Accounting Software, MSME Books

ထိတွေ့ကိုင်တွယ်မရသောပိုင်ဆိုင်မှုများထည့်သွင်းခြင်း(Intangible Assets) @MSMEBooks

လုပ်ငန်း၏ အမည်ကောင်း၊ကုန်အမှတ်တံဆိပ်ကဲ့သို့ အရာများကို တန်ကြေးသတ်မှတ်လိုပါက ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများတွင် သတ်မှတ်နိင်ပါသည်။ လုပ်ငန်းများလွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှပ်နှံမှုတိုးချဲ့သည့် အချိန်များတွင် လုပ်ငန်း၏အမည်ကောင်းကို တွက်ချက်ရန်လိုပါသည်။ ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများကို ထည့်သွင်းလိုပါက... ထိတွေ့ကိုင်တွယ် မရသောပိုင်ဆိုင်မှုများကိုနှိပ်ပါ။ ထိတွေ့ကိုင်တွယ်မရသော ပိုင်ဆိုင်မှု အသစ်ကိုနှိပ်ပါ။   အမည်တွင် ထည့်သွင်းလိုသည့် ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုကိုထည့်ပါ။ အမှတ်အသားနှင့် အကြောင်းအရာထည့်သွင်းလိုက ထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသည့် ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်မှုကို တွေ့ရမည်။ အခြားသော ထိတွေ့ကိုင်တွယ်၍ မရသည့် ပိုင်ဆိုင်မှုများထည့်သွင်းလိုပါက ထိုနည်းအတိုင်းထည့်သွင်းပါ။ ဇယားတွင် ထည့်သွင်းထားသည့် ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများကို တွေ့ရမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting Software, MSME Books

ပုံသေပိုင်ပစ္စည်းများထည့်သွင်းခြင်း(Fixed Assets) @ MSME Books

လုပ်ငန်းတွင် ကာလရှည်ကြာစွာ အသုံးပြုမည့် ပစ္စည်းစာရင်းများကို ပုံသေပိုင် ပစ္စည်းများတွင် ထည့်သွင်းရမည်။ ပုံသေပိုင်ပစ္စည်းများစာရင်းထည့်သွင်းရန် ပုံသေပိုင်ပစ္စည်းများကိုနှိပ်ပါ။ ပုံသေပိုင်ပစ္စည်းအသစ်ကို နှိပ်ပါ။ “ကုန်ပစ္စည်းအမှတ်အသား” တွင်သတ်မှတ်လိုပါကသတ်မှတ်ပါ။ “ကုန်ပစ္စည်းအမည်” တွင်ပစ္စည်းအမည်များကိုထည့်သွင်းပါ။ “Depreciation Rate” တွင် “Depreciation”ချမည့် “Rate”အားထည့်သွင်းပါ။ “အကြောင်းအရာ”တွင် ကုန်ပစ္စည်းနှင့်ပက်သက်၍ဖော်ပြလိုသော အကြောင်းအရာများကိုထည့်သွင်းပါ။ အချက်အလက်များ ပြည့်စုံအောင်ထည့်သွင်းပြီးပါက ”ဖန်တီးမည်” ကိုနှိပ်ပါ။ စာရင်းထည့်သွင်းထားသောပုံသေပိုင်ပစ္စည်းများကိုတွေ့မြင်နိုင်ပါသည်။ ထပ်မံထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းများရှိပါကလည်း အထက်ပါနည်းအတိုင်း ထည့်သွင်းနိုင်ပါသည်။ ထိုပစ္စည်းအားဝယ်ယူပါက “payment” မှတစ်ဆင့်ဝယ်ယူနိုင်သည်။ ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့ထည့်သွင်းနည်းကို အောက်ပါ လင့် တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ Depreciation Calculation မာတိကာ # MSMEBooks # Cloud Based Accounting Software # BCN # 09-977160671

