Success

ဘ၀မွာ ေအာင္ျမင္မွု ရရွိဖို႔ဆိုတာ /ဘဝမှာ အောင်မြင်မှု ရရှိဖို့ဆိုတာ

ဘ၀မွာ ေအာင္ျမင္မွု ရရွိဖို႔ဆိုတာ မိတ္ေဆြ အေပါင္းအသင္းေတြရဲ့ ေထာက္ပံ့ ကူညီေပးမွုေတြ အမ်ားႀကီး လိုအပ္တာ အမွန္ပါ။ ဒီေနရာမွာ ေအာင္ျမင္ ေက်ာ္ၾကားတဲ့ လူတိုင္း သူတို႔ရဲ့ လက္တြဲေဖာ္ သူငယ္ခ်င္း မိတ္ေဆြေတြလည္း ရွိစျမဲ ျဖစ္ၿပီး အဲဒီလို ပူးေပါင္း လုပ္ေဆာင္မွု ေတြကပဲ သူတို႔ရဲ့ ေအာင္ ျမင္မွု ခရီးပန္းတိုင္ကို ေရာက္ရွိ ေစခဲ့တာ ေတြ႕နိုင္ပါတယ္။ အခု ကၽြန္ေတာ္ေျပာမွာကေတာ့ အေပါင္းအသင္း အပိုင္းမွာ ေကာင္းမြန္စြာ ေပါင္း သင္းၿပီး ေအာင္ျမင္မွု လမ္းေၾကာင္းကို ေလၽွာက္လွမ္း နိုင္မယ့္ နည္းလမ္းေကာင္းေတြ ျဖစ္ပါတယ္။

(၁) Social Networkingသုံးပါ – ေခတ္နဲ႔မွီတဲ့ လူမွုအေပါင္းအသင္း ကြန္ယက္တစ္ခု ျဖစ္ေပၚဖို႔အတြက္ ဒီအခ်က္က ေရွာင္လြဲလို႔ မရတဲ့ အခ်က္ျဖစ္ပါတယ္။ Social Networkingဆိုတာ Facebook, Twitterနဲ႔ Gmailတို႔လို ဆက္သြယ္ေရး စနစ္မ်ိဳးေတြ ျဖစ္ၿပီး လက္ရွိ ျမန္မာနိုင္ငံမွာလည္း အဲဒီလို Accountေတြ ဖြင့္ၿပီး သုံးေနသူေတြ အမ်ားႀကီး ရွိပါတယ္။ ဒီေတာ့ ပထမတစ္ခ်က္နဲ႔ ကိုက္ညီဖို႔ကေတာ့ ႏွစ္သက္ရာ Account တစ္ခုခု ဖြင့္ၿပီး သုံးဖို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အတိုင္းအတာ တစ္ခုထိ လိုအပ္သေလာက္၊ သင့္သေလာက္ပဲ သုံးသင့္တာကိုေတာ့ မေမ့သင့္ပါဘူးေနာ္။

(၂) အတိုင္းအတာနဲ႔ ဆက္ဆံပါ – ပူးေပါင္းလုပ္ေဆာင္သူေတြ ဆိုတာက အေကာင္းဆုံး သူငယ္ခ်င္း ေကာင္းေတြ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ တခ်ိဳ႕လည္း အလုပ္သေဘာအရ ပူးေပါင္းတာမ်ိဳး ျဖစ္နိုင္တဲ့ အတြက္ ကိုယ္ေရး ကိုယ္တာနဲ႔ အတြင္းေရးေတြကိုလည္း ထိုက္သင့္သေလာက္သာ ေျပာၿပီး အတိုင္းအတာ တစ္ခုထိ သတ္မွတ္ ေပါင္းသင္း ဆက္ဆံသင့္ပါတယ္။

(၃) အာဃာတ မထားပါနဲ႔ – ပူးေပါင္း လုပ္ေဆာင္တဲ့ အခါေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အယူအဆျခင္း မတူညီတာ၊ သေဘာထားျခင္း မတိုက္ဆိုင္တာေတြ ျဖစ္နိုင္ပါတယ္။ ဒီလို ျဖစ္ရပ္မ်ိဳး ၾကဳံလာရၿပီ ဆိုရင္ေတာ့ အေကာင္းဆုံး နည္းလမ္းက ေျပလည္ေအာင္ ညႇိႏွိုင္း ေျဖရွင္းသင့္ၿပီး ေနာက္ဆုံး ဘယ္လိုမွ မျဖစ္နိုင္ေတာ့ရင္ ေတာ့ လမ္းခြဲလိုက္တာ အေကာင္းဆုံး ျဖစ္မွာပါ။ သည္းခံၿပီး အာဃာတေတြနဲ႔ ဆက္လက္ေပါင္းသင္း ေနရင္ေတာ့ ပူးေပါင္း လုပ္ေဆာင္မွုက ေအာင္ျမင္နိုင္မွာ မဟုတ္ပါဘူး။

