ရင်းနှီးငွေစာရင်းများထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671
Category: Accounting Software
ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ခြင်း(Exchange Rate) @ MSME Books
ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ရန်အတွက် ဆက်တင်များကို နှိပ်ပါ။ ငွေလဲလှယ်နှုန်းများကို နှိပ်ပါ။ ငွေလဲလှယ်နှုန်းအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" ရွေးချယ်ပါ။ "ငွေကြေး"တွင် သတ်မှတ်လိုသည့် ငွေကြေးကို ရွေးချယ်ပါ။ "နှုန်း" ထည့်ပါ။ မြန်မာငွေ တစ်ကျပ်တွင် USD ပေါက်ဈေးသတ်မှတ်မည်ဖြစ်သောကြောင့် 1/1550 ထည့်ပါ။ ( 1 USD = 1550 MMK) ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလဲလှယ်နှုန်းများအားတွေ့ရပါမည်။ ထပ်မံထည့်သွင်းရန်အတွက် အထက်ပါအတိုင်းလုပ်ဆောင်ပါ။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671
ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) Cash Books @ MSME Books
MSME Books တွင် ငွေစာရင်းစာအုပ်များ သတ်မှတ်ရန်အတွက် "ငွေစာရင်းများ" တွင် အသုံးပြုနိုင်ပါသည်။ ငွေစာရင်းစာအုပ် တစ်အုပ်ကို စာရင်းခေါင်းစဉ် တစ်ခု (သို့) ငွေစာရင်းစာအုပ် အားလုံးအတွက် စာရင်းခေါင်းစဉ် တစ်ခု လိုအပ်သလို အသုံးပြုနိုင်ပါသည်။ ငွေစာရင်း စာအုပ် တစ်အုပ်ကို စာရင်းခေါင်းစဉ် တစ်ခု သတ်မှတ်လိုပါက စာရင်းခေါင်းစဉ်သတ်မှတ်ရာတွင် "ထိန်းချုပ်စာရင်း" အဖြစ် သတ်မှတ်ပေးရပါမည်။ ငွေစာရင်းများ သတ်မှတ်ရန်အတွက်... "ငွေစာရင်းများ" ကိုနှိပ်ပါ။ "ငွေစာရင်း အသစ်"ကိုနှိပ်ပါ။ "အမည်" တွင် ထားရှိလိုသော စာရင်းအမည်ကိုထည့်သွင်းပါ။ 'ငွေကြေး"တွင်အခြေခံ ငွေကြေးကို အသုံးပြုမည်ဆိုပါက ရွေးချယ်စရာမလိုပါ။ "ထိန်းချုပ်စာရင်း"တွင် သက်ဆိုင်ရာငွေစာရင်းကို ရွေးချယ်ပါ။ "ဖန်တီးမည်"ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေစာရင်းစာအုပ်ကို တွေ့ရမည်။ အခြား ငွေကြေးယူနစ်ဖြင့် ငွေစာရင်းစာအုပ်ထားရှိလိုပါက... အမည်တွင် ထားရှိလိုသော… Continue reading ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) Cash Books @ MSME Books
ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) @ MSME Books
ဘဏ်စာရင်းများ သတ်မှတ်ရန်အတွက် ဘဏ်စာရင်းများကို နှိပ်ပါ။ ဘဏ်စာရင်းအသစ်ကို နှိပ်ပါ။ "အမည်" ထည့်သွင်းပါ။ အခြေခံ ငွေကြေးကို အသုံးပြုမည်ဆိုပါက "ငွေကြေး" တွင် ရွေးချယ်စရာမလိုပါ။ "စာရင်းအမည်" ထည့်သွင်းပါ။ "စာရင်းအမှတ်" ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ "အမည်" ထည့်သွင်းပါ။ အခြေခံ ငွေကြေးမှာ "MMK" ဖြစ်ပြီး " USD" ကို အသုံးပြုမည် ဖြစ်သောကြောင့် ငွေကြေးတွင် "USD" ကို ရွေးချယ်ပါ။ "စာရင်းအမည်" ထည့်သွင်းပါ။ "စာရင်းအမှတ်" ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ထည့်သွင်းထားသော ဘဏ်စာရင်းများအား တွေ့မြင်ရပါမည်။ ဘဏ်စာရင်းများအား "စာရင်းချုပ်" မှ "ပိုင်ဆိုင်မှုအားတွင်" ဘဏ်စာရင်းတစ်ခုချင်းစီအား သီးခြား မြင်လိုပါက "ထိန်းချုပ်စာရင်း" ဦးစွာထည့်သွင်းရန်လိုပါသည်။ ထိန်းချုပ်စာရင်းထည့်သွင်းပုံအား "စာရင်းခေါင်းစဉ်"… Continue reading ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) @ MSME Books
စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း(Chart of Accounts) @ MSME Books
စာရင်းခေါင်းစဉ်ထည့်သွင်းရာတွင် လက်ကျန်ရှင်းတမ်း(Balance Sheet Items) နှင့် အရှုံးအမြတ်ရှင်းတမ်း(Profit and Loss Items) ဟု နှစ်ပိုင်းခွဲခြားထည့်သွင်းရပါမည်။ စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးရန်အတွက် ဆက်တင်များကို နှိပ်ပါ။ စာရင်းခေါင်းစဉ်များကို နှိပ်ပါ။ လက်ကျန်ရှင်းတမ်း(Balance Sheet Items) လက်ကျန်ရှင်းတမ်းအောက်တွင် "အုပ်စု" နှင့် "စာရင်း" ခေါင်းစဉ်များ သတ်မှတ်နိုင်ပါသည်။ "စာရင်းအုပ်စုများ" ထည့်ရန်အတွက် အုပ်စု အသစ်ကိုနှိပ်ပါ။ "အမည်" တွင် ထည့်သွင်းလိုသော စာရင်းအုပ်စုအမည် ထည့်သွင်းပါ။ မိမိလိုချင်သည့် အစဉ်အတိုင်းစီရန်အတွက် "အမှတ်အသား" ကို နံပါတ်စဉ်များ ထည့်သွင်းနိုင်ပါသည်။ "အုပ်စု" ရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော စာရင်းအုပ်စုအားတွေ့မြင်ရပါမည်။ စာရင်းခေါင်းစဉ်အသစ်ထည့်သွင်းရန်အတွက် "စာရင်းအသစ်" ကိုနှိပ်ပါ။ "အမည်" တွင် ထည့်သွင်းလိုသော စာရင်းခေါင်းစဉ် အမည် ထည့်သွင်းပါ။… Continue reading စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း(Chart of Accounts) @ MSME Books
အခြေခံငွေကြေးသတ်မှတ်ခြင်း (Base Currency) @ MSME Books
MSME Books သည် ငွေကြေးစနစ်အမျိုးမျိုး(Multi Currency) အသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။ လုပ်ငန်းတွင် ငွေကြေးစနစ် တစ်မျိုးထက် ပိုမို အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ပေးရန်လိုပါသည်။ ငွေကြေးစနစ်တစ်ခု သာ အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ရန်မလိုပါ။ အခြေခံငွေကြေး သတ်မှတ်ရန် ဆက်တင်များကိုနှိပ်ပါ။ အခြေခံငွေကြေးကို နှိပ်ပါ။ အခြေခံငွေကြေးတွင် "MMK- Burmese Kyat" ကို ရွေးချယ်ပါ။ ပြင်ဆင်မည်ကို နှိပ်ပါ။ ဘဏ္ဍာရေးရှင်းတမ်းများအားလုံး အခြေခံငွေကြေးဖြင့်သာထွက်ပါမည်။ မိမိလုပ်ငန်းတွင် ငွေကြေးတစ်မျိုးသာ အသုံးပြုမည်ဆိုပါက သတ်မှတ်ရန်မလိုပါ။ သင့်လုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကို အခြား ငွေကြေးဖြင့်ထုတ်ယူမည်ဆိုပါကလိုအပ်သည့် အခြေခံငွေကြေးကိုသတ်မှတ်နိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671
ပုံသေပိုင်ပစ္စည်းများ စာရင်းသွင်းခြင်း (Fixed Assets) @ MSME Books
ပုံသေပိုင် ပစ္စည်းဆိုသည်မှာ လုပ်ငန်းမှ ပြန်လည်ရောင်းချရန် မဟုတ်ပဲ၊ လုပ်ငန်းတွင် အသုံးပြုရန် ဝယ်သူထားပြီး၊ စာရင်းကာလ တစ်ခု ထက်ပိုမိုအသုံးပြုနိုင်သော ပစ္စည်းများကို ပုံသေပိုင်ပစ္စည်းဟုခေါ်ပါသည်။ ပုံသေပိုင်ပစ္စည်းများတွင် -အဆောက်အဦးများ -ပရိဘောဂများ -စက်ပစ္စည်းများ နှင့် -မော်တော်ယာဉ်များ ပါဝင်ပါသည်။ MSME Books မှာ ပုံသေပိုင်ပစ္စည်းများ (Fixed Assets) နှင့် တန်ဖိုးလျော့ ခြင်းများကို ထည့်သွင်းနိုင်ပါတယ်။ ပုံသေပိုင်ပစ္စည်းများ၀ယ်ယူခြင်း ပုံသေပိုင်ပစ္စည်းများကိုနှိပ်ပါ။ ပုံသေပိုင်ပစ္စည်းအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းအမှတ်အသားကိုထည့်သွင်းပါ။ ကုန်ပစ္စည်းအမည်တွင် ထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းအမည်ကို ထည့်သွင်းပါ။ အကြောင်းအရာထည့်သွင်းလိုပါက ထည့်သွင်းပါ။ ထိန်းချုပ်စာရင်းတွင် ပုံသေပိုင်ပစ္စည်းကိုရွေးပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းကိုတွေ့ရမည်။ အခြားထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းများရှိပါကလည်း ထိုနည်းလည်းကောင်းထည့်သွင်းပါ။ ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းများကိုတွေ့ရမည်။ ပုံသေပိုင်ပစ္စည်းများ၀ယ်ယူမှုကိုထည့်သွင်းရန် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။… Continue reading ပုံသေပိုင်ပစ္စည်းများ စာရင်းသွင်းခြင်း (Fixed Assets) @ MSME Books
Customer Summary and Supplier Summary Reports @ MSME Books
ဝယ်သူဖောက်သည်များ နှင့် ရောင်းသူကုန်ပေးသွင်းများ ၏ လက်ကျန်၊ ယခုကာလအတွင်း ဝယ်ယူသည့် (သို) ရောင်းသည့် ပမာဏ၊ငွေလက်ခံသည့် ပမာဏ(သို့) ငွေပေးချေသည့် ပမာဏနှင့် စာရင်းပိတ်လက်ကျန် ကို အကျဉ်းချုပ်ကြည့်လိုပါက Summary Report တွင် ကြည့်ရှု့နိုင်ပါသည်။ Customer Summary Report ထုတ်ရန်အတွက် Reports >> Customer Summary ကို နှိပ်ပါ။ New Report ကို နှိပ်ပါ။ From Date နှင့် To Date တွင် ကြည့်လိုသော ရက်အား ထည့်သွင်းပါ။ Create ကို နှိပ်ပါ။ မိမိကြည့်လိုသော ရက်စွဲ ဘေးမှ View ကို နှိပ်ပါ။ လိုအပ်သော ရက်စွဲ… Continue reading Customer Summary and Supplier Summary Reports @ MSME Books
အရောင်းပြေစာပုံစံ Invoice Format @ MSME Books
MSME Books မှာ အရောင်းပြေစာကို မိမိ ကြိုက်နှစ်သက်စာ အရွယ်အစားနဲ့ ထုတ်ယူနိုင်ပါတယ်။ Slip Printer နဲ့ Laser or Inject Printer ကြိုက်နှစ်သက်ရာ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ စက္ကူ အရွယ်အစားကို လည်း A4 (or) A5, 80mm, 58 mm စသည်ဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပြေစာ ပုံစံကို လည်း လူကြီးမင်းတို့လုပ်ငန်းနဲ့ ကိုက်ညီမည့် ပုံစံ ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ လုပ်ငန်းတစ်ခု အတွက် ပြေစာပုံစံ တစ်ခု ကို စိတ်ကြိုက်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ပြေစာ ပုံစံ အမျိုးမျိုးအသုံးပြုလိုပါက ပြေစာတစ်စောင်ကို ၂၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ 09 977… Continue reading အရောင်းပြေစာပုံစံ Invoice Format @ MSME Books
ငွေလက်ခံလွှာ Receipt @ MSME Books
MSME Books မှာ ဝယ်သူ ဖောက်သည်များ ထံမှ ငွေလက်ခံတဲ့ အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အရောင်းပြေစာ တစ်စောင်ချင်းငွေလက်ခံခြင်း အရောင်းပြေစာသို့သွားပါ။ ငွေပေးချေသည့် ဝယ်သူဖောက်သည် (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေလက်ခံမည့် ပြေစာ မှ ကျန်ငွေအား နှိပ်ပါ။ ပြေစာ နံပါတ် ၁၅ ဘေးမှ 115,690 အားနှိပ်ပါမည်။ ငွေလက်ခံလွှာအသစ်အား နှိပ်ပါ။ ငွေလက်ခံလွှာတွင် ငွေလက်ခံမည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ လက်ခံသည့် ငွေပမာဏအား ဈေးနှုန်းတွင် ထည့်ပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေလက်ခံလွှာအား ပြေစာ ဖြတ်ပိုင်းထုတ်ပေးနိုင်ပါသည်။ အရောင်းပြေစာအား ပြန်လည် ပုံနှိပ်ပါက စုစုပေါင်းကျသင့်ငွေ၊ ငွေလက်ခံလွှာ၊ကျန်ငွေနှင့် ရက်ချိန်းကျော်လွန်မှု တို့ကိုတွေ့မြင်ရပါမည်။… Continue reading ငွေလက်ခံလွှာ Receipt @ MSME Books