MSME Books တွင် ငွေစာရင်းစာအုပ် တစ်ခုမှ ထုတ်ပြီး အခြား တစ်အုပ်သို့ထည့်ခြင်း၊ ဘဏ်မှ ငွေသားထုတ်ပြီး လုပ်ငန်းသုံးငွေစာရင်းထဲသို့ထည့်သွင်းခြင်း၊ လုပ်ငန်းသုံးငွေစာရင်းမှ ဘဏ်သို့ ငွေထည့်ခြင်းများကို လုပ်ဆောင်ရန်အတွက် စာရင်းလွှဲပြောင်းမှုများကို အသုံးပြုနိင်ပါသည်။ လုပ်ငန်းတွင် ငွေစာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းမှ ငွေစာရင်းသို့ဖြစ်စေ လွှဲပြောင်းလိုပါက... "စာရင်းလွှဲပြောင်းမှုများ"ကိုနှိပ်ပါ။ "စာရင်းလွှဲပြောင်းမှုအသစ်"ကို နှိပ်ပါ။ "ရက်စွဲ"တွင် ငွေစာရင်းလွှဲပြောင်းသည့်ရက်စွဲ ကို ထည့်ပါ။ အကြောင်းအရာထည့်သွင်းပါ။ "ထုတ်ပေးသည့်စာရင်း"ကို ရွေးချယ်ပါ။ "ငွေလက်ခံသောစာရင်း" ကိုရွေးချယ်ပါ။ "သင့်ငွေ"တွင် လွှဲပြောင်းသည့်ပမာဏကို ထည့်ပါ။ "ဖန်တီးမည်"ကို နှိပ်ပါ။ ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ ဇယားတွင် ကြည့်ပါက ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ အနှစ်ချုပ်တွင် ကြည့်ရှုပါက... လွှဲပြောင်းထားသော KBZ ဘဏ်စာရင်းတွင် ငွေလျော့သွားမည်ဖြစ်ပြီး လုပ်ငန်းသုံးငွေစာရင်းတွင်… Continue reading စာရင်းလွှဲပြောင်းမှုများ (Inter Account Transfers) @ MSME Books
Category: MSME Books
အဝယ်ပြေစာ (Purchase Invoice) @MSMEBooks
လုပ်ငန်းတွင် ပြန်လည် ရောင်းချမည့် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် အဝယ်ပြေစာကို အသုံးပြုနိုင်ပါသည်။ အဝယ်ပြေစာထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ဝယ်ယူမည့်ရက်စွဲကိုထည့်သွင်းပါ။ ရောင်းသူကုန်ပေးသွင်းသူတွင် ဝယ်ယူမည့်ရောင်းသူကုန်ပေးသွင်းသူကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကိုထည့်သွင်းပါ။ အရေအတွက်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ဝယ်ယူမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ပါက ဈေးနှုန်းထည့်သွင်းစရာမလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသောအဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအဝယ်ပြေစာကို ငွေပေးချေမည်ဆိုပါက အဝယ်ပြေစာ၏အပေါ်တွင်ရှိသော ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် အဝယ်ပြေစာကိုငွေပေးချေမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်းတွင် ငွေပေးမည့်ငွေစာရင်း ကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ အဝယ်ပြေစာကို ငွေပေးချေထားသော ငွေပေးချေလွှာပြေစာပေါ်လာမည်ဖြစ်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671
ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books
