Accounting, Business, Entrepreneurship, Management, SME

Bad Debts @ MSME Books

နှစ်ကုန်တော့မယ်
အကြွေးတွေတောင်း မရ တဲ့ အခါ ဘယ်လိုစာရင်းသွင်းမလဲ
***
နှစ်ကုန်တော့မယ်

***
***
လုပ်ငန်းတိုင်းမှာ အနည်းနဲ့ အများတော့ ကြွေးဆုံးတာတွေရှိပါတယ်။
ဘဏ္ဍာရေးနှစ်တစ်နှစ်ကုန် တဲ့ အခါ တောင်းမရတော့ပဲ ကြာနေတဲ့ အကြွေးတွေကို ကြွေးဆုံးအနေနဲ့ စာရင်းသွင်းရပါမယ်။
ကြွေးဆုံးကို လုပ်ငန်းရဲ့ စရိတ်အနေနဲ့ ထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်။
ကြွေးဆုံးကို စာရင်းသွင်းမယ်ဆိုရင်တော့ ဥပဒေအရ ဘယ်လို အခြေအနေမှာ ကြွေးဆုံးစာရင်းသွင်းခွင့်ရှိတယ်၊ ဘယ်လိုအထောက်အထားတွေလိုတယ်ဆိုတာကို သိရပါမယ်။
ကြွေးဆုံးက လုပ်ငန်းရဲ့ စရိတ် ဖြစ်တဲ့ အတွက် စာရင်းခေါင်းစဥ် အသစ်တစ်ခု မရှိသေးရင်ထည့်ရပါမယ်။
Settings >> Chart of Accounts ကိုနှိပ်ပါ။

Profit and Loss မှ New Account ကိုနှိပ်ပါ။
***

Name တွင် Bad Debts
***
Name တွင် Bad Debts
Group တွင် Expenses ဟုထည့်ပြီး Create ကိုနှိပ်ပါ။

ကြွေးဆုံးစာရင်းသွင်းရန်အတွက် Journal Entries ကိုနှိပ်ပါ။
***

New Journal Entries ကိုနှိပျပါ။
***
New Journal Entries ကိုနှိပ်ပါ။

စာရင်းသွင်းမည့် ရက်စွဲကိုရွေးပါ။
ACA Audit Firm မှ ရရန်ရှိသည့် 78300 ကို ကြွေးဆုံးစာရင်းသွင်းရန်အတွက်
Debit တွင် Bad Debts ကိုရွေးပါ။Debit Amount တွင် 78300 ကိုထည့်ပါ။
Credit တွင် Account Receivables ကိုရွေးပြီး၊ ACA Audit Firmကိုရွေးပါ။Credit Amount တွင် 78300 ကိုထည့်ပါ။
***


စာရင်းသွင်းထားသည့် အချက်အလက်များကို ပြန်လည်စစ်ဆေးရန်အတွက် Summary ကိုနှိပ်ပါ။
Expenses အောက်တွင် Bad Debts စာရင်းခေါင်းစဥ်တွင် ရေးသွင်းထားသည့် Amount အားတွေ့ရပါမည်။
***


Reports >> Customer (Transactions) တွင် ACA Audit Firm အားကြည့်ပါက ရရန်မကျန်သည်ကိုတွေ့ရပါမည်။
***

အသုံးပြုခ လစဉ်ကြေး ၃၀၀၀၀ ကျပ်
ဆက်သွယ်ရန် 09 977 160 671
***
MSME Books (Cloud based accounting system)

Leave a Reply