Accounting Software, Cloud, Fixed Assets, MSME Books

Fixed Assets Item များအားထည့်သွင်းခြင်း@ MSME Books

လုပ်ငန်းတွင် ကာလရှည်ကြာစွာ အသုံးပြုမည့် ပစ္စည်းစာရင်းများကို ပုံသေပိုင် ပစ္စည်းများတွင် ထည့်သွင်းရမည်။ Fixed Assets စာရင်းထည့်သွင်းရန် Fixed Assets ကိုနှိပ်ပါ။ New Fixed Assets ကို နှိပ်ပါ။ "Item code " သတ်မှတ်လိုပါကသတ်မှတ်ပါ။ "Item Name " တွင်ပစ္စည်းအမည်များကိုထည့်သွင်းပါ။ "Depreciation Rate" တွင် "Depreciation"ချမည့် "Rate"အားထည့်သွင်းပါ။ "Description"တွင် ကုန်ပစ္စည်းနှင့်ပက်သက်၍ဖော်ပြလိုသော အကြောင်းအရာများကိုထည့်သွင်းပါ။ အချက်အလက်များ ပြည့်စုံအောင်ထည့်သွင်းပြီးပါက " Create" ကိုနှိပ်ပါ။ စာရင်းထည့်သွင်းထားသော "Fixed Assets" အားတွေ့မြင်နိုင်သည်။ ထိုပစ္စည်းအားဝယ်ယူပါက "payment" မှတစ်ဆင့်ဝယ်ယူနိုင်သည်။ "Depreciation amount" အားထည့်သွင်းရန်အတွက် "Report" ကိုနှိပ်ပါ။ "Depreciation Calculation Worksheet" ကိုနှိပ်ပါ။… Continue reading Fixed Assets Item များအားထည့်သွင်းခြင်း@ MSME Books

Accounting Software, MSME Books

User Log @ MSME Books

Single Business Version အသုံးပြုသူတွေအတွက် ဘယ်သူက ဘာပြင်သွားတယ်။ ဘယ်အချိန်မှာ ဆိုတာ သိချင်တယ်ဆိုရင် record တိုင်းမှာ ကြည့်လို့ရပြီနော်။ Created ဆိုတာတော့ စထည့်တဲ့သူပါ။ Updated ဆိုတာတော့ နောက်ဆုံးပြင်တဲ့သူပါ။ ပြင်ထားတာမရှိရင်တော့ Created and Updated က အတူတူ ပြမှာ ဖြစ်ပါတယ်။ #MSMEBooks #CloudBasedAccountingSoftware #SecurityControl Cloud Version တော်တော်များများမှာ User Log မပါပါဘူး။ MSME Books မှာ ပါပါတယ်။

Accounting Software, Cloud, MSME Books

ငွေကြိုသွင်းလွှာ (Debit Note) @ MSME Books

MSME Books တွင် ဝယ်ယူထားသည့် ပစ္စည်းအားပြန်လည်ပေးပို့ခြင်း ကို  ငွေကြိုသွင်းလွှာမှ အသုံးပြုနိုင်ပါသည်။   ငွေကြိုသွင်းလွှာများကိုထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ ရောင်းသူကုန်ပေးသွင်းများကိုကြည့်ပြီး ပြန်ပို့မည်ကုန်ပစ္စည်းပါဝင်နေသည့်အဝယ်ပြေစာများကိုရှာဖွေပါ။ရှာဖွေတွေ့ရှိပါက ကြည့်မည်ကိုနှိပ်ပါ။ ဝယ်ယူထားသည့်ရောင်းသူကုန်ပေးသွင်းသူ၏အဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ အပေါ်တွင်ရှိသော အောက်မြှားပါရှိသော ကူးယူမည် ကိုနှိပ်ပါ။ ငွေကြိုသွင်းလွှာအသစ်ကိုနှိပ်ပါ။ ငွေကြိုတင်ပေးလွှာအသစ်ပေါ်လာမည်ဖြစ်ပါသည်။ ရောင်းသူကုန်ပေးသွင်းသူထံပြန်ပို့မည့် ကုန်ပစ္စည်းများကိုချန်ထားပြီးကျန်ကုန်ပစ္စည်းများကို ခြေရာခံအမှတ်အသားဘေးတွင်ရှိသောအမှားကိုနှိပ်၍ဖြတ်ပါ။ ရောင်းသူကုန်ပေးသွင်းသူထံသို့ ပြန်ပို့မည့်ကုန်ပစ္စည်းများကိုချန်ထားပြီးပါက အရေအတွက် တွင်ပြန်ပို့မည့်အရေအတွက်ကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။   ထည့်သွင်းထားသော ငွေကြိုသွင်းလွှာကိုတွေ့မြင်နိုင်ပါသည်။ငွေကြိုသွင်းလွှာတွင် စာရင်းထည့်သွင်းပြီးပါက ကုန်ပစ္စည်းကိုပြန်ကြည့်ပါက မူလကုန်ပစ္စည်းသည် 13ခုမှ ငွေကြိုသွင်းလွှာဖြင့် ရောင်းသူကုန်ပေးသွင်းသူသို့ကုန်ပစ္စည်းများကိုပြန်ပို့လိုက်ပြီးကြောင်းစာရင်းသွင်းပြီးပါက ကုန်ပစ္စည်း၏လက်ဝယ်ရှိအရေအတွက်သည် 10 သို့လျော့ကျသွားမည်။ အသေးစိတ်ကိုသိရှိလိုပါက လက်ဝယ်ရှိအရေအတွက်အောက်တွင်ရှိသော အပြာရောင်ဂဏန်းကိုနှိပ်ပါ။ ကုန်ပစ္စည်းအသေးစိတ်ကို တွေ့မြင်နိုင်ပါသည်။     မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN… Continue reading ငွေကြိုသွင်းလွှာ (Debit Note) @ MSME Books