Accounting Software, MSME Books

ရောင်းသူ၊ကုန်ပေးသွင်းသူများထည့်သွင်းခြင်း (Suppliers) @ MSME Books

လုပ်ငန်းတွင် အသုံးပြုရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ရောင်းသူ/ကုန်ပေးသွင်းသူများကို ဦးစွာသတ်မှတ်ထားရှိရမည်။ ရောင်းသူ/ကုန်ပေးသွင်းသူများကို ထည့်သွင်းရန်... ရောင်းသူ/ကုန်ပေးသွင်းသူများကိုနှိပ်ပါ။ ရောင်းသူ/ကုန်ပေးသွင်းသူ အသစ်ကိုနှိပ်ပါ။ "အမည်"တွင် ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုထည့်သွင်းပါ။ "ငွေကြေး"တွင် အခြေခံငွေကြေးယူနစ်ကို သုံးစွဲမည်ဆိုပါက ထပ်မံရွေးချယ်ရန်မလိုပါ။ လိပ်စာများကို ဖြည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုတွေ့ရမည်။ အခြားသောကုန်ပေးသွင်းသူများကိုလည်း ထိုနည်းအတိုင်း ထည့်သွင်းပါ။ "အမည်" တွင် ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုထည့်သွင်းပါ။ "ငွေကြေး" တွင်အခြေခံငွေကြေးယူနစ်မဟုတ်ပဲ အခြား အသုံးပြုသည့် ငွေကြေးယူနစ်ရှိပါကလည်း ရွေးချယ်သတ်မှတ်ပါ။ လိပ်စာများထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။   ထည့်သွင်းထားသော ရောင်းသူ/ကုန်ပေးသွင်းသူအမည်များကို တွေ့ရမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671  

Accounting Software, Cloud, MSME Books

ကုန်ပစ္စည်းများထည့်သွင်းခြင်း(Inventory) @ MSME Books

လုပ်ငန်းတွင် ကုန်ပစ္စည်းများ ရောင်းချရန် ကုန်ပစ္စည်းစာရင်းများကို ဦးစွာထည့်သွင်းရမည်။ လုပ်ငန်းတွင် ရောင်းချမည့် ကုန်ပစ္စည်းများကို ကုန်ပစ္စည်းများတွင် ထည့်သွင်းနိုင်ပါသည်။ ရောင်းဈေးအား ကြိုတင်သတ်မှတ်နိုင်ပါသည်။ ကုန်ပစ္စည်း တစ်ခုချင်းစီအလိုက် အခွန်သတ်မှတ်ချက်၊ခြေရာခံအမှတ်အသား၊ဝင်ငွေစာရင်းနှင့် အသုံးစရိတ်စာရင်း များအား လိုအပ်သလို သတ်မှတ်နိုင်ပါသည်။ ကုန်ပစ္စည်းစာရင်းများကို ထည့်သွင်းရန်... ကုန်ပစ္စည်းများကိုနှိပ်ပါ။ ကုန်ပစ္စည်းအသစ်ကိုနှိပ်ပါ။ "ကုန်ပစ္စည်းအမှတ်အသား"တွင် သတ်မှတ်လိုသော ကုန်ပစ္စည်းအမှတ် အသားကိုထည့်သွင်းပါ။ "ကုန်ပစ္စည်းအမည်" တွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းအမည်ကိုထည့်သွင်းပါ။ "ယူနစ်" ကိုထည့်သွင်းပါ။ "ဝယ်စျေး နှင့် ရောင်းစျေး" ကို ထည့်သွင်းပါ။ "အခွန်သတ်မှတ်ချက်" ရှိပါက ထည့်သွင်းပါ။ "ခြေရာခံအမှတ်အသား" ထည့်သွင်းပါ။( လိုအပ်ပါက) "စိတ်ကြိုက်ဝင်ငွေစာရင်း နှင့် အသုံးစရိတ်စာရင်း" ထည့်သွင်းပါ။( လိုအပ်ပါက) "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော ကုန်ပစ္စည်းအမျိုးအမည်ကိုတွေ့ရမည်။ အခြားကုန်ပစ္စည်းများကိုလည်း ထိုနည်းအတိုင်း… Continue reading ကုန်ပစ္စည်းများထည့်သွင်းခြင်း(Inventory) @ MSME Books

Accounting, Accounting Software, MSME Books

ကုန်ပစ္စည်းမဟုတ်သည့်အရာများထည့်သွင်းခြင်း(Non-inventory Items) @ MSME Books

ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ အတွက် ဝန်ဆောင်မှုများနှင့်ဈေးနှုန်းများ ကြိုတင်သတ်မှတ်ထားရန်အတွက် ကုန်ပစ္စည်းမဟုတ်သည့်အရာများကို အသုံးပြုနိုင်ပါသည်။ ဥပမာ ခရီးသွားလုပ်ငန်းများ၊သင်တန်းကျောင်းများ စားသောက်ဆိုင်များတွင်လည်း စားသောက်ဖွယ်ရာ မီနူးများကို အသုံးပြုနိင်ပါသည်။   ကုန်ပစ္စည်းမဟုတ်သည့်အရာများထည့်သွင်းရန်အတွက်... ဆက်တင်များကိုနှိပ်ပါ။ "ကုန်ပစ္စည်းမဟုတ်သောအရာအသစ်" ကို နှိပ်ပါ။   "ကုန်ပစ္စည်းအမှတ်အသား" တွင်ထည့်လိုသည့်အမှတ်အသားထည့်ပါ။ (လိုအပ်မှသာ) "ကုန်ပစ္စည်းအမည်"တွင် ထည့်လိုသော အကြောင်းအရာထည့်သွင်းပါ။ "အရောင်းပြေစာ"တွင် အသုံးပြုမည်ဆိုပါက "ဤအရာကို ရောင်းချနိုင်မည်"ကို ရွေးချယ်ပါ။ "ရောင်းဈေး"သတ်မှတ်ပါ။ "စာရင်း"ရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။   ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းလုပ်ဆောင်ပါ။ ထည့်သွင်းထားသည့် အရာများကို တွေ့မြင်ရပါမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting Software, MSME Books