(၄) ေဆာင္ပုဒ္တစ္ခုခု ထားရွိပါ – သင့္အေနနဲ႔ တစ္ကိုယ္ေရ ဘ၀မွာေတာင္မွ သင္အႀကိဳက္ဆုံး လက္စြဲ စကားစု ဒါမွမဟုတ္ ေဆာင္ပုဒ္တစ္ခု ရွိသင့္သလို ပူးေပါင္း လုပ္ေဆာင္တဲ့ အခါမွာလည္း နည္းတူ ေဆာင္ပုဒ္ေတြ ထားရွိ လုပ္ေဆာင္ျခင္းက သင့္ကို အေကာင္းဆုံး ျဖစ္ေစမွာပါ။ ဒါမွလည္း ပန္းတိုင္ကို မေရာက္ခင္ အခ်ိန္မွာ စိတ္သေဘာထား ကြဲလြဲမွုေတြ ျဖစ္ေပၚမွု ရာခိုင္ႏွုန္း နည္းေစမွာ ျဖစ္သလို စိတ္ဓါတ္ က်မွုေတြကိုလည္း အေကာင္းဆုံး ေလ်ာ့ခ်ေပးနိုင္မွာ ျဖစ္ပါတယ္။

(၅) ကိုယ့္ကိုယ္ကို ယုံၾကည္ပါ – ပူးေပါင္း လုပ္ေဆာင္မွုမွာ အျပန္အလွန္ ေလးစားတာ ယုံၾကည္တာထက္ ပိုၿပီး အေရးႀကီးတဲ့ အခ်က္ကေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မွု ရွိတာ ျဖစ္ပါတယ္။ ကိစၥတစ္ရပ္ရပ္နဲ႔ ၾကဳံေတြ႕လာရၿပီ ဆိုရင္ ကိုယ္ပိုင္ အေတြ႕အၾကဳံ၊ ပညာရွိမွသာ ေျပာဆို ေဆြးေႏြးနိုင္မွာ ျဖစ္သလို အဲဒီလို ပညာရွိမွလည္း ကိုယ့္ကိုယ္ကို ယုံၾကည္မွု ရွိမွာ ျဖစ္လို႔ တကယ္လို႔ သင့္မွာသာ ကိုယ့္ကိုယ္ကို ယုံၾကည္မွု အျပည့္ရွိရင္ သင့္မွာ ပညာရွိတာ ျဖစ္တာေၾကာင့္ ပန္းတိုင္ကို အေကာင္းဆုံးနဲ႔ အျမန္ဆုံး ေရာက္ေအာင္ သြားနိုင္မွာ ျဖစ္ပါတယ္။

***

ဘဝမှာ အောင်မြင်မှု ရရှိဖို့ဆိုတာ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ထောက်ပံ့ ကူညီပေးမှုတွေ အများကြီး လိုအပ်တာ အမှန်ပါ။ ဒီနေရာမှာ အောင်မြင် ကျော်ကြားတဲ့ လူတိုင်း သူတို့ရဲ့ လက်တွဲဖော် သူငယ်ချင်း မိတ်ဆွေတွေလည်း ရှိစမြဲ ဖြစ်ပြီး အဲဒီလို ပူးပေါင်း လုပ်ဆောင်မှု တွေကပဲ သူတို့ရဲ့ အောင် မြင်မှု ခရီးပန်းတိုင်ကို ရောက်ရှိ စေခဲ့တာ တွေ့နိုင်ပါတယ်။ အခု ကျွန်တော်ပြောမှာကတော့ အပေါင်းအသင်း အပိုင်းမှာ ကောင်းမွန်စွာ ပေါင်း သင်းပြီး အောင်မြင်မှု လမ်းကြောင်းကို လျှောက်လှမ်း နိုင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

