Tax
***
အခွန်ထမ်း၏အခွင့်အရေးများ ( Taxpayer’s Rights)
ကင်းလွတ်ခွင့်Exemption
– ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု၊ ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှု လုပ်ငန်းများနှင့်အကျုံးဝင်သည့် ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ၊ ရုပ်ရှင်သရုပ် ဆောင်၊ သဘင်ပညာသည်၊ တေးရေး၊ အဆိုတော်၊ ပန်းချီဆရာ၊ ပန်းပုဆရာများ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။(၂၀၁၇ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ဃ ))
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေဖြင့်
– အထူးကုန်စည် ၅ မျိုးမှအပ ကျန်အထူးကုန်စည်များပြည်ပတင်ပို့လျှင် အထူးကုန်စည်ခွန်မကျသင့်ပါ။
– အထူးကုန်စည်ခွန်ကျသင့်သည့်ဆေးရွက်ကြီး၊ဆေးပေါ့လိပ်နှင့်ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ် ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ ထက်မပိုလျှင် အထူးကုန် စည်ခွန်မကျသင့်ပါ။(၂၀၁၇ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၂)
– ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်ရောင်းရငွေ၊ ကုန်သွယ်မှုရငွေနှင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုရငွေ သည်တစ်နှစ်အတွင်း စုစုပေါင်းကျပ်သိန်း(၅၀၀) မကျော်လျှင် ကုန်သွယ် လုပ်ငန်းခွန် မကျသင့်ပါ။ (၂၀၁၇ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ(၁၅) စုစုပေါင်းဝင်ငွေသည် ကျပ်သိန်း(၅၀၀)ကျော်လွန်မှသာ ထိုဝင်ငွေအားလုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။
– ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ၁၄(က) ပါ ကုန်စည် ၈၇ မျိုးကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းဝယ်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
– ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ၁၄(ဃ) ပါ ဝန်ဆောင်မှု ၂၉ မျိုးကို လုပ်ကိုင်ဆောင်ရွက်လျှင် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။
– လျှပ်စစ်ဓါတ်အားနှင့်ရေနံစိမ်းမှအပ အခြားကုန်စည်များ ပြည်ပတင်ပို့ ရောင်းချလျှင် ကုန်သွယ်လုပ်ငန်းခွန် သုံညရာခိုင်နှုန်သာ ကျသင့်ပါမည်။ (၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၇)
– အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ် စား လုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက် တည်း သုံးနှစ်ကာလအတွင်း တစ်နှစ်စုစုပေါင်း အသားတင်အမြတ် ဝင်ငွေ ကျပ်သိန်း ၁၀၀ ထိ ဝင်ငွေခွန်ကင်းလွတ်ပါသည်။ ဖော်ပြပါ ဝင်ငွေ ထက်ပိုမိုရရှိပါက ပိုမိုရရှိသည့် ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန် ကျသင့်ပါမည်။
Leave a Reply