[Zawgyi]
ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။
၂။ အချိန်ဆွဲခြင်း ( ၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။
၃။ ကောက်ရိုးမီး အကျင့် ( ၈%)
၎။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။
၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။
[Unicode]
ဟားဗတ်တက္ကသိုုလ်က သုုတေသန တစ်ခုုပြုခဲ့ပါတယ်။
လူတစ်ယောက် ကိုု အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုုင်းဖြစ်ပါတယ်။
၁။ ချီတုံုချတုံု ဖြစ်ခြင်း ( ၁၃ % )
ဘာကိုုမှ ပြတ်ပြတ်သားသား မဆုံုးဖြတ်ရဲ၊ ဟိုုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုုဟာလုုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံုကြီးပါ။ မှားမှာကြောက်လိုု့၊ ဆုံုးရူံးမှာ ကြောက်လိုု့ ဆိုုတဲ့စိတ်မျိုးဟာ ချီတုံုချတုံုကိုု ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆိုု ၁၀၀% သေချာမှ လုုပ်မယ်ဆိုုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။
၂။ အချိန်ဆွဲခြင်း ( ၉%)
လုုပ်မယ်၊ လုုပ်မယ်၊ မနက်ဖန်စမယ် ဆိုုပြီး မပြီးဆုံုးနိုုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုုပ်မဖြစ်တော့ပါဘူး။ ခဏမှလုုပ်မယ်။ နက်ဖန်မှ လုုပ်မယ်။ နောက်တစ်ပတ်မှ စလိုုက်မယ် ဆိုုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။
၃။ ကောက်ရိုုးမီး အကျင့် ( ၈%)
ဘာပဲလုုပ်လုုပ် အစပဲကောင်းပြီး အဆုံုးမရှိတာမျိုး၊ စာတစ်အုုပ်ဖတ်တော့မယ်လိုု့ သေသေချာချာ ဆုံုးဖြတ်ပြီး ပထမပိုုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုုန်းကတော့ ဟုုတ်မလိုုလိုုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုုပ်ငန်းတစ်ခုု စလုုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုုယ်ပါ ကြိုးစားပါတယ်။ အလုုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကိုု ဆိုုလိုုပါတယ်။
၄။ သူများငြင်းဆိုုမူကိုု ကြောက်ရွှံ့ ခြင်း ( ၇%)
ကိုုယ်ချစ်မိတဲ့သူ ငြင်းဆိုုမှာ ကြောက်လိုု့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုုပ်အကိုုင်၊ အခွင့်အရေးတွေလည်း ဒီလိုုပါပဲ။ ကိုုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုုမယ်ဆိုုတာကိုု စိုုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
၅။ မိမိကိုုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
ဆိုုပါစိုု့၊ ဒီအလုုပ်ဟာ အလုုပ်ဖြစ်နိုုင်တယ်။ လုုပ်ကိိုုင်ဖိုု့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုုယ့်မိသားစုုရဲ့ ဂုုဏ်ကိုု ငှဲ့လိုု့ မလုုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုုဏ်ငယ်မှာကြောက်လိုု့ ကိုုယ့်ဘောင်ကိုု ကိုုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုုအလုုပ်မလုုပ်နိုုင်ဘူး၊ ဘာကြောင့်၊ ဒီအလုုပ်မလုုပ်ချင်ဘူး၊ ဘာကြောင့်ဆိုုပြီး ကိုုယ့်ကိုုယ်ကိုု ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။
၆။ အဖြစ်မှန်ကိုု ရင်မဆိုုင်လိုုခြင်း ( ၇%)
လက်တွေ့မကျတဲ့လူကိုု ဆိုုလိုုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကိုု ဆိုုလိုုတာပါ။ ဘာမဆိုု အလကားလိုုချင်တယ်။ အလုုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုုတ်နေတတ်တယ်။ အချိန်ရှိတိုုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။
ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘဝဆုံုးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတိုု့ဟာ အလုုပ်ကိုု စိတ်နှစ်ကိုုယ်နှစ် မလုုပ်ကိုုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတိုု့မှာ အကြောင်းပြချက် အပြည့်အစုံု အမြဲရှိနေတတ်တယ်။ လုုပ်ဖေါ်ကိုုင်ဘက်ကြောင့်၊ အလုုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုုးရ ကြောင့်၊ သူတိုု့ဆုံုးရူံးရတယ်လိုု့ပဲ သူတိုု့ ယူဆကြပါတယ်။ သူတိုု့ကိုုသူတိုု့ ဘယ်သောအခါမှ မစမ်းစစ်ပါ။
၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုုတာ ပင်ပမ်းရပါတယ်။ အားထုုတ်ရပါတယ်။ ဦးနောက်သုံုးရပါတယ်။
သူတိုု့ဟာ ဘာပဲလုုပ်လုုပ်၊ ဘယ်မှာပဲလုုပ်လုုပ်၊ အလုုပ်ကိုု ပြီးအောင်သာလုုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုုပ်ပါတယ်။ ဘယ်အလုုပ်မဆိုု သင်ယူနိုုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုုတာ သူတိုု့ မသိကြပါ။ သိရင်လည်း မလုုပ်လိုုကြပါ။ အလုုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုုင်ဖုုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုုင်ထိုုင်ကြပါတယ်။ စကားပြောနေကြပါတယ်။
Credit to Aung Ko Latt (Sayar)