Accounting Software, Cloud, MSME Books

Receipts and Payments@ MSME Books

MSME Books တွင် အထွေထွေ အသုံးစရိတ်များထည့်သွင်းခြင်း၊ ဝယ်သူ၊ဖောက်သည်များထံမှ ငွေလက်ခံခြင်း၊ ရောင်းသူကုန်ပေးသွင်းသူများသို့ ငွေပေးချေခြင်းနှင့် အခြား ဝင်ငွေများကို Receipts&Payments မှ ထည့်သွင်းနိုင်ပါသည်။

Receipts&Paymentsထည့်သွင်းရန်အတွက်

Receipt & Paymentsကိုနှိပ်ပါ။

ငွေလက်ခံမည်ဆိုပါက …

New Receipt ကိုနှိပ်ပါ။

“Date”တွင် ငွေလက်ခံမည့် ရက်စွဲကို သတ်မှတ်ပါ။

“Account”တွင် ငွေလက်ခံမည့် စာရင်းကိုရွေးချယ်ပါ။

ငွေပေးသူ အမည်ကို ထည့်သွင်းပါ။

ရရှိသည့် အကြောင်းအရာကို Description တွင်ထည့်သွင်းပါ။

ရရှိသည့် စာရင်းကို Account တွင်ရွေးချယ်ပါ။

“Qty”ကို ထည့်သွင်းပါ။

“Unit price”တွင် ရရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။

“Create”ကိုနှိပ်ပါ။

ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့ရမည်။

ဇယားတွင် ပြန်လည်ကြည့်ရှုပါက…

ဇယားတွင်ကြည့်ရှုပါက ထည့်သွင်းထားသော ဘဏ်တိုးရငွေစာရင်းကိုတွေ့ရမည်။

အသုံးစရိတ်များထည့်သွင်းရန်အတွက်  New Paymentကို နှိပ်ပါ။

“Date”တွင် ငွေပေးချေသည့် ရက်စွဲကို ထည့်ပါ။

“Account”တွင် ငွေထုတ်ပေးမည့် စာရင်းကို ရွေးချယ်ပါ။

Payee တွင်ငွေလက်ခံသူကို ထည့်သွင်းပါ။( လိုအပ်ပါက)

Description ထည့်သွင်းပါ။

“Account”တွင် ငွေပေးချေမည့်စာရင်းကို ရွေးချယ်ပါ။

Qty ထည့်သွင်းပါ။

“Unit price”တွင် ငွေပေးမည့် ပမာဏကို ထည့်သွင်းပါ။

“Create” ကိုနှိပ်ပါ။

ထည့်သွင်းထားသော ငွေပေးချေလွှာကို တွေ့ရမည်။

ဇယားတွင်ပြန်လည်ကြည့်ရှုပါက ငွေပေးချေထားသော စာရင်းကိုတွေ့ရမည်။

စာရင်းချုပ်တွင် ကြည့်ရှုပါက…

Profit & Loss Statement အောက်ရှိ ဝင်ငွေစာရင်းတွင် အတိုးရရှိသော ငွေစာရင်းကို တွေ့ရမည်။

Expenses စာရင်းအောက်တွင်…

ပေးချေထားသော အသုံးစရိတ်ကို တွေ့ရမည်ဖြစ်သည်။

အခြား ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။

မာတိကာ

#MSMEBooks

#CloudBasedAccountingSoftware

#BCN

#09977160671

Leave a Reply