ဝယ်သူ၊ဖောက်သည်စာရင်းများထည့်သွင်းခြင်း (Customers) @ MSME Books

ကုန်ပစ္စည်းများ ရောင်းချရန်အတွက် ဝယ်သူ/ဖောက်သည် အမည်စာရင်းများကို ဦးစွာထည့်သွင်းရမည်။ ဝယ်သူ/ဖောက်သည်စာရင်းများ ထည့်သွင်းရန်အတွက်... ဝယ်သူဖောက်သည်များကိုနှိပ်ပါ။ ဝယ်သူ/ဖောက်သည်အသစ်ကိုနှိပ်ပါ။ "အမည်"တွင် ဝယ်သူ/ဖောက်သည်အမည်ကိုထည့်သွင်းပါ။ "ငွေကြေး"တွင် အခြေခံ ငွေကြေးယူနစ်ဖြင့် အသုံးပြုမည်ဆိုပါက ရွေးချယ်ရန်မလိုပါ။ "လုပ်ငန်းကိုယ်စားပြုအသား" ထည့်သွင်းလိုပါက ထည့်သွင်းပါ။ "ငွေတောင်းခံရမည့်လိပ်စာ" ထည့်သွင်းပါ။ "အီးမေးလ်လိပ်စာ" ထည့်သွင်းလိုက ထည့်သွင်းပါ။ "ဖန်တီးမည်"ကို နှိပ်ပါ။ ဝယ်သူ/ဖောက်သည်ဇယားတွင်ကြည့်လျှင် ထည့်သွင်းထားသော ဝယ်သူ/ဖောက်သည် ကိုတွေ့ရမည်ဖြစ်သည်။ အခြားသော ဝယ်သူ/ဖောက်သည်များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။ ထည့်သွင်းထားသော ဝယ်သူ/ဖောက်သည်စာရင်းများကိုတွေ့ရမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting Software, Cloud, MSME Books

ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital) @ MSME Books

ရင်းနှီးငွေစာရင်းများထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting Software, MSME Books

ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ခြင်း(Exchange Rate) @ MSME Books

ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ရန်အတွက် ဆက်တင်များကို နှိပ်ပါ။ ငွေလဲလှယ်နှုန်းများကို နှိပ်ပါ။ ငွေလဲလှယ်နှုန်းအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" ရွေးချယ်ပါ။ "ငွေကြေး"တွင် သတ်မှတ်လိုသည့် ငွေကြေးကို ရွေးချယ်ပါ။ "နှုန်း" ထည့်ပါ။ မြန်မာငွေ တစ်ကျပ်တွင် USD ပေါက်ဈေးသတ်မှတ်မည်ဖြစ်သောကြောင့် 1/1550 ထည့်ပါ။ ( 1 USD = 1550 MMK) ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလဲလှယ်နှုန်းများအားတွေ့ရပါမည်။ ထပ်မံထည့်သွင်းရန်အတွက် အထက်ပါအတိုင်းလုပ်ဆောင်ပါ။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting Software, MSME Books, SME

ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) Cash Books @ MSME Books

MSME Books တွင် ငွေစာရင်းစာအုပ်များ သတ်မှတ်ရန်အတွက်  "ငွေစာရင်းများ" တွင် အသုံးပြုနိုင်ပါသည်။ ငွေစာရင်းစာအုပ် တစ်အုပ်ကို စာရင်းခေါင်းစဉ် တစ်ခု (သို့) ငွေစာရင်းစာအုပ် အားလုံးအတွက် စာရင်းခေါင်းစဉ် တစ်ခု လိုအပ်သလို အသုံးပြုနိုင်ပါသည်။ ငွေစာရင်း စာအုပ် တစ်အုပ်ကို စာရင်းခေါင်းစဉ် တစ်ခု သတ်မှတ်လိုပါက စာရင်းခေါင်းစဉ်သတ်မှတ်ရာတွင် "ထိန်းချုပ်စာရင်း" အဖြစ် သတ်မှတ်ပေးရပါမည်။ ငွေစာရင်းများ သတ်မှတ်ရန်အတွက်... "ငွေစာရင်းများ" ကိုနှိပ်ပါ။ "ငွေစာရင်း အသစ်"ကိုနှိပ်ပါ။ "အမည်" တွင် ထားရှိလိုသော စာရင်းအမည်ကိုထည့်သွင်းပါ။ 'ငွေကြေး"တွင်အခြေခံ ငွေကြေးကို အသုံးပြုမည်ဆိုပါက ရွေးချယ်စရာမလိုပါ။ "ထိန်းချုပ်စာရင်း"တွင် သက်ဆိုင်ရာငွေစာရင်းကို ရွေးချယ်ပါ။ "ဖန်တီးမည်"ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေစာရင်းစာအုပ်ကို တွေ့ရမည်။ အခြား ငွေကြေးယူနစ်ဖြင့် ငွေစာရင်းစာအုပ်ထားရှိလိုပါက... အမည်တွင် ထားရှိလိုသော… Continue reading ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) Cash Books @ MSME Books