Accounting, Accounting Software, MSME Books, Multi Currency

ငွေကြိုတင်လက်ခံလွှာ / ကုန်ရောင်းပြန်ပို့ (Credit Note/ Sales Return) @MSME Books

MSME Books တွင် ရောင်းထားသည့် ပစ္စည်းအားပြန်လည် လက်ခံ ခြင်းကို  ငွေကြိုသွင်းလွှာမှ အသုံးပြုနိုင်ပါသည်။   Credit Note ငွေကြိုတင်လက်ခံလွှာကိုစာရင်းသွင်းရန် အရောင်းပြေစာများကိုနှိပ်ပါ။   အရောင်းပြေစာများပေါ်လာမည်ဖြစ်သည်။ ကုန်ပစ္စည်းပြန်ပို့သောဝယ်သူဖောက်သည်ကိုရှာပါ။ ရှာတွေ့ပါက ကြည်မည်ကိုနှိပ်ပါ။   ကုန်ပစ္စည်းပြန်ပို့လိုက်သော ဝယ်သူဖောက်သည်၏အရောင်းပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအရောင်းပြေစာ၏အပေါ်တွင်ရှိသော မြှားအစက်လေးပါသော ကူးယူမည် ကိုနှိပ်ပါ။ငွေကြိုတင်လက်ခံလွှာအသစ်ကိုထပ်မံနှိပ်ပါ။   ငွေကြိုတင်လက်ခံလွှာပေါ်လာမည်။ ဝယ်သူဖောက်သည်မှပြန်ပို့လာသောကုန်ပစ္စည်းကိုချန်ထားပြီး ကျန်ကုန်ပစ္စည်းများကို ခြေရာခံအမှတ်အသားဘေးရှိအမှားနှိပ်၍ဖြတ်ပါ။   ကျန်ရှိသောဝယ်သူဖောက်သည်မှ ပြန်လည်ပို့လာသောကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ငွေကြိုတင်လက်ခံလွှာတစ်စောင်ကျလာမည်ဖြစ်သည်။ ဝယ်သူဖောက်သည်မှပြန်ပို့လာသော ကုန်ပစ္စည်းကို ငွေကြိုတင်လက်ခံလွှာတွင်စာရင်းသွင်းပြီးပါက ကုန်ပစ္စည်းများ ကိုပြန်ကြည့်ပါက မူလလက်ဝယ်ရှိအရေအတွက်သည် ဝယ်သူဖောက်သည်များမှပြန်လည်ပေးပို့သော ကုန်ပစ္စည်းများတိုးသွားမည်ဖြစ်သည်။ အသေးစိတ်ကိုသိရှိလိုပါက လက်ဝယ်ရှိအရေအတွက်အောက်တွင်ရှိသော အပြာရောင်ဂဏန်းကိုနှိပ်ပါ။ ကုန်ပစ္စည်း၏အဝင်အထွက်အသေးစိတ်ကိုတွေ့မြင်နိုင်ပါသည်။     မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671… Continue reading ငွေကြိုတင်လက်ခံလွှာ / ကုန်ရောင်းပြန်ပို့ (Credit Note/ Sales Return) @MSME Books

