Accounting Software, MSME Books

User Log @ MSME Books

Single Business Version အသုံးပြုသူတွေအတွက် ဘယ်သူက ဘာပြင်သွားတယ်။ ဘယ်အချိန်မှာ ဆိုတာ သိချင်တယ်ဆိုရင် record တိုင်းမှာ ကြည့်လို့ရပြီနော်။ Created ဆိုတာတော့ စထည့်တဲ့သူပါ။ Updated ဆိုတာတော့ နောက်ဆုံးပြင်တဲ့သူပါ။ ပြင်ထားတာမရှိရင်တော့ Created and Updated က အတူတူ ပြမှာ ဖြစ်ပါတယ်။ #MSMEBooks #CloudBasedAccountingSoftware #SecurityControl Cloud Version တော်တော်များများမှာ User Log မပါပါဘူး။ MSME Books မှာ ပါပါတယ်။

Accounting, Accounting Software, MSME Books

ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books

လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများနှင့် ထည့်ဝင်ထားသည် ငွေပမာဏ များကို ရင်းနှီးငွေစာရင်းများတွင် ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်းသို့ ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများ ထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ ရှယ်ယာရှင်တစ်ဦးချင်းစီမှ လုပ်ငန်းသို့ထည့်ဝင်ငွေစာရင်းသွင်းရန်အတွက် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" တွင် ငွေလက်ခံသည့်နေ့အားရွေးချယ်ပါ။ "စာရင်း" တွင် ငွေလက်ခံသည့် စာရင်းအမည်အားရွေးချယ်ပါ။ "ငွေလက်ခံသူ"၊ "အကြောင်းအရာ" များ လိုအပ်ပါက ထည့်သွင်းနိုင်ပါသည်။ "စာရင်း" တွင် "ရင်းနှီးငွေစာရင်းများ" ကို ရွေးချယ်ပါ။ ရင်နှီးမြှပ်နှံသူအမည်အား ရွေးချယ်ပါ။ "စာရင်းခေါင်းစဉ်ခွဲ"တွင် "ရင်းနှီးငွေထည့်ဝင်မှု"အားရွေးချယ်ပါ။ "ဈေးနှုန်း"တွင် လက်ခံရရှိသည့်… Continue reading ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books

Accounting Software, Cloud, Fixed Assets, MSME Books, Multi Currency, Receivable and Payable

စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books

လက်ရှိလည်ပါတ်နေသော လုပ်ငန်းများ အခြား ကွန်ပျူတာ စနစ်တစ်ခု မှ သို့ မဟုတ် လက်ရေးစာရင်းကိုင်စနစ်မှ MSME Books သို့ပြောင်းလဲ အသုံးပြုလိုသည့်အခါတွင် လက်ရှိအသုံးပြုနေသည့်စနစ်ကို စာရင်းပိတ်ပြီး လက်ကျန်ရှင်းတမ်း(Balance Sheet) ကို MSME Books အတွင်းသို့ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် လုပ်ဆောင်ပုံအဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။ အခြေခံငွေကြေးသတ်မှတ်ခြင်း(ငွေကြေး စနစ် တစ်မျိုးထက်ပိုမို အသုံးပြုလိုပါက) စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) ဝယ်သူ၊ဖောက်သည်စာရင်းများထည့်သွင်းခြင်း ရောင်းသူ၊ကုန်ပေးသွင်းသူများထည့်သွင်းခြင်း ကုန်ပစ္စည်းများထည့်သွင်းခြင်း ကုန်ပစ္စည်းမဟုတ်သည့်အရာများထည့်သွင်းခြင်း ပုံသေပိုင်ပစ္စည်းများထည့်သွင်းခြင်း ထိတွေ့ကိုင်တွယ်မရသောပိုင်ဆိုင်မှုများထည့်သွင်းခြင်း ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ခြင်း(လိုအပ်မှသာ) စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း Excel မှတဆင့် အချက်အလက်များထည့်သွင်းခြင်း မာတိကာ # MSMEBooks # Cloud Based Accounting… Continue reading စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books

Accounting, Accounting Software, MSME Books

ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) @ MSME Books

ဘဏ်စာရင်းများ သတ်မှတ်ရန်အတွက် ဘဏ်စာရင်းများကို နှိပ်ပါ။ ဘဏ်စာရင်းအသစ်ကို နှိပ်ပါ။ "အမည်" ထည့်သွင်းပါ။ အခြေခံ ငွေကြေးကို အသုံးပြုမည်ဆိုပါက "ငွေကြေး" တွင် ရွေးချယ်စရာမလိုပါ။ "စာရင်းအမည်" ထည့်သွင်းပါ။ "စာရင်းအမှတ်" ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ "အမည်" ထည့်သွင်းပါ။ အခြေခံ ငွေကြေးမှာ "MMK" ဖြစ်ပြီး  " USD" ကို အသုံးပြုမည် ဖြစ်သောကြောင့် ငွေကြေးတွင် "USD" ကို ရွေးချယ်ပါ။ "စာရင်းအမည်" ထည့်သွင်းပါ။ "စာရင်းအမှတ်" ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ထည့်သွင်းထားသော ဘဏ်စာရင်းများအား တွေ့မြင်ရပါမည်။ ဘဏ်စာရင်းများအား "စာရင်းချုပ်" မှ "ပိုင်ဆိုင်မှုအားတွင်" ဘဏ်စာရင်းတစ်ခုချင်းစီအား သီးခြား မြင်လိုပါက "ထိန်းချုပ်စာရင်း" ဦးစွာထည့်သွင်းရန်လိုပါသည်။ ထိန်းချုပ်စာရင်းထည့်သွင်းပုံအား "စာရင်းခေါင်းစဉ်"… Continue reading ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) @ MSME Books

Accounting Software, MSME Books

စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း(Chart of Accounts) @ MSME Books

စာရင်းခေါင်းစဉ်ထည့်သွင်းရာတွင် လက်ကျန်ရှင်းတမ်း(Balance Sheet Items) နှင့် အရှုံးအမြတ်ရှင်းတမ်း(Profit and Loss Items) ဟု နှစ်ပိုင်းခွဲခြားထည့်သွင်းရပါမည်။ စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးရန်အတွက် ဆက်တင်များကို နှိပ်ပါ။ စာရင်းခေါင်းစဉ်များကို နှိပ်ပါ။ လက်ကျန်ရှင်းတမ်း(Balance Sheet Items) လက်ကျန်ရှင်းတမ်းအောက်တွင် "အုပ်စု" နှင့် "စာရင်း" ခေါင်းစဉ်များ သတ်မှတ်နိုင်ပါသည်။ "စာရင်းအုပ်စုများ" ထည့်ရန်အတွက် အုပ်စု အသစ်ကိုနှိပ်ပါ။ "အမည်" တွင် ထည့်သွင်းလိုသော စာရင်းအုပ်စုအမည် ထည့်သွင်းပါ။ မိမိလိုချင်သည့် အစဉ်အတိုင်းစီရန်အတွက် "အမှတ်အသား" ကို နံပါတ်စဉ်များ ထည့်သွင်းနိုင်ပါသည်။ "အုပ်စု" ရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော စာရင်းအုပ်စုအားတွေ့မြင်ရပါမည်။ စာရင်းခေါင်းစဉ်အသစ်ထည့်သွင်းရန်အတွက် "စာရင်းအသစ်" ကိုနှိပ်ပါ။ "အမည်" တွင် ထည့်သွင်းလိုသော စာရင်းခေါင်းစဉ် အမည် ထည့်သွင်းပါ။… Continue reading စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း(Chart of Accounts) @ MSME Books

Accounting, Accounting Software, MSME Books, Multi Currency

အခြေခံငွေကြေးသတ်မှတ်ခြင်း (Base Currency) @ MSME Books

MSME Books သည် ငွေကြေးစနစ်အမျိုးမျိုး(Multi Currency) အသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။ လုပ်ငန်းတွင် ငွေကြေးစနစ် တစ်မျိုးထက် ပိုမို အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ပေးရန်လိုပါသည်။ ငွေကြေးစနစ်တစ်ခု သာ အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ရန်မလိုပါ။ အခြေခံငွေကြေး သတ်မှတ်ရန် ဆက်တင်များကိုနှိပ်ပါ။ အခြေခံငွေကြေးကို နှိပ်ပါ။ အခြေခံငွေကြေးတွင် "MMK- Burmese Kyat" ကို ရွေးချယ်ပါ။ ပြင်ဆင်မည်ကို နှိပ်ပါ။ ဘဏ္ဍာရေးရှင်းတမ်းများအားလုံး အခြေခံငွေကြေးဖြင့်သာထွက်ပါမည်။ မိမိလုပ်ငန်းတွင် ငွေကြေးတစ်မျိုးသာ အသုံးပြုမည်ဆိုပါက သတ်မှတ်ရန်မလိုပါ။ သင့်လုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကို အခြား ငွေကြေးဖြင့်ထုတ်ယူမည်ဆိုပါကလိုအပ်သည့် အခြေခံငွေကြေးကိုသတ်မှတ်နိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Accounting, Accounting Software, Fixed Assets, MSME Books

ပုံသေပိုင်ပစ္စည်းများ စာရင်းသွင်းခြင်း (Fixed Assets) @ MSME Books

ပုံသေပိုင် ပစ္စည်းဆိုသည်မှာ လုပ်ငန်းမှ ပြန်လည်ရောင်းချရန် မဟုတ်ပဲ၊ လုပ်ငန်းတွင် အသုံးပြုရန် ဝယ်သူထားပြီး၊ စာရင်းကာလ တစ်ခု ထက်ပိုမိုအသုံးပြုနိုင်သော ပစ္စည်းများကို ပုံသေပိုင်ပစ္စည်းဟုခေါ်ပါသည်။ ပုံသေပိုင်ပစ္စည်းများတွင် -အဆောက်အဦးများ -ပရိဘောဂများ -စက်ပစ္စည်းများ နှင့် -မော်တော်ယာဉ်များ ပါဝင်ပါသည်။ MSME Books မှာ ပုံသေပိုင်ပစ္စည်းများ  (Fixed Assets) နှင့် တန်ဖိုးလျော့ ခြင်းများကို ထည့်သွင်းနိုင်ပါတယ်။ ပုံသေပိုင်ပစ္စည်းများ၀ယ်ယူခြင်း ပုံသေပိုင်ပစ္စည်းများကိုနှိပ်ပါ။ ပုံသေပိုင်ပစ္စည်းအသစ်ကိုနှိပ်ပါ။   ကုန်ပစ္စည်းအမှတ်အသားကိုထည့်သွင်းပါ။ ကုန်ပစ္စည်းအမည်တွင် ထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းအမည်ကို ထည့်သွင်းပါ။ အကြောင်းအရာထည့်သွင်းလိုပါက ထည့်သွင်းပါ။ ထိန်းချုပ်စာရင်းတွင် ပုံသေပိုင်ပစ္စည်းကိုရွေးပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းကိုတွေ့ရမည်။ အခြားထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းများရှိပါကလည်း ထိုနည်းလည်းကောင်းထည့်သွင်းပါ။ ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းများကိုတွေ့ရမည်။   ပုံသေပိုင်ပစ္စည်းများ၀ယ်ယူမှုကိုထည့်သွင်းရန် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။… Continue reading ပုံသေပိုင်ပစ္စည်းများ စာရင်းသွင်းခြင်း (Fixed Assets) @ MSME Books

Accounting Software, Cloud, Receivable and Payable

Customer Summary and Supplier Summary Reports @ MSME Books

ဝယ်သူဖောက်သည်များ နှင့် ရောင်းသူကုန်ပေးသွင်းများ ၏ လက်ကျန်၊ ယခုကာလအတွင်း ဝယ်ယူသည့် (သို) ရောင်းသည့် ပမာဏ၊ငွေလက်ခံသည့် ပမာဏ(သို့) ငွေပေးချေသည့် ပမာဏနှင့် စာရင်းပိတ်လက်ကျန် ကို အကျဉ်းချုပ်ကြည့်လိုပါက Summary Report တွင် ကြည့်ရှု့နိုင်ပါသည်။ Customer Summary Report ထုတ်ရန်အတွက် Reports >> Customer Summary ကို နှိပ်ပါ။ New Report ကို နှိပ်ပါ။ From Date နှင့် To Date တွင် ကြည့်လိုသော ရက်အား ထည့်သွင်းပါ။ Create ကို နှိပ်ပါ။   မိမိကြည့်လိုသော ရက်စွဲ ဘေးမှ View ကို နှိပ်ပါ။ လိုအပ်သော ရက်စွဲ… Continue reading Customer Summary and Supplier Summary Reports @ MSME Books

Accounting, Accounting Software, MSME Books

အရောင်းပြေစာပုံစံ Invoice Format @ MSME Books

MSME Books မှာ အရောင်းပြေစာကို မိမိ ကြိုက်နှစ်သက်စာ အရွယ်အစားနဲ့ ထုတ်ယူနိုင်ပါတယ်။ Slip Printer နဲ့ Laser or Inject Printer ကြိုက်နှစ်သက်ရာ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ စက္ကူ အရွယ်အစားကို လည်း A4 (or) A5, 80mm, 58 mm စသည်ဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပြေစာ ပုံစံကို လည်း လူကြီးမင်းတို့လုပ်ငန်းနဲ့ ကိုက်ညီမည့် ပုံစံ ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ လုပ်ငန်းတစ်ခု အတွက် ပြေစာပုံစံ တစ်ခု ကို စိတ်ကြိုက်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ပြေစာ ပုံစံ အမျိုးမျိုးအသုံးပြုလိုပါက ပြေစာတစ်စောင်ကို ၂၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ 09 977… Continue reading အရောင်းပြေစာပုံစံ Invoice Format @ MSME Books

Accounting, Accounting Software, Cloud, Digital Accountant, MSME Books, Multi Currency

ငွေလက်ခံလွှာ Receipt @ MSME Books

  MSME Books မှာ ဝယ်သူ ဖောက်သည်များ ထံမှ ငွေလက်ခံတဲ့ အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အရောင်းပြေစာ တစ်စောင်ချင်းငွေလက်ခံခြင်း အရောင်းပြေစာသို့သွားပါ။ ငွေပေးချေသည့် ဝယ်သူဖောက်သည် (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေလက်ခံမည့် ပြေစာ မှ ကျန်ငွေအား နှိပ်ပါ။ ပြေစာ နံပါတ် ၁၅ ဘေးမှ 115,690 အားနှိပ်ပါမည်။ ငွေလက်ခံလွှာအသစ်အား နှိပ်ပါ။ ငွေလက်ခံလွှာတွင် ငွေလက်ခံမည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ လက်ခံသည့် ငွေပမာဏအား ဈေးနှုန်းတွင် ထည့်ပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေလက်ခံလွှာအား ပြေစာ ဖြတ်ပိုင်းထုတ်ပေးနိုင်ပါသည်။ အရောင်းပြေစာအား ပြန်လည် ပုံနှိပ်ပါက စုစုပေါင်းကျသင့်ငွေ၊ ငွေလက်ခံလွှာ၊ကျန်ငွေနှင့် ရက်ချိန်းကျော်လွန်မှု တို့ကိုတွေ့မြင်ရပါမည်။… Continue reading ငွေလက်ခံလွှာ Receipt @ MSME Books