MSME Books

ကုန်ပစ္စည်းနှင့် လက်ကျန် အရေအတွက်ထည့်သွင်းခြင်း (Inventory and Opening Qty) @ MSME Books

ကုန်ပစ္စည်းလက်ကျန်ထည့်သွင်းရန်အတွက် ကုန်ပစ္စည်းများထဲတွင် ကုန်ပစ္စည်အမျိုးအမည်များကို ဦးစွာထည့်သွင်းပေးရမည်။ ကုန်ပစ္စည်းအမျိုးအမည်များကိုထည့်သွင်းရန်အတွက်... ကုန်ပစ္စည်းများကိုနှိပ်ပါ။ ကုန်ပစ္စည်းအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းအမှတ်အသားထည့်သွင်းပါ။ ကုန်ပစ္စည်းအမည်ကိုထည့်ပါ။ ယူနစ်သတ်မှတ်ပါ။ ၀ယ်စျေး၊ ရောင်းစျေးထည့်သွင်းပါ။ ခြေရာခံအမှတ်အသားထည့်သွင်းပါ။(လိုအပ်ပါက) စိတ်ကြိုက်၀င်ငွေနှင့် အသုံးစရိတ်စာရင်းရွေးချယ်ပါ။(လိုအပ်ပါက) ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ကုန်ပစ္စည်းကိုတွေ့ရမည်။ အခြားသောကုန်ပစ္စည်းများကိုလည်း ထိုနည်းလည်းကောင်းထည့်သွင်းပါ။ ထည့်သွင်းထားသောကုန်ပစ္စည်းအမည်များကိုတွေ့ရမည်။ ကုန်သိုလှောင်သည့်နေရာတစ်ခုထက်ပိုမို အသုံးပြုလိုပါက ကုန်သိုလှောင်သည့်နေရာသတ်မှတ်ရန်လိုပါသည်။ ကုန်သိုလှောင်ရာနေရာကို သတ်မှတ်ရန်.... ဆက်တင်များကိုနှိပ်ပါ။ ကုန်သိုလှောင်ရာနေရာများကိုနှိပ်ပါ။ ကုန်သိုလှောင်ရာနေရာအသစ်ကိုနှိပ်ပါ။ အမည်တွင် ကုန်သိုလှောင်သည့်နေရာကိုထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ကုန်သိုလှောင်ရာနေရာကိုတွေ့ရမည်။ ကုန်သိုလှောင်ရာနေရာ တစ်ခုထက်ပိုရှိနေပါကလည်း ကုန်သိုလှောင်ရာနေရာအသစ်ကိုနှိပ်၍ ထပ်မံသတ်မှတ်ပါ။ ထပ်မံထည့်သွင်းထားသော ကုန်သိုလှောင်ရာနေရာကိုတွေ့ရမည်။ ကုန်ပစ္စည်းစာရင်းလက်ကျန်များ ထည့်သွင်းလိုပါက... ဆက်တင်များထဲရှိ စာရင်းဖွင့်လက်ကျန်များကိုနှိပ်ပါ။ လက်၀ယ်ရှိ ကုန်လက်ကျန် ဘေးရှိ အပြာရောင် ဂဏန်းလေးကိုနှိပ်ပါ။ ကုန်ပစ္စည်းအမည်များကိုတွေ့ရမည်။ ထည့်သွင်းလိုသောကုန်ပစ္စည်းဘေးရှိ ပြင်မည်ကိုနှိပ်ပါ။ ကုန်သိုလှောင်ရာ နေရာနှင့် အရေအတွက်ကိုသတ်မှတ်ပါ။… Continue reading ကုန်ပစ္စည်းနှင့် လက်ကျန် အရေအတွက်ထည့်သွင်းခြင်း (Inventory and Opening Qty) @ MSME Books