MSME Books

ကြိုတင်ပေးငွေစာရင်းထည့်သွင်းခြင်း@MSMEBooks

လုပ်ငန်း၏ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကဲ့သို့သော ကြိုတင်ပေးထားသောငွေများအတွက်စာရင်းသွင်းရာတွင် ငွေပေးချေသည့်လအတွက် စရိတ်မပြသင့်ပါ။ အသုံပြုသည့်ကာလများအတွက် မျှဝေ၍ စရိတ်ကျခံသည့်စာရင်းအားထည့်သွင်းခြင်း ကြိုတင်ပေးထားသောငွေများအား ကြိုတင်ပေးငွေအဖြစ်စာရင်းထည့်သွင်းရန်အတွက် စာရင်းခေါင်းစဥ်ထည့်သွင်းရမည်။ စာရင်းခေါင်စဥ်အားထည့်သွင်းရန်အတွက် ဆက်တင်များကိုနှိပ်ပါ။ စာရင်းခေါင်းစဥ်များကိုနှိပ်ပါ။ လက်ကျန်ရှင်းတမ်းဘက်တွင်ကြိုတင်ပေးငွေစာရင်းအားထည့်သွင်းရန်အတွက် လက်ကျန်ရှင်းတမ်းဘက်မှ စာရင်းအသစ်ကိုနှိပ်ပါ။ အမည်တွင် ကြိုတင်ပေးငွေအားထည့်သွင်းပါ။ အုပ်စုတွင်ရပိုင်ခွင့်အုပ်စုအားရွေးချယ်ပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ဆိုင်ခန်းဌားခ/ရုံးခန်းဌားခ/အာမခံကြိုပေးငွေများအား (၆)လ(သို့) (၁)နှစ်စာအားကြိုတင်ပေးသွင်းထားသော စာရင်းအားထည့်သွင်းရန် အတွက် ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ငွေကြိုပေးသည့်ရက်စွဲအားထည့်သွင်းပါ။ ငွေစာရင်းအားရွေးချယ်ပါ။ အမျိုးအမည်ဘေးမှစာရင်းတွင်ကြိုတင်ပေးငွေနှင့်သက်ဆိုင်သည့်စာရင်းအားရွေးချယ်ပါ။ အကြောင်းအရာတွင်မှတ်သားလိုသည့်အကြောင်းအရာအားထည့်သွင်းရေးသားပါ။ အရေအတွက်တွင် ကြိုတင်ပေးချေလိုက်သည့်လအရေအတွက်အားထည့်သွင်းပါ။ ဈေးနှုန်းတွင်တစ်လစာငွေပမာဏအားထည့်သွင်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ကြိုတင်ပေးထားသည့်စာရင်းအားတွေ့မြင်ရမည်။ စာရင်းချုပ်၏ရပိုင်ခွင့်အောက်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း ကြိုတင်ပေးငွေစာရင်းတွင်ကြိုပေးငွေပမာဏအာားတွ့မြင်ရမည်။ ကြိုတင်ပေးငွေအားလစဥ်စရိတ်ပြရန်အတွက် ဆက်တင်များမှ ထပ်တလဲလဲဂျာနယ်စာရင်းများကိုနှိပ်ပါ။ ထပ်တလဲလဲဂျာနယ်စာရင်းအသစ်အားရွေးချယ်ပါ။ နောက်တစ်ကြိမ်ထုတ်ပေးမည့်ရက်စွဲတွင် စရိတ်ပြမည့်ရက်အားထည့်သွင်းပါ။ စာရင်း၏ အပေါ်ဇယားကွက်တွင်စရိတ်ထည့်သွင်းမည့်စာရင်းအားရွေချယ်၍ မြီစားတွင်(၁)လစာတန်ဖိုးအားထည့်သွင်းပါ။ စာရင်း၏ အောက်ဇယားကွက်တွင် ကြိုတင်ပေးငွေစာရင်းအားရွေးချယ်၍ မြီရှင်တွင်(၁) လစာတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည်နှိပ်ပါ။ ထပ်တလဲလဲဂျာနယ်စာရင်းဇယားတွင်ကြည့်ရှု့ပါကလတိုင်စရိတ်အဖြစ်ထည့်သွင်းမည့်… Continue reading ကြိုတင်ပေးငွေစာရင်းထည့်သွင်းခြင်း@MSMEBooks

