Getting Job, Investment, Success

ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ်

တွေးမိတွေးရာလို့ပဲ ပြောရမလား အခုရက်မှာ အလုပ်ခေါ်စာတွေတင်ပေးတဲ့ အခါမှာ တွေ့ရတာလေးတွေကို လူငယ်တွေ အတွက်သတိထားစေချင်တာလေးတွေကို မျှဝေချင်လို့ပါ။ ပထမဆုံးကတော့ CV တွေက ပြီးစလွယ် ဆိုင်ကဝယ်ပြီးရင် လက်ရေးနဲ့ ဖြည့် ဓါတ်ပုံရိုက်ပြီးတင်ကြတာတွေတွေ့ရတယ်။ CV အတွက် Microsoft Word မှာ Template (ပုံစံ)တွေအများကြီးရှိပါတယ်။ Microsoft Word မှာပြည့်ပြည့်စုံစုံ၊ သပ်သပ်ရပ်ရပ်လေးရေးပြီး CV ကို PDF ပြောင်းထားလိုက်ပါ။ တစ်ချို့ကလဲ ဘွဲ့လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်လေးတွေပါ ထည့်ချင်ရင်လဲ ထည့်ပြီး PDF လေးပြောင်းထားလိုက်ပါ။ ဒုတိယအနေနဲ့တော့ အလုပ်လိုအပ်ချက်တွေကို သေချာဖတ်ပါ။ မကိုက်ညီတာတွေ လျှောက်မိရင် အချိန်ကုန်၊လူပန်းနဲ့ နောက်ဆုံးစိတ်ဓါတ်ကျတဲ့ အထိဖြစ်ကြတယ်။ တတိယအရေးကြီးတာကတော့ မျှော်မှန်းလစာပါ။ မျှော်မှန်းလစာ ထည့်ပါဆိုရင် အလုပ်နဲ့သင့်တင့်တဲ့ လစာကို ထည့်ဖို့ အရေးကြီးပါတယ်။… Continue reading ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ်

Management

Micro Managing???

Micro Managing လား??? ================== ဒူဘိုင်းရဲ့ စော်ဘွားကြီးဟာ အမျှော်အမြင်ကြီးလှပါတယ်။ တစ်နေ့ သူ့ရဲ့ အစိုးရအရာရှိကြီးတွေကို အခမ်းအနားနဲ့ဖိတ်ပြီး လမ်းညွှန်ချက်ပေးခဲ့ပါတည်။ သူ့ရဲ့ အစိုးရလုပ်ငန်းစဉ်တွေမှာ paperless ဖြစ်တဲ့ Smart Government ဖြစ်အောင် ခိုင်းစေပါတယ်။ ထပ်ပြောလိုက်သေးတယ်။ ၂ နှစ်ပြည့်လို့မှ အကောင်အထည်မပေါ်ရင်တော့ မင်းတို့ကို အငြိမ်းစားယူပွဲလေး လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ ခပ်ပြုံးပြုံးလေးပြောလိုက်ပေမယ့် အတည်ပြောနေတာဆိုတာ အရမ်းသိသာပါတယ်။ နောက်နေ့တွေမှာ ဌာနပေါင်းစုံက လူကြီးတွေက သတင်းစာတွေထဲမှာ ဘာလုပ်မယ်ညာလုပ်မယ်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေလုပ်ကြတာပေါ့။ စော်ဘွားကြီးက ဘာမှ မပြောသေးဘူး။ ကြည့်နေတယ်။ တဖြည်းဖြည်းနဲ့ လူတွေက သွေးအေးလာပြီး paperless Smart Government အိပ်မက်က natural death ဖြစ်သွားပါတယ်။ သိပ်မပြောကြပါဘူး။ ဒီအခါမှာ စော်ဘွားကြီးက လူတွေသွေးအေးသွားတာကို… Continue reading Micro Managing???