MSME Books တွင် Products Photo များထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ ထည့်သွင်းထားပြီး အရောင်းပြေစာ တွင် ဖော်ပြလိုပါက ဖော်ပြနိုင်ပါသည်။ ကုန်ပစ္စည်း၏ပုံများအားထည့်သွင်းရန်အတွက် ဆက်တင်များမှ စိတ်ကြိုက်အချက်အလက်များကိုနှိပ်ပါ။ ကုန်ပစ္စည်း မှ စိတ်ကြိုက်အချက်အလက်အသစ်ကိုနှိပ်ပါ။ အညွှန်းစာသားတွင် Photo အားထည့်သွင်းပါ။ အမျိုးအစားတွင်စာပိုဒ်အားရွေးချယ်ပါ။ Size တွင်အကြီးအားရွေးချယ်ပါ။ ကုန်ပစ္စည်းဇယားတွင်ပြရန်အတွက်ဤအချက်အလက်ကိုကော်လံအဖြစ်ဖော်ပြမည် တွင်အမှန်ခြစ်ထည့်ပါ။ ပုံနှိပ်သည့်အခါတွင်ပေါ်ရန်အတွက် ဤအချက်အလက်ကိုပုံနှိပ်စာအဖြစ်ဖော်ပြမည်တွင်အမှန်ခြစ်ထည့်ပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ဖိုင်တွဲများကိုနှိပ်ပါ။ ဖိုင်တွဲအသစ်ကိုနှိပ်ပါ။ အကြောင်းအရာတွင် ကုန်ပစ္စည်းပုံအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ကြည့်မည်ကိုနှိပ်ပါ။ ပုံထည့်သွင်းရန်အတွက် ပူးတွဲအသစ်ကိုနှိပ်ပါ။ ထည့်သွင်းမည့်ပုံအားရွေးချယ်ပါ။ ထည့်သွင်းထားသည့်ပုံအားတွေ့မြင်ရမည်။ ကုန်ပစ္စည်းတွင်ပုံထည့်သွင်းလိုသောကုန်ပစ္စည်းအမည်အား ပြင်မည်ကိုနှိပ်ပါ။ Photo တွင်<img src=" " style="max-width: 150px"> ကိုထည့်ပါ။ ထည့်သွင်းထားသည့်ပုံအား ဖိုင်တွဲများမှ ပုံအမည်အားနှိပ်ပါ။ Address bar တွင်ပုံလိပ်စာအားကူးယူပါ။… Continue reading ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books
ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books
လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများနှင့် ထည့်ဝင်ထားသည် ငွေပမာဏ များကို ရင်းနှီးငွေစာရင်းများတွင် ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်းသို့ ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများ ထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ ရှယ်ယာရှင်တစ်ဦးချင်းစီမှ လုပ်ငန်းသို့ထည့်ဝင်ငွေစာရင်းသွင်းရန်အတွက် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" တွင် ငွေလက်ခံသည့်နေ့အားရွေးချယ်ပါ။ "စာရင်း" တွင် ငွေလက်ခံသည့် စာရင်းအမည်အားရွေးချယ်ပါ။ "ငွေလက်ခံသူ"၊ "အကြောင်းအရာ" များ လိုအပ်ပါက ထည့်သွင်းနိုင်ပါသည်။ "စာရင်း" တွင် "ရင်းနှီးငွေစာရင်းများ" ကို ရွေးချယ်ပါ။ ရင်နှီးမြှပ်နှံသူအမည်အား ရွေးချယ်ပါ။ "စာရင်းခေါင်းစဉ်ခွဲ"တွင် "ရင်းနှီးငွေထည့်ဝင်မှု"အားရွေးချယ်ပါ။ "ဈေးနှုန်း"တွင် လက်ခံရရှိသည့်… Continue reading ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books
စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books
