လုပ်ငန်းတွင် ရောင်းချမည့် ကုန်ပစ္စည်းများကို Inventory Item များတွင် ထည့်သွင်းနိုင်ပါသည်။ ရောင်းဈေးအား ကြိုတင်သတ်မှတ်နိုင်ပါသည်။ ကုန်ပစ္စည်း တစ်ခုချင်းစီအလိုက် Tax Code, Tracking Code, Income Account and Expenses Account များအား လိုအပ်သလို သတ်မှတ်နိုင်ပါသည်။ Inventory Item များကို ထည့်သွင်းရန်… Inventory Items ကိုနှိပ်ပါ။ New Inventory Item ကိုနှိပ်ပါ။ "Item Code"တွင် သတ်မှတ်လိုသော ကုန်ပစ္စည်းအမှတ် အသားကိုထည့်သွင်းပါ။ “Item Name” တွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းအမည်ကိုထည့်သွင်းပါ။ “Unit Name” ကိုထည့်သွင်းပါ။ “Purchase Price and Sales Price” ကို ထည့်သွင်းပါ။ “Tax… Continue reading Inventory Item များထည့်သွင်းခြင်း@ MSME Books
Category: Accounting Software
ဝန်ထမ်းများအား လုပ်ခ/လစာပေးချေမှုများ (Payslip) @MSME Books
MSME Books တွင် ဝန်ထမ်းစာရင်းနှင့် လစာများ၊ ဝန်ထမ်းလစာ ဖြတ်ပိုင်းများအား ထည့်သွင်းနိုင်ပါသည်။ ဝန်ထမ်းများအား လုပ်ခ/လစာပေးချေရာတွင် ဝန်ထမ်းများ၏အမည်ကို ဦးစွာသတ်မှတ်ရမည်။ ဝန်ထမ်းအမည်များအား သတ်မှတ်ရန် ... ဝန်ထမ်းများကိုနှိပ်ပါ။ ဝန်ထမ်းအသစ်ကိုနှိပ်ပါ။ အမည်တွင် ဝန်ထမ်း၏အမည်ကိုထည့်ပါ။ လိပ်စာထည့်သွင်းပါ။ အီးမေးလ်လိပ်စာထည့်သွင်းလိုက ထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ဝန်ထမ်းအမည်ကိုတွေ့ရမည်။ အခြားသောဝန်ထမ်းအမည်များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။ ထည့်သွင်းထားသော ဝန်ထမ်းအမည်များကိုတွေ့ရမည်။ လုပ်ခ/လစာပေးချေမည်ဆိုပါက ပေးချေမည့် ခေါင်းစဥ်ကို သတ်မှတ်ရန်... ဆက်တင်များကိုနှိပ်ပါ။ လုပ်ခ/လစာခေါင်းစဥ်များကိုနှိပ်ပါ။ လုပ်ခ/လစာပေးချေမှုခေါင်းစဥ်များမှ လုပ်ခ/လစာ ခေါင်းစဥ်အသစ်ကိုနှိပ်ပါ။ ထည့်သွင်းလိုသော လုပ်ခ/လစာ ခေါင်းစဥ်ကိုထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော လုပ်ခ/လစာခေါင်းစဥ်ကိုတွေ့မြင်ရမည်။ အခြားထည့်သွင်းလိုသော ခေါင်းစဥ်များရှိပါကလည်း ထိုသို့ထည့်သွင်းပါ။ ထည့်သွင်းထားသော လုပ်ခ/လစာခေါင်းစဥ်များကိုတွေ့ရမည်။ လုပ်ခ/လစာ… Continue reading ဝန်ထမ်းများအား လုပ်ခ/လစာပေးချေမှုများ (Payslip) @MSME Books
Fixed Assets Item များအားထည့်သွင်းခြင်း@ MSME Books
လုပ်ငန်းတွင် ကာလရှည်ကြာစွာ အသုံးပြုမည့် ပစ္စည်းစာရင်းများကို ပုံသေပိုင် ပစ္စည်းများတွင် ထည့်သွင်းရမည်။ Fixed Assets စာရင်းထည့်သွင်းရန် Fixed Assets ကိုနှိပ်ပါ။ New Fixed Assets ကို နှိပ်ပါ။ "Item code " သတ်မှတ်လိုပါကသတ်မှတ်ပါ။ "Item Name " တွင်ပစ္စည်းအမည်များကိုထည့်သွင်းပါ။ "Depreciation Rate" တွင် "Depreciation"ချမည့် "Rate"အားထည့်သွင်းပါ။ "Description"တွင် ကုန်ပစ္စည်းနှင့်ပက်သက်၍ဖော်ပြလိုသော