Uncategorized

ယုံကြည်မှု

တစ်ခါတုန်းက အကြွေးတွေ ဗရပွနဲ့ ဘဝမှာ ရှေ့ဆက်ဖို့ လမ်းစပျောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရှိပါတယ်။အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။ ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။ သူဌေးကြီးက အကြောင်းစုံ ရှင်းပြပြီးတဲ့အခါ အဖိုးအိုက “ငါမင်းကို ကူညီနိုင်တယ် ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် ဟေ”့ ဆိုပြီး ချက်လက်မှတ်တစ်စောင် ရေးလိုက်ပါတယ်။ ပြီးတော့ ချက်လက်မှတ်ကို သူဌေးကြီးဆီ ကမ်းပေးရင်း… Continue reading ယုံကြည်မှု

Uncategorized

Personal Branding

တည်ဆောက်ကြမယ် Personal Branding ကွယ် Personal Branding ဆိုတာဘာလဲ? Brand လို့ပြောရင် လူအတော်များများက ကုန်ပစ္စည်းအတွက်လို့သာ မြင်မိကြမှာပါ။ Personal Branding ဆိုတာလည်း လူတစ်ယောက်ရဲ့အမှတ်တံဆိပ်တစ်ခုပါပဲ။ တစ်နည်းအားဖြင့် ကုမ္ပဏီ brand လိုပဲ ဘယ်အမှတ်တံဆိပ်ဆိုရင် ဘယ်လိုမြင်သလဲဆိုသလိုပါပဲ။ ဥပမာ - Apple, Facebook, Nike, Mercedes စတဲ့ အမှတ်တံဆိပ်တွေကို လူတွေရဲ့အမြင်မှာ အရည်အသွေးကောင်းမွန်မှု၊ လူသိများမှုလို့တွဲမြင်လေ့ ရှိကြပါတယ်။ လူတိုင်းမှာလည်း ကိုယ်ပိုင် Personal Brand ဆိုတာရှိပါတယ်။ ကမ္ဘာပေါ်မှာဆိုရင် စတီဗ်ဂျော့၊ ဂနီ္ဒ၊ မာသာထရီဇာ တို့လိုနာမည်ကျော်ကြားတဲ့သူတွေဆိုတာ သူတို့ရဲ့ Personal Brand ကို ကောင်းကောင်းတည်ဆောက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ Personal Branding ဘာကြောင့်လိုအပ်သလဲ? လူတိုင်း Personal Brand… Continue reading Personal Branding

Uncategorized

”If your business is not on the internet, then your business will be out of business.”

ယဉ်ကျေးမှုအရင်းအနှီး ဘီလီယံနာတစ်ဦးအဖြစ်သိထားကြသော ဘီလ်ဂိတ်က ”If your business is not on the internet, then your business will be out of business.” ဟူ၍ စီးပွားရေးနှင့်စပ်လျဉ်းသော သူ့ယူဆချက်ကိုဖွင့်ဟဖူးသည်။ ထိုစကားရပ်သည်ယင်း၏စီးပွားရေးလုပ်ငန်းနှင့်ဆက်နွှယ်ပြောသောစကားဟုယူဆနိုင်သော်လည်း လက်တွေ့တွင် လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှရှိရှိသမျစီးပွားရေးလုပ်ငန်းကြီးငယ်မဟူ IT ၊ သို့မဟုတ် Internet ကို အသုံးချနိုင်မှု မည်မျအားကောင်းသည်ဆိုသော အချက်ကဖြည့်အားတစ်ရပ်သဖွယ် လုပ်ငန်း၏အောင်မြင်မှုကို ပုံဖော်ပေးနိုင် သည့်သဘောအား လက်ခံကြရမည်သာဖြစ်သည်။ တစ်နိုင်ငံအတွင်းဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ကမ္ဘာ့စီးပွားရေးဝန်းကျင်သည် ပြိုင်ဆိုင်မှုလေပြင်များ တိုက်ခတ်လာနေသည်မှာ တစ်စတစ်စပြင်းအားဖြင့်လာနေပြီဟု ညွှန်းဆိုနိုင်သည်။ ထိုသို့ဖြင့် ကမ္ဘာ့စီးပွားရေး၌ Globalization သဘောတရားများက ပို၍ပို၍ ထင်ရှားလွှမ်းမိုးလာခြင်း၊ Multinational Trading များဖြင့်… Continue reading ”If your business is not on the internet, then your business will be out of business.”

Uncategorized

Starting Your Own Business

ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် စိတ်ဖိစီးမှုများစွာလဲ ကြုံတွေ့လာနိုင်ပါတယ်။ကိုယ်ပို်င်လုပ်ငန်းတစ်ခု စတင်ဖို့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။ ၁။ Idea တစ်ခု ရှိထားရပါမယ်။ သေချာပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်မယ့်လူတစ်ယောက်အတွက် အနည်းဆုံး ခေါင်းထဲမှာ Idea တစ်ခုတော့ ရှိထားရပါမယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေ ကြိုတင်သိရှိနိုင်ဖို့ အလုပ်နဲ့ဆိုင်တဲ့ Idea တွေ ရှိကို ရှိထားရပါမယ်။ ၂။ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာစဉ်းစားပါ။ ကိုယ်စဉ်းစားလိုက်တဲ့ Idea က တကယ့် လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလားဆိုတာ သေချာဆုံးဖြတ်ပါ။ လုပ်ငန်းတစ်ခု မစတင်ခင်မှာ ကိုယ့်ဘက်က သေချာနေဖို့ လိုပါတယ်။ ၃။ ထူးခြားမှု ရှိပါစေ။ မှန်ပါတယ်။ သင့်… Continue reading Starting Your Own Business