ကနဦးလုပ်ဆောင်ချက်များထည့်သွင်းပြီးသည့်အခါတွင် ပိုင်ဆိုင်မှုစာရင်း(Balance Sheet) ကို ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် စာရင်းများစတင်ထည့်သွင်းမည့်ရက်စွဲကိုသတ်မှတ်ပေးရပါမည်။ စာရင်းဖွင့်လက်ကျန်များကိုထည့်သွင်းရန် ဆက်တင်များကိုနှိပ်ပါ။ စာရင်းဖွင့်လက်ကျန်များ ကိုနှိပ်ပါ။ ရက်စွဲသတ်မှတ်မည်ကိုနှိပ်ပါ။ MSME Books တွင် စတင်အသုံးပြုမည့်ရက်စွဲ ကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက ပြင်ဆင်မည်ကိုနှိပ်ပါ။ လုပ်ငန်း၏ရရန်ရှိ၊ပေးရန်ရှိနှင့် ကုန်ပစ္စည်းလက်ကျန်များအစရှိသော လုပ်ငန်း၏စာရင်းပိတ်များကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်အတွက် မြီးစား(Debit) အောက်တွင်ရှိသောအပြာရောင်ဂဏန်းများကိုနှိပ်၍ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်း၏ရရန်ရှိများကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်... မြီးစား အောက်တွင် အပြာရောင်ဖြင့်ပေါ်နေသော ဂဏန်းကိုနှိပ်ပါ။ လုပ်ငန်း၏ ဝယ်သူဖောက်သည်များစာရင်းပေါ်လာမည်ဖြစ်သည်။ ထိုဝယ်သူဖောက်သည်များမှ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုရှာပါ။ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုတွေ့ပါက ငွေကျန်နေသောပြေစာများ၏ အောက်တွင်အပြာရောင်ဖြင့်ပေါ်နေသောဂဏန်းကိုနှိပ်ပါ။ အရောင်းပြေစာအသစ်ကို နှိပ်ပါ။ ဈေးနှုန်းတွင် ထိုဝယ်သူဖောက်သည် ဆီမှ ရရန်ရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များထည့်သွင်းရန်မလိုပါ။ ဈေးနှုန်းတွင် ငွေပမာဏထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းပြီးသော ရရန်ရှိစာရင်းကိုတွေ့မြင်နိုင်ပါသည်။ထို့အပြင်ရရန်ရှိသောဝယ်သူဖောက်သည်များရှိပါက ထိုနည်းတူထည့်သွင်းနိုင်ပါသည်။ ဘဏ်အပ်ငွေများကို စာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်... ဘဏ်အပ်ငွေ ၏… Continue reading စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books
Excel မှ အချက်အလက်များကို အတွဲလိုက် ထည့်သွင်းခြင်း နှင့် MSME Books မှ အချက်အလက်များကို အတွဲလိုက် ပြင်ဆင်ခြင်း
အချက်အလက်များထည့်သွင်းရာတွင် ပိုမိုလွယ်ကူစေရန် Excel မှ အချက်အလက်များကိုထည့်သွင်းနိုင်ပါသည်။ အချို့အချက်အလက်များအား ပြင်ဆင်ရာတွင်လည်း အချိန်ကုန်သက်သာစေရန်အတွက် Excel တွင်ပြင်ဆင်ပြီး MSME Books ထဲသို့ထည့်သွင်းနိုင်ပါသည်။ ဝယ်သူ/ဖောက်သည်အမည်အား Excel မှကူးယူထည့်သွင်းခြင်း Excel ထဲတွင်ထည့်သွင်းပြီးသား ဝယ်သူ၊ဖောက်သည် အမည်များအား software သို့ကူးယူလိုပါက ဝယ်သူ၊ဖောက်သည်များ ကိုနှိပ်ပါ။ အတွဲလိုက်ထည့်သွင်းမည် ကိုနှိပ်ပါ။ Clipboard သို့ကူးယူမည် ကိုနှိပ်ပါ။ Excel File ဖွင့်၍ paste (Ctrl+v) လုပ်ပါ။ Software အတွင်းသို့ပြန်လည်ထည့်သွင်းရမည့်ခေါင်းစဥ်များပါလာမည်။ ထည့်သွင်းလိုသောအချက်အလက်များအားသက်ဆိုင်ရာခေါင်းစဥ်အောက်တွင်ဖြည့်ပါ။ ပြည့်စုံစွာဖြည့်သွင်းပြီးပါက copy(ctrl+c) နှိပ်ပါ။ ထိုသို့ ပြန်လည်ကူးယူရာတွင် ခေါင်းစဉ်နှင့် အချက်အလက်များအားလုံးပါဝင်ရပါမည်။ အတွဲလိုက်ထည့်သွင်းမည် အကွက်တွင် Paste လုပ်ပါ။ ရှေ့သို့ ကို နှိပ်ပါ။ ထည့်သွင်းမည်ဆိုပါက အတွဲလိုက်ထည့်သွင်းမည် နှိပ်ပါ။… Continue reading Excel မှ အချက်အလက်များကို အတွဲလိုက် ထည့်သွင်းခြင်း နှင့် MSME Books မှ အချက်အလက်များကို အတွဲလိုက် ပြင်ဆင်ခြင်း
ထိတွေ့ကိုင်တွယ်မရသောပိုင်ဆိုင်မှုများထည့်သွင်းခြင်း(Intangible Assets) @MSMEBooks
လုပ်ငန်း၏ အမည်ကောင်း၊ကုန်အမှတ်တံဆိပ်ကဲ့သို့ အရာများကို တန်ကြေးသတ်မှတ်လိုပါက ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများတွင် သတ်မှတ်နိင်ပါသည်။ လုပ်ငန်းများလွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှပ်နှံမှုတိုးချဲ့သည့် အချိန်များတွင် လုပ်ငန်း၏အမည်ကောင်းကို တွက်ချက်ရန်လိုပါသည်။ ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများကို ထည့်သွင်းလိုပါက... ထိတွေ့ကိုင်တွယ် မရသောပိုင်ဆိုင်မှုများကိုနှိပ်ပါ။ ထိတွေ့ကိုင်တွယ်မရသော ပိုင်ဆိုင်မှု အသစ်ကိုနှိပ်ပါ။ အမည်တွင် ထည့်သွင်းလိုသည့် ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုကိုထည့်ပါ။ အမှတ်အသားနှင့် အကြောင်းအရာထည့်သွင်းလိုက ထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသည့် ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်မှုကို တွေ့ရမည်။ အခြားသော ထိတွေ့ကိုင်တွယ်၍ မရသည့် ပိုင်ဆိုင်မှုများထည့်သွင်းလိုပါက ထိုနည်းအတိုင်းထည့်သွင်းပါ။ ဇယားတွင် ထည့်သွင်းထားသည့် ထိတွေ့ကိုင်တွယ်၍ မရသော ပိုင်ဆိုင်မှုများကို တွေ့ရမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671
စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books
လက်ရှိလည်ပါတ်နေသော လုပ်ငန်းများ အခြား ကွန်ပျူတာ စနစ်တစ်ခု မှ သို့ မဟုတ် လက်ရေးစာရင်းကိုင်စနစ်မှ MSME Books သို့ပြောင်းလဲ အသုံးပြုလိုသည့်အခါတွင် လက်ရှိအသုံးပြုနေသည့်စနစ်ကို စာရင်းပိတ်ပြီး လက်ကျန်ရှင်းတမ်း(Balance Sheet) ကို MSME Books အတွင်းသို့ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် လုပ်ဆောင်ပုံအဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။ အခြေခံငွေကြေးသတ်မှတ်ခြင်း(ငွေကြေး စနစ် တစ်မျိုးထက်ပိုမို အသုံးပြုလိုပါက) စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) ဝယ်သူ၊ဖောက်သည်စာရင်းများထည့်သွင်းခြင်း ရောင်းသူ၊ကုန်ပေးသွင်းသူများထည့်သွင်းခြင်း ကုန်ပစ္စည်းများထည့်သွင်းခြင်း ကုန်ပစ္စည်းမဟုတ်သည့်အရာများထည့်သွင်းခြင်း ပုံသေပိုင်ပစ္စည်းများထည့်သွင်းခြင်း ထိတွေ့ကိုင်တွယ်မရသောပိုင်ဆိုင်မှုများထည့်သွင်းခြင်း ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ခြင်း(လိုအပ်မှသာ) စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း Excel မှတဆင့် အချက်အလက်များထည့်သွင်းခြင်း မာတိကာ # MSMEBooks # Cloud Based Accounting… Continue reading စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books
ပုံသေပိုင်ပစ္စည်းများထည့်သွင်းခြင်း(Fixed Assets) @ MSME Books
လုပ်ငန်းတွင် ကာလရှည်ကြာစွာ အသုံးပြုမည့် ပစ္စည်းစာရင်းများကို ပုံသေပိုင် ပစ္စည်းများတွင် ထည့်သွင်းရမည်။ ပုံသေပိုင်ပစ္စည်းများစာရင်းထည့်သွင်းရန် ပုံသေပိုင်ပစ္စည်းများကိုနှိပ်ပါ။ ပုံသေပိုင်ပစ္စည်းအသစ်ကို နှိပ်ပါ။ “ကုန်ပစ္စည်းအမှတ်အသား” တွင်သတ်မှတ်လိုပါကသတ်မှတ်ပါ။ “ကုန်ပစ္စည်းအမည်” တွင်ပစ္စည်းအမည်များကိုထည့်သွင်းပါ။ “Depreciation Rate” တွင် “Depreciation”ချမည့် “Rate”အားထည့်သွင်းပါ။ “အကြောင်းအရာ”တွင် ကုန်ပစ္စည်းနှင့်ပက်သက်၍ဖော်ပြလိုသော အကြောင်းအရာများကိုထည့်သွင်းပါ။ အချက်အလက်များ ပြည့်စုံအောင်ထည့်သွင်းပြီးပါက ”ဖန်တီးမည်” ကိုနှိပ်ပါ။ စာရင်းထည့်သွင်းထားသောပုံသေပိုင်ပစ္စည်းများကိုတွေ့မြင်နိုင်ပါသည်။ ထပ်မံထည့်သွင်းလိုသော ပုံသေပိုင်ပစ္စည်းများရှိပါကလည်း အထက်ပါနည်းအတိုင်း ထည့်သွင်းနိုင်ပါသည်။ ထိုပစ္စည်းအားဝယ်ယူပါက “payment” မှတစ်ဆင့်ဝယ်ယူနိုင်သည်။ ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့ထည့်သွင်းနည်းကို အောက်ပါ လင့် တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ Depreciation Calculation မာတိကာ # MSMEBooks # Cloud Based Accounting Software # BCN # 09-977160671
ရောင်းသူ၊ကုန်ပေးသွင်းသူများထည့်သွင်းခြင်း (Suppliers) @ MSME Books
လုပ်ငန်းတွင် အသုံးပြုရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ရောင်းသူ/ကုန်ပေးသွင်းသူများကို ဦးစွာသတ်မှတ်ထားရှိရမည်။ ရောင်းသူ/ကုန်ပေးသွင်းသူများကို ထည့်သွင်းရန်... ရောင်းသူ/ကုန်ပေးသွင်းသူများကိုနှိပ်ပါ။ ရောင်းသူ/ကုန်ပေးသွင်းသူ အသစ်ကိုနှိပ်ပါ။ "အမည်"တွင် ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုထည့်သွင်းပါ။ "ငွေကြေး"တွင် အခြေခံငွေကြေးယူနစ်ကို သုံးစွဲမည်ဆိုပါက ထပ်မံရွေးချယ်ရန်မလိုပါ။ လိပ်စာများကို ဖြည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုတွေ့ရမည်။ အခြားသောကုန်ပေးသွင်းသူများကိုလည်း ထိုနည်းအတိုင်း ထည့်သွင်းပါ။ "အမည်" တွင် ရောင်းသူ/ကုန်ပေးသွင်းသူ အမည်ကိုထည့်သွင်းပါ။ "ငွေကြေး" တွင်အခြေခံငွေကြေးယူနစ်မဟုတ်ပဲ အခြား အသုံးပြုသည့် ငွေကြေးယူနစ်ရှိပါကလည်း ရွေးချယ်သတ်မှတ်ပါ။ လိပ်စာများထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ရောင်းသူ/ကုန်ပေးသွင်းသူအမည်များကို တွေ့ရမည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671