Office

Effective Meeting

ထိရောက်တဲ့ အစည်းအဝေးကျင်းပနိုင်ဖို့ လိုက်နာသင့်တဲ့ အချက် (၁၁) အစည်းအဝေးတော်တော်များများ က ကုန်သွားတဲ့ အချိန်နဲ့ ရလာဒ် က မညီမျှဘူး။ အစည်းအဝေး လို့သာ ပြောတယ် လာချင်တဲ့သူကလာတယ်၊မလာချင်တဲ့သူက မလာဘူး။ အချိန်တိကျတဲ့သူရှိသလို၊အချိန်မလေးစားဘူး ရောက်ချင်တဲ့ အချိန်ရောက်မယ်။ တစ်ချို့ကတော့ လူက အစည်းအဝေးခန်းမှာ စိတ်ကတစ်ခြားမှာ၊တစ်ချို့ကလဲ ဖုန်းပွတ်နေမယ်၊အရေးမကြီးတဲ့ ဖုန်းအဝင်တွေကို အရေးကြီးသယောင်ပြုပြီးလက်ခံပြောနေမယ်။ အစည်းအဝေးမှာလဲ ခေါင်းစဉ်ကတစ်မျိုး၊ဆွေးနွေးနေကြတာတစ်မျိုး၊ အစည်းအဝေးသာပြီးသွားတယ် ဘာဆုံးဖြတ်ချက်မှ ပြတ်ပြတ်သားသား မချနိုင်ဘူး။ အဲ့လိုအစည်းအဝေးမျိုးကိုတော့ ဘယ်သူကမှ အချိန်ကုန်ခံပြီး တက်ချင်မယ် မထင်ဘူးနော်။ ထိရောက်တဲ့အစည်းအဝေးတစ်ခု ကျင်းပနိုင်ဖို့လိုက်နာသင့်တဲ့ အချက်တွေကတော့ ၁) အစည်းအဝေးတိုင်းမှာ တိကျရှင်းလင်းတဲ့ Agenda ရှိပါစေ။ ၂) လိုအပ်သော၊ပါဝင်သင့်သော သူများကိုသာ ဖိတ်ခေါ်ပါ။ ၃) အစည်းအဝေးအတွက်လိုအပ်သော အချက်အလက်များကို ကြိုတင်ဝေထားပါ။ ၄)… Continue reading Effective Meeting

Uncategorized

SIYB- Start and Improve Your Business

ILO ရဲ့ SIYB လို့ခေါ်တဲ့ Start and Improve Your Business ဆိုတဲ့ အသေးစား၊အလတ်စား၊စီးပွားရေးလုပ်ငန်းရှင်များအတွက် ရက်တိုသင်တန်းလေးတွေကို လုပ်ငန်းရှင်တွေစိတ်ဝင်စားစပြုလာကြပြီ။ သင်တန်းအမျိုးအစား ကတော့ စုစုပေါင်း(၈)မျိုးရှိပါတယ်။ ၁) GYB- Generate Your Business Idea (စီးပွားရေးစိတ်ကူးစတင်ခြင်းပါ) ၂) SYB- Start Your Business(သင်၏စီးပွားရေးလုပ်ငန်းစတင်ခြင်းပါ) IYB- Improve Your Business မှာတော့ အပိုင်း(၆) ပိုင်းရှိပါတယ်။ ၃) Marketing -ဈေးကွက်ရှာဖွေခြင်း ၄) People and Productivity - ဝန်ထမ်းများနှင့် ထုတ်လုပ်နိုင်စွမ်းအား ၅) Costing - ကုန်ကျစရိတ်တွက်ချက်ခြင်း ၆) Buying and Stock Control -… Continue reading SIYB- Start and Improve Your Business