Education, Policy

Education Policy Changes

ပညာရေးလောကအတွက် ဗြောင်းဆန်သွားစေမယ့် policy တစ်ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ အစိုးရဆောင်ရွက်ခဲ့တာ ပြည်တွင်းက အချို့ သတိမထားမိလိုက်ကြဘူး ထင်ပါတယ်။... မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကနေပြီး ပြည်ပနိုင်ငံများက ကျောင်းတွေ၊ တက္ကသိုလ်တွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြုပ်နှံခွင့် ပြုလိုက်ခြင်းပါပဲ။ 100 % Investment လုပ်မယ်ဆိုရင်လည်း ခွင့်ပြုလိုက်ပါတယ်။... ဒါဟာ မြန်မာပြည် ပညာရေး လောကအတွက် အရမ်းအရေးကြီးတဲ့ အပြောင်းအလဲ တစ်ရပ်ပဲ ဖြစ်ပါတယ်။... အစိုးရကျောင်းတွေအပြင် ကမ္ဘာကျော် ပုဂ္ဂလိက ကျောင်းတွေပါ မြန်မာနိုင်ငံထဲ လာရောက်ဖွင့်လှစ်ဖို့ အရင်က ဥပဒေ ညွန်ကြားချက် မရှိလို့ စောင့်နေခဲ့ရတာက အခုဆိုရင် တရားဝင် ဖြစ်သွားပြီမို့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာကြပါတော့မယ်။.. ကမ္ဘာ့အဆင့်မီ ပညာရေးတွေ ပြည်တွင်းမှာတင် သင်လို့ရကြတော့မယ်။..… Continue reading Education Policy Changes

Getting Job

အလုပ်ရှာကြရာဝယ် အလုပ်ရှာကြရာဝယ်

အလုပ်ရှာကြရာဝယ် အလုပ်ရှာနေကြတဲ့ မောင်ငယ်၊ညီမငယ်တွေ အနေနဲ့ သတိထားရမည့် အချက်အလက်ကလေးတွေ ၁) ပထမဆုံး အနေနဲ့ CV ကို ကွန်ပျူတာနဲ့ သေချာပြင်ဆင်ပါ။ သေသေသပ်သပ် ဖြစ်အောင်ပြင်ဆင်ပါ။ လိုအပ်ပါက စာစီစာရိုက် ဆိုင်တွင် အပ်ပါ။ ၂) အလုပ်ခေါ်စာများကို သေချာဖတ်ပါ။ အလုပ်နေရာ နဲ့ လစာ၊ လိုအပ်ချက်များနဲ့ မိမိ ကိုက်ညီမှုရှိ၊မရှိ သေချာ လေ့လာပါ။ ၃) မိမိ အလုပ်မလျှောက်ထားမီ လုပ်ငန်းအမျိုးအစား နဲ့ လုပ်ငန်း အနေအထားများကို လေ့လာပါ။ မိမိ လျှောက်ထားလိုတဲ့ အလုပ်နဲ့ ပါတ်သတ်ပြီး ထမ်းဆောင်ရမည့် တာဝန်များကိုလဲ လေ့လာပါ။ ၄) မျှော်မှန်းလစာ နှင့် အလုပ်ခေါ်စာတွင် ပါသော လစာ ကိုက်ညီမှုရှိပါစေ။ ၅) လက်ရှိ အလုပ်လုပ်နေသူ… Continue reading အလုပ်ရှာကြရာဝယ် အလုပ်ရှာကြရာဝယ်

Uncategorized

Minimum Wages

[Zawgyi] ဝန်ထမ်းရေးရာ မှ ဆွေသဟာ အပေါင်းတို့ရေ အားလုံးမျှော်နေတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်ကို မေလ ၁၄ ရက် ၂၀၁၈ ကစပြီး အသက်ဝင်ပြီ လစာ တွက်ဖို့ ကြိုတင်ပြင်ဆင်ကြပါလော့ [Unicode] ဝန်ထမ်းရေးရာ မှ ဆွေသဟာ အပေါင်းတို့ရေ အားလုံးမျှော်နေတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်ကို မေလ ၁၄ ရက် ၂၀၁၈ ကစပြီး အသက်ဝင်ပြီ လစာ တွက်ဖို့ ကြိုတင်ပြင်ဆင်ကြပါလော့

HR, Labour Law, Overtime, Uncategorized

Overtime

အချိန်ပို နဲ့ပါတ်သတ်ပြီး သိချင်သူလေးတွေရှိနြေကတော့ အချိန်ပို အကြောင်းလေး မျှဝေပါရစေ။ အချိန်ပို ဆင်းဖို့ အတွက် အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဦးအကြားမှာ သဘောတူညီမှုရှိရပါမယ်။ အချိန်ပို ဆင်းမည့် ဝန်ထမ်းများ စာရင်းကို လဲ သက်ဆိုင်ရာ မြို့နယ်ရုံးကို ကြိုတင် အကြောင်းကြားရပါမယ်။ အလုပ်သမား မှ ဆန္ဒမရှိလျှင် အတင်းအကြပ် အချိန်ပို လုပ်ကိုင်ခြင်းအတွက် မခိုင်းစေနိုင်ပါ။ တစ်ပါတ် အလုပ်ချိန် (၄၈) နာရီ ကျော်ပါက အချိန်ပို ကြေးပေးရမှာဖြစ်ပါတယ်။ တစ်ပါတ် အလုပ်ချိန် (၄၈)နာရီ မကျော်သော်လည်း တစ်နေ့ အလုပ်ချိန် (၈) နာရီကျော်ပါက လည်း အချိန်ပိုကြေးပေးရမှာဖြစ်ပါတယ်။ အချိန်ပိုခ တွက်ချက်နည်း (တစ်လအခြေခံလစာ x ၁၂ လ / ၅၂ ပါတ်… Continue reading Overtime