(၁) Social Networkingသုံးပါ – ခေတ်နဲ့မှီတဲ့ လူမှုအပေါင်းအသင်း ကွန်ယက်တစ်ခု ဖြစ်ပေါ်ဖို့အတွက် ဒီအချက်က ရှောင်လွဲလို့ မရတဲ့ အချက်ဖြစ်ပါတယ်။ Social Networkingဆိုတာ Facebook, Twitterနဲ့ Gmailတို့လို ဆက်သွယ်ရေး စနစ်မျိုးတွေ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာလည်း အဲဒီလို Accountတွေ ဖွင့်ပြီး သုံးနေသူတွေ အများကြီး ရှိပါတယ်။ ဒီတော့ ပထမတစ်ချက်နဲ့ ကိုက်ညီဖို့ကတော့ နှစ်သက်ရာ Account တစ်ခုခု ဖွင့်ပြီး သုံးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အတိုင်းအတာ တစ်ခုထိ လိုအပ်သလောက်၊ သင့်သလောက်ပဲ သုံးသင့်တာကိုတော့ မမေ့သင့်ပါဘူးနော်။

(၂) အတိုင်းအတာနဲ့ ဆက်ဆံပါ – ပူးပေါင်းလုပ်ဆောင်သူတွေ ဆိုတာက အကောင်းဆုံး သူငယ်ချင်း ကောင်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချို့လည်း အလုပ်သဘောအရ ပူးပေါင်းတာမျိုး ဖြစ်နိုင်တဲ့ အတွက် ကိုယ်ရေး ကိုယ်တာနဲ့ အတွင်းရေးတွေကိုလည်း ထိုက်သင့်သလောက်သာ ပြောပြီး အတိုင်းအတာ တစ်ခုထိ သတ်မှတ် ပေါင်းသင်း ဆက်ဆံသင့်ပါတယ်။

(၃) အာဃာတ မထားပါနဲ့ – ပူးပေါင်း လုပ်ဆောင်တဲ့ အခါတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အယူအဆခြင်း မတူညီတာ၊ သဘောထားခြင်း မတိုက်ဆိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရပ်မျိုး ကြုံလာရပြီ ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက ပြေလည်အောင် ညှိနှိုင်း ဖြေရှင်းသင့်ပြီး နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တော့ရင် တော့ လမ်းခွဲလိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။ သည်းခံပြီး အာဃာတတွေနဲ့ ဆက်လက်ပေါင်းသင်း နေရင်တော့ ပူးပေါင်း လုပ်ဆောင်မှုက အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

(၄) ဆောင်ပုဒ်တစ်ခုခု ထားရှိပါ – သင့်အနေနဲ့ တစ်ကိုယ်ရေ ဘဝမှာတောင်မှ သင်အကြိုက်ဆုံး လက်စွဲ စကားစု ဒါမှမဟုတ် ဆောင်ပုဒ်တစ်ခု ရှိသင့်သလို ပူးပေါင်း လုပ်ဆောင်တဲ့ အခါမှာလည်း နည်းတူ ဆောင်ပုဒ်တွေ ထားရှိ လုပ်ဆောင်ခြင်းက သင့်ကို အကောင်းဆုံး ဖြစ်စေမှာပါ။ ဒါမှလည်း ပန်းတိုင်ကို မရောက်ခင် အချိန်မှာ စိတ်သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်မှု ရာခိုင်နှုန်း နည်းစေမှာ ဖြစ်သလို စိတ်ဓါတ် ကျမှုတွေကိုလည်း အကောင်းဆုံး လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်ပါ – ပူးပေါင်း လုပ်ဆောင်မှုမှာ အပြန်အလှန် လေးစားတာ ယုံကြည်တာထက် ပိုပြီး အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာ ဖြစ်ပါတယ်။ ကိစ္စတစ်ရပ်ရပ်နဲ့ ကြုံတွေ့လာရပြီ ဆိုရင် ကိုယ်ပိုင် အတွေ့အကြုံ၊ ပညာရှိမှသာ ပြောဆို ဆွေးနွေးနိုင်မှာ ဖြစ်သလို အဲဒီလို ပညာရှိမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှာ ဖြစ်လို့ တကယ်လို့ သင့်မှာသာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် သင့်မှာ ပညာရှိတာ ဖြစ်တာကြောင့် ပန်းတိုင်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ရောက်အောင် သွားနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply