HR, Labour Law
ဖုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။ ဖြုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။
ဖုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။ အမိန့်ကြော်ငြာစာအမှတ် (၈၄/ ၂၀၁၅)၊ ဇူလိုင် (၃)ရက်နေ့ (က) လုပ်သက် ခြောက်လပြည့်ပြီးတစ်နှစ်မပြည့်ပါက နစ်နာကြေး လ၀က်စာ (ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်သေးပါက နစ်နာကြေး တစ်လစာ (ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက နစ်နာကြေး တစ်လခွဲစာ (ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ (င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ (စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ (ဆ) လုပ်သက် ရှစ်နှစ်ပြည့်ပြီး ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ (ဇ) လုပ်သက် ဆယ်နှစ်ပြည့်ပြီး နှစ်ဆယ်မပြည့်ပါက နစ်နာကြေး ရှစ်လစာ… Continue reading ဖုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။ ဖြုတ်ထုတ်နဲ့ ပတ်သတ်တဲ့ နစ်နာကြေးနှုန်းထားတွေပါ..။
Business, Coca-Cola Leht-Li Business Skills Training
Coca-Cola Leht-Li Business Skills Graduation and Certification Ceremony
Cola-Cola Leht-Li Business Skills Training ကိုကာကိုလာ လက်လီ စီးပွားရေး အရောင်းကျွမ်းကျင်သင်တန်း *** ကိုကာကိုလာ လကျလီ စီးပွားရေး အရောင်းကျွမ်းကျင်သင်တန်း [Zawgyi] လက္ရွိမွာ Retailers and SME 4000 ကျော် ကို သင်တန်းများပို့ချပေးပြီး လုပ်ငန်းရှင်များ စနစ်တကျ တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးလျက်ရှိပါတယ်။Coca-Cola Leht-Li Business Skills Training ကို ဇွန်လ(၂) ရက်နဲ့ (၃) ရက်မှာဖွင့်လှစ်ပါမယ်။ လူဦးရေကန့်သတ်ထားလို့ အမြန်စာရင်းပေးသွင်းကြပါနော်။ ဆက်သွယ်ရန်၀၉၄၂၄၂၅၀၇၂၁ သင်တန်းနေရာ (၁၅၂) ပါရမီလမ်းမကြီး၊ညောင်ပင်မှတ်တိုင်အနီး Trainer: San Thida Myo Latt(MBA, SIYB Licensed Trainer, Coca-Cola Leht-Li Business… Continue reading Coca-Cola Leht-Li Business Skills Graduation and Certification Ceremony
Tax
Tax Knowledge
လစာ ရငွေကို အခွန်ကင်းလွတ်ခွင့်ရှိတဲ့ ၄၈ သိန်း နဲ့ အခြား စီးပွားရေးလုပ်ငန်းရငွေ အဖြစ် စာရင်းခွဲဖော်ပြ အခွန်ထမ်းဆောင်ရင် အခွန်ကင်းလွတ်သက်သာနိုင်သလား မေးခွန်းအပေါ် ကျွန်တော့်အနေနဲ့ မဖြစ်နိုင် မလုပ်သင့်ကြောင်း သူငယ်ချင်းရဲ့အမေးကို ဖြေကြားချက် တင်ပြဆွေးနွေးခဲ့ပါတယ်။ မေးလာတာနဲ့ မလုပ်သင့်ဘူးလို့ အမြန် ပြန်ဖြေခဲ့တာကို တင်ပြပေးခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်အစိုးရ ဘဏ္ဍာငွေရရှိဖို့ ဆိုတာ ၃လမ်းဘဲရှိတာ၊ အဲသည် ၃လမ်းမှာ အခွန်ပေးဆောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်ပါတယ်ဆိုတာ တင်ပြခဲ့ဖူးပြီးမို့ ပြန်မရှင်းတော့ပါဘူး။ နိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံတိုးတက်စေ့ချင်ရင် အခွန်ကိုဘယ်လို လိမ်(လစာရတဲ့ငွေကို အခြားငွေလို့ ဘယ်လိုအထောက်အထားပြပြ လိမ်တာပါဘဲ) ရှောင်မလဲလို့ မတွေးသင့် မလုပ်သင့် မစဉ်းစားသင့် တာမို့ အမြန်ပြန်ဖြေခဲ့တာ လိုအပ်ချက်တွေ ရှိပါတယ်။ လစာနဲ့ ပညာ စီးပွား အခြား ငွေ၃ရပ်ကို သီးခြားစည်းကြပ်မယ်၊… Continue reading Tax Knowledge
Leave
Leave
မတ်လထုတ်HR Journal မှာဖော်ပြထားသော အလုပ်သမားဥပဒေနဲ့ ပတ်သက်တာသိလိုရာမေးကဏ္ဏ တွင် ဆရာမဒေါ်စန်းစန်ဖြေကြား ထားသည်များကိုစာဖတ်ပရိတ်သတ်အတွက်ဖော်ပြလိုက်ပါတယ်။။ အလုပ်သမားဥပဒေနဲ့ပတ်သက်တာ သိလိုရာမေးကဏ္ဍ ---------------------------------------------- ဆရာမဒ်ါစန်းစန်း မေး။ ။ Private Company တစ်ခုရဲ့ Assistant Manager တစ်ဦး က ဆရာမခင်ဗျာ ကျွန်တော်တို့ကုမ္ပဏီကလစာဖြတ်ပါတယ်။ စနေနေ့ တဝက်နေမကောင်းလို့မလာဖြစ်ပါဘူး။ တနင်္ဂနွေကပိတ်ပါတယ်။ တနင်္လာ နေ့ဖျားတဲ့အတွက်ကြောင့် ၁၀ နာရီခွဲမှ ရောက်သွားပါတယ်။ အဲဒါလစာထဲက နှစ်ခါခွဲဖြတ်မယ်ပြောပါတယ်။ အဲ့လိုဖြတ်ခွင့်ရှိပါသလား။ ရုံးကို ၁၅မိနစ် နောက်ကျရင်လည်း နေ့ဝက်ခဖြတ်ပါတယ်တဲ့။ ဖြေ။ ။ ပထမမေးခွန်းစနေနေ့ နေ့ဝက်နေမကောင်းလို့ ကုမ္ပဏီမလာ ဖြစ်ရင်ပုဂ္ဂလိကကဏ္ဍမှာ ၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ ၅(၁) ရှောင်တခင်ခွင့်ကို "အလုပ်သမားသည် သက်ဆိုင်ရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ တစ်နှစ်လျှင် ရှောင်တခင်ခွင့်… Continue reading Leave
Business, Coca-Cola Leht-Li Business Skills Training, Marketing
Cola-Cola Leht-Li Business Skills Training ကိုကာကိုလာ လက်လီ စီးပွားရေး အရောင်းကျွမ်းကျင်သင်တန်း *** ကိုကာကိုလာ လကျလီ စီးပွားရေး အရောင်းကျွမ်းကျင်သင်တန်း လက်လီလုပ်ငန်းလုပ်ကိုင်သူများ နှင့် အသေးစား အလတ်စား လက်လီဆိုင်ပိုင်ရှင်များနှင့် စီမံခန်.ခွဲသူများ အတွက် အထူးရေးဆွဲထားပြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး (ILO) , ကိုကာကိုလာ (Coca-Cola), မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း(Myanmar Retail Association), အသေးစား အလတ်စားလုပ်ငန်းဖွံ.ဖြိုးရေးဌာန၊ စက်မှုဝန်ကြီးဌာန(SME) တို့မှ ပူးပေါင်းပံ့ပိုးထားသော သင်တန်းဖြစ်ပါသည်။ ရိုးရှင်း၊လွယ်ကူ၊လက်တွေ့ကျပြီး၊ လုပ်ငန်းတွင် ပြန်လည် အသုံးချနိုင်ပါသည်။ လက်ရှိတက်ရောက်ပြီးသူများမှလည်း လုပ်ငန်းတွင်ပြန်လည် အသုံးချပြီး လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်လျက်ရှိပါသည်။ ဇွန်လ(၂) ရက်နှင့်(၃) ရက်တွင်၊ အမှတ်(၁၅၂) ပါရမီလမ်းမ၊ ညောင်ပင်မှတ်တိုင်အနီးတွင် ဖွင့်လှစ်မည့် သင်တန်းအတွက် အမြန်စာရင်းပေးသွင်းနိုင်ပါသည်။ စာတွေ့၊လက်တွေ့ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ပါသည်။… Continue reading Coca-Cola Leht-Li Business Skills Training
Labour Law
Labour Law
ဧပြီလထုတ် HR Journal မှာဖော်ပြထားသည့်ဆရာမဒေါ်စန်းစန်ဖြေကြား ပေးထားသော အလုပ်သမားဥပဒေနဲပတ်သက်တာသိလိုရာမေးအစီအစဉ် မှဖြေကြားထားသည်များကိုဖော်ပြပေးလိုက်ပါတယ်။။။ အလုပ်သမားဥပဒေနဲ့ပတ်သက်တာ သိလိုရာမေး ကဏ္ဍ --------------------------------------------- ဆရာမဒေါ်စန်းစန်း မေး။ ။ Supervisor တစ်ဦးက အောက်ပါအတိုင်း ဒီလိုမေးလာပါတယ်။ မေးတာက တစ်ခုဖြစ်သော်ငြား ဖြေရတာကတစ်ခုမကဖြေမှ အဓိပ္ပာယ် ကပြည့်စုံမှာဖြစ်လို့အဖြေ(၄)ရပ်နဲ့ဖြေရတဲ့အနေအထားဖြစ်ပါတယ်။ ဆရာမ ခင်ဗျာ။ ကျွန်တော်လက်ရှိလုပ်နေသော Company မှာ နစ်နာကြေးနှင့် ပတ်သက်ပြီး အငြင်းပွားစရာများဖြစ်နေပါတယ် company ၏ ဆိုဒ်ခွဲတစ်ခု သည် ၃လပိုင်း ၁၅ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ပြီး HR Dept Head မှ အလုပ်သမားများအားနစ်နာကြေးလျော်ကြေးများပေးစရာ မလိုအပ်ပေမယ့် အလုပ်သမားများအား အလုပ်ပိတ်သိမ်းသည့်အတွက် ပြန်ရမှာဖြစ်တယ်လို ပြောပါတယ်။ အလုပ်သမားရုံးကထုတ်တဲ့ဥပဒေနှင့်လည်း ကိုက်ညီမူရှိ ကြောင်းပါပြောပါတယ် အလုပ်သမားများစတင်ဝင်ရောက် အလုပ်လုပ်ကိုင် ခဲ့တုန်က စာချုပ်စာတမ်းနှင့်… Continue reading Labour Law
Coordination
သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ် မီးဖိုဘေးကလူ ၆ ယောက် တစ်ခါက. . . တစ်နှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့ တောမကျ မြို့မကျ ရွာလေးတစ်ခုမှာပေါ့ ... ဆောင်းတွင်းရောက်လာတယ်။ နှင်းတွေကလည်းကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက် ရောက်နေပြီ။ ဒီနေရာလေးဟာ သုံးနှစ်ကို တစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။ နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေ ပြိုတယ်။အိုးအိမ်တွေ ပျက်စီးတယ်။ဒါကြောင့် ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင် သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီအရှည်ကြီး ကို ဝတ်တယ်။အဲ့ဒီအင်္ကျီအရှည်ကြီးထဲမှာ ထင်းရှူးဆီအခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ် ၊ ထင်းသုံးလေးငါးချောင်းရယ် ၊အသားခြောက် ၅၀ ကျပ်သားလောက်ရယ်ထည့်ပြီး နီးစပ်ရာ တောထဲကဂူတွေထဲမှာ နှင်းမုန်တိုင်းခိုကြရတယ် ဒီိလိုနဲ့. . .… Continue reading သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ် သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ်