Labour Law

Labour Law

ဧၿပီလထုတ္ HR Journal မွာေဖာ္ျပထားသည့္ဆရာမေဒၚစန္းစန္ေျဖၾကား ေပးထားေသာ အလုပ္သမားဥပေဒနဲပတ္သက္တာသိလုိရာေမးအစီအစဥ္ မွေျဖၾကားထားသည္မ်ားကုိေဖာ္ျပေပးလုိက္ပါတယ္။။။
အလုပ္သမားဥပေဒနဲ့ပတ္သက္တာ သိလုိရာေမး က႑
———————————————
ဆရာမေဒၚစန္းစန္း
ေမး။ ။ Supervisor တစ္ဦးက ေအာက္ပါအတိုင္း ဒီလိုေမးလာပါတယ္။
ေမးတာက တစ္ခုျဖစ္ေသာ္ျငား ေျဖရတာကတစ္ခုမကေျဖမွ အဓိပၸာယ္ ကျပည့္စုံမွာျဖစ္လို႔အေျဖ(၄)ရပ္နဲ႔ေျဖရတဲ့အေနအထားျဖစ္ပါတယ္။ ဆရာမ ခင္ဗ်ာ။ ကၽြန္ေတာ္လက္ရွိလုပ္ေနေသာ Company မွာ နစ္နာေၾကးႏွင့္ ပတ္သက္ၿပီး အျငင္းပြားစရာမ်ားျဖစ္ေနပါတယ္ company ၏ ဆိုဒ္ခြဲတစ္ခု သည္ ၃လပိုင္း ၁၅ရက္ေန႔တြင္ ပိတ္သိမ္းမည္ျဖစ္ၿပီး HR Dept Head မွ အလုပ္သမားမ်ားအားနစ္နာေၾကးေလ်ာ္ေၾကးမ်ားေပးစရာ မလိုအပ္ေပမယ့္ အလုပ္သမားမ်ားအား အလုပ္ပိတ္သိမ္းသည့္အတြက္ ျပန္ရမွာျဖစ္တယ္လို ေျပာပါတယ္။ အလုပ္သမား႐ုံးကထုတ္တဲ့ဥပေဒႏွင့္လည္း ကိုက္ညီမူရွိ ေၾကာင္းပါေျပာပါတယ္ အလုပ္သမားမ်ားစတင္ဝင္ေရာက္ အလုပ္လုပ္ကိုင္ ခဲ့တုန္က စာခ်ဳပ္စာတမ္းႏွင့္ ေခၚဆိုထားျခင္းမဟုတ္တဲ့အတြက္၊ daily worker လခစားမ်ားသာျဖစ္လို႔ ေလ်ာ္ေပးစရာမလိုအပ္ဟု သိရပါသည္။ ဆရာ/ဆရာမမ်ားက ကူညီးလမ္းျပေပပါလို႔ ကၽြန္ေတာ္ worker မ်ားကိုယ္ စား အကူညီေတာင္းခံရျခင္ျဖစ္ပါတယ္ခင္ဗ်ာ။
ေျဖ။ ။ (၁) ကနဦးအားျဖင့္ Supervisor တစ္ဦးက ေျပာၾကားထား သည့္ “အလုပ္ရွင္က အလုပ္သမားမ်ား စတင္ဝင္ေရာက္ အလုပ္လုပ္ကိုင္ခဲ့ တုန္းကစာခ်ဳပ္စာတမ္းႏွင့္ ေခၚဆိုထားျခင္းမဟုတ္တဲ့အတြက္ ေလ်ာ္ေပးစ ရာ မလို” ဆိုတဲ့စကားရပ္ကိုရွင္းရရင္(၂၀၁၂)ခုႏွစ္၊ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရးဥပေဒ၊ ပုဒ္မ ၂ (ည)မွာ “အလုပ္ခန္႔ထားမႈဆိုင္ရာ သေဘာတူညီခ်က္” ဆိုသည္မွာ အလုပ္ခန္႔ထားမႈ၊ အလုပ္၌ အလုပ္လုပ္ ကိုင္မႈႏွင့္စပ္လ်ဥ္း၍ အလုပ္ရွင္ႏွင့္အလုပ္ သမားတို႔က ႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ သတ္မွတ္ခ်က္မ်ားႏွင့္အညီျပဳလုပ္သည့္ သေဘာတူညီခ်က္ ကို ဆိုသည္။” လို႔ျပ႒ာန္းထားလို႔ အလုပ္လုပ္ကိုင္ခဲ့တုန္းက စာခ်ဳပ္စာ တမ္းႏွင့္ ေခၚဆိုထားျခင္းမဟုတ္တဲ့အတြက္ “ေလ်ာ္ေပးစရာမလို”ဆိုတဲ့ စကားရပ္သည္ ဥပေဒအရအလုပ္သမားနဲ႔ “ႏႈတ္”နဲ႔ပဲခ်ဳပ္ခ်ဳပ္၊ “စာ”နဲ႔ပဲခ်ဳပ္ ခ်ဳပ္ပဋိညာဥ္ေျမာက္ပါ၍ေလ်ာ္ေၾကးေပးရန္အလုပ္ရွင္မွာ တာဝန္ရွိပါတယ္။
ေျဖ။ ။ (၂) အလုပ္ပိတ္ကိစၥ/စက္႐ုံေခတၱပိတ္၊ ကိစၥမ်ားနဲ႔ပတ္သက္လို႔ အလုပ္ရွင္က “အလုပ္သမား႐ုံးက ထုတ္တဲ့ဥပေဒႏွင့္လည္း ကိုက္ညီမူရွိ ေၾကာင္းပါေျပာပါတယ္” လို႔ဆိုထားေတာ့ ၂၀၁၁ခုႏွစ္၊ အလုပ္သမားအဖြဲ႕ အစည္းနည္းဥပေဒ၊ အပုိဒ္ ၄၁ က ဒီလိုဆိုထားေတာ့ “အလုပ္ရွင္သည္ အလုပ္ပိတ္ျခင္းျပဳမည့္အေၾကာင္းကို သက္ဆိုင္ရာအလုပ္သမားမ်ားသို႔လည္း ေကာင္း၊ သက္ဆိုင္ရာၿမိဳ႕နယ္အလုပ္သမားအဖြဲ႕အစည္းသို႔လည္းေကာင္း၊ သက္ဆိုင္ရာၫွိႏႈိင္းဖ်န္ေျဖေရးအဖြဲသို႔လည္းေကာင္း၊ အလုပ္ပိတ္ရက္မတိုင္မီ အနည္းဆုံးႀကိဳတင္ (၁၄)ရက္အလုပ္ပိတ္ျခင္းျပဳမည္ျဖစ္ေၾကာင္း ႀကိဳတင္အ ေၾကာင္းၾကားစာ ပုံစံ(၁၃)ျဖင့္ အေၾကာင္းၾကားရမည္။ သို႔ရာတြင္ သက္ဆိုင္ ရာၫွိႏႈိင္းဖ်န္ေျဖေရးအဖြဲ႕၏ ခြင့္ျပဳခ်က္ရရွိမွသာ အလုပ္ပိတ္ျခင္းျပဳလုပ္ ရမည္။” လို႔ဆိုထားတာနဲ႔ေရာ အလုပ္ရွင္ကကိုက္ညီပါရဲ႕လားလို႔ေမးရမည့္အေနအထားအတြင္းက်ေရာက္ၿပီး အလုပ္ပိတ္တာ၊ အလုပ္ရပ္တာကို ဘယ္ ေလာက္ထိဥပေဒနဲ႔ ကိုက္ညီေအာင္ ပိတ္ထား၊ ရပ္ထားလို႔ အလုပ္သမား႐ုံး က ထုတ္တဲ့ဥပေဒႏွင့္လည္း ကိုက္ညီမႈရွိေၾကာင္းပါေျပာပါတယ္”လို႔ ဆို တာက ေမးခြန္းျဖစ္ပါတယ္။
ေျဖ။ ။ (၃) ၂၀၁၂ခုႏွစ္အလုပ္သမားေရးရာ ျငင္းပြားမႈေျဖရွင္းေရးနည္း ဥပa’၊ အပုိဒ္ ၃၅ က ဒီလိုဆိုထားျပန္တယ္။ “အလုပ္ရွင္ကလုပ္ငန္းတစ္ခုခုကို ဆက္လက္လည္ပတ္လုပ္ကိုင္ႏိုင္ ျခင္းမရွိသျဖင့္ လုပ္ငန္းရပ္ဆိုင္းရေသာအခါတြင္ျဖစ္ေစ၊ အလုပ္သမားအား အေၾကာင္းမဲ့အလုပ္ထုတ္ပစ္သည့္အခါတြင္ျဖစ္ေစ ယင္းသို႔ ေဆာင္႐ြက္ျခင္း ေၾကာင့္ျဖစ္ေပၚလာသည့္အျငင္းပြားမႈတြင္ပါဝင္ေသာ အလုပ္သမားအားအလုပ္ရွင္က ေပးရမည့္နစ္နာေၾကးႏႈန္း ထားကို ဝန္ႀကီးသည္ အမိန္႔ေၾကာ္ျငာစာျဖင့္ အခါအားေလ်ာ္စြာ သတ္မွတ္၍ ထုတ္ျပန္ႏိုင္သည္”လို႔ဆိုထားၿပီး။
၂၀၁၂ခုႏွစ္ အလုပ္သမားေရးရာ ျငင္းပြားမႈေျဖရွင္းေရးနည္းဥပေဒ၊ နည္းဥပေဒ၊ ပုဒ္မ ၃၅ “အလုပ္ ရွင္ကလုပ္ငန္းတစ္ခုခုကို ဆက္လက္ လည္ပတ္လုပ္ကိုင္ႏိုင္ျခင္းမရွိသျဖင့္ လုပ္ငန္းရပ္ဆိုင္းရေသာအခါတြင္ျဖစ္ေစ၊ အလုပ္သမားအားအေၾကာင္းမဲ့ အလုပ္ထုတ္ပစ္သည့္အခါတြင္ျဖစ္ေစ ယင္းသို႔ေဆာင္႐ြက္ျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ အျငင္းပြားမႈတြင္ ပါဝင္ ေသာအလုပ္သမားအား အလုပ္ရွင္ကေပးရမည့္နစ္နာေၾကးႏႈန္းထားကို ဝန္ ႀကီးသည္ အမိန္႔ေၾကာ္ျငာစာျဖင့္အခါအားေလ်ာ္စြာသတ္မွတ္၍ ထုတ္ျပန္ ႏိုင္သည္” လို႔လည္း ျပ႒ာန္းထားၿပီး။
အထက္ဥပေဒနဲ႔ခ်ိတ္တာက၂၀၁၃ခုႏွစ္၊ အလုပ္အကိုင္ႏွင့္ ကၽြမ္းက်င္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒ၊ ပုဒ္မ ၅(ဃ)ျဖစ္ၿပီး “(၃ .၇ .၂၀၁၅)ရက္ေန႔ အ မိန္႔ေၾကာ္ျငာစာအမွတ္(၈၄/၂၀၁၅) ပါေဖာ္ျပထားခ်က္မ်ားအရ အလုပ္မွ ရပ္စဲခံရေသာ အလုပ္သမားမ်ားႏွင့္ပတ္သက္၍ အလုပ္ရွင္ကေပးရမည့္ နစ္နာေၾကးႏႈန္းထားမ်ားအတိုင္း နစ္နာေၾကးကိုအလုပ္သမား၊ အလုပ္အကိုင္ ႏွင့္ လူမႈဖူလုံေရးဝန္ႀကီးဌာနရဲ႕ (၃-၇-၂၀၁၅)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာ အမွတ္(၈၄/၂၀၁၅)} အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလုံေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးသည္ ၂၀၁၂ခုႏွစ္အလုပ္သမားေရးရာ ျငင္းပြားမႈ ေျဖရွင္းေရးဥပေဒ၊ ပုဒ္မ ၅၉ ပုဒ္မခြဲ(ခ)ႏွင့္ ၂၀၁၃ခုႏွစ္၊ အလုပ္အကိုင္ႏွင့္ ကၽြမ္းက်င္မႈဖြံ႕ၿဖိဳးတိုးတက္မႈဥပေဒ၊ ပုဒ္မ ၄၁ ပုဒ္မခြဲ(ခ) တို႔အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္အလုပ္မွရပ္စဲခံရ ေသာအလုပ္သမားႏွင့္ပတ္သက္၍ အလုပ္ရွင္ကေပးရမည့္နစ္နာေၾကးႏႈန္း ထားမ်ားကို သတ္မွတ္လိုက္သည္။” လို႔ျပ႒ာန္းထားတာေၾကာင့္ သတ္မွတ္ တဲ့လုပ္သက္အလိုက္ တြက္ခ်က္ေပးရမွာျဖစ္ပါေၾကာင္း၊
ေျဖ။ ။ (၄) ၂၀၁၂ ခုႏွစ္၊ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္း ေရးဥပေဒရဲ႕ ပုဒ္မ ၂(က)မွာ “အလုပ္သမား” ဆိုသည္မွာ ေန႔စားအလုပ္သ မား၊ ယာယီအလုပ္သမား၊ စိုက္ပ်ိဳးေရးအလုပ္သမား၊ အိမ္အကူ အလုပ္ သမား၊ အစိုးရဝန္ထမ္း၊ အလုပ္သင္တို႔ အပါအဝင္စီးပြားေရးလုပ္ငန္း တစ္ခုခုတြင္ျဖစ္ေစ၊ အသက္ေမြးဝမ္းေက်ာင္းအတြက္ျဖစ္ေစ မိမိ၏လုပ္ အားအေပၚ အားကိုးအားထားျပဳလုပ္ကိုင္ေနသူကိုဆိုသည္။ ထို႔ျပင္ အျငင္း ပြားမႈျဖစ္ပြားေနစဥ္အတြင္း “အလုပ္မွ ရပ္စဲခံရသူ” သို႔မဟုတ္ “အလုပ္ ထုတ္ခံရသူအလုပ္သမားလည္းပါဝင္သည္။” လို႔ဆိုထားေတာ့ Supervisor နဲ႔ အလုပ္သမားေတြအက်ဳံးဝင္မႈကို သေဘာေပါက္ၿပီလို႔ ေျဖၾကားလိုက္ပါ တယ္။
