Business, Entrepreneurship, Investment, Success

Are you ready to start your own business? သင္ ကိုယ္ပိုင္စီးပြားေရးစဖို႕ ရုန္းထြက္ႏိုင္ၿပီလား?

သင္ ကိုယ္ပိုင္စီးပြားေရးစဖို႕ ရုန္းထြက္ႏိုင္ၿပီလား?
ကြၽမ္းက်င္ လုပ္သားမ်ား ႐ွားပါးလာျခင္းရဲ႕ အဓိက အေၾကာင္းအရင္းတစ္ရပ္မွာ ကိုယ္ပိုင္ လုပ္ငန္းမ်ား တည္ေထာင္လာၾကလို႔ပဲ ျဖစ္ပါတယ္။

ပြင့္လင္းလာတဲ့ ျမန္မာျပည္မွာ လုပ္သားေကာင္းမ်ား ထိန္းသိမ္း ဖို႔ အေတာ့ကိုပဲ ခက္ခဲလာတာပါ။

အလုပ္သမားေကာင္းေတြဟာ လစာမ်ားတဲ့ ေနရာမ်ားသို႔ ခုန္ကူးၾကျခင္း၊ ကိုယ္ပိုင္ လုပ္ငန္းေသးမ်ား တည္ေထာင္ျခင္း စသည္ျဖင့္ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္မ်ားသို႔ ခုန္ကူးေနၾကပါတယ္။

ဒီေတာ့ ဘယ္အခ်ိန္ ခုန္ကူးမလဲ။

Back up ေငြ႐ွိပါေစ

မိမိရဲ႕ ႐ွိသမွ်ေငြမ်ား ပံုေအာၿပီး ေျပာင္းျခင္းသည္ မိမိ အရမ္းပိုင္ႏိုင္တဲ တခ်ိဳ႕ ကိစၥမ်ားတြင္ေကာင္းပါတယ္။ ဥပမာ – ဘုရင့္ေနာင္ ေဖာင္ဖ်က္ျခင္း၊

သို႔ေသာ္ မေအာင္ျမင္ရင္ မိမိ မိသားစုအားလံုး ဒုကၡေရာက္ေစမယ့္ လမ္းမ်ိဳး မေရြးမိရန္ သာမန္လူမ်ားအတြက္ ဂ႐ုစိုက္ရပါမယ္။

အေကာင္းဆံုးကို ေမွ်ာ္လင့္ေနရမွာ ျဖစ္သလို အဆိုးဆံုးကို ျပင္ဆင္ျခင္းျဖင့္ အက်မနာ ေအာင္ ဖန္တီးႏိုင္ပါတယ္။

မိန္းကေလးတစ္ေယာက္ဟာ ေမွာင္မိုက္တဲ ညတြင္ အကာအကြယ္ လက္နက္ပစၥည္း မပါရင္ အေ႐ွ႕ကို မေလွ်ာက္ရဲသလို၊ သင့္အတြက္ အေနာက္တြင္ စိတ္ခ်ေနရပါက ေ႐ွ႕သို႔ ရဲရဲ တိုးရဲမွာ ျဖစ္ပါတယ္။

ေဘာလံုးအားလံုးကိုျခင္းေတာင္းတစ္ခုထဲမထည့္ပါနဲ႔

မိမိ ကြၽမ္းက်င္တဲ့ အလုပ္အကိုင္ကို ကိုယ္ပိုင္စီးပြားေရးလုပ္ရာတြင္ လုပ္ငန္းခြဲမ်ားစြာ ခြဲ၍ လုပ္ကိုင္ ႏိုင္ပါတယ္။

ဥပမာ – program ကြၽမ္းက်င္သူ တစ္ေယာက္အေနျဖင့္ ဝက္ဘ္ဆိုဒ္မ်ားဆြဲေပးျခင္းအျပင္၊ သင္တန္းမ်ား သင္ၾကားေပးျခင္း၊ ဖက္စပ္ လုပ္ငန္းမ်ား တြဲလုပ္ျခင္း နဲ႔ တျခား ဆက္စပ္ လုပ္ငန္းမ်ိဳးစံုကို ခြထားသင့္ပါတယ္။

ရင္းႏွီးျမဳပ္ႏွံသူမ်ား႐ွာပါ

စတင္တဲ လုပ္ငန္းမ်ားအေနနဲ႔ ပိုက္ဆံ မေလာက္မင ျဖစ္မွာက ျဖစ္လာမယ့္ ျပႆနာပဲ ျဖစ္ပါတယ္။

ပိုက္ဆံေလာက္ရင္လည္း ေငြအားလံုးကို ျခင္းတစ္ခုထဲ ပစ္မသြင္းသင့္ေပ။

ထိုအခါ ရင္းႏွီးျမဳပ္ႏွံသူမ်ားကို ႐ွာသင့္ပါတယ္။

မိမိမွာ ပိုက္ဆံ အလံုအေလာက္႐ွိတာေတာင္ ရင္းႏွီးျမဳပ္ႏွံသူမ်ားကို ႐ွာသင့္ပါတယ္။

သုိ႔မွသာ ႐ွံုးသြားရင္ ဝန္ထမ္းဘဝ ျပန္မေရာက္မွာပါ။

မိမိတြဲလုပ္ဖူးသူမ်ားကို shareျပန္ေခၚပါ

မိမိရဲ႕ အရင္ လုပ္ငန္း႐ွင္၊ တြဲလုပ္ဖူးသူ ဝန္ထမ္း သူငယ္ခ်င္းမ်ားသည္ တျခားသူမ်ားထက္ စာရင္ မိမိအရည္အခ်င္းကို ပိုသိသူမ်ားပင္ ျဖစ္ပါတယ္။

မိတ္ေဆြလုပ္ငန္းထဲကို ေဒၚလာ တစ္သန္း မ်က္စိမွိတ္ ထည့္လိုက္ျခင္းသည္ မိတ္ေဆြ အရည္အခ်င္းကို ယံုၾကည္ေသာေၾကာင့္ျဖစ္တယ္။

ထိုေၾကာင့္ အရင္တြဲလုပ္သူမ်ားနဲ႔ အဆက္အသြယ္ မျပတ္ေစပါနဲ႔၊

သူတို႔ရဲ႕ Recommend မ်ားဟာလည္း မိမိ မသိေသာ ရင္းႏွီးျမဳပ္ႏွံသူ တစ္ေယာက္ရရန္ အေရးႀကီးတဲ အခ်က္တစ္ခ်က္ ျဖစ္ေနလို႔ပါ။
***
သင် ကိုယ်ပိုင်စီးပွားရေးစဖို့ ရုန်းထွက်နိုင်ပြီလား?
ကျွမ်းကျင် လုပ်သားများ ရှားပါးလာခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ရပ်မှာ ကိုယ်ပိုင် လုပ်ငန်းများ တည်ထောင်လာကြလို့ပဲ ဖြစ်ပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ လုပ်သားကောင်းများ ထိန်းသိမ်း ဖို့ အတော့ကိုပဲ ခက်ခဲလာတာပါ။

အလုပ်သမားကောင်းတွေဟာ လစာများတဲ့ နေရာများသို့ ခုန်ကူးကြခြင်း၊ ကိုယ်ပိုင် လုပ်ငန်းသေးများ တည်ထောင်ခြင်း စသည်ဖြင့် ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်များသို့ ခုန်ကူးနေကြပါတယ်။

ဒီတော့ ဘယ်အချိန် ခုန်ကူးမလဲ။

Back up ငွေရှိပါစေ

မိမိရဲ့ ရှိသမျှငွေများ ပုံအောပြီး ပြောင်းခြင်းသည် မိမိ အရမ်းပိုင်နိုင်တဲ တချို့ ကိစ္စများတွင်ကောင်းပါတယ်။ ဥပမာ – ဘုရင့်နောင် ဖောင်ဖျက်ခြင်း၊

သို့သော် မအောင်မြင်ရင် မိမိ မိသားစုအားလုံး ဒုက္ခရောက်စေမယ့် လမ်းမျိုး မရွေးမိရန် သာမန်လူများအတွက် ဂရုစိုက်ရပါမယ်။

အကောင်းဆုံးကို မျှော်လင့်နေရမှာ ဖြစ်သလို အဆိုးဆုံးကို ပြင်ဆင်ခြင်းဖြင့် အကျမနာ အောင် ဖန်တီးနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ဟာ မှောင်မိုက်တဲ ညတွင် အကာအကွယ် လက်နက်ပစ္စည်း မပါရင် အရှေ့ကို မလျှောက်ရဲသလို၊ သင့်အတွက် အနောက်တွင် စိတ်ချနေရပါက ရှေ့သို့ ရဲရဲ တိုးရဲမှာ ဖြစ်ပါတယ်။

ဘောလုံးအားလုံးကိုခြင်းတောင်းတစ်ခုထဲမထည့်ပါနဲ့

မိမိ ကျွမ်းကျင်တဲ့ အလုပ်အကိုင်ကို ကိုယ်ပိုင်စီးပွားရေးလုပ်ရာတွင် လုပ်ငန်းခွဲများစွာ ခွဲ၍ လုပ်ကိုင် နိုင်ပါတယ်။

ဥပမာ – program ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် ဝက်ဘ်ဆိုဒ်များဆွဲပေးခြင်းအပြင်၊ သင်တန်းများ သင်ကြားပေးခြင်း၊ ဖက်စပ် လုပ်ငန်းများ တွဲလုပ်ခြင်း နဲ့ တခြား ဆက်စပ် လုပ်ငန်းမျိုးစုံကို ခွထားသင့်ပါတယ်။

ရင်းနှီးမြုပ်နှံသူများရှာပါ

စတင်တဲ လုပ်ငန်းများအနေနဲ့ ပိုက်ဆံ မလောက်မင ဖြစ်မှာက ဖြစ်လာမယ့် ပြဿနာပဲ ဖြစ်ပါတယ်။

ပိုက်ဆံလောက်ရင်လည်း ငွေအားလုံးကို ခြင်းတစ်ခုထဲ ပစ်မသွင်းသင့်ပေ။

ထိုအခါ ရင်းနှီးမြုပ်နှံသူများကို ရှာသင့်ပါတယ်။

မိမိမှာ ပိုက်ဆံ အလုံအလောက်ရှိတာတောင် ရင်းနှီးမြုပ်နှံသူများကို ရှာသင့်ပါတယ်။

သို့မှသာ ရှုံးသွားရင် ဝန်ထမ်းဘဝ ပြန်မရောက်မှာပါ။

မိမိတွဲလုပ်ဖူးသူများကို shareပြန်ခေါ်ပါ

မိမိရဲ့ အရင် လုပ်ငန်းရှင်၊ တွဲလုပ်ဖူးသူ ဝန်ထမ်း သူငယ်ချင်းများသည် တခြားသူများထက် စာရင် မိမိအရည်အချင်းကို ပိုသိသူများပင် ဖြစ်ပါတယ်။

မိတ်ဆွေလုပ်ငန်းထဲကို ဒေါ်လာ တစ်သန်း မျက်စိမှိတ် ထည့်လိုက်ခြင်းသည် မိတ်ဆွေ အရည်အချင်းကို ယုံကြည်သောကြောင့်ဖြစ်တယ်။

ထိုကြောင့် အရင်တွဲလုပ်သူများနဲ့ အဆက်အသွယ် မပြတ်စေပါနဲ့၊

သူတို့ရဲ့ Recommend များဟာလည်း မိမိ မသိသော ရင်းနှီးမြုပ်နှံသူ တစ်ယောက်ရရန် အရေးကြီးတဲ အချက်တစ်ချက် ဖြစ်နေလို့ပါ။
Credit: Nnz Offline

Leave a Reply