို့လွှာ၊ ရောင်းသူဘက်မှပေးပို့လွှာ၊ ရောင်းသူဘက်မှပေးအပ်ငွေ၊ ဘဏ်မှပေးအပ်ငွေစသည့် ဂျာနယ်များ လုပ်ငန်းဆိုင်ရာမှတ်တမ်းတစ်ခုထားရှိရန် အထူးလိုအပ်ပါသည်။ ထို့အပြင် ၎င်းမှတ်တမ်းများအား၊ စာရင်းစစ်သူများထံတွင်မှန်ကန်သောသက်သေအထောက်အထား အဖြစ်ရပ်တည်နိုင်ပြီး စာရင်းစစ်သူများ၏မှတ်တမ်းတွင်လည်းတိကျသောမှတ်တမ်းများ ထားရှိခြင်းက အရေးပါလှပေသည်။

သို့ဖြစ်၍ တိကျသော စာရင်းမှတ်တမ်းများ ထားရှိခြင်းက လုပ်ငန်းများ ပြောင်းလဲတိုးတက်မှုအဆင့်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ကဲ့သို့ဖြစ်စေတတ်သော်လည်း စီးပွားရေးလုပ်ငန်းအား အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်တာများအား စီမံခန့်ခွဲမှုအပေါ်တွင် မရှိမဖြစ်အရေးပါလှပါသည်။

(မသက်ဆိုင်ကြောင်းရှင်းလင်းချက် – အထက်ဖော်ပြပါအကြောင်းအရာများသည်စာရေးသူ၏အတွေးအမြင်သက်သက်သာဖြစ်ပါသည်။ ၎င်းဖော်ပြချက်များအားလုံးသည်www.economictimes.com၏ရှုထောင့်များမှတိုက်ရိုက်ကူးယူဖော်ပြခြင်းများလုံးဝမဟုတ်ပါ။)

Leave a Reply