MSME Books

ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books

MSME Books တွင် အထွေထွေ အသုံးစရိတ်များထည့်သွင်းခြင်း၊ ဝယ်သူ၊ဖောက်သည်များထံမှ ငွေလက်ခံခြင်း၊ ရောင်းသူကုန်ပေးသွင်းသူများသို့ ငွေပေးချေခြင်းနှင့် အခြား ဝင်ငွေများကို ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများမှ ထည့်သွင်းနိုင်ပါသည်။   ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ ထည့်သွင်းရန်အတွက်... ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများကိုနှိပ်ပါ။ ငွေလက်ခံမည်ဆိုပါက ... ငွေလက်ခံလွှာ အသစ်ကိုနှိပ်ပါ။ "ရက်စွဲ"တွင် ငွေလက်ခံမည့် ရက်စွဲကို သတ်မှတ်ပါ။ "စာရင်း"တွင် ငွေလက်ခံမည့် စာရင်းကိုရွေးချယ်ပါ။ ငွေပေးသူ အမည်ကို ထည့်သွင်းပါ။ ရရှိသည့် အကြောင်းအရာကို ထည့်သွင်းပါ။ ရရှိသည့် စာရင်းကို ရွေးချယ်ပါ။ "အရေအတွက်"ကို ထည့်သွင်းပါ။ "စျေးနှုန်း"တွင် ရရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ "ဖန်တီးမည်"ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့ရမည်။ ဇယားတွင် ပြန်လည်ကြည့်ရှုပါက... ဇယားတွင်ကြည့်ရှုပါက ထည့်သွင်းထားသော ဘဏ်တိုးရငွေစာရင်းကိုတွေ့ရမည်။   အသုံးစရိတ်များထည့်သွင်းရန်အတွက် … Continue reading ငွေလက်ခံလွှာများနှင့် ငွေပေးချေလွှာများ (Receipts and Payments) @ MSME Books

Accounting Software, Cloud, MSME Books

အရောင်းပြေစာ(Sale Invoice)@MSME Books

MSME Booksတွင် လက်ငင်းရောင်း၊အကြွေးရောင်းစာရင်းများကို အရောင်းပြေစာတွင်ထည့်သွင်းနိုင်ပါသည်။ အရောင်းပြေစာဖွင့်ရန် အရောင်းပြေစာများကိုနှိပ်ပါ။ ဖွင့်ထားသောအရောင်းပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအရောင်းပြေစာအသစ်ကိုနှိပ်ပါ။ ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းရောင်းချမည့်ရက်စွဲကိုထည့်သွင်းပါ။ ဝယ်သူဖောက်သည်များတွင် ကုန်ပစ္စည်းဝယ်ယူမည့် ဝယ်သူဖောက်သည်ကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ရောင်းချမည့်ကုန်ပစ္စည်းများကိုရွေးချယ်ပါ။ အရေအတွက်တွင် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ရောင်းချမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းစဥ်က ကျသင့်ငွေထည့်သွင်းထားခဲ့ပါက ထည့်သွင်းရန်မလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော အရောင်းပြေစာကိုတွေ့မြင်နိုင်ပါသည်။ ထိုအရောင်းပြေစာမှ ငွေလက်ခံမည်ဆိုပါက အရောင်းပြေစာ၏အပေါ်တွင်ရှိသော ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် ငွေလက်ခံမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်း တွင်ငွေလက်ခံမည့်စာရင်းကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းထားသော ငွေလက်ခံလွှာကိုတွေ့မြင်နိုင်သည်။   မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671

