MSME Books

ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books

MSME Books တွင် အထွေထွေ အသုံးစရိတ်များထည့်သွင်းခြင်း၊ ဝယ်သူ၊ဖောက်သည်များထံမှ ငွေလက်ခံခြင်း၊ ရောင်းသူကုန်ပေးသွင်းသူများသို့ ငွေပေးချေခြင်းနှင့် အခြား ဝင်ငွေများကို ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများမှ ထည့်သွင်းနိုင်ပါသည်။   ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ ထည့်သွင်းရန်အတွက်... ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံမည်ဆိုပါက ... ငွေလက်ခံလွှာ အသစ်ကိုနှိပ်ပါ။ "ရက်စွဲ"တွင် ငွေလက်ခံမည့် ရက်စွဲကို သတ်မှတ်ပါ။ "စာရင်း"တွင် ငွေလက်ခံမည့် စာရင်းကိုရွေးချယ်ပါ။ ငွေပေးသူ အမည်ကို ထည့်သွင်းပါ။ ရရှိသည့် အကြောင်းအရာကို ထည့်သွင်းပါ။ ရရှိသည့် စာရင်းကို ရွေးချယ်ပါ။ "အရေအတွက်"ကို ထည့်သွင်းပါ။ "စျေးနှုန်း"တွင် ရရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ "ဖန်တီးမည်"ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့ရမည်။ ဇယားတွင် ပြန်လည်ကြည့်ရှုပါက... ဇယားတွင်ကြည့်ရှုပါက ထည့်သွင်းထားသော ဘဏ်တိုးရငွေစာရင်းကိုတွေ့ရမည်။   အသုံးစရိတ်များထည့်သွင်းရန်အတွက် … Continue reading ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books

Accounting Software, Cloud, MSME Books

အရောင်းပြေစာ(Sale Invoice)@MSME Books

MSME Booksတွင် လက်ငင်းရောင်း၊အကြွေးရောင်းစာရင်းများကို အရောင်းပြေစာတွင်ထည့်သွင်းနိုင်ပါသည်။ အရောင်းပြေစာဖွင့်ရန် အရောင်းပြေစာများကိုနှိပ်ပါ။ ဖွင့်ထားသောအရောင်းပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအရောင်းပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းရောင်းချမည့်ရက်စွဲကိုထည့်သွင်းပါ။ ဝယ်သူဖောက်သည်များတွင် ကုန်ပစ္စည်းဝယ်ယူမည့် ဝယ်သူဖောက်သည်ကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ရောင်းချမည့်ကုန်ပစ္စည်းများကိုရွေးချယ်ပါ။ အရေအတွက်တွင် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ရောင်းချမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းစဥ်က ကျသင့်ငွေထည့်သွင်းထားခဲ့ပါက ထည့်သွင်းရန်မလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော အရောင်းပြေစာကိုတွေ့မြင်နိုင်ပါသည်။ ထိုအရောင်းပြေစာမှ ငွေလက်ခံမည်ဆိုပါက အရောင်းပြေစာ၏အပေါ်တွင်ရှိသော ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် ငွေလက်ခံမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်း တွင်ငွေလက်ခံမည့်စာရင်းကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့မြင်နိုင်သည်။   မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671

MSME Books

ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks

ရောင်းသူ/ကုန်ပေးသွင်းသူများအား ငွေပေးချေသော အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အဝယ်ပြေစာ တစ်ဆောင်ခြင်းအတွက်ငွေပေးချေခြင်း အဝယ်ပြေစာ သို့သွားပါ။ ငွေပေးချေမည့် ရောင်းသူ/ကုန်ပေးသွင်း (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေပေးချေမည့်ပြေစာ၏ကျန်ငွေအားနှိပ်ပါ။ ပြေစာ နံပါတ် 5 ဘေးမှ 115500 အားနှိပ်ပါမည်။ ငွေပေးချေလွှာအသစ်အား နှိပ်ပါ။ ငွေပေးချေလွှာတွင် ငွေထုတ်ပေးသည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ ပေးချေသည့်ငွေပမာဏအား ဈေးနှုန်းတွင်ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေပေးချေထားသည့်ပြေစာအားတွေ့မြင်ရမည်။ အဝယ်ပြေစာတွင်ပြန်လည်ကြည့်ရှု့ပါက စုစုပေါင်းပေးရမည့်ငွေပမာဏ၊ ပေးချေထားသည့်ငွေပမာဏ ၊ကျန်ငွေ တို့ကိုတွေ့မြင်ရပါမည်။   အဝယ်ပြေစာ တစ်စောင်ချင်းအား အပြည့်အဝငွေပေးချေခြင်း၊ တစ်ဝက်တစ်ပျက် ငွေပေးချေခြင်းတို့ အား အထက်ပါ နည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်။ ၂) ရောင်းသူ/ကုန်ပေးသွင်းသူ အလိုက် ငွေပေးချေခြင်း ရောင်းသူ/ကုန်ပေးသွင်းသူများထံအားငွေပေးချေရာတွင်… Continue reading ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks

MSME Books

အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks

အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းအားထည့်သွင်းခြင်းအားလုပ်ဆောင်ရန် အသုံစရိတ်တောင်းခံလွှာစာရင်းအားထည့်သွင်းရန်အတွက် ဆက်တင်များ မှ အသုံးစရိတ်ပေးချေသူများ ကိုနှိပ်ပါ။ New Expenses Claim Payer ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ ထည့်သွင်းထားသောအမည်အားတွေ့မြင်ရမည်။ အသုံးစရိတ်တောင်းခံလာပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးချေသည့်ရက်စွဲ ငွေထုတ်ပေးသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်ကြိုတင်တောင်းခံခြင်းဖြစ်သဖြင့် အသုံးစာရိတ်တောင်းခံလွှာစာရင်းအားရွေးချယ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် အသုံးစရိတ်ကြိုတင်ထုတ်ပေးသည့်ငွေပမာဏအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ပေးထားသည့်ငွေပေးချေလွှာပြေစာအားတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါက အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေမှ အသုံးစရိတ်စာရင်းအားထည့်သွင်းရန်အတွက် အသုံစရိတ်တောင်းခံလွှာများကိုနှိပ်ပါ။ အသုံးစရိတ်တောင်းခံလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးသူ တွင်အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ အမျိုးအမည်ဘေးမှစရိတ်တွင်သုံးစွဲသည့်စရိတ်များအားသက်ဆိုင်ရာခေါင်းစဥ်ဖြင့်ရွေးချယ်ထည့်သွင်းပါ။ ဈေးနှုန်းတွင်အသုံးစရိတ်အတွက်ကျသင့်သည့်ငွေပမာဏများအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှသုံးစွဲလိုက်သည့်စာရင်းများတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှ သုံးစွဲသည့်ငွေပမာဏများအားနုတ်၍ ပြန်လည်လက်ခံရမည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုထုတ်ထားသည့်ငွေမှ သုံးစွဲ၍ပိုသည့်ငွေအားပြန်လည်လက်ခံပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ငွေလက်ခံသည့်ရက် ငွေလက်ခံသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်တောင်းခံလွှာအားရွေးချယ်၍ အသုံးစရိတ်ပြန်လည်အပ်သည့်သူအမည်အားရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ပိုငွေအားပြန်လည်လက်ခံထားသည့်ငွေပမာဏအားတွေမြင်ရမည်။ စာရင်းချုပ်၏အသုံစရိတ်တောင်းခံလွှာစာရင်းတွင်ပြန်လည်ကြည့်ရှု့ပါကလည်းစာရင်းရှင်းပြီးသည့်အတွက်ငွေမကျန်ရှိတော့ကြောင်းတွေ့မြင်ရမည်။ မာတိကာ… Continue reading အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks

Accounting Software, Cloud, MSME Books

ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books

MSME Books တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဖိုးအပြင် အခြားသော ကုန်ဝယ်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များ အား ကုန်ပစ္စည်း၏စရိတ် အဖြစ် ထည့်သွင်းတွက်ချက်လိုပါကလည်း အဝယ်ပြေစာတွင် ထည့်သွင်းနိုင်ပါသည်။ ကုန်ပစ္စည်းများအားဝယ်ယူရာတွင်ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် ကုန်ပစ္စည်းအားဝယ်ယူရာတွင်ထိုပစ္စည်း၏ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် အဝယ်ဘောင်ချာထည့်သွင်းရာတွင်ထိုကုန်ပစ္စည်းဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်များပါထည့်သွင်းရမည်။   အဝယ်စာရင်းအားထည့်သွင်းရန်အတွက် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူသည့်ရက်စွဲ ၊ ကုန်ပစ္စည်းရောင်းချသည့်ရောင်းသူ၊ကုန်ပေးသွင်းသူအမည်၊ အမျိုးအမည်တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအမည်အားရွေးချယ်ပါ။ အရေအတွက်တွင်ကုန်ပစ္စည်းဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။ဈေးနှုန်းတွင်ထိုပစ္စည်း၏တန်ဖိုးအားထည့်သွင်းပါ။ ထိုပစ္စည်း၏ကုန်ကျစရိတ်အားထည့်သွင်းတွက်ချက်ရန်အတွက် စာကြောင်းတိုးမည်ကိုနှိပ်၍စာကြောင်းထပ်တိုးပါ။ ထပ်တိုးထားသည့်စာကြောင်း၏အမျိုးအမည်အကွက်တွင် ကုန်ဝယ်ကုန်ကျစရိတ်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် ကုန်ပစ္စည်းအားဝယ်ယူရာတွင်အခြားသောကျသင့်သည့်ကုန်ကျစရိတ်စုစုပေါင်းတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူထားသည့် အဝယ်ပြေစာအားတွေ့မြင်ရမည်။ ထိုပစ္စည်းဖိုးအတွက်ငွေပေးချေပါက ငွေပေးချေလွှာအသစ်ကိုနှိပ်၍ငွေပေးချေပါ။ ကုန်ပစ္စည်းများတွင်ပြန်လည်ကြည့်ရှု့ပါကဝယ်ယူထားသည့်တန်ဖိုးတွင်ထိုကုန်ပစ္စည်းအားဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်တန်ဖိုးများအားကုန်ပစ္စည်းတစ်ခုချင်းဝယ်ယူရသည့်ဈေးတွင်ပေါင်း၍ကျသင့်ငွေအားပျမ်းမျှတန်ဖိုးတွင်တွက်ချက်ပြသထားသည်။ ကုန်ဝယ်ကုန်ကျစရိတ်အားမှန်မမှန်အားmanualဖြင့်ပြန်လည်တွက်ချက်ကြည့်လိုပါက ထိုကုန်ပစ္စည်း၏တန်ဖိုးနှင့် ကုန်ဝယ်ကုန်ကျစရိတ်တန်ဖိုးအားစားပါ။ ဥပမာ ကုန်ပစ္စည်းဝယ်ယူရသည့်တန်ဖိုးသည့် 150000 ဖြစ်၍ကုန်ဝယ်ကုန်ကျစရိတ်သည် 50000 ဖြစ်ပါက ကုန်ဝယ်ကုန်ကျစရိတ်50000နှင့်ကုန်ပစ္စည်တန်ဖိုး150000အားစားပါ။ (50000/150000)  ရရှိလာသောတန်ဖိုးအား(+၁)ပေါင်းပါ။ (+၁)ပေါင်းထားသည့်တန်ဖိုးအားကုန်ပစ္စည်းတစ်ခုခြင်းတန်ဖိုးနှင့်မြှောက်ပါ။… Continue reading ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books

Accounting Software, Cloud, MSME Books

အဝယ်ပြေစာ (Purchase Invoice) @MSMEBooks

လုပ်ငန်းတွင် ပြန်လည် ရောင်းချမည့် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် အဝယ်ပြေစာကို အသုံးပြုနိုင်ပါသည်။ အဝယ်ပြေစာထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအဝယ်ပြေစာအသစ်ကိုနှိပ်ပါ။   ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ဝယ်ယူမည့်ရက်စွဲကိုထည့်သွင်းပါ။ ရောင်းသူကုန်ပေးသွင်းသူတွင် ဝယ်ယူမည့်ရောင်းသူကုန်ပေးသွင်းသူကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကိုထည့်သွင်းပါ။ အရေအတွက်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ဝယ်ယူမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ပါက ဈေးနှုန်းထည့်သွင်းစရာမလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသောအဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအဝယ်ပြေစာကို ငွေပေးချေမည်ဆိုပါက အဝယ်ပြေစာ၏အပေါ်တွင်ရှိသော ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် အဝယ်ပြေစာကိုငွေပေးချေမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်းတွင် ငွေပေးမည့်ငွေစာရင်း ကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ အဝယ်ပြေစာကို ငွေပေးချေထားသော ငွေပေးချေလွှာပြေစာပေါ်လာမည်ဖြစ်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671  

MSME Books

ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books

MSME Books တွင် Products Photo များထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ ထည့်သွင်းထားပြီး အရောင်းပြေစာ တွင် ဖော်ပြလိုပါက ဖော်ပြနိုင်ပါသည်။ ကုန်ပစ္စည်း၏ပုံများအားထည့်သွင်းရန်အတွက် ဆက်တင်များမှ စိတ်ကြိုက်အချက်အလက်များကိုနှိပ်ပါ။ ကုန်ပစ္စည်း မှ စိတ်ကြိုက်အချက်အလက်အသစ်ကိုနှိပ်ပါ။ အညွှန်းစာသားတွင် Photo အားထည့်သွင်းပါ။ အမျိုးအစားတွင်စာပိုဒ်အားရွေးချယ်ပါ။ Size တွင်အကြီးအားရွေးချယ်ပါ။ ကုန်ပစ္စည်းဇယားတွင်ပြရန်အတွက်ဤအချက်အလက်ကိုကော်လံအဖြစ်ဖော်ပြမည် တွင်အမှန်ခြစ်ထည့်ပါ။ ပုံနှိပ်သည့်အခါတွင်ပေါ်ရန်အတွက် ဤအချက်အလက်ကိုပုံနှိပ်စာအဖြစ်ဖော်ပြမည်တွင်အမှန်ခြစ်ထည့်ပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ဖိုင်တွဲများကိုနှိပ်ပါ။ ဖိုင်တွဲအသစ်ကိုနှိပ်ပါ။ အကြောင်းအရာတွင် ကုန်ပစ္စည်းပုံအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ကြည့်မည်ကိုနှိပ်ပါ။ ပုံထည့်သွင်းရန်အတွက် ပူးတွဲအသစ်ကိုနှိပ်ပါ။ ထည့်သွင်းမည့်ပုံအားရွေးချယ်ပါ။ ထည့်သွင်းထားသည့်ပုံအားတွေ့မြင်ရမည်။ ကုန်ပစ္စည်းတွင်ပုံထည့်သွင်းလိုသောကုန်ပစ္စည်းအမည်အား ပြင်မည်ကိုနှိပ်ပါ။ Photo တွင်<img src=" " style="max-width: 150px"> ကိုထည့်ပါ။ ထည့်သွင်းထားသည့်ပုံအား ဖိုင်တွဲများမှ ပုံအမည်အားနှိပ်ပါ။ Address bar တွင်ပုံလိပ်စာအားကူးယူပါ။… Continue reading ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books

Accounting Software, Cloud, MSME Books

စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books

ကနဦးလုပ်ဆောင်ချက်များထည့်သွင်းပြီးသည့်အခါတွင် ပိုင်ဆိုင်မှုစာရင်း(Balance Sheet) ကို ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် စာရင်းများစတင်ထည့်သွင်းမည့်ရက်စွဲကိုသတ်မှတ်ပေးရပါမည်။ စာရင်းဖွင့်လက်ကျန်များကိုထည့်သွင်းရန် ဆက်တင်များကိုနှိပ်ပါ။ စာရင်းဖွင့်လက်ကျန်များ ကိုနှိပ်ပါ။ ရက်စွဲသတ်မှတ်မည်ကိုနှိပ်ပါ။ MSME Books တွင် စတင်အသုံးပြုမည့်ရက်စွဲ ကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက ပြင်ဆင်မည်ကိုနှိပ်ပါ။ လုပ်ငန်း၏ရရန်ရှိ၊ပေးရန်ရှိနှင့် ကုန်ပစ္စည်းလက်ကျန်များအစရှိသော လုပ်ငန်း၏စာရင်းပိတ်များကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်အတွက် မြီးစား(Debit) အောက်တွင်ရှိသောအပြာရောင်ဂဏန်းများကိုနှိပ်၍ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်း၏ရရန်ရှိများကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်... မြီးစား အောက်တွင် အပြာရောင်ဖြင့်ပေါ်နေသော ဂဏန်းကိုနှိပ်ပါ။ လုပ်ငန်း၏ ဝယ်သူဖောက်သည်များစာရင်းပေါ်လာမည်ဖြစ်သည်။ ထိုဝယ်သူဖောက်သည်များမှ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုရှာပါ။ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုတွေ့ပါက ငွေကျန်နေသောပြေစာများ၏ အောက်တွင်အပြာရောင်ဖြင့်ပေါ်နေသောဂဏန်းကိုနှိပ်ပါ။ အရောင်းပြေစာအသစ်ကို နှိပ်ပါ။   ဈေးနှုန်းတွင် ထိုဝယ်သူဖောက်သည် ဆီမှ ရရန်ရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များထည့်သွင်းရန်မလိုပါ။ ဈေးနှုန်းတွင် ငွေပမာဏထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းပြီးသော ရရန်ရှိစာရင်းကိုတွေ့မြင်နိုင်ပါသည်။ထို့အပြင်ရရန်ရှိသောဝယ်သူဖောက်သည်များရှိပါက ထိုနည်းတူထည့်သွင်းနိုင်ပါသည်။ ဘဏ်အပ်ငွေများကို စာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်... ဘဏ်အပ်ငွေ ၏… Continue reading စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books

Accounting Software, MSME Books

Excel မှ အချက်အလက်များကို အတွဲလိုက် ထည့်သွင်းခြင်း နှင့် MSME Books မှ အချက်အလက်များကို အတွဲလိုက် ပြင်ဆင်ခြင်း

အချက်အလက်များထည့်သွင်းရာတွင် ပိုမိုလွယ်ကူစေရန် Excel မှ အချက်အလက်များကိုထည့်သွင်းနိုင်ပါသည်။ အချို့အချက်အလက်များအား ပြင်ဆင်ရာတွင်လည်း အချိန်ကုန်သက်သာစေရန်အတွက် Excel တွင်ပြင်ဆင်ပြီး MSME Books ထဲသို့ထည့်သွင်းနိုင်ပါသည်။ ဝယ်သူ/ဖောက်သည်အမည်အား Excel မှကူးယူထည့်သွင်းခြင်း Excel ထဲတွင်ထည့်သွင်းပြီးသား ဝယ်သူ၊ဖောက်သည် အမည်များအား software သို့ကူးယူလိုပါက ဝယ်သူ၊ဖောက်သည်များ ကိုနှိပ်ပါ။ အတွဲလိုက်ထည့်သွင်းမည် ကိုနှိပ်ပါ။ Clipboard သို့ကူးယူမည် ကိုနှိပ်ပါ။ Excel File ဖွင့်၍ paste (Ctrl+v) လုပ်ပါ။ Software အတွင်းသို့ပြန်လည်ထည့်သွင်းရမည့်ခေါင်းစဥ်များပါလာမည်။ ထည့်သွင်းလိုသောအချက်အလက်များအားသက်ဆိုင်ရာခေါင်းစဥ်အောက်တွင်ဖြည့်ပါ။ ပြည့်စုံစွာဖြည့်သွင်းပြီးပါက copy(ctrl+c) နှိပ်ပါ။ ထိုသို့ ပြန်လည်ကူးယူရာတွင် ခေါင်းစဉ်နှင့် အချက်အလက်များအားလုံးပါဝင်ရပါမည်။ အတွဲလိုက်ထည့်သွင်းမည် အကွက်တွင် Paste လုပ်ပါ။ ရှေ့သို့ ကို နှိပ်ပါ။ ထည့်သွင်းမည်ဆိုပါက အတွဲလိုက်ထည့်သွင်းမည် နှိပ်ပါ။… Continue reading Excel မှ အချက်အလက်များကို အတွဲလိုက် ထည့်သွင်းခြင်း နှင့် MSME Books မှ အချက်အလက်များကို အတွဲလိုက် ပြင်ဆင်ခြင်း