adjustment
Accounting Software, Cloud, MSME Books

Inventory Adjustment @MSME Books

လစဉ် ကုန်လက်ကျန် ကောက်ပြီးလိုအပ်သည့် စာရင်း ညှိနှိုင်းမှုများပြုလုပ်လိုပါက MSME Books တွင် Inventory Write-Off နှင့် Journal Entry မှ ထည့်သွင်းနိုင်ပါသည်။

 

ကုန်လက်ကျန် အရေအတွက် နည်းပြီး MSME Books ရှိ ကုန် အရေအတွက် များနေပါက Inventory write-offsမှ ထည့်သွင်းရပါမည်။

လုပ်ငန်းရှိ ကုန်ပစ္စည်းအရေအတွက် စာရင်းများကို ညှိနှိုင်းရန်အတွက်…

 

Inventory write-offsကိုနှိပ်ပါ။

 

New Write-offကိုနှိပ်ပါ။

 

 

 

Date တွင် Inventory Write-offs ကို သတ်မှတ်ပါ။

Description တွင် ညှိနှိုင်းလိုသော အကြောင်းအရာကို ထည့်သွင်းပါ။

Inventory Item တွင် ညှိနှိုင်းသည့် ကုန်ပစ္စည်းများကို ရွေးချယ်ပါ။

Qty ကုန်ကျသည့် အရေအတွက်ကို ထည့်သွင်းပါ။

Allocation တွင် စရိတ်ပြမည့် ခေါင်းစဥ်ကို ရွေးချယ်ပါ။

Tracking Code ထည့်သွင်းပါ။(လိုအပ်ပါက)

Create  ကိုနှိပ်ပါ။

 

ထည့်သွင်းထားသော Inventory Writes-offs ကို တွေ့ရမည်။

Inventory Items တွင် ပြန်လည်ကြည့်ရှုပါက..

 

 

MSME Booksရှိ  ကုန်အရေအတွက် နည်းသွားသည်ကို တွေ့ရမည်။

သိလိုသော ကုန်၏ Qty Owned အောက်ရှိ အပြာရောင်ဂဏန်းလေးကိုနှိပ်ကြည့်လိုက်လျှင်…

 

Inventory Write-offs ကြောင့် လျော့သွားသည့် ကုန်အရေအတွက်ကိုတွေ့ရမည်။

 

ကုန်လက်ကျန် အရေအတွက် များပြီး MSME Books ရှိ ကုန် အရေအတွက် နည်းနေပါက Journal Entries မှ ထည့်သွင်းရပါမည်။

Journal Entries ဖြင့် Inventory Adjustments ပြုလုပ်မည်ဆိုပါက…

 

Journal Entries ကိုနှိပ်ပါ။

 

New Journal Entry ကိုနှိပ်ပါ။

 

Date တွင် Inventory Adjustment လုပ်သည့် Date ကို ထည့်သွင်းသတ်မှတ်ပါ။

Currency တွင် Based Currency ကို အသုံးပြုမည်ဆိုပါက ရွေးချယ်ရန်မလိုပါ။

Narration  ထည့်သွင်းပါ။

Account များထည့်သွင်းပါ။

Description ထည့်သွင်းလိုကထည့်သွင်းပါ။

Qty ထည့်သွင်းပါ။

Debit နှင့် Credit တွင် Qty နှင့် Unit Price ကို မြှောက်၍ စာရင်းသွင်းပါ။

Tracking Code ထည့်သွင်းပါ။(လိုအပ်ပါက)

Create ကိုနှိပ်ပါ။

 

ထည့်သွင်းထားသော Inventory Adjustment Journal Entry ကို တွေ့ရမည်။

Inventory Items တွင်ပြန်လည်ကြည့်ရှုပါက…

 

MSME Books တွင် တိုးလာသော Inventory ကို တွေ့ရမည်။

 

Inventory တစ်ခုချင်းအောက်တွင် Inventory write-offs မှ ထွက်သွားသည့် အရေအတွက်နှင့် Journal Entry မှ တိုးလာသည့် အရေအတွက်အား တွေ့နိုင်ပါသည်။

သိလိုသော ကုန်ပစ္စည်း၏ အပြာရောင်ဂဏန်းလေးကို နှိပ်ကြည့်ပါက စာရင်းအသေးစိတ်ကို တွေ့မြင်နိုင်ပါသည်။

မာတိကာ

#MSMEBooks

#CloudBasedAccountingSoftware

#BCN

#09977160671

Leave a Reply