လုပ်ငန်း၏ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကဲ့သို့သော ကြိုတင်ပေးထားသောငွေများအတွက်စာရင်းသွင်းရာတွင် ငွေပေးချေသည့်လအတွက် စရိတ်မပြသင့်ပါ။ အသုံပြုသည့်ကာလများအတွက် မျှဝေ၍ စရိတ်ကျခံသည့်စာရင်းအားထည့်သွင်းခြင်း ကြိုတင်ပေးထားသောငွေများအား ကြိုတင်ပေးငွေအဖြစ်စာရင်းထည့်သွင်းရန်အတွက် စာရင်းခေါင်းစဥ်ထည့်သွင်းရမည်။ စာရင်းခေါင်စဥ်အားထည့်သွင်းရန်အတွက် ဆက်တင်များကိုနှိပ်ပါ။ စာရင်းခေါင်းစဥ်များကိုနှိပ်ပါ။ လက်ကျန်ရှင်းတမ်းဘက်တွင်ကြိုတင်ပေးငွေစာရင်းအားထည့်သွင်းရန်အတွက် လက်ကျန်ရှင်းတမ်းဘက်မှ စာရင်းအသစ်ကိုနှိပ်ပါ။ အမည်တွင် ကြိုတင်ပေးငွေအားထည့်သွင်းပါ။ အုပ်စုတွင်ရပိုင်ခွင့်အုပ်စုအားရွေးချယ်ပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကြိုပေးငွေများအား (၆)လ(သို့) (၁)နှစ်စာအားကြိုတင်ပေးသွင်းထားသော စာရင်းအားထည့်သွင်းရန် အတွက် ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ငွေကြိုပေးသည့်ရက်စွဲအားထည့်သွင်းပါ။ ငွေစာရင်းအားရွေးချယ်ပါ။ အမျိုးအမည်ဘေးမှစာရင်းတွင်ကြိုတင်ပေးငွေနှင့်သက်ဆိုင်သည့်စာရင်းအားရွေးချယ်ပါ။ အကြောင်းအရာတွင်မှတ်သားလိုသည့်အကြောင်းအရာအားထည့်သွင်းရေးသားပါ။ အရေအတွက်တွင် ကြိုတင်ပေးချေလိုက်သည့်လအရေအတွက်အားထည့်သွင်းပါ။ ဈေးနှုန်းတွင်တစ်လစာငွေပမာဏအားထည့်သွင်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ကြိုတင်ပေးထားသည့်စာရင်းအားတွေ့မြင်ရမည်။ စာရင်းချုပ်၏ရပိုင်ခွင့်အောက်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း ကြိုတင်ပေးငွေစာရင်းတွင်ကြိုပေးငွေပမာဏအာားတွ့မြင်ရမည်။ ကြိုတင်ပေးငွေအားလစဥ်စရိတ်ပြရန်အတွက် ဆက်တင်များမှ ထပ်တလဲလဲဂျာနယ်စာရင်းများကိုနှိပ်ပါ။ ထပ်တလဲလဲဂျာနယ်စာရင်းအသစ်အားရွေးချယ်ပါ။ နောက်တစ်ကြိမ်ထုတ်ပေးမည့်ရက်စွဲတွင် စရိတ်ပြမည့်ရက်အားထည့်သွင်းပါ။ စာရင်း၏ အပေါ်ဇယားကွက်တွင်စရိတ်ထည့်သွင်းမည့်စာရင်းအားရွေချယ်၍ မြီစားတွင်(၁)လစာတန်ဖိုးအားထည့်သွင်းပါ။ စာရင်း၏ အောက်ဇယားကွက်တွင် ကြိုတင်ပေးငွေစာရင်းအားရွေးချယ်၍ မြီရှင်တွင်(၁) လစာတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည်နှိပ်ပါ။ ထပ်တလဲလဲဂျာနယ်စာရင်းဇယားတွင်ကြည့်ရှု့ပါကလတိုင်စရိတ်အဖြစ်ထည့်သွင်းမည့်… Continue reading ကြိုတင်ပေးငွေစာရင်းထည့်သွင်းခြင်း@MSMEBooks
Blog
ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books
MSME Books တွင် အထွေထွေ အသုံးစရိတ်များထည့်သွင်းခြင်း၊ ဝယ်သူ၊ဖောက်သည်များထံမှ ငွေလက်ခံခြင်း၊ ရောင်းသူကုန်ပေးသွင်းသူများသို့ ငွေပေးချေခြင်းနှင့် အခြား ဝင်ငွေများကို ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများမှ ထည့်သွင်းနိုင်ပါသည်။ ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ ထည့်သွင်းရန်အတွက်... ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံမည်ဆိုပါက ... ငွေလက်ခံလွှာ အသစ်ကိုနှိပ်ပါ။ "ရက်စွဲ"တွင် ငွေလက်ခံမည့် ရက်စွဲကို သတ်မှတ်ပါ။ "စာရင်း"တွင် ငွေလက်ခံမည့် စာရင်းကိုရွေးချယ်ပါ။ ငွေပေးသူ အမည်ကို ထည့်သွင်းပါ။ ရရှိသည့် အကြောင်းအရာကို ထည့်သွင်းပါ။ ရရှိသည့် စာရင်းကို ရွေးချယ်ပါ။ "အရေအတွက်"ကို ထည့်သွင်းပါ။ "စျေးနှုန်း"တွင် ရရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ "ဖန်တီးမည်"ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့ရမည်။ ဇယားတွင် ပြန်လည်ကြည့်ရှုပါက... ဇယားတွင်ကြည့်ရှုပါက ထည့်သွင်းထားသော ဘဏ်တိုးရငွေစာရင်းကိုတွေ့ရမည်။ အသုံးစရိတ်များထည့်သွင်းရန်အတွက် … Continue reading ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books
အရောင်းပြေစာ(Sale Invoice)@MSME Books
MSME Booksတွင် လက်ငင်းရောင်း၊အကြွေးရောင်းစာရင်းများကို အရောင်းပြေစာတွင်ထည့်သွင်းနိုင်ပါသည်။ အရောင်းပြေစာဖွင့်ရန် အရောင်းပြေစာများကိုနှိပ်ပါ။ ဖွင့်ထားသောအရောင်းပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအရောင်းပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းရောင်းချမည့်ရက်စွဲကိုထည့်သွင်းပါ။ ဝယ်သူဖောက်သည်များတွင် ကုန်ပစ္စည်းဝယ်ယူမည့် ဝယ်သူဖောက်သည်ကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ရောင်းချမည့်ကုန်ပစ္စည်းများကိုရွေးချယ်ပါ။ အရေအတွက်တွင် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ရောင်းချမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းစဥ်က ကျသင့်ငွေထည့်သွင်းထားခဲ့ပါက ထည့်သွင်းရန်မလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော အရောင်းပြေစာကိုတွေ့မြင်နိုင်ပါသည်။ ထိုအရောင်းပြေစာမှ ငွေလက်ခံမည်ဆိုပါက အရောင်းပြေစာ၏အပေါ်တွင်ရှိသော ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် ငွေလက်ခံမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်း တွင်ငွေလက်ခံမည့်စာရင်းကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့မြင်နိုင်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671
ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks
ရောင်းသူ/ကုန်ပေးသွင်းသူများအား ငွေပေးချေသော အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အဝယ်ပြေစာ တစ်ဆောင်ခြင်းအတွက်ငွေပေးချေခြင်း အဝယ်ပြေစာ သို့သွားပါ။ ငွေပေးချေမည့် ရောင်းသူ/ကုန်ပေးသွင်း (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေပေးချေမည့်ပြေစာ၏ကျန်ငွေအားနှိပ်ပါ။ ပြေစာ နံပါတ် 5 ဘေးမှ 115500 အားနှိပ်ပါမည်။ ငွေပေးချေလွှာအသစ်အား နှိပ်ပါ။ ငွေပေးချေလွှာတွင် ငွေထုတ်ပေးသည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ ပေးချေသည့်ငွေပမာဏအား ဈေးနှုန်းတွင်ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေပေးချေထားသည့်ပြေစာအားတွေ့မြင်ရမည်။ အဝယ်ပြေစာတွင်ပြန်လည်ကြည့်ရှု့ပါက စုစုပေါင်းပေးရမည့်ငွေပမာဏ၊ ပေးချေထားသည့်ငွေပမာဏ ၊ကျန်ငွေ တို့ကိုတွေ့မြင်ရပါမည်။ အဝယ်ပြေစာ တစ်စောင်ချင်းအား အပြည့်အဝငွေပေးချေခြင်း၊ တစ်ဝက်တစ်ပျက် ငွေပေးချေခြင်းတို့ အား အထက်ပါ နည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်။ ၂) ရောင်းသူ/ကုန်ပေးသွင်းသူ အလိုက် ငွေပေးချေခြင်း ရောင်းသူ/ကုန်ပေးသွင်းသူများထံအားငွေပေးချေရာတွင်… Continue reading ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks
အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks
အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းအားထည့်သွင်းခြင်းအားလုပ်ဆောင်ရန် အသုံစရိတ်တောင်းခံလွှာစာရင်းအားထည့်သွင်းရန်အတွက် ဆက်တင်များ မှ အသုံးစရိတ်ပေးချေသူများ ကိုနှိပ်ပါ။ New Expenses Claim Payer ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ ထည့်သွင်းထားသောအမည်အားတွေ့မြင်ရမည်။ အသုံးစရိတ်တောင်းခံလာပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးချေသည့်ရက်စွဲ ငွေထုတ်ပေးသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်ကြိုတင်တောင်းခံခြင်းဖြစ်သဖြင့် အသုံးစာရိတ်တောင်းခံလွှာစာရင်းအားရွေးချယ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် အသုံးစရိတ်ကြိုတင်ထုတ်ပေးသည့်ငွေပမာဏအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ပေးထားသည့်ငွေပေးချေလွှာပြေစာအားတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါက အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေမှ အသုံးစရိတ်စာရင်းအားထည့်သွင်းရန်အတွက် အသုံစရိတ်တောင်းခံလွှာများကိုနှိပ်ပါ။ အသုံးစရိတ်တောင်းခံလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးသူ တွင်အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ အမျိုးအမည်ဘေးမှစရိတ်တွင်သုံးစွဲသည့်စရိတ်များအားသက်ဆိုင်ရာခေါင်းစဥ်ဖြင့်ရွေးချယ်ထည့်သွင်းပါ။ ဈေးနှုန်းတွင်အသုံးစရိတ်အတွက်ကျသင့်သည့်ငွေပမာဏများအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှသုံးစွဲလိုက်သည့်စာရင်းများတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှ သုံးစွဲသည့်ငွေပမာဏများအားနုတ်၍ ပြန်လည်လက်ခံရမည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုထုတ်ထားသည့်ငွေမှ သုံးစွဲ၍ပိုသည့်ငွေအားပြန်လည်လက်ခံပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ငွေလက်ခံသည့်ရက် ငွေလက်ခံသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်တောင်းခံလွှာအားရွေးချယ်၍ အသုံးစရိတ်ပြန်လည်အပ်သည့်သူအမည်အားရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ပိုငွေအားပြန်လည်လက်ခံထားသည့်ငွေပမာဏအားတွေမြင်ရမည်။ စာရင်းချုပ်၏အသုံစရိတ်တောင်းခံလွှာစာရင်းတွင်ပြန်လည်ကြည့်ရှု့ပါကလည်းစာရင်းရှင်းပြီးသည့်အတွက်ငွေမကျန်ရှိတော့ကြောင်းတွေ့မြင်ရမည်။ မာတိကာ… Continue reading အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks
ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books
MSME Books တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဖိုးအပြင် အခြားသော ကုန်ဝယ်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များ အား ကုန်ပစ္စည်း၏စရိတ် အဖြစ် ထည့်သွင်းတွက်ချက်လိုပါကလည်း အဝယ်ပြေစာတွင် ထည့်သွင်းနိုင်ပါသည်။ ကုန်ပစ္စည်းများအားဝယ်ယူရာတွင်ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် ကုန်ပစ္စည်းအားဝယ်ယူရာတွင်ထိုပစ္စည်း၏ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် အဝယ်ဘောင်ချာထည့်သွင်းရာတွင်ထိုကုန်ပစ္စည်းဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်များပါထည့်သွင်းရမည်။ အဝယ်စာရင်းအားထည့်သွင်းရန်အတွက် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူသည့်ရက်စွဲ ၊ ကုန်ပစ္စည်းရောင်းချသည့်ရောင်းသူ၊ကုန်ပေးသွင်းသူအမည်၊ အမျိုးအမည်တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအမည်အားရွေးချယ်ပါ။ အရေအတွက်တွင်ကုန်ပစ္စည်းဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။ဈေးနှုန်းတွင်ထိုပစ္စည်း၏တန်ဖိုးအားထည့်သွင်းပါ။ ထိုပစ္စည်း၏ကုန်ကျစရိတ်အားထည့်သွင်းတွက်ချက်ရန်အတွက် စာကြောင်းတိုးမည်ကိုနှိပ်၍စာကြောင်းထပ်တိုးပါ။ ထပ်တိုးထားသည့်စာကြောင်း၏အမျိုးအမည်အကွက်တွင် ကုန်ဝယ်ကုန်ကျစရိတ်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် ကုန်ပစ္စည်းအားဝယ်ယူရာတွင်အခြားသောကျသင့်သည့်ကုန်ကျစရိတ်စုစုပေါင်းတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူထားသည့် အဝယ်ပြေစာအားတွေ့မြင်ရမည်။ ထိုပစ္စည်းဖိုးအတွက်ငွေပေးချေပါက ငွေပေးချေလွှာအသစ်ကိုနှိပ်၍ငွေပေးချေပါ။ ကုန်ပစ္စည်းများတွင်ပြန်လည်ကြည့်ရှု့ပါကဝယ်ယူထားသည့်တန်ဖိုးတွင်ထိုကုန်ပစ္စည်းအားဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်တန်ဖိုးများအားကုန်ပစ္စည်းတစ်ခုချင်းဝယ်ယူရသည့်ဈေးတွင်ပေါင်း၍ကျသင့်ငွေအားပျမ်းမျှတန်ဖိုးတွင်တွက်ချက်ပြသထားသည်။ ကုန်ဝယ်ကုန်ကျစရိတ်အားမှန်မမှန်အားmanualဖြင့်ပြန်လည်တွက်ချက်ကြည့်လိုပါက ထိုကုန်ပစ္စည်း၏တန်ဖိုးနှင့် ကုန်ဝယ်ကုန်ကျစရိတ်တန်ဖိုးအားစားပါ။ ဥပမာ ကုန်ပစ္စည်းဝယ်ယူရသည့်တန်ဖိုးသည့် 150000 ဖြစ်၍ကုန်ဝယ်ကုန်ကျစရိတ်သည် 50000 ဖြစ်ပါက ကုန်ဝယ်ကုန်ကျစရိတ်50000နှင့်ကုန်ပစ္စည်တန်ဖိုး150000အားစားပါ။ (50000/150000) ရရှိလာသောတန်ဖိုးအား(+၁)ပေါင်းပါ။ (+၁)ပေါင်းထားသည့်တန်ဖိုးအားကုန်ပစ္စည်းတစ်ခုခြင်းတန်ဖိုးနှင့်မြှောက်ပါ။… Continue reading ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books
စာရင်းလွှဲပြောင်းမှုများ (Inter Account Transfers) @ MSME Books
MSME Books တွင် ငွေစာရင်းစာအုပ် တစ်ခုမှ ထုတ်ပြီး အခြား တစ်အုပ်သို့ထည့်ခြင်း၊ ဘဏ်မှ ငွေသားထုတ်ပြီး လုပ်ငန်းသုံးငွေစာရင်းထဲသို့ထည့်သွင်းခြင်း၊ လုပ်ငန်းသုံးငွေစာရင်းမှ ဘဏ်သို့ ငွေထည့်ခြင်းများကို လုပ်ဆောင်ရန်အတွက် စာရင်းလွှဲပြောင်းမှုများကို အသုံးပြုနိင်ပါသည်။ လုပ်ငန်းတွင် ငွေစာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းမှ ငွေစာရင်းသို့ဖြစ်စေ လွှဲပြောင်းလိုပါက... "စာရင်းလွှဲပြောင်းမှုများ"ကိုနှိပ်ပါ။ "စာရင်းလွှဲပြောင်းမှုအသစ်"ကို နှိပ်ပါ။ "ရက်စွဲ"တွင် ငွေစာရင်းလွှဲပြောင်းသည့်ရက်စွဲ ကို ထည့်ပါ။ အကြောင်းအရာထည့်သွင်းပါ။ "ထုတ်ပေးသည့်စာရင်း"ကို ရွေးချယ်ပါ။ "ငွေလက်ခံသောစာရင်း" ကိုရွေးချယ်ပါ။ "သင့်ငွေ"တွင် လွှဲပြောင်းသည့်ပမာဏကို ထည့်ပါ။ "ဖန်တီးမည်"ကို နှိပ်ပါ။ ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ ဇယားတွင် ကြည့်ပါက ထည့်သွင်းထားသော စာရင်းလွှဲပြောင်းမှုကို တွေ့ရမည်။ အနှစ်ချုပ်တွင် ကြည့်ရှုပါက... လွှဲပြောင်းထားသော KBZ ဘဏ်စာရင်းတွင် ငွေလျော့သွားမည်ဖြစ်ပြီး လုပ်ငန်းသုံးငွေစာရင်းတွင်… Continue reading စာရင်းလွှဲပြောင်းမှုများ (Inter Account Transfers) @ MSME Books
အဝယ်ပြေစာ (Purchase Invoice) @MSMEBooks
လုပ်ငန်းတွင် ပြန်လည် ရောင်းချမည့် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် အဝယ်ပြေစာကို အသုံးပြုနိုင်ပါသည်။ အဝယ်ပြေစာထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ဝယ်ယူမည့်ရက်စွဲကိုထည့်သွင်းပါ။ ရောင်းသူကုန်ပေးသွင်းသူတွင် ဝယ်ယူမည့်ရောင်းသူကုန်ပေးသွင်းသူကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကိုထည့်သွင်းပါ။ အရေအတွက်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ဝယ်ယူမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ပါက ဈေးနှုန်းထည့်သွင်းစရာမလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသောအဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအဝယ်ပြေစာကို ငွေပေးချေမည်ဆိုပါက အဝယ်ပြေစာ၏အပေါ်တွင်ရှိသော ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် အဝယ်ပြေစာကိုငွေပေးချေမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်းတွင် ငွေပေးမည့်ငွေစာရင်း ကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ အဝယ်ပြေစာကို ငွေပေးချေထားသော ငွေပေးချေလွှာပြေစာပေါ်လာမည်ဖြစ်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671
ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books
MSME Books တွင် Products Photo များထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ ထည့်သွင်းထားပြီး အရောင်းပြေစာ တွင် ဖော်ပြလိုပါက ဖော်ပြနိုင်ပါသည်။ ကုန်ပစ္စည်း၏ပုံများအားထည့်သွင်းရန်အတွက် ဆက်တင်များမှ စိတ်ကြိုက်အချက်အလက်များကိုနှိပ်ပါ။ ကုန်ပစ္စည်း မှ စိတ်ကြိုက်အချက်အလက်အသစ်ကိုနှိပ်ပါ။ အညွှန်းစာသားတွင် Photo အားထည့်သွင်းပါ။ အမျိုးအစားတွင်စာပိုဒ်အားရွေးချယ်ပါ။ Size တွင်အကြီးအားရွေးချယ်ပါ။ ကုန်ပစ္စည်းဇယားတွင်ပြရန်အတွက်ဤအချက်အလက်ကိုကော်လံအဖြစ်ဖော်ပြမည် တွင်အမှန်ခြစ်ထည့်ပါ။ ပုံနှိပ်သည့်အခါတွင်ပေါ်ရန်အတွက် ဤအချက်အလက်ကိုပုံနှိပ်စာအဖြစ်ဖော်ပြမည်တွင်အမှန်ခြစ်ထည့်ပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ဖိုင်တွဲများကိုနှိပ်ပါ။ ဖိုင်တွဲအသစ်ကိုနှိပ်ပါ။ အကြောင်းအရာတွင် ကုန်ပစ္စည်းပုံအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ကြည့်မည်ကိုနှိပ်ပါ။ ပုံထည့်သွင်းရန်အတွက် ပူးတွဲအသစ်ကိုနှိပ်ပါ။ ထည့်သွင်းမည့်ပုံအားရွေးချယ်ပါ။ ထည့်သွင်းထားသည့်ပုံအားတွေ့မြင်ရမည်။ ကုန်ပစ္စည်းတွင်ပုံထည့်သွင်းလိုသောကုန်ပစ္စည်းအမည်အား ပြင်မည်ကိုနှိပ်ပါ။ Photo တွင်<img src=" " style="max-width: 150px"> ကိုထည့်ပါ။ ထည့်သွင်းထားသည့်ပုံအား ဖိုင်တွဲများမှ ပုံအမည်အားနှိပ်ပါ။ Address bar တွင်ပုံလိပ်စာအားကူးယူပါ။… Continue reading ကုန်ပစ္စည်းများ၏ပုံထည့်သွင်းခြင်း@ MSME Books
ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books
လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများနှင့် ထည့်ဝင်ထားသည် ငွေပမာဏ များကို ရင်းနှီးငွေစာရင်းများတွင် ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်းသို့ ရင်းနှီးမြှပ်နှံထားသည့် ရှယ်ယာရှင်စာရင်းများ ထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ "ရင်းနှီးငွေစာရင်း အသစ်" ကို နှိပ်ပါ။ "အမည်"တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ "ဖန်တီးမည်" ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ ရှယ်ယာရှင်တစ်ဦးချင်းစီမှ လုပ်ငန်းသို့ထည့်ဝင်ငွေစာရင်းသွင်းရန်အတွက် ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ "ရက်စွဲ" တွင် ငွေလက်ခံသည့်နေ့အားရွေးချယ်ပါ။ "စာရင်း" တွင် ငွေလက်ခံသည့် စာရင်းအမည်အားရွေးချယ်ပါ။ "ငွေလက်ခံသူ"၊ "အကြောင်းအရာ" များ လိုအပ်ပါက ထည့်သွင်းနိုင်ပါသည်။ "စာရင်း" တွင် "ရင်းနှီးငွေစာရင်းများ" ကို ရွေးချယ်ပါ။ ရင်နှီးမြှပ်နှံသူအမည်အား ရွေးချယ်ပါ။ "စာရင်းခေါင်းစဉ်ခွဲ"တွင် "ရင်းနှီးငွေထည့်ဝင်မှု"အားရွေးချယ်ပါ။ "ဈေးနှုန်း"တွင် လက်ခံရရှိသည့်… Continue reading ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital Accounts) @ MSME Books