Uncategorized

Self Improvement

"ကိုယ်​့ကိုယ်ကိုယ်​တိုးတက်​ဖွံ့ဖြိုးချင်​တဲ့ လုပ်​ငန်​းခွင်​ဝင်​​နေသူ​တွေ လိုက်​နာသင်​့တဲ့ အချက်​(၁၀)ချက်​" ၁၊၊ ကိုယ်ဘယ်နေရာမှာတော်လဲဆိုတာကို မကြာခဏ ဆန်းစစ်ကြည့်ပါ။လမ်းကြောင်းပေါ်ရှိမရှိကို သုံးသပ်ပါ။ ၂၊၊ ကိုယ်ယုံကြည်ရာအတွက်ပဲ အလုပ်လုပ်ပါ။ ၃၊၊ အလုပ်အတွက် ကောင်းဖို့အလုပ်လုပ်ပါ။ အထက်လူကြီးခိုင်းလို့ မလုပ်ပါနဲ့။ ၄၊၊ သက်သာတဲ့အလုပ်ကို မမျှော်လင့်ပါနဲ့။ ၅၊၊ ကိုယ့်ကိုကိုယ် အကဲဖြတ်ပါ။ တန်ရာတန်ကြေးမပြန်ပေးနိုင်ရင် ရှက်စရာကောင်းတယ်ဆိုတဲ့စိတ်ထားပါ။ ၆၊၊ ကိုယ်နဲ့ထိုက်တန်တဲ့ တောင်းဆိုမှုအတွက် အားမနာပါနဲ့ ဒါပေမယ့် အလွဲသုံးစားတာမျိုးကိုတော့ ရှောင်ပါ။ ရ၊၊ ကိုယ်ဘာပေးမလဲဆိုတာ မစဉ်းစားပါနဲ့။ သူတို့ဘာလိုချင်လဲဆိုတာ စဉ်းစားပါ။ ၈၊၊ ဆက်လက်သင်ယူဖို့အတွက် စိတ်အားထက်သန်ပါ။ ၉၊၊ အားလုံး ကျေနပ်ဖို့ မမျှော်လင့်ပါနဲ့။ ၁၀၊၊ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားရင် တစ်ခုခုတော့ တွန်းအားပေးဖို့လိုနေပြီဆိုတာ သတိရပါ။ ၁၊၊ ကိုယ်ဘယ်နေရာမှာ တော်လဲဆိုတာကို ခဏလောက်အချိန်ပေး ဆန်းစစ်ကြည့်ပါ။… Continue reading Self Improvement

Investment, Uncategorized

ရင်းနှီးမြှပ်နှံလိုသူများအတွက်သတင်းကောင်း

ရင်းနှီးမြှပ်နှံလိုသူများအတွက်သတင်းကောင်း TMH Telecom Public Company Limited ကနေ အစုရှယ်ယာတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိရောင်းချပေးမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့ Myanmar Securities Exchange Centre Co., Ltd ကတစ်ဆင့်ဝယ်ယူနိုင်ပါပြီ။ အစုရှယ်ယာ တစ်စုကို ၃၀၀၀ မှ ၃၃၀၀ အတွင်း မိမိ ဝယ်ယူလိုသော ဈေးနှုန်းဖြင့် အဝယ်အော်ဒါတင်နိုင်ပြီဖြစ်ပါတယ်။ ရှယ်ယာ ဝယ်ယူရရှိသော သူစာရင်းကို ဒီဇင်ဘာ ၂၆ ရက်မှာသိရမှာဖြစ်ပါတယ်။ TMH Telecom Public Company Limited အကြောင်းလေ့လာချင်သူများအတွက် http://www.tmhtelecom.com/ Yangon Stock Exchange မှာ ဒီဇင်ဘာ (၄) ရက်နေ့က listed ဖြစ်ပြီးပါပြီ။ https://ysx-mm.com/notices/

Uncategorized

Introduction to strategic HR planning

The overall purpose of strategic HR planning is to: Ensure adequate human resources to meet the strategic goals and operational plans of your organization - the right people with the right skills at the right time Keep up with social, economic, legislative and technological trends that impact on human resources in your area and in… Continue reading Introduction to strategic HR planning