***
ဧပြီလထုတ် HR Journal မှာဖော်ပြထားသည့်ဆရာမဒေါ်စန်းစန်ဖြေကြား ပေးထားသော အလုပ်သမားဥပဒေနဲပတ်သက်တာသိလိုရာမေးအစီအစဉ် မှဖြေကြားထားသည်များကိုဖော်ပြပေးလိုက်ပါတယ်။။။
အလုပ်သမားဥပဒေနဲ့ပတ်သက်တာ သိလိုရာမေး ကဏ္ဍ
———————————————
ဆရာမဒေါ်စန်းစန်း
မေး။ ။ Supervisor တစ်ဦးက အောက်ပါအတိုင်း ဒီလိုမေးလာပါတယ်။
မေးတာက တစ်ခုဖြစ်သော်ငြား ဖြေရတာကတစ်ခုမကဖြေမှ အဓိပ္ပာယ် ကပြည့်စုံမှာဖြစ်လို့အဖြေ(၄)ရပ်နဲ့ဖြေရတဲ့အနေအထားဖြစ်ပါတယ်။ ဆရာမ ခင်ဗျာ။ ကျွန်တော်လက်ရှိလုပ်နေသော Company မှာ နစ်နာကြေးနှင့် ပတ်သက်ပြီး အငြင်းပွားစရာများဖြစ်နေပါတယ် company ၏ ဆိုဒ်ခွဲတစ်ခု သည် ၃လပိုင်း ၁၅ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ပြီး HR Dept Head မှ အလုပ်သမားများအားနစ်နာကြေးလျော်ကြေးများပေးစရာ မလိုအပ်ပေမယ့် အလုပ်သမားများအား အလုပ်ပိတ်သိမ်းသည့်အတွက် ပြန်ရမှာဖြစ်တယ်လို ပြောပါတယ်။ အလုပ်သမားရုံးကထုတ်တဲ့ဥပဒေနှင့်လည်း ကိုက်ညီမူရှိ ကြောင်းပါပြောပါတယ် အလုပ်သမားများစတင်ဝင်ရောက် အလုပ်လုပ်ကိုင် ခဲ့တုန်က စာချုပ်စာတမ်းနှင့် ခေါ်ဆိုထားခြင်းမဟုတ်တဲ့အတွက်၊ daily worker လခစားများသာဖြစ်လို့ လျော်ပေးစရာမလိုအပ်ဟု သိရပါသည်။ ဆရာ/ဆရာမများက ကူညီးလမ်းပြပေပါလို့ ကျွန်တော် worker များကိုယ် စား အကူညီတောင်းခံရခြင်ဖြစ်ပါတယ်ခင်ဗျာ။
ဖြေ။ ။ (၁) ကနဦးအားဖြင့် Supervisor တစ်ဦးက ပြောကြားထား သည့် “အလုပ်ရှင်က အလုပ်သမားများ စတင်ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ တုန်းကစာချုပ်စာတမ်းနှင့် ခေါ်ဆိုထားခြင်းမဟုတ်တဲ့အတွက် လျော်ပေးစ ရာ မလို” ဆိုတဲ့စကားရပ်ကိုရှင်းရရင်(၂၀၁၂)ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ပုဒ်မ ၂ (ည)မှာ “အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်” ဆိုသည်မှာ အလုပ်ခန့်ထားမှု၊ အလုပ်၌ အလုပ်လုပ် ကိုင်မှုနှင့်စပ်လျဉ်း၍ အလုပ်ရှင်နှင့်အလုပ် သမားတို့က နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီပြုလုပ်သည့် သဘောတူညီချက် ကို ဆိုသည်။” လို့ပြဋ္ဌာန်းထားလို့ အလုပ်လုပ်ကိုင်ခဲ့တုန်းက စာချုပ်စာ တမ်းနှင့် ခေါ်ဆိုထားခြင်းမဟုတ်တဲ့အတွက် “လျော်ပေးစရာမလို”ဆိုတဲ့ စကားရပ်သည် ဥပဒေအရအလုပ်သမားနဲ့ “နှုတ်”နဲ့ပဲချုပ်ချုပ်၊ “စာ”နဲ့ပဲချုပ် ချုပ်ပဋိညာဉ်မြောက်ပါ၍လျော်ကြေးပေးရန်အလုပ်ရှင်မှာ တာဝန်ရှိပါတယ်။
ဖြေ။ ။ (၂) အလုပ်ပိတ်ကိစ္စ/စက်ရုံခေတ္တပိတ်၊ ကိစ္စများနဲ့ပတ်သက်လို့ အလုပ်ရှင်က “အလုပ်သမားရုံးက ထုတ်တဲ့ဥပဒေနှင့်လည်း ကိုက်ညီမူရှိ ကြောင်းပါပြောပါတယ်” လို့ဆိုထားတော့ ၂၀၁၁ခုနှစ်၊ အလုပ်သမားအဖွဲ့ အစည်းနည်းဥပဒေ၊ အပိုဒ် ၄၁ က ဒီလိုဆိုထားတော့ “အလုပ်ရှင်သည် အလုပ်ပိတ်ခြင်းပြုမည့်အကြောင်းကို သက်ဆိုင်ရာအလုပ်သမားများသို့လည်း ကောင်း၊ သက်ဆိုင်ရာမြို့နယ်အလုပ်သမားအဖွဲ့အစည်းသို့လည်းကောင်း၊ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲသို့လည်းကောင်း၊ အလုပ်ပိတ်ရက်မတိုင်မီ အနည်းဆုံးကြိုတင် (၁၄)ရက်အလုပ်ပိတ်ခြင်းပြုမည်ဖြစ်ကြောင်း ကြိုတင်အ ကြောင်းကြားစာ ပုံစံ(၁၃)ဖြင့် အကြောင်းကြားရမည်။ သို့ရာတွင် သက်ဆိုင် ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အလုပ်ပိတ်ခြင်းပြုလုပ် ရမည်။” လို့ဆိုထားတာနဲ့ရော အလုပ်ရှင်ကကိုက်ညီပါရဲ့လားလို့မေးရမည့်အနေအထားအတွင်းကျရောက်ပြီး အလုပ်ပိတ်တာ၊ အလုပ်ရပ်တာကို ဘယ် လောက်ထိဥပဒေနဲ့ ကိုက်ညီအောင် ပိတ်ထား၊ ရပ်ထားလို့ အလုပ်သမားရုံး က ထုတ်တဲ့ဥပဒေနှင့်လည်း ကိုက်ညီမှုရှိကြောင်းပါပြောပါတယ်”လို့ ဆို တာက မေးခွန်းဖြစ်ပါတယ်။
ဖြေ။ ။ (၃) ၂၀၁၂ခုနှစ်အလုပ်သမားရေးရာ ငြင်းပွားမှုဖြေရှင်းရေးနည်း ဥပa’၊ အပိုဒ် ၃၅ က ဒီလိုဆိုထားပြန်တယ်။ “အလုပ်ရှင်ကလုပ်ငန်းတစ်ခုခုကို ဆက်လက်လည်ပတ်လုပ်ကိုင်နိုင် ခြင်းမရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းရသောအခါတွင်ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့အလုပ်ထုတ်ပစ်သည့်အခါတွင်ဖြစ်စေ ယင်းသို့ ဆောင်ရွက်ခြင်း ကြောင့်ဖြစ်ပေါ်လာသည့်အငြင်းပွားမှုတွင်ပါဝင်သော အလုပ်သမားအားအလုပ်ရှင်က ပေးရမည့်နစ်နာကြေးနှုန်း ထားကို ဝန်ကြီးသည် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည်”လို့ဆိုထားပြီး။
၂၀၁၂ခုနှစ် အလုပ်သမားရေးရာ ငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ၊ နည်းဥပဒေ၊ ပုဒ်မ ၃၅ “အလုပ် ရှင်ကလုပ်ငန်းတစ်ခုခုကို ဆက်လက် လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းရသောအခါတွင်ဖြစ်စေ၊ အလုပ်သမားအားအကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့်အခါတွင်ဖြစ်စေ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုတွင် ပါဝင် သောအလုပ်သမားအား အလုပ်ရှင်ကပေးရမည့်နစ်နာကြေးနှုန်းထားကို ဝန် ကြီးသည် အမိန့်ကြော်ငြာစာဖြင့်အခါအားလျော်စွာသတ်မှတ်၍ ထုတ်ပြန် နိုင်သည်” လို့လည်း ပြဋ္ဌာန်းထားပြီး။
အထက်ဥပဒေနဲ့ချိတ်တာက၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ပုဒ်မ ၅(ဃ)ဖြစ်ပြီး “(၃ .၇ .၂၀၁၅)ရက်နေ့ အ မိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅) ပါဖော်ပြထားချက်များအရ အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်ရှင်ကပေးရမည့် နစ်နာကြေးနှုန်းထားများအတိုင်း နစ်နာကြေးကိုအလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ (၃-၇-၂၀၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၈၄/၂၀၁၅)} အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၂ခုနှစ်အလုပ်သမားရေးရာ ငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ ပုဒ်မ ၅၉ ပုဒ်မခွဲ(ခ)နှင့် ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုဥပဒေ၊ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်အလုပ်မှရပ်စဲခံရ သောအလုပ်သမားနှင့်ပတ်သက်၍ အလုပ်ရှင်ကပေးရမည့်နစ်နာကြေးနှုန်း ထားများကို သတ်မှတ်လိုက်သည်။” လို့ပြဋ္ဌာန်းထားတာကြောင့် သတ်မှတ် တဲ့လုပ်သက်အလိုက် တွက်ချက်ပေးရမှာဖြစ်ပါကြောင်း၊
ဖြေ။ ။ (၄) ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်း ရေးဥပဒေရဲ့ ပုဒ်မ ၂(က)မှာ “အလုပ်သမား” ဆိုသည်မှာ နေ့စားအလုပ်သ မား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူ အလုပ် သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့ အပါအဝင်စီးပွားရေးလုပ်ငန်း တစ်ခုခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေ မိမိ၏လုပ် အားအပေါ် အားကိုးအားထားပြုလုပ်ကိုင်နေသူကိုဆိုသည်။ ထို့ပြင် အငြင်း ပွားမှုဖြစ်ပွားနေစဉ်အတွင်း “အလုပ်မှ ရပ်စဲခံရသူ” သို့မဟုတ် “အလုပ် ထုတ်ခံရသူအလုပ်သမားလည်းပါဝင်သည်။” လို့ဆိုထားတော့ Supervisor နဲ့ အလုပ်သမားတွေအကျုံးဝင်မှုကို သဘောပေါက်ပြီလို့ ဖြေကြားလိုက်ပါ တယ်။

Leave a Reply