MSME Books

ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks

ရောင်းသူ/ကုန်ပေးသွင်းသူများအား ငွေပေးချေသော အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အဝယ်ပြေစာ တစ်ဆောင်ခြင်းအတွက်ငွေပေးချေခြင်း အဝယ်ပြေစာ သို့သွားပါ။ ငွေပေးချေမည့် ရောင်းသူ/ကုန်ပေးသွင်း (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေပေးချေမည့်ပြေစာ၏ကျန်ငွေအားနှိပ်ပါ။ ပြေစာ နံပါတ် 5 ဘေးမှ 115500 အားနှိပ်ပါမည်။ ငွေပေးချေလွှာအသစ်အား နှိပ်ပါ။ ငွေပေးချေလွှာတွင် ငွေထုတ်ပေးသည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ ပေးချေသည့်ငွေပမာဏအား ဈေးနှုန်းတွင်ထည့်သွင်းပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေပေးချေထားသည့်ပြေစာအားတွေ့မြင်ရမည်။ အဝယ်ပြေစာတွင်ပြန်လည်ကြည့်ရှု့ပါက စုစုပေါင်းပေးရမည့်ငွေပမာဏ၊ ပေးချေထားသည့်ငွေပမာဏ ၊ကျန်ငွေ တို့ကိုတွေ့မြင်ရပါမည်။   အဝယ်ပြေစာ တစ်စောင်ချင်းအား အပြည့်အဝငွေပေးချေခြင်း၊ တစ်ဝက်တစ်ပျက် ငွေပေးချေခြင်းတို့ အား အထက်ပါ နည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်။ ၂) ရောင်းသူ/ကုန်ပေးသွင်းသူ အလိုက် ငွေပေးချေခြင်း ရောင်းသူ/ကုန်ပေးသွင်းသူများထံအားငွေပေးချေရာတွင်… Continue reading ရောင်းသူ/ကုန်ပေးသွင်းသူများအားငွေပေးချေနည်း(၃)နည်း@MSMEBooks

MSME Books

အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks

အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းအားထည့်သွင်းခြင်းအားလုပ်ဆောင်ရန် အသုံစရိတ်တောင်းခံလွှာစာရင်းအားထည့်သွင်းရန်အတွက် ဆက်တင်များ မှ အသုံးစရိတ်ပေးချေသူများ ကိုနှိပ်ပါ။ New Expenses Claim Payer ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ ထည့်သွင်းထားသောအမည်အားတွေ့မြင်ရမည်။ အသုံးစရိတ်တောင်းခံလာပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးချေသည့်ရက်စွဲ ငွေထုတ်ပေးသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်ကြိုတင်တောင်းခံခြင်းဖြစ်သဖြင့် အသုံးစာရိတ်တောင်းခံလွှာစာရင်းအားရွေးချယ်ပါ။ အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် အသုံးစရိတ်ကြိုတင်ထုတ်ပေးသည့်ငွေပမာဏအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ပေးထားသည့်ငွေပေးချေလွှာပြေစာအားတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါက အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုတင်တောင်းခံထားသည့်ငွေမှ အသုံးစရိတ်စာရင်းအားထည့်သွင်းရန်အတွက် အသုံစရိတ်တောင်းခံလွှာများကိုနှိပ်ပါ။ အသုံးစရိတ်တောင်းခံလွှာအသစ်ကိုနှိပ်ပါ။ ငွေပေးသူ တွင်အသုံးစရိတ်ကြိုတင်တောင်းခံသူအမည်အားထည့်သွင်းပါ။ အမျိုးအမည်ဘေးမှစရိတ်တွင်သုံးစွဲသည့်စရိတ်များအားသက်ဆိုင်ရာခေါင်းစဥ်ဖြင့်ရွေးချယ်ထည့်သွင်းပါ။ ဈေးနှုန်းတွင်အသုံးစရိတ်အတွက်ကျသင့်သည့်ငွေပမာဏများအားထည့်သွင်းပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှသုံးစွဲလိုက်သည့်စာရင်းများတွေ့မြင်ရမည်။ စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှ သုံးစွဲသည့်ငွေပမာဏများအားနုတ်၍ ပြန်လည်လက်ခံရမည့်ငွေပမာဏအားတွေ့မြင်ရမည်။ အသုံးစရိတ်ကြိုထုတ်ထားသည့်ငွေမှ သုံးစွဲ၍ပိုသည့်ငွေအားပြန်လည်လက်ခံပါက ငွေလက်ခံလွှာနှင့်ငွေပေးချေလွှာများမှ ငွေလက်ခံလွှာအသစ်ကိုနှိပ်ပါ။ ငွေလက်ခံသည့်ရက် ငွေလက်ခံသည့်ငွေစာရင်းအမည် အမျိုးအမည်ဘေးမှစာရင်းတွင် အသုံးစရိတ်တောင်းခံလွှာအားရွေးချယ်၍ အသုံးစရိတ်ပြန်လည်အပ်သည့်သူအမည်အားရွေးချယ်ပါ။ ဖန်တီးမည်ကိုနှိပ်ပါ။ ပိုငွေအားပြန်လည်လက်ခံထားသည့်ငွေပမာဏအားတွေမြင်ရမည်။ စာရင်းချုပ်၏အသုံစရိတ်တောင်းခံလွှာစာရင်းတွင်ပြန်လည်ကြည့်ရှု့ပါကလည်းစာရင်းရှင်းပြီးသည့်အတွက်ငွေမကျန်ရှိတော့ကြောင်းတွေ့မြင်ရမည်။ မာတိကာ… Continue reading အသုံးစရိတ်ကြိုတင်တောင်းခံလွှာစာရင်းထည့်သွင်းခြင်း@MSMEBooks

Accounting Software, Cloud, MSME Books

ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books

MSME Books တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဖိုးအပြင် အခြားသော ကုန်ဝယ်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များ အား ကုန်ပစ္စည်း၏စရိတ် အဖြစ် ထည့်သွင်းတွက်ချက်လိုပါကလည်း အဝယ်ပြေစာတွင် ထည့်သွင်းနိုင်ပါသည်။ ကုန်ပစ္စည်းများအားဝယ်ယူရာတွင်ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် ကုန်ပစ္စည်းအားဝယ်ယူရာတွင်ထိုပစ္စည်း၏ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် အဝယ်ဘောင်ချာထည့်သွင်းရာတွင်ထိုကုန်ပစ္စည်းဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်များပါထည့်သွင်းရမည်။   အဝယ်စာရင်းအားထည့်သွင်းရန်အတွက် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူသည့်ရက်စွဲ ၊ ကုန်ပစ္စည်းရောင်းချသည့်ရောင်းသူ၊ကုန်ပေးသွင်းသူအမည်၊ အမျိုးအမည်တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအမည်အားရွေးချယ်ပါ။ အရေအတွက်တွင်ကုန်ပစ္စည်းဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။ဈေးနှုန်းတွင်ထိုပစ္စည်း၏တန်ဖိုးအားထည့်သွင်းပါ။ ထိုပစ္စည်း၏ကုန်ကျစရိတ်အားထည့်သွင်းတွက်ချက်ရန်အတွက် စာကြောင်းတိုးမည်ကိုနှိပ်၍စာကြောင်းထပ်တိုးပါ။ ထပ်တိုးထားသည့်စာကြောင်း၏အမျိုးအမည်အကွက်တွင် ကုန်ဝယ်ကုန်ကျစရိတ်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် ကုန်ပစ္စည်းအားဝယ်ယူရာတွင်အခြားသောကျသင့်သည့်ကုန်ကျစရိတ်စုစုပေါင်းတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူထားသည့် အဝယ်ပြေစာအားတွေ့မြင်ရမည်။ ထိုပစ္စည်းဖိုးအတွက်ငွေပေးချေပါက ငွေပေးချေလွှာအသစ်ကိုနှိပ်၍ငွေပေးချေပါ။ ကုန်ပစ္စည်းများတွင်ပြန်လည်ကြည့်ရှု့ပါကဝယ်ယူထားသည့်တန်ဖိုးတွင်ထိုကုန်ပစ္စည်းအားဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်တန်ဖိုးများအားကုန်ပစ္စည်းတစ်ခုချင်းဝယ်ယူရသည့်ဈေးတွင်ပေါင်း၍ကျသင့်ငွေအားပျမ်းမျှတန်ဖိုးတွင်တွက်ချက်ပြသထားသည်။ ကုန်ဝယ်ကုန်ကျစရိတ်အားမှန်မမှန်အားmanualဖြင့်ပြန်လည်တွက်ချက်ကြည့်လိုပါက ထိုကုန်ပစ္စည်း၏တန်ဖိုးနှင့် ကုန်ဝယ်ကုန်ကျစရိတ်တန်ဖိုးအားစားပါ။ ဥပမာ ကုန်ပစ္စည်းဝယ်ယူရသည့်တန်ဖိုးသည့် 150000 ဖြစ်၍ကုန်ဝယ်ကုန်ကျစရိတ်သည် 50000 ဖြစ်ပါက ကုန်ဝယ်ကုန်ကျစရိတ်50000နှင့်ကုန်ပစ္စည်တန်ဖိုး150000အားစားပါ။ (50000/150000)  ရရှိလာသောတန်ဖိုးအား(+၁)ပေါင်းပါ။ (+၁)ပေါင်းထားသည့်တန်ဖိုးအားကုန်ပစ္စည်းတစ်ခုခြင်းတန်ဖိုးနှင့်မြှောက်ပါ။… Continue reading ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books