Uncategorized

Employment Contract အလုပ်ခန့်ထားခြင်း သဘောတူညီချက် အလုပ်ခန့်ထားခြင်း သဘောတူညီချက်

အလုပ်ခန့်ထားခြင်း သဘောတူညီချက် ရင်းနှီးမြှုပ်နှံသူသည် အမှုထမ်းများ၊ အလုပ်သမားများအားခန့်အပ်သည့် ရက်မှစ၍ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားခြင်း သဘောတူညီချက်စာချုပ်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၏ သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုရမည်။ သို့သော် အလုပ်မခန့်အပ်မီသင်တန်းကာလ သို့မဟုတ် အစမ်းခန့်ကာလတွင် ခန့်အပ်ရန်လျာထားသည့် အလုပ်သမားများအား ယင်းသို့ စာချုပ်လက်မှတ်ထိုးရန် သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားသည်။ [သဘောတူညီချက်သည် အလုပ်ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ပြည့်စုံအောင် အသေးစိတ်ရေးဆွဲထားပြီး အောက်ပါတို့ကို ရှင်းလင်းစွာ ဖော်ပြထားရမည်။ အလုပ်အကိုင်အမျိုးအစားနှင့် အလုပ်ခွင်သို့ ကြိုပို့ယာဉ်စီစဉ်ပေးခြင်း၊ နေရာထိုင်ခင်းနှင့် အစားအသောက် အစီအစဉ်များကဲ့သို့သော အလုပ်နေရာနှင့်စပ်လျဉ်းသည့်အချက်များ၊ လုပ်ခနှုန်းထားနှင့် လစာ၊ အလုပ်ချိန်၊ အချိန်ပိုနှင့်စပ်လျဉ်းသည့် မူဝါဒ၊ အလုပ်ပိတ်ရက်နှင့်ခွင့်တို့အပါအဝင် လုပ်ခလစာပေးသည့် သတ်မှတ်ချက်များ၊ အာမခံနှင့် ခရီးစရိတ်၊ အစားအသောက်အတွက်လက်မှတ်များနှင့် အလုပ်ရှင်က ခွင့်ပြုထားသော အကျိုးခံစားခွင့်များ၊ အလုပ်ခွင်… Continue reading Employment Contract အလုပ်ခန့်ထားခြင်း သဘောတူညီချက် အလုပ်ခန့်ထားခြင်း သဘောတူညီချက်

Entrepreneurship

Entrepreneur

##Entrepreneurရဲမြင့် (စွန့်ဦးတီထွင်) ‘မရေးရင်မဖြစ်တော့ဘူး’ လို့ ယုံကြည်မိတဲ့အတွက် ဒီခေါင်းစဉ်နဲ့ ဒီဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်ဆိုတာ ဦးစွာဆိုပါရစေ။ ‘ဆရာဝန်ဆေးထိုးမှားရင် တစ်ယောက်ပဲသေမှာ၊ ကျွန်တော်တို့ စာရေး ဆရာတွေ အရေးမှား၊ အတွေးမှားသွားရင် ဖတ်ပြီး လိုက်လုပ်ကြတဲ့သူတွေ အားလုံး ဒုက္ခရောက်မှာ’ လို့ စာရေးဆရာတစ်ဦး ပြောခဲ့ဖူးပါတယ်ခင်ဗျာ။ ဒါကြောင့်လည်း စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့အခါမှာ လွန်စွာပဲ သတိထားရေးရပါတယ်။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ ‘စွန့်ဦးတီထွင်လုပ်ငန်းရှင်’ ဆိုတဲ့ စကားလုံးဟာ အတော်ကို ခေတ်စား ခေတ်ထ အသုံးများနေကြပါတယ်။ လူကြီးစွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့၊ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း စသဖြင့် ကြီးငယ်ရွယ်လတ် အနုအရင့်မှန်သမျှ ဟိုနေရာ သည်နေရာ၊ ဟိုမြို့ သည်မြို့တွေမှာ ဖွဲ့နေကြတာ သတင်းစာ၊ ဂျာနယ်တွေမှာ… Continue reading Entrepreneur