အကြောင်းအရာများကိုထည့်သွင်းပါ။ အချက်အလက်များ ပြည့်စုံအောင်ထည့်သွင်းပြီးပါက " Create" ကိုနှိပ်ပါ။ စာရင်းထည့်သွင်းထားသော "Fixed Assets" အားတွေ့မြင်နိုင်သည်။ ထိုပစ္စည်းအားဝယ်ယူပါက "payment" မှတစ်ဆင့်ဝယ်ယူနိုင်သည်။ "Depreciation amount" အားထည့်သွင်းရန်အတွက် "Report" ကိုနှိပ်ပါ။ "Depreciation Calculation Worksheet" ကိုနှိပ်ပါ။… Continue reading Fixed Assets Item များအားထည့်သွင်းခြင်း@ MSME Books
User Log @ MSME Books
Single Business Version အသုံးပြုသူတွေအတွက် ဘယ်သူက ဘာပြင်သွားတယ်။ ဘယ်အချိန်မှာ ဆိုတာ သိချင်တယ်ဆိုရင် record တိုင်းမှာ ကြည့်လို့ရပြီနော်။ Created ဆိုတာတော့ စထည့်တဲ့သူပါ။ Updated ဆိုတာတော့ နောက်ဆုံးပြင်တဲ့သူပါ။ ပြင်ထားတာမရှိရင်တော့ Created and Updated က အတူတူ ပြမှာ ဖြစ်ပါတယ်။ #MSMEBooks #CloudBasedAccountingSoftware #SecurityControl Cloud Version တော်တော်များများမှာ User Log မပါပါဘူး။ MSME Books မှာ ပါပါတယ်။
ငွေကြိုသွင်းလွှာ (Debit Note) @ MSME Books
MSME Books တွင် ဝယ်ယူထားသည့် ပစ္စည်းအားပြန်လည်ပေးပို့ခြင်း ကို ငွေကြိုသွင်းလွှာမှ အသုံးပြုနိုင်ပါသည်။ ငွေကြိုသွင်းလွှာများကိုထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ ရောင်းသူကုန်ပေးသွင်းများကိုကြည့်ပြီး ပြန်ပို့မည်ကုန်ပစ္စည်းပါဝင်နေသည့်အဝယ်ပြေစာများကိုရှာဖွေပါ။ရှာဖွေတွေ့ရှိပါက ကြည့်မည်ကိုနှိပ်ပါ။ ဝယ်ယူထားသည့်ရောင်းသူကုန်ပေးသွင်းသူ၏အဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ အပေါ်တွင်ရှိသော အောက်မြှားပါရှိသော ကူးယူမည် ကိုနှိပ်ပါ။ ငွေကြိုသွင်းလွှာအသစ်ကိုနှိပ်ပါ။ ငွေကြိုတင်ပေးလွှာအသစ်ပေါ်လာမည်ဖြစ်ပါသည်။ ရောင်းသူကုန်ပေးသွင်းသူထံပြန်ပို့မည့် ကုန်ပစ္စည်းများကိုချန်ထားပြီးကျန်ကုန်ပစ္စည်းများကို ခြေရာခံအမှတ်အသားဘေးတွင်ရှိသောအမှားကိုနှိပ်၍ဖြတ်ပါ။ ရောင်းသူကုန်ပေးသွင်းသူထံသို့ ပြန်ပို့မည့်ကုန်ပစ္စည်းများကိုချန်ထားပြီးပါက အရေအတွက် တွင်ပြန်ပို့မည့်အရေအတွက်ကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေကြိုသွင်းလွှာကိုတွေ့မြင်နိုင်ပါသည်။ငွေကြိုသွင်းလွှာတွင် စာရင်းထည့်သွင်းပြီးပါက ကုန်ပစ္စည်းကိုပြန်ကြည့်ပါက မူလကုန်ပစ္စည်းသည် 13ခုမှ ငွေကြိုသွင်းလွှာဖြင့် ရောင်းသူကုန်ပေးသွင်းသူသို့ကုန်ပစ္စည်းများကိုပြန်ပို့လိုက်ပြီးကြောင်းစာရင်းသွင်းပြီးပါက ကုန်ပစ္စည်း၏လက်ဝယ်ရှိအရေအတွက်သည် 10 သို့လျော့ကျသွားမည်။ အသေးစိတ်ကိုသိရှိလိုပါက လက်ဝယ်ရှိအရေအတွက်အောက်တွင်ရှိသော အပြာရောင်ဂဏန်းကိုနှိပ်ပါ။ ကုန်ပစ္စည်းအသေးစိတ်ကို တွေ့မြင်နိုင်ပါသည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN… Continue reading ငွေကြိုသွင်းလွှာ (Debit Note) @ MSME Books
ငွေကြိုတင်လက်ခံလွှာ / ကုန်ရောင်းပြန်ပို့ (Credit Note/ Sales Return) @MSME Books
MSME Books တွင် ရောင်းထားသည့် ပစ္စည်းအားပြန်လည် လက်ခံ ခြင်းကို ငွေကြိုသွင်းလွှာမှ အသုံးပြုနိုင်ပါသည်။ Credit Note ငွေကြိုတင်လက်ခံလွှာကိုစာရင်းသွင်းရန် အရောင်းပြေစာများကိုနှိပ်ပါ။ အရောင်းပြေစာများပေါ်လာမည်ဖြစ်သည်။ ကုန်ပစ္စည်းပြန်ပို့သောဝယ်သူဖောက်သည်ကိုရှာပါ။ ရှာတွေ့ပါက ကြည်မည်ကိုနှိပ်ပါ။ ကုန်ပစ္စည်းပြန်ပို့လိုက်သော ဝယ်သူဖောက်သည်၏အရောင်းပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအရောင်းပြေစာ၏အပေါ်တွင်ရှိသော မြှားအစက်လေးပါသော ကူးယူမည် ကိုနှိပ်ပါ။ငွေကြိုတင်လက်ခံလွှာအသစ်ကိုထပ်မံနှိပ်ပါ။ ငွေကြိုတင်လက်ခံလွှာပေါ်လာမည်။ ဝယ်သူဖောက်သည်မှပြန်ပို့လာသောကုန်ပစ္စည်းကိုချန်ထားပြီး ကျန်ကုန်ပစ္စည်းများကို ခြေရာခံအမှတ်အသားဘေးရှိအမှားနှိပ်၍ဖြတ်ပါ။ ကျန်ရှိသောဝယ်သူဖောက်သည်မှ ပြန်လည်ပို့လာသောကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ငွေကြိုတင်လက်ခံလွှာတစ်စောင်ကျလာမည်ဖြစ်သည်။ ဝယ်သူဖောက်သည်မှပြန်ပို့လာသော ကုန်ပစ္စည်းကို ငွေကြိုတင်လက်ခံလွှာတွင်စာရင်းသွင်းပြီးပါက ကုန်ပစ္စည်းများ ကိုပြန်ကြည့်ပါက မူလလက်ဝယ်ရှိအရေအတွက်သည် ဝယ်သူဖောက်သည်များမှပြန်လည်ပေးပို့သော ကုန်ပစ္စည်းများတိုးသွားမည်ဖြစ်သည်။ အသေးစိတ်ကိုသိရှိလိုပါက လက်ဝယ်ရှိအရေအတွက်အောက်တွင်ရှိသော အပြာရောင်ဂဏန်းကိုနှိပ်ပါ။ ကုန်ပစ္စည်း၏အဝင်အထွက်အသေးစိတ်ကိုတွေ့မြင်နိုင်ပါသည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671… Continue reading ငွေကြိုတင်လက်ခံလွှာ / ကုန်ရောင်းပြန်ပို့ (Credit Note/ Sales Return) @MSME Books
အရောင်းပြေစာ(Sale Invoice)@MSME Books
MSME Booksတွင် လက်ငင်းရောင်း၊အကြွေးရောင်းစာရင်းများကို အရောင်းပြေစာတွင်ထည့်သွင်းနိုင်ပါသည်။ အရောင်းပြေစာဖွင့်ရန် အရောင်းပြေစာများကိုနှိပ်ပါ။ ဖွင့်ထားသောအရောင်းပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအရောင်းပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းရောင်းချမည့်ရက်စွဲကိုထည့်သွင်းပါ။ ဝယ်သူဖောက်သည်များတွင် ကုန်ပစ္စည်းဝယ်ယူမည့် ဝယ်သူဖောက်သည်ကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ရောင်းချမည့်ကုန်ပစ္စည်းများကိုရွေးချယ်ပါ။ အရေအတွက်တွင် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ရောင်းချမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းစဥ်က ကျသင့်ငွေထည့်သွင်းထားခဲ့ပါက ထည့်သွင်းရန်မလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော အရောင်းပြေစာကိုတွေ့မြင်နိုင်ပါသည်။ ထိုအရောင်းပြေစာမှ ငွေလက်ခံမည်ဆိုပါက အရောင်းပြေစာ၏အပေါ်တွင်ရှိသော ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် ငွေလက်ခံမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်း တွင်ငွေလက်ခံမည့်စာရင်းကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့မြင်နိုင်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671
ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books
MSME Books တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဖိုးအပြင် အခြားသော ကုန်ဝယ်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များ အား ကုန်ပစ္စည်း၏စရိတ် အဖြစ် ထည့်သွင်းတွက်ချက်လိုပါကလည်း အဝယ်ပြေစာတွင် ထည့်သွင်းနိုင်ပါသည်။ ကုန်ပစ္စည်းများအားဝယ်ယူရာတွင်ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် ကုန်ပစ္စည်းအားဝယ်ယူရာတွင်ထိုပစ္စည်း၏ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် အဝယ်ဘောင်ချာထည့်သွင်းရာတွင်ထိုကုန်ပစ္စည်းဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်များပါထည့်သွင်းရမည်။ အဝယ်စာရင်းအားထည့်သွင်းရန်အတွက် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူသည့်ရက်စွဲ ၊ ကုန်ပစ္စည်းရောင်းချသည့်ရောင်းသူ၊ကုန်ပေးသွင်းသူအမည်၊ အမျိုးအမည်တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအမည်အားရွေးချယ်ပါ။ အရေအတွက်တွင်ကုန်ပစ္စည်းဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။ဈေးနှုန်းတွင်ထိုပစ္စည်း၏တန်ဖိုးအားထည့်သွင်းပါ။ ထိုပစ္စည်း၏ကုန်ကျစရိတ်အားထည့်သွင်းတွက်ချက်ရန်အတွက် စာကြောင်းတိုးမည်ကိုနှိပ်၍စာကြောင်းထပ်တိုးပါ။ ထပ်တိုးထားသည့်စာကြောင်း၏အမျိုးအမည်အကွက်တွင် ကုန်ဝယ်ကုန်ကျစရိတ်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် ကုန်ပစ္စည်းအားဝယ်ယူရာတွင်အခြားသောကျသင့်သည့်ကုန်ကျစရိတ်စုစုပေါင်းတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူထားသည့် အဝယ်ပြေစာအားတွေ့မြင်ရမည်။ ထိုပစ္စည်းဖိုးအတွက်ငွေပေးချေပါက ငွေပေးချေလွှာအသစ်ကိုနှိပ်၍ငွေပေးချေပါ။ ကုန်ပစ္စည်းများတွင်ပြန်လည်ကြည့်ရှု့ပါကဝယ်ယူထားသည့်တန်ဖိုးတွင်ထိုကုန်ပစ္စည်းအားဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်တန်ဖိုးများအားကုန်ပစ္စည်းတစ်ခုချင်းဝယ်ယူရသည့်ဈေးတွင်ပေါင်း၍ကျသင့်ငွေအားပျမ်းမျှတန်ဖိုးတွင်တွက်ချက်ပြသထားသည်။ ကုန်ဝယ်ကုန်ကျစရိတ်အားမှန်မမှန်အားmanualဖြင့်ပြန်လည်တွက်ချက်ကြည့်လိုပါက ထိုကုန်ပစ္စည်း၏တန်ဖိုးနှင့် ကုန်ဝယ်ကုန်ကျစရိတ်တန်ဖိုးအားစားပါ။ ဥပမာ ကုန်ပစ္စည်းဝယ်ယူရသည့်တန်ဖိုးသည့် 150000 ဖြစ်၍ကုန်ဝယ်ကုန်ကျစရိတ်သည် 50000 ဖြစ်ပါက ကုန်ဝယ်ကုန်ကျစရိတ်50000နှင့်ကုန်ပစ္စည်တန်ဖိုး150000အားစားပါ။ (50000/150000) ရရှိလာသောတန်ဖိုးအား(+၁)ပေါင်းပါ။ (+၁)ပေါင်းထားသည့်တန်ဖိုးအားကုန်ပစ္စည်းတစ်ခုခြင်းတန်ဖိုးနှင့်မြှောက်ပါ။… Continue reading ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books
စာရင်းလွှဲပြောင်းမှုများ (Inter Account Transfers) @ MSME Books
MSME Books တွင် ငွေစာရင်းစာအုပ် တစ်ခုမှ ထုတ်ပြီး အခြား တစ်အုပ်သို့ထည့်ခြင်း၊ ဘဏ်မှ ငွေသားထုတ်ပြီး လုပ်ငန်းသုံးငွေစာရင်းထဲသို့ထည့်သွင်းခြင်း၊ လုပ်ငန်းသုံးငွေစာရင်းမှ ဘဏ်သို့ ငွေထည့်ခြင်းများကို လုပ်ဆောင်ရန်အတွက် စာရင်းလွှဲပြောင်းမှုများကို အသုံးပြုနိင်ပါသည်။ လုပ်ငန်းတွင် ငွေစာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းမှ ငွေစာရင်းသို့ဖြစ်စေ လွှဲပြောင်းလိုပါက... "စာရင်းလွှဲပြောင်းမှုများ"ကိုနှိပ်ပါ။ "စာရင်းလွှဲပြောင်းမှုအသစ်"ကို နှိပ်ပါ။ "ရက်စွဲ"တွင် ငွေစာရင်းလွှဲပြောင်းသည့်ရက်စွဲ ကို ထည့်ပါ။ အကြောင်းအရာထည့်သွင်းပါ။ "ထုတ်ပေးသည့်စာရင်း"ကို ရွေးချယ်ပါ။ "ငွေလက်ခံသောစာရင်း" ကိုရွေးချယ်ပါ။ "သင့်ငွေ"တွင် လွှဲပြောင်းသည့်ပမာဏကို ထည့်ပါ။ "ဖန်တီးမည်"ကို နှိပ်ပါ။ ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ ဇယားတွင် ကြည့်ပါက ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ အနှစ်ချုပ်တွင် ကြည့်ရှုပါက... လွှဲပြောင်းထားသော KBZ ဘဏ်စာရင်းတွင် ငွေလျော့သွားမည်ဖြစ်ပြီး လုပ်ငန်းသုံးငွေစာရင်းတွင်… Continue reading စာရင်းလွှဲပြောင်းမှုများ (Inter Account Transfers) @ MSME Books
အဝယ်ပြေစာ (Purchase Invoice) @MSMEBooks
လုပ်ငန်းတွင် ပြန်လည် ရောင်းချမည့် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် အဝယ်ပြေစာကို အသုံးပြုနိုင်ပါသည်။ အဝယ်ပြေစာထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ဝယ်ယူမည့်ရက်စွဲကိုထည့်သွင်းပါ။ ရောင်းသူကုန်ပေးသွင်းသူတွင် ဝယ်ယူမည့်ရောင်းသူကုန်ပေးသွင်းသူကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကိုထည့်သွင်းပါ။ အရေအတွက်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ဝယ်ယူမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ပါက ဈေးနှုန်းထည့်သွင်းစရာမလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသောအဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအဝယ်ပြေစာကို ငွေပေးချေမည်ဆိုပါက အဝယ်ပြေစာ၏အပေါ်တွင်ရှိသော ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် အဝယ်ပြေစာကိုငွေပေးချေမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်းတွင် ငွေပေးမည့်ငွေစာရင်း ကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ အဝယ်ပြေစာကို ငွေပေးချေထားသော ငွေပေးချေလွှာပြေစာပေါ်လာမည